ဖြူးမြို့နယ် ကျော်လှကြီးကျေးရွာမှ အထွက်ကောင်းသော နွေစပါး

Powered by Drupal

      တောင်ငူခရိုင်၊ ဖြူးမြို့နယ်ရှိ တောင်ငူလယ်သမားများသည် မိုးစပါးများရိတ်သိမ်းပြီးသောအခါ နွေစပါးများ ကိုလည်းစိုက်ပျိုးကြပါသည်။ ဖြူးမြို့နယ်၊ ကျော်လှကြီးကျေးရွာရှိ တောင်သူလယ်သမားကြီး ဦးကျော်နိုင်စိုးသည် ယခုနှစ်နွေရာသီတွင် နွေစပါး (၁၂)ဧက စိုက်ပျိုးခဲ့ပါသည်။ စိုက်ပျိုးသည့်စပါး အမျိုးအစားများမှာ နှံကောက်နှင့် မင်းဧရာတို့ဖြစ်ပါသည်။

         ဦးကျော်နိုင်စိုး၏ နွေစပါးစိုက်ပျိုးသည့် လယ်များတွင် သွင်းအားစုများအနေဖြင့် ၁၅ ပတ်လည်၊ အာမိုပုလဲနှင့် ကောမတ်ပုလဲ စသည့်မြေသြဇာများကိုသုံးစွဲပါသည်။ ကုန်ကျစရိတ် အနေဖြင့် တစ်ဧကလျှင် ကျပ်(၉)သိန်းကျပ်ဝန်းကျင်ခန့် ရှိပါသည်။

        ယခုအခါ နွေစပါးများ ရိတ်သိမ်းနေပြီဖြစ်ရာ  တစ်ဧကလျှင် တင်း(၁၄၀)ခန့်ထွက်ရှိကြောင်း သိရှိရပါသည်။ ဖြူးမြို့နယ်၏ နွေစပါးဒေသပေါက်ဈေးမှာ ကွင်းဈေး တင်း ၁၀၀ လျှင် ကျပ် ၁၄ သိန်း၊ စက်ရုံအရောက်ဈေး ကျပ် ၁၅ သိန်းရှိရာ အထွက်ကောင်းနွေစပါး တစ်ဧကလျှင် ကျပ် ၁၁ သိန်းမှ ကျပ် ၁၂ သိန်းအထိ အကျိုးအမြတ်ရရှိကြောင်း နွေစပါး စိုက်ပျိုးသူတောင်သူပြောကြားချက်အရ သိရှိလေ့လာခဲ့ရပါသည်။ 

DOCA(ပဲခူး)