ကျောက်ကြီးဒူးရင်းသီးများ လှိုင်လှိုင်ပေါ်၍စျေးကောင်းရ

Powered by Drupal

   ပဲခူးတိုင်းဒေသကြီး၊ ကျောက်ကြီးမြို့နယ်၊ ကျောက်ကြီးမြို့တွင် ကျောက်ကြီးဒူးရင်းသီးများ လှိုင်လှိုင်ပေါ်၍ စျေးကောင်းရရှိလျက်ရှိပါသည်။ ဒူးရင်းသီးပေါ်ချိန်တွင် ကျောက်ကြီးဒူးရင်းသီးသည် နာမည်တစ်လုံးဖြင့် ရပ်တည်ခဲ့သည်မှာလည်း ဆယ်စုနှစ်တစ်ခုရှိနေပြီး ဖြစ်ပါသည်။ ကျောက်ကြီး ဒူးရင်းသီးတွင် ကိုင်းဆတ်သီး၊ ပင်ပျိုသီး၊ ကျောက်စိမ်းသီးဟူ၍ အမျိုးစားအလိုက်ရှိပါသည်။ ဒူးရင်းသီး ပေါ်ချိန်ကာလတွင် ကျောက်ကြီးဒူးရင်းသီးသည် တစ်ခြားနယ်များမှ ထွက်ရှိသည့် ဒူးရင်းသီးများနှင့် မတူဘဲ တစ်မူထူးခြားကာ အစေ့သေး၍ အသားထူပြီး အရသာမှာအထူးကောင်းမွန်သည့် အထဲတွင် ပါဝင်ပါသည်။

    ယခင်နှစ်ကဒူးရင်းသီးစျေးမြင့်တက်လျက် ရှိသော်လည်း ယခုနှစ်လောက်စျေးကောင်းမရရှိခဲ့ပါ။ ယခုနှစ်တွင် ကျောက်ကြီးဒူးရင်း အသေး‌တစ်လုံးလျှင် ၅၀၀၀မှ ၇၀၀၀ကျပ်ထိ ရရှိနေပြီး အကြီး၊ အလတ် အရွယ်စားအလိုက် စျေးကောင်းရရှိနေကာ ဒူးရင်းသီးများ လှိုင်လှိုင်ပေါ်လျက်ရှိပါသည်။ စျေးကွက်အနေဖြင့် ကျောက်ကြီးဒူးရင်းသီးများကို ဒေသတွင်းသာမက အခြားပြည်နယ်/ တိုင်းဒေသကြီးများသို့လည်း ဖြန့်ဖြူးရောင်းချမှုရှိနေကြောင်း သိရပါသည်။

DOCA(ပဲခူး)