တောင်ငူခရိုင်၊ ဖြူးမြို့ရှိ အခြေခံလူတန်းစားများ စားဝတ်နေရေးကို အထောက်အကူပြုစေရန် ရည်ရွယ်၍ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် ဖြူးမြို့နယ် ဆန်ကုန်သည်များနှင့် ဆန်စက်လုပ်ငန်းရှင်များက ဆန်များကို သက်သာသောနှုန်းထားဖြင့် လှည့်လည်ရောင်းချပေးလျက် ရှိပါသည်။
၂၀၂၃ခုနှစ်၊မေလ ၈ ရက်နေ့မှ စတင်၍ ဖြူးမြို့ စည်ပင်သာယာဈေးရှေ့ လူစည်ကားရာနေရာ၌ မော်တော်ယာဉ်ဖြင့် ဆန်များကို လူတစ်ဦးလျှင် ဆန်နှစ်ပြည်နှုန်း၊ ဆန်တစ်ပြည်လျှင် ၂၁၅၀ ကျပ် နှုန်းဖြင့် လူဦးရေ ၆၀ ကို ရောင်းချခဲ့ပါသည်။
သက်သာသောနှုန်းဖြင့် ဆန်ရောင်းချရာသို့ စားသုံးသူရေးရာဦးစီးဌာနနှင့် မြို့နယ်စည်ပင်သာယာရေးအဖွဲ့တို့မှ ဝန်ထမ်းများက ကူညီဆောင်ရွက်ပေးကြောင်း သိရပါသည်။
DOCA(ပဲခူး)