ကသာမြို့တွင်း ရောင်းချလျက်ရှိသော အခြေခံစားသောက်ကုန်ဈေးနှုန်းများ

Powered by Drupal

     ၂၀၂၃-ခုနှစ် မေလ ဒုတိယပတ် ကသာမြို့နယ်၊ သီရိခေမာဈေးအတွင်း ရောင်းချလျက်ရှိသော အခြေခံစားသောက်ကုန်ပစ္စည်းများမှာ ဧရာမင်းဆန်တစ်ပြည် (၃၃၀၀)ကျပ်၊ မှော်ဘီဆန် တစ်ပြည် (၂၉၀၀)ကျပ်နှင့် ချင်း-၃ဆန်တစ်ပြည် (၂၈၀၀)ကျပ်ဖြင့် ရောင်းချလျက်ရှိပြီး စားသုံးဆီ ဈေးနှုန်းမှာ မြေပဲဆီ တစ်ပိဿာ (၁၄၀၀၀)ကျပ်နှင့် စားအုန်းဆီ တစ်ပိဿာ(၈၀၀၀)ကျပ်ရှိကြောင်း သိရသည်။

     စားဖိုဆောင်သီးနှံ လက်လီဈေးနှုန်းများမှာ ကြက်သွန်နီ(ကြီး/လတ်) တစ်ပိဿာ (၂၅၀၀ မှ ၂၀၀၀)ကျပ်၊ ကြက်သွန်ဖြူ(ရှမ်း) (ကြီး/လတ်) တစ်ပိဿာ (၆၀၀၀ မှ ၅၀၀၀) ကျပ်၊ အာလူး တစ်ပိဿာ (၂၄၀၀)ကျပ်၊ ခရမ်းချဉ်သီး တစ်ပိဿာ(၂၀၀၀)ကျပ်၊ ကုလားပဲ တစ်ပိဿာ (၅၂၀၀)ကျပ်၊ ပဲနီလေး  တစ် ပိဿာ(၇၅၀၀)ကျပ်၊ စားတော်ပဲ တစ်ပိဿာ(၅၈၀၀)ကျပ်နှင့် ငရုတ်သီးခြောက်(ပု) တစ်ပိဿာ (၃၀၀၀၀) ကျပ်ဖြင့် ရောင်းချလျက်ရှိသည်။

      အသား /ငါး ဈေးနှုန်းများမှာ ကြက်သား(CP) တစ်ပိဿာ (၁၂၀၀၀)ကျပ်၊ ဝက်သား တစ်ပိသာ (၁၈၀၀၀) ကျပ်၊ အမဲသား တစ်ပိဿာ(၁၆၀၀၀)ကျပ်၊ ဆိတ်သား တစ်ပိဿာ (၂၄၀၀၀)ကျပ်နှင့် ငါးကြင်း တစ်ပိဿာ(၈၀၀၀)ကျပ်၊ ကြက်ဥတစ်လုံး (၃၀၀)ကျပ် နှင့် ဘဲဥတစ်လုံး(၃၅၀)ကျပ်ဖြင့် ရောင်းချလျက်ရှိသည်။ အခြေခံစားသောက်ကုန်ဈေးနှုန်းများမှာ မတ်လပထမအပတ်နှင့် နှိုင်းယှဉ်ကြည့်ပါက ကြက်သားဈေးနှုန်းမှာကျပ်(၂၀၀၀)ခန့်နှင့် ကြက်သွန်နီဈေးနှုန်းမှာ ကျပ်(၃၀၀)ခန့်မြှင့်တက်လာကြောင်း တွေ့ရှိရပြီး ကျန်စားသောက်ကုန်များမှာ ဈေးနှုန်းတည်ငြိမ်လျက်ရှိကြောင်း သိရသည်။

DOCA(စစ်ကိုင်း)