မကွေးတိုင်းဒေသကြီးအတွင်းရှိ ခရိုင်(၇)ခရိုင်တို့တွင် နွေစပါးစိုက်ဧက(၃၅၀၀၀)ကျော်စိုက်ပျိုးလျက်ရှိ

Powered by Drupal

      မကွေးတိုင်းဒေသကြီးအတွင်းရှိ မကွေးခရိုင်၊ ချောက်ခရိုင်၊ မင်းဘူးခရိုင်၊ သရက်ခရိုင်၊ အောင်လံခရိုင်၊ ပခုက္ကူခရိုင်၊ ဂန့်ဂေါခရိုင်တို့၌ နွေစပါးသီးနှံကို စပါးမျိုးကွဲများအလိုက် စိုက်ပျိုးလျက်ရှိပါသည်။ မကွေးတိုင်းဒေသကြီးအတွင်းရှိ ခရိုင်(၇)ခရိုင်မှာ ယခု ၂၀၂၃ခုနှစ်၊ နွေရာသီကာလတွင် နွေစပါးကို စိုက်ဧကပေါင်း(၃၅၀၀၀)ကျော်စိုက်ပျိုးနိုင်ခဲ့ကြောင်းကို မကွေးတိုင်းဒေသကြီး၊ စိုက်ပျိုးရေးဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူး ဦးဌေးနိုင်ထံမှ သိရှိရပါသည်။

  မကွေးတိုင်းဒေသကြီးအတွင်း ၂၀၂၃ခုနှစ်၊ နွေရာသီကာလ၌ နွေစပါးသီးနှံကို ခရိုင်အလိုက် စိုက်ပျိုးခဲ့ကြကြောင်း၊ မကွေးခရိုင်တွင် နွေစပါးစိုက်ဧက(၇၅၈၈)ဧက၊ ချောက်ခရိုင်တွင် နွေစပါးစိုက်ဧက(၄၈၄)ဧက၊ မင်းဘူးခရိုင်တွင် နွေစပါးစိုက်ဧက(၁၆၇၆၁)ဧက၊ သရက်ခရိုင်တွင် နွေစပါးစိုက်ဧက (၁၆၀၅)ဧက၊ အောင်လံခရိုင်တွင် နွေစပါးစိုက်ဧက(၆၁၅၉)ဧက၊ ပခုက္ကူခရိုင်တွင် နွေစပါးစိုက်ဧက(၂၂၆၁)ဧက၊ ဂန့်ဂေါခရိုင်တွင် နွေစပါးစိုက်ဧက(၈၃၇)ဧက၊ စုစုပေါင်းနွေစပါးစိုက်ဧက(၃၅၆၉၅)ဧကစိုက်ပျိုးပြီးဖြစ်ပါကြောင်းနှင့် နွေစပါးစိုက်ပျိုးထုတ်လုပ်ရာတွင် ဒေသအလိုက် စပါးမျိုးကွဲများကိုစိုက်ပျိုးကြပြီး ပုလဲသွယ်မျိုး(၁၃၇)ဧက၊ မနောသုခမျိုး(၆၇၀၄)ဧက၊ ဆင်းသုခမျိုး(၃၀၃၇)ဧက၊ ရတနာတိုးမျိုး(၂၄၄၀၄)ဧက၊ သီးထပ်ရင်မျိုး(၃၄)ဧက၊ ပခန်းရွှေဝါမျိုး(၄၅၈)ဧက၊ ထိုင်းနှံကောက်မျိုး(၂၄၅) ဧက၊ ချမ်းမြေ့မေမျိုး(၆၉)ဧက၊ GW-11မျိုး(၄၀၃)ဧက၊ ဆာဖိုးသာမျိုး(၇၉)ဧက၊ ရွှေပြည်ဌေးမျိုး(၇၄)ဧက၊ ရက်-၉၀မျိုး(၅၁)ဧကစိုက်ပျိုးနိုင်ခဲ့ကြောင်း သိရှိရပါသည်။

   နွေစပါးစိုက်တောင်သူများအနေဖြင့် ရာသီဥတုနှင့် စိုက်ပျိုးရေတို့ကြောင့် ရက်တိုတိုအတွင်း ထွက်ရှိမည့်စပါးမျိုးများကို အဓိကထားစိုက်ပျိုးကြဖို့ အသိပညာပေးဆောင်ရွက်နေပါကြောင်း၊ တောင်သူအများစုစိုက်ပျိုးသည့်စပါးမျိုးများမှာ ထိုင်းနှံကောက်စပါးမျိုး(ရက်ပေါင်း-၁၁၀)၊ ရတနာတိုးစပါးမျိုး(ရက်ပေါင်း-၁၁၀)နှင့် GW-11စပါးမျိုး(ရက်ပေါင်း-၁၁၀မှ၁၁၅)စပါးမျိုးများကို စိုက်ပျိုးကြကြောင်းကို မကွေးတိုင်းဒေသကြီး၊ စိုက်ပျိုးရေးဦးစီးဌာနမှ သိရှိရပါသည်။ မင်းဘူး(စကု)မြို့နယ်၊ ကံကုလားကျေးရွာနေ နွေစပါးစိုက်တောင်သူတစ်ဦးထံမှလည်း မိမိတို့ဒေသ၌  ဆည်ရေရရှိသောကြောင့် နွေစပါးကို စိုက်ဧက(၆)ဧကကျော်ထိစိုက်ပျိုးထားကြောင်း၊ ဒေသအနေဖြင့် ရာသီဥတုပူပြင်းသည့်အတွက် သက်တမ်းတိုသည့်စပါးမျိုးဖြစ်သည့် ထိုးနှံကောက်စပါးမျိုးကို စိုက်ပျိုးထားကြောင်း တောင်သူတစ်ဦး၏ပြောကြားလာမှုအရ သိရှိရပါသည်။

    နိုင်ငံစီးပွားဖွံ့ဖြိုးရေးရန်ပုံငွေမှ နွေစပါးစိုက်ပျိုးသည့်တောင်သူများအား (၁)ဧကလျှင် (၂)သိန်းနှုန်း မြေဩဇာ (သို့မဟုတ်) မျိုးအတွက် အတိုးမဲ့ထုတ်ချေးပေးပြီး သီးနှံထွက်ပေါ်ချိန်တွင် စက်ပိုင်များက ပေါက်ဈေးဖြင့် နွေစပါးများကိုဝယ်ယူပေးမည်ဖြစ်သည့်အတွက် စိုက်ပျိုးသောတောင်သူများအနေဖြင့် အကျိုးအမြတ်များစွာရရှိနိုင်မည်ဖြစ်ကြောင်း သိရှိရပါသည်။

DOCA(မကွေး)