မုံရွာမြို့၊ ချင်းတွင်းရတနာဈေးအတွင်း ရောင်းချနေသော အခြေခံစားကုန်ဈေးနှုန်းများ အခြေအနေ

Powered by Drupal

စစ်ကိုင်းတိုင်းဒေသကြီး မုံရွာမြို့ရှိ ဈေးများတွင် ယခု မေလ တတိယပတ်အတွင်း ‌ရွှေဘိုပေါ်ဆန်း (သစ်)(တစ်အိတ်)လျှင် ၉၀၀၀၀ကျပ်၊  ဧရာမင်း(ဆန်)(သစ်)(တစ်အိတ်)လျှင် ၈၀၀၀၀ ကျပ်၊ ဧည့်မထဆန်(သစ်)(တစ်အိတ်)လျှင် ၇၀၀၀၀ ကျပ်၊ ပဲဆီ(တစ်ပိဿာ)လျှင် ၁၂၄၅၀-၁၂၅၀၀ ကျပ်၊ နှမ်းဆီ (တစ်ပိဿာ)လျှင် ၁၁၀၀၀ ကျပ်၊ နေကြာဆီ(တစ်ပိဿာ)လျှင်၁၂၀၀၀ကျပ်၊ စားအုန်းဆီ (တစ်ပိဿာ)လျှင် ၆၂၅၀-၆၃၀၀ကျပ်၊ ဆား(တစ်ပိဿာ)လျှင် ၆၀၀-၇၀၀ ကျပ်၊ ငရုတ်ခြောက် (တစ်ပိဿာ) ၁၈၀၀၀ မှ ၁၉၀၀၀ ကျပ်၊ ကြက်သွန်နီ(အသစ်) (တစ်ပိဿာ) ၂၀၀၀ မှ ၂၂၀၀ ကျပ်၊ ကြက်သွန် ဖြူ(ရှမ်းစ) (တစ်ပိဿာ) ၄၈၀၀ မှ ၅၀၀၀ ကျပ်၊ ကြက်သွန်ဖြူ(ကြူကုတ်) (တစ်ပိဿာ) ၅၃၀၀ မှ ၅၅၀၀ ကျပ်၊ အာလူး(တစ်ပိဿာ) ၂၀၀၀ မှ ၂၂၀၀ ကျပ်၊ မန်ကျည်းသီးမှည့် (တစ်ပိဿာ) လျှင် ၃၅၀၀-၃၆၀၀ ကျပ်၊ နနွင်းတက် (တစ်ပိဿာ) လျှင် ၅၈၀၀-၆၀၀၀ ကျပ်၊ ခရမ်းချဉ်သီး (တစ်ပိဿာ) ၁၅၀၀ကျပ်၊ ဂေါ်ဖီထုပ် (တစ်ထုပ်)၁၈၀၀ကျပ်၊ ပဲသီး (ပဲထောင့်ရှည်)(တစ်စီး) ၅၀၀ ကျပ်၊ ကြက်သား (တစ်ပိဿာ) လျှင် ၁၀၀၀၀ -၁၂၀၀၀ ကျပ်၊ ဝက်သား (တစ်ပိဿာ)လျှင် ၁၈၀၀၀-၂၀၀၀၀ ကျပ်၊ အမဲသား(တစ်ပိဿာ)လျှင် ၁၆၀၀၀-၁၇၀၀၀ကျပ်၊ ဆိတ်သား (တစ်ပိဿာ)လျှင် ၂၄၀၀၀-၂၆၀၀၀ ကျပ်၊ ငါးမြစ်ချင်း (တစ်ပိဿာ) လျှင် ၇၅၀၀-၈၀၀၀ကျပ်၊ ကြက်ဥ (၁)လုံးလျှင် ၂၅၀ ကျပ်၊ ဘဲဥ (၁)လုံး လျှင် ၃၀၀ ကျပ်၊ ဖရဲသီး (ကျောက်စိမ်း) (၁)လုံးလျှင် ၁၀၀၀ မှ ၁၅၀၀ ကျပ်အတွင်း၊ ဖရဲသီး(၂၁၁) (၁)လုံး လျှင် ၃၅၀၀ ကျပ်၊ သခွားမွှေး(၁)လုံးလျှင် ၁၅၀၀မှ ၂၀၀၀ ကျပ်အတွင်း အသီသီး ဈေးရှိကြောင်း သိရသည်။

ယခင်ပတ်နှင့်နှိုင်းယှဉ်ပါက ပေါ်ဆန်းဆန် ဈေးအနည်းငယ် တက်နေပြီး၊ ကြက်သွန်နီ ဈေးနှုန်းများ အနည်းငယ်မြင့်တက်နေပါသည်။ စားအုန်းဆီဈေးနှုန်းများ ရည် ညွှန်းဈေးပေါ် မူတည်၍ ဈေးနှုန်းအပြောင်းအလဲ ရှိပါကြောင်း ချင်းတွင်း ရတနာဈေးရှိ လက်လီ လက်ကား ရောင်းဝယ် ဖောက်ကား  ရောင်းချနေသော ကုန်သည်များထံမှ သိရှိရသည်။ 

DOCA(စစ်ကိုင်း)