ကန့်ဘလူ၊ ကျွန်းလှမြို့တို့တွင် ရောင်းချနေသော အခြေခံစားကုန်များ၏ဈေးနှုန်းအခြေအနေ

Powered by Drupal

     ၂၀၂၃ ခုနှစ် မေလ ဒုတိယအပတ်အတွင်း ကန့်ဘလူ၊ ကျွန်းလှမြို့နယ်တွင် အခြေခံစားကုန်များဖြစ်သော ရွှေဘိုပေါ်ဆန်း (အသစ်)တစ်ပြည် (၄၅၀၀) ကျပ်၊ ယခင်အပတ်တိုင်း တည်ငြိမ်လျက်ရှိ၊ ဧရာမင်း(အသစ်)တစ်ပြည် (၃၅၀၀) ကျပ် ဖြင့်အရောင်းအဝယ် ဖြစ်လျက်ရှိသည်။ ကြက်သွန်နီ မြစ်သား အမျိုးအစား (အသစ်) လက်လီဈေးမှာ (အကြီး)တစ်ပိသာ (၂၈၀၀) ကျပ် ၊ (အလတ်) တစ်ပိသာ (၂၃၀၀) ကျပ် ၊ (အသေး)တစ်ပိသာ (၂၀၀၀) ကျပ်  ယခင် မေလ ပထမအပတ်ထက် တစ်ပိသာလျှင် (၈၀၀)ကျပ် မြင့်တက်ပြီး အရောင်းအဝယ် ဖြစ်လျက်ရှိသည်။ ကြက်သွန်ဖြူ လက်လီ ဈေးမှာ(ဗမာ)အလုံးကြီး တစ်ပိသာ (၇၀၀၀) ကျပ် ကြက်သွန်ဖြူ လက်လီဈေး မှာ(ဗမာ) အလုံးသေး တစ်ပိသာ (၆၅၀၀) ကျပ် ၊ ကြူကုတ် တစ်ပိသာ (၇၅၀၀) ကျပ် ယခင်အပတ်ထက်ကျပ်(၂၀၀/၃၀၀)မြင့်တက် ၊ ဂျင်း တစ်ပိသာ (၄၀၀၀)ကျပ် ဖြစ်နေပြီး ယခင်အပတ်အတိုင်း တည်ငြိမ်လျက်ရှိပါသည်။ ငရုတ်သီးခြောက် (၁၆၀၀၀) ကျပ် ယခင်အပတ်အတိုင်း ငြိမ်နေပြီး၊ အာလူး တစ်ပိသာ  (၂၂၀၀) ကျပ် ယခင်အပတ်အတိုင်း တည်ငြိမ်ပြီး အရောင်းအဝယ်ဖြစ်လျက်ရှိပါသည်။

 ငရုပ်သီးစိမ်း တစ်ပိသာ (၆၀၀၀) ကျပ်  ယခင်မေလ ပထမအပတ်ထက် တစ်ပိသာလျှင် (၃၅၀၀)ကျပ်မြင့်တက်ကြောင်း၊ ခရမ်းချဉ်သီး တစ်ပိသာ (၁၇၀၀) ကျပ် ဖြစ်နေပြီး ယခင် ပထမပတ် အတိုင်း တည်ငြိမ်လျက်ရှိပါကြောင်း ၊ ခရမ်းသီး တစ်ပိသာ (၂၀၀၀) ကျပ် ယခင်ဈေးအတိုင်း တည်ငြိမ် လျှက်ဖြင့် အရောင်းအဝယ်ဖြစ်လျှက်ရှိပါသည်။  ပန်းဂေါ်ဖီ တစ်ပွင့်  (၁၈၀၀) ကျပ် ၊ ဂေါ်ဖီထုပ် တစ်ထုပ် လျှင်(၂၅၀၀)ကျပ် ယခင်အတိုင်းတည်ငြိမ်လျက်ရှိကြောင်း၊ ခါကြက်ဥ(တရုတ်) တစ်ပိသာ (၅၀၀၀)ကျပ် ၊ ခါကြက်ဥ (ဗမာ)တစ်ပိသာလျှင်(၃၀၀၀)ကျပ် ယခင် အပတ်အတိုင်း တည်ငြိမ်နေကြောင်း၊ သံပုရာသီး တစ်လုံးလျှင် (၂၀၀) ကျပ် မှ (၃၀၀) ကျပ် ၊ ကန်ဇွန်းရွက် တစ်စည်းလျှင် (၁၀၀) ကျပ် နှုန်းဖြင့် အရောင်းအဝယ် ဖြစ်နေပြီး  ကုန်ဈေးနှုန်းများ အနည်းငယ် မြင့်တက်လာကြောင်း ဈေးသည်တစ်ဦး ထံမှ သိရှိရပါသည် ။

          ကြက်ဥ လက်လီဈေးနှုန်းမှာ (အကြီး)တစ်လုံး (၃၀၀)ကျပ်၊ (အသေး)တစ်လုံး (၂၅၀) ကျပ် ၊ ဘဲဥ တစ်လုံ (၃၅၀)ကျပ်ရှိသည် ။  ကန့်ဘလူ၊ ကျွန်းလှမြို့တို့၏ အသား /ငါး ဈေးနှုန်းများမှာ ကြက်သား(cp) (၁၂၀၀၀ )ကျပ် မှ (၁၄၀၀၀) ကျပ် ၊ ကြက်သား(ဗမာ) (၁၈၀၀၀ )ကျပ် မှ (၂၀၀၀၀) ကျပ် ၊ ဝက်သား တစ်ပိသာ (၁၈၀၀၀) ကျပ် မှ (၂၂၀၀၀) ကျပ် ၊ အမဲသား တစ်ပိသာ (၁၁၀၀၀) ကျပ် မှ (၁၃၀၀၀) ကျပ် ထိ၊ ငါးကြင်း တစ်ပိသာ (၆၀၀၀) ကျပ် မှ (၈၅၀၀) ကျပ်၊ တီလားဗီးယားငါး တစ်ပိသာ (၄၀၀၀) ကျပ် မှ (၆၅၀၀) ကျပ် ဖြင့် ရောင်းဝယ်နေကြောင်း သိရပါသည်။

          စားသုံးဆီဈေးနှုန်းမှာ မြေပဲဆီသန့် တစ်ပိသာလျှင် (၁၄၀၀၀)ကျပ် မြေပဲဆီဈေးနှုန်းဟာ ယခင် အပတ်များနှင့်အတူ ဈေးတည်ငြိမ်လျှက်ရှိပါသည်။ စားအုံးဆီ တစ်ပိသာလျှင် (၆၇၀၀)ကျပ်၊ ဆယ်ပိသာ တစ်ပုံးလျှင် (၆၆၀၀၀)ကျပ်  ယခင် မေလ ပထမအပတ်ထက် တစ်ပိသာလျှင်(၁၀၀)ကျပ် မြင့်တက်ပြီး အရောင်းအဝယ် ဖြစ်နေကြောင်း ဈေးသည်တစ်ဦးထံမှ သိရသည်။

DOCA(စစ်ကိုင်း)