မြို့မစည်ပင်သာယာဈေးရှိ သစ်သီးဝလံဈေးနှုန်းများ

Powered by Drupal

      ကန့်ဘလူမြို့၊ မြို့မစည်ပင်သာယာဈေးအတွင်းရောင်းချနေသော သစ်သီးဝလံများမှာ ကန့်ဘလူမြို့နယ်၊ ကျွန်းလှမြို့နယ်၊ မြစ်ကြီးနားမြို့နှင့် မန္တလေးရှိသစ်သီးပွဲရုံများမှ အသီးသီး ဝင်ရောက်လျက်ရှိသည်။

     ၂၀၂၃ခုနှစ်၊ မေလ၊ ဒုတိယပတ်တွင် ဖြစ်ပေါ်လျက်ရှိသော သစ်သီးဝလံဈေးနှုန်းများမှာ ပန်းသီးရိုးရိုး(၁)လုံးလျှင် (၇၀၀ မှ ၁၀၀၀)ကျပ်၊ ပန်းသီး(အကြွပ်) ပိုက်စွပ်တစ်လုံးလျှင် (၁၅၀၀ မှ ၂၅၀၀)ကျပ်၊ စပျစ်သီး (အလုံးကြီး) (၁)ပိဿာလျှင် (၁၄၀၀၀)ကျပ်၊ စပျစ်သီး(အလုံးသေး) (၁)ပိဿာလျှင် (၁၁၀၀၀)ကျပ်၊ ပန်းသစ်တော်သီး(၁)လုံးလျှင် (၂၀၀၀ မှ ၂၅၀၀)ကျပ်၊ သင်္ဘော သီး(၁)လုံးလျှင် (၂၅၀၀ မှ ၃၅၀၀)ကျပ်၊ ခွန်စိမ်းငှက်ပျောသီး(၁)ဖီးလျှင် (၈၀၀ မှ ၁၀၀၀)ကျပ်၊ မြစ်ကြီးနားမှထွက်ရှိသော ခွန်စိမ်းငှက်ပျောသီး(၁)ဖီးလျှင် (၁၅၀၀မှ ၂၀၀၀)ကျပ်၊ လိမ္မော် သီး(၁)ပိဿာလျှင် (၁၀၀၀၀)ကျပ်၊ သခွားမွှေး(၁)လုံးလျှင် (၂၅၀၀)ကျပ်၊ ဖရဲသီး (၁)လုံးလျှင် (၁၀၀၀ မှ ၄၀၀၀)ကျပ်၊ စိန်တစ်လုံးသရက်သီး(၁)လုံးလျှင် (၂၀၀ မှ ၅၀၀)ကျပ်၊ လိုက်ချီးသီး (၁)ပိဿာလျှင်(၆၀၀၀)ကျပ်၊ နာနတ်သီး(၁)လုံးလျှင် (၈၀၀ မှ ၁၀၀၀)ကျပ်ဖြင့် အသီးသီး အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း မြို့မစည်ပင်သာယာဈေးအတွင်း ရောင်းချသောသစ်သီးဆိုင်များမှ သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)