၂၀၂၃ခုနှစ်၊ မေလ(ဒုတိယပတ်)တွင် ကြက်သွန်နီကုန်စည်ဒိုင်၌ ကြက်သွန်နီစိုက်ပျိုးရာဒေသများဖြစ်ကြသော ပေါက်၊ ဆိပ်ဖြူ၊ ရေပြာ၊ ကမ္မ၊ရေစကြိုနှင့် ပခုက္ကူကျွန်းများမှ ဆောင်းစိုက်ပင်များအရောင်းအဝယ်ဖြစ်လျက်ရှိပါသည်။ ပခုက္ကူကြက်သွန်နီကုန်ဝယ်ဒိုင်တွင် ပခုက္ကူမြို့နယ်အပြင် ပုလဲ၊ တောင်သာ၊ ညောင်ဦးနှင့် မြင်းခြံနယ်များမှလည်း ဝင်ရောက်အရောင်းအဝယ်ဖြစ်နေပါသည်။
ပခုက္ကူကြက်သွန်နီကုန်စည်ဒိုင်၏ ကြက်သွန်နီဒိုင်ပြတ်ဈေးနှုန်းမှာ ပေါက်နယ်(ယောစ)ထိပ်စတစ်ပိဿာလျှင် ကျပ်(၁၉၀၀)၊ အလတ်စတစ်ပိဿာလျှင် ကျပ်(၁၄၀၀)၊ အနိမ့်စတစ်ပိဿာလျှင် ကျပ်(၁၀၀၀)၊ ပုလဲကြက်သွန်နီထိပ်စတစ်ပိဿာလျှင် ကျပ်(၂၀၀၀)၊ အလတ်စတစ်ပိဿာလျှင် ကျပ်(၁၇၀၀)၊ အနိမ့်စတစ်ပိဿာလျှင် ကျပ်(၁၃၀၀)ဖြင့် နေ့စဉ် ကုန်ချိန် (၅၀၀၀၀ မှ ၁၀၀၀၀၀) ကျော်အရောင်းအဝယ်ဖြစ်နေပြီး တင်ပို့မှုအနေဖြင့် ရန်ကုန်ဘုရင့်နောင်၊ တရုတ်နှင့် ဗီယက်နမ်နိုင်ငံများသို့လည်းတင်ပို့နေကြောင်း ကုန်သည်များထံမှ သိရှိရပါသည်။
DOCA(မကွေး)