တမူးနယ်စပ်ကုန်သွယ်ရေးစခန်း၏ ကုန်သွယ်မှုလုပ်ငန်းများ ဆောင်ရွက်နိုင်မှုအခြေအနေ

Powered by Drupal

တမူးနယ်စပ်ကုန်သွယ်ရေးစခန်းအနေဖြင့်  ၂၀၂3-၂၀၂4 ဘဏ္ဍာနှစ်အတွက် ကုန်သွယ်မှုလျာ ထားချက်မှာပို့ကုန်ပမာဏ အမေရိကန်ဒေါ်လာသန်းပေါင်း(14.000)၊ သွင်းကုန်ပမာဏ အမေရိကန် ဒေါ်လာသန်းပေါင်း(6.500)၊  စုစုပေါင်း ကုန်သွယ်မှုပမာဏ အမေရိကန်ဒေါ်လာကျပ်(20.500)သန်းဖြစ်ပါသည်။ တမူးနယ်စပ်ကုန်သွယ်ရေးစခန်းမှ အိန္ဒိယနိုင်ငံသို့  ကုန်သွယ်မှုအနေဖြင့် ၂၀၂3ခုနှစ်၊ ဧပြီလအတွင်း ပို့ကုန်ပမာဏ အမေရိကန်ဒေါ်လာသန်း(0.405)၊ သွင်းကုန်ပမာဏ အမေရိကန်ဒေါ်လာသန်း (0.120)၊ စုစုပေါင်းကုန်သွယ်မှုပမာဏ(0.525) ဆောင်ရွက်နိုင်ခဲ့သဖြင့် (၁)နှစ်စာ လျာထားချက် အပေါ်  (2.56)% ဆောင်ရွက်နိုင်ခဲ့ပြီး ဖြစ်ကြောင်း တမူးနယ် စပ်ကုန်သွယ်ရေး စခန်း၏ စာရင်းများ အရ သိရပါသည်။

ပို့ကုန်အနေဖြင့် (29.၄.2023 မှ 5.5.2023)ရက်နေ့အထိ စီးကရက် အရေအတွက် အားဖြင့် (109.216)တန်ဖိုးအားဖြင့် အမေရိကန်ဒေါ်လာသန်း (0.234)၊ နန့်ဖာလုံကုန်စုံ တန်ဖိုးအားဖြင့် အမေရိကန်ဒေါ်လာသန်း(၀.032)၊ စုစုပေါင်း တန်ဖိုးအားဖြင့် အမေရိ ကန်ဒေါ်လာသန်း(0.266) တင်ပို့နိုင်ခဲ့ပါကြောင်း၊ (6.5.2023 မှ 12.5.2023)ရက်နေ့အထိ စီးကရက် အရေအတွက် အားဖြင့် (24.000) တန်ဖိုးအားဖြင့် အမေရိကန်ဒေါ်လာသန်း (0.051)၊ နန့်ဖာလုံကုန်စုံ တန်ဖိုးအားဖြင့် အမေရိကန်ဒေါ်လာသန်း(၀.012)၊ စုစုပေါင်း တန်ဖိုးအားဖြင့် အမေရိကန်ဒေါ်လာသန်း(0.063) တင်ပို့နိုင်ခဲ့ပါကြောင်း၊ သွင်းကုန်အနေဖြင့် (29.၄.2023 မှ 5.5.2023)ရက်နေ့ ဆံပင် အရေအတွက် အားဖြင့် (3.660) တန်ဖိုးအားဖြင့် (၀.014) တင်သွင်းနိုင်ခဲ့သည့်အတွက် စုစုပေါင်း အမေရိကန် ဒေါ်လာသန်း (0.014) တင်သွင်းနိုင်ခဲ့ပါကြောင်း၊ (6.5.2023 မှ 12.5.2023)ရက်နေ့ သွင်းကုန်များ တင်သွင်းနိုင်ခဲ့ခြင်းမရှိပါကြောင်း၊ ပို့ကုန်အ‌နေဖြင့် ယခင်ပတ်ကထက် အမေရိကန် ဒေါ်လာသန်း (0.203) လျော့နည်းတင်ပို့နိုင်ခဲ့ပြီး သွင်းကုန်အနေဖြင့် ယခင်ပတ်တွင် တင်သွင်းနိုင်ခဲ့ခြင်း မရှိပါ ကြောင်း  တမူးနယ်စပ် ကုန်သွယ်ရေးစခန်းမှ လေ့လာသိရှိရပါသည်။

DOCA(စစ်ကိုင်း)