ပေါင်းတည်ကုန်စည်ဒိုင်တွင် မတ်ပဲဈေးပြန်မြင့်လာ

Powered by Drupal

     နတ်တလင်းခရိုင် ၊ ပေါင်းတည်မြို့နယ် ကုန်စည်ဒိုင်တွင် မတ်ပဲဈေးကောင်းလာ၍ အရောင်းအဝယ်ဖြစ်လျက်ရှိပါသည်။

    ၂၀၂၃ခုနှစ်၊ ဧပြီလ(ဒုတိယပတ်)အတွင်း မတ်ပဲတစ်တင်းပိဿာ (၂၀)တင်းလျှင် (၆၆၀၀၀ မှ ၆၇၀၀၀) ကျပ်ဖြင့် အ‌ရောင်းအဝယ်ဖြစ်လျက်ရှိပြီး တစ်ရက်လျှင် အိတ်(၁၅၀ မှ ၂၀၀)ခန့် ရန်ကုန်မှ အဝယ်ရှိခဲ့ပါသည်။ ဧပြီလ(တတိယပတ်)နှင့် နောက်ဆုံးပတ်တွင် တစ်တင်းလျှင် (၆၇၀၀၀ မှ ၆၇၅၀၀)ကျပ်ဖြစ်ပြီး တစ်ရက်လျှင် အိတ် (၁၀၀ မှ ၁၅၀ )ခန့် အရောင်းအဝယ်ဖြစ်ခဲ့ပါသည်။

  မေလဒုတိယပတ်တွင် မတ်ပဲတစ်တင်းပိဿာ(၂၀)တင်းလျှင် ကျပ်(၇၀၀၀၀ မှ ၇၃၀၀၀)ခန့် ဈေးမြင့်တက်ခဲ့ပြီး တစ်ရက် အိတ်(၂၀၀ မှ ၃၅၀)ထိ ရန်ကုန်မှ အဝယ်ရှိခဲ့ကြောင်း တောင်သူများမှလည်း ဈေးနှုန်းအမြင့်အား စောင့်ဆိုင်းရောင်းချနေကြပြီး ရန်ကုန်ဝယ်လက်များမှလည်း နေ့စဉ်ဝယ်ယူလျက်ရှိနေကြောင်း သိရသည်။

DOCA(ပဲခူး)