မုံရွာမြို့၊ ချင်းတွင်းရတနာဈေးတွင် ဖြစ်ပေါ်လျက်ရှိသော ရေထွက်ကုန်ပစ္စည်းဈေးနှုန်းဈေးကွက်

Powered by Drupal

    မုံရွာမြို့၊ ချင်းတွင်းရတနာစျေး၌  ရောင်းချနေသော ပုဇွန်ခြောက်၊ ငါးခြောက်များမှာ ရန်ကုန်၊ မန္တလေး၊ ရခိုင်ပြည်နယ်ဘက်မှ ဝင်ရောက်ကြောင်းသိရပါသည်။ ပုဇွန်၊ ငါးခြောက်စျေးနှုန်းများမှာ ဝင်ရောက်သည့် ဒေသအ‌ပေါ် မူတည်၍လည်းကောင်း၊ အရည်အသွေးကိုလိုက်၍လည်းကောင်း ကွာခြားလျက်ရှိပါသည်။

     ယခုမေလ ဒုတိယအပတ်တွင် ရောင်းချနေသော ဈေးနှုန်းများမှာ ပုဇွန်ခြောက် (၁)ပိဿာလျှင် ကျပ်(၆၅၀၀၀)မှ ကျပ်(၉၀၀၀၀)၊ ငါးရံ့ခြောက် (၁)ပိဿာလျှင် ကျပ်(၅၅၀၀၀မှ ၈၀၀၀၀)၊ ငါးပုတ်လုံးခြောက် (၁)ပိဿာလျှင် ကျပ်(၁၆၀၀၀မှ ၁၈၀၀၀)၊  ငါးပုတ်သင် (၁)ပိဿာလျှင် ကျပ်(၁၄၀၀၀မှ ၁၆၀၀၀) ၊ အာပြဲခြောက် (၁)ပိဿာလျှင် ကျပ်(၂၀၀၀၀မှ ၂၂၀၀၀)၊ ငါးကျည်းခြောက် (၁)ပိဿာလျှင် ကျပ်(၃၅၀၀၀မှ ၄၅၀၀၀)၊ ငါးနီတူးခြောက် (၁)ပိဿာလျှင် ကျပ်(၁၀၀၀၀ မှ ၁၃၀၀၀)၊ ငါးဖန့်ဝိုင်း (ငါးပိကောင်) (၁)ပိဿာလျှင် ကျပ်(၁၅၀၀၀မှ ၁၇၀၀၀) ရှိကြောင်း ချင်းတွင်းရတနာဈေးတွင် ရောင်းချနေသော ငါးခြောက်ကုန်သည်များထံမှ သိရပါသည်။

DOCA(စစ်ကိုင်း)