တောင်ငူခရိုင်၊ ဖြူးမြို့တွင် ဧပြီလကုန်ပိုင်းက ရွှေဘိုပေါ်ဆန်း တစ်အိတ်လျှင် ၉၅၀၀၀ ကျပ်ရှိရာမှ ယခုအပတ်တွင် ၁၀၀၀၀၀ ကျပ်ဖြင့် ဈေးနှုန်းအနည်းငယ်မြင့်တက်ပြီး ဧည့်မထ ဈေးနှုန်းမှာ တစ်အိတ်လျှင် ၆၀၀၀၀ ကျပ်ဖြင့် ဈေးနှုန်းတည်ငြိမ်နေပါသည်။
မြေပဲဆီမှာ တစ်ပိဿာလျှင် ၁၄၀၀၀ ကျပ်ဖြင့် ဈေးနှုန်းတည်ငြိမ်နေပြီး စားအုန်းဆီမှာ ဧပြီလကုန်ပိုင်းက တစ်ပိဿာလျှင် ၆၈၀၀ ကျပ်မှ ယခုအပတ်တွင် တစ်ပိဿာလျှင် ၆၅၀၀ ကျပ် ဖြင့် ဈေးနှုန်းအနည်းငယ်ကျဆင်းပါသည်။
ကြက်သွန်နီမှာ ဧပြီလကုန်ပိုင်းက အသေး တစ်ပိဿာလျှင် ၁၀၀၀ ကျပ်မှ ယခုပတ်တွင် ၂၅၀၀ ကျပ်၊ အလတ် တစ်ပိဿာလျှင် ၁၃၀၀ ကျပ်မှ ယခုအပတ်တွင် ၂၇၀၀ ကျပ်နှင့် အကြီး တစ်ပိဿာလျှင် ၁၇၀၀ ကျပ်မှ ယခုအပတ်တွင် ၃၀၀၀ ကျပ်ဖြင့် ဈေးနှုန်းမြင့်တက်ပါသည်။
ကြက်သွန်ဖြူမှာ အသေး တစ်ပိဿာလျှင် ၄၀၀၀ ကျပ်ဖြင့် ဈေးနှုန်းတည်ငြိမ်နေပြီး အလတ်မှာ ဧပြီလကုန်ပိုင်းက တစ်ပိသာလျှင် ၄၅၀၀ ကျပ်မှ ယခုအပတ်တွင် တစ်ပိဿာလျှင် ၅၀၀၀ ကျပ်၊ အကြီးမှာ တစ်ပိဿာလျှင် ၅၀၀၀ ကျပ်မှ ယခုအပတ်တွင် ၆၀၀၀ ကျပ်သို့ ဈေးနှုန်း မြင့်တက်ပါသည်။
ငရုတ်သီး အရှည်တောင့်မှာ တစ်ပိဿာလျှင် ၁၄၀၀၀ ကျပ်၊ အာလူးမှာ တစ်ပိဿာလျှင် ၂၀၀၀ ကျပ်၊ ကုလားပဲခြမ်းမှာ တစ်ပိဿာလျှင် ၅၃၀၀ ကျပ်၊ ကုလားပဲခြမ်းမှာ တစ်ပိဿာလျှင် ၄၄၀၀ ကျပ်ဖြင့် ဈေးနှုန်းတည်ငြိမ်နေပါသည်။
မြေပဲဆံအနီမှာ ဧပြီလကုန်ပိုင်းက တစ်ပိဿာလျှင် ၈၀၀၀ ကျပ်ရှိရာမှ ယခုအပတ်တွင် တစ်ပိဿာလျှင် ၇၈၀၀ ကျပ်ဖြင့် ဈေးနှုန်းအနည်းငယ်ကျဆင်းပြီး မြေပဲဆံအဖြူမှာ တစ်ပိဿာလျှင် ၇၀၀၀ ကျပ် ရှိရာမှ ယခုအပတ်တွင် တစ်ပိဿာလျှင် ၄၄၀၀ ကျပ်ဖြင့် ဈေးနှုန်းအနည်းငယ် မြင့်တက်ကြောင်း သိရပါသည်။
DOCA(ပဲခူး)