အညာဒေသ ထန်းသီးအရောင်းအဝယ်သွက်

Powered by Drupal

         အညာဒေသ မုံရွာမြို့နယ်တွင် ထန်းသီးများမှာ မြို့နယ်အတွင်းရှိကျေးရွာများမှ ဝင်ရောက်ကြောင်း၊ တစ်နေ့လျှင် ထန်းသီး (၅၀၀) လုံးနီးပါးရောင်းရကြောင်း၊ ထန်းသီးတစ်လုံးလျှင် (၂၀၀) ကျပ် မှ (၂၅၀) ကျပ်အထိ ဈေးနှုန်းများရှိကြောင်း ရာသီပေါ်အသီးဖြစ်သောကြောင့် ထန်းသီးများ အရောင်းအဝယ်သွက်ကြောင်း ထန်းသီးရောင်းချသူများထံမှ သိရှိရပါသည်။ 

ထန်းသီးနုနုလေးစားရတာက ဂျယ်လီလေးစားရသလိုပါကြောင်း။ ဆိုးဆေးတွေ၊ပြုပင်ထားတဲ့ အချိုဓါတ်တွေကင်းစင်တဲ့ သဘာဝရဲ့ ဂျယ်လီလေးဖြစ်ပါကြောင်း။ နွေရာသီမှာ ထန်းသီးနုနုချိုချို လေးကို ပင်ပွားလေးနဲ့ရောလို့ နို့စိမ်းလေး၊ ရေခဲလေးနဲ့ရာစပ်လိုက်ရင် ထန်းသီးဖျော်ရည်ချို အေးမွှေး လေးက ရင်အေးစေသလို စိတ်ကျေနပ်မှုလည်းရစေကြောင်း၊ ထန်းသီး မနုမရင့်လေးတွေကိုလည်း ကျောက်ကျောထိုးစားလို့ရပါကြောင်း၊ ထန်းသီးဆိုတာက အမှန်တော့ အသီးရဲ့အဆံလေးဖြစ်ပါ ကြောင်း၊ အညိုရောင်ထန်းသီးထဲမှာပါတဲ့ အဆံလေးတွေဖြစ်ပါကြောင်း၊ ထန်းသီးတစ်လုံးမှာ ၃ ခုဒါမှမဟုတ် ၄ ခုထိပါတတ်ပါကြောင်း၊ အသီးရဲ့ လုံးပတ်က ၄ လက်မကနေ ၇ လက်မလောက် ရှိတတ်ပါကြောင်း၊ ထန်းသီးဆံလေးရဲ့ အခွံက အဝါရောင်လိုလိုလေးသန်းနေတတ်ပြီး အတွင်းက အဆံက အဖြူရောင်လေးဖြစ်ပါကြောင်း၊ နုရင်တော့ ခပ်ကြည်ကြည်လေးဖြစ်နေပါ ကြောင်း၊  အရမ်း နူးညံ့ကာ အရည်လည်းရွှမ်းပါကြောင်း သိရှိရပါသည်။

DOCA(စစ်ကိုင်း)