တောင်ငူမြို့တွင် အခြေခံစားသောက်ကုန်အချို့ ဈေးနှုန်းအတက်အကျရှိ

Powered by Drupal

      တောင်ငူမြို့ရှိ ဆန်ဆိုင်များတွင် ယခင်လကုန်ပိုင်းက ရွှေဘိုပေါ်ဆန်း တစ်အိတ်လျှင် ၁၀၅၀၀၀ ကျပ်၊ ဖျာပုံပေါ်ဆန်း တစ်အိတ်လျှင် ၉၇၀၀၀ ကျပ် ဖြင့် ဈေးနှုန်း တည်ငြိမ်စွာ အရောင်းအဝယ်ဖြစ်ခဲ့ပြီး ဒေသပေါ်ဆန်းမှာ တစ်အိတ်လျှင် ယခင်အပတ်က ၈၀၀၀၀ ကျပ်မှ ယခု အပတ်တွင် ၉၃၀၀၀ ကျပ်၊ ဧည့်မထ တစ်အိတ်လျှင် ယခင်အပတ်က ၆၄၀၀၀ ကျပ်မှ ယခု အပတ်တွင် ၆၈၀၀၀ ကျပ်သို့ ဈေးမြင့်တက်ခဲ့ပါသည်။             

      မြေပဲဆီမှာ တစ်ပိဿာလျှင် ၁၅၀၀၀ ကျပ်၊ စားအုန်းဆီမှာ တစ်ပိဿာလျှင် ၆၂၅၀ ကျပ်ဖြင့် ဈေးနှုန်းတည်ငြိမ်နေပါသည်။

     ကြက်သွန်နီအသေးမှာ ယခင်အပတ်က တစ်ပိဿာလျှင် ၂၀၀၀ ကျပ်မှ ယခုအပတ်တွင် တစ်ပိဿာလျှင် ၂၄၀၀ ကျပ်၊ အလတ် တစ်ပိဿာလျှင် ၂၂၀၀ ကျပ်မှ ယခုအပတ်တွင် တစ်ပိဿာလျှင် ၂၆၀၀ ကျပ်၊ အကြီးမှာ ယခင်အပတ်က တစ်ပိဿာလျှင် ၂၂၅၀ ကျပ်မှ ယခု အပတ်တွင် တစ်ပိဿာလျှင် ၂၈၀၀ ကျပ်ဖြင့်  ဈေးနှုန်းမြင့်တက်ခဲ့ပါသည်။ တရုတ်ကြက်သွန်နီမှာ တစ်ပိဿာလျှင် ၃၀၀၀ ကျပ် ရှိပါသည်။

    ကြက်သွန်ဖြူ အသေးမှာ တစ်ပိဿာလျှင် ၄၅၀၀ ကျပ်၊ အလတ်မှာ တစ်ပိဿာလျှင် ၅၀၀၀ ကျပ်၊ အကြီးမှာ တစ်ပိဿာလျှင် ၅၅၀၀ ကျပ်ဖြင့် ဈေးနှုန်းတည်ငြိမ်နေပြီး တရုတ်ကြက်သွန်ဖြူမှာ ယခင်အပတ်က တစ်ပိဿာ လျှင် ၆၅၀၀ ကျပ်မှ ယခုအပတ်တွင် ၆၂၀၀ ကျပ်ဖြင့် ဈေးနှုန်းအနည်းငယ်ကျဆင်းခဲ့ပါသည်။

     အာလူးမှာ ယခင်အပတ်က အသေး တစ်ပိဿာလျှင် ၁၅၀၀ ကျပ်၊ အလတ် တစ်ပိဿာ လျှင် ၂၂၀၀ ကျပ်၊ အကြီးမှာ တစ်ပိဿာလျှင် ၂၄၀၀ ကျပ်၊ တရုတ်အာလူးမှာ တစ်ပိဿာလျှင် ၂၈၀၀ ကျပ် ရှိရာမှ ယခုအပတ်တွင် အသေး တစ်ပိဿာလျှင် ၂၄၀၀ ကျပ်၊ အလတ် တစ်ပိဿာ လျှင် ၂၆၀၀ ကျပ်၊ အကြီးမှာ တစ်ပိဿာလျှင် ၂၈၀၀ ကျပ်၊ တရုတ်အာလူးမှာ တစ်ပိဿာလျှင် ၃၂၀၀ ကျပ်ဖြင့် ဈေးနှုန်းအနည်းငယ်မြင့်တက်ပါသည်။

     ငရုတ်သီးခြောက် အပုမှာ ယခင်အပတ်က တစ်ပိဿာလျှင် ၁၄၀၀၀ ကျပ်မှ ၁၆၀၀၀ ကျပ်၊ ငရုတ်သီးခြောက် အရှည်မှာ တစ်ပိဿာလျှင် ၁၇၀၀၀ ကျပ်မှ ၁၉၀၀၀ ကျပ်ရှိရာမှ ယခုအပတ်တွင် ငရုတ်သီးခြောက်အပု တစ်ပိဿာလျှင် ၁၄၀၀၀ ကျပ်မှ ၁၅၀၀၀ ကျပ်၊ ငရုပ်သီးခြောက် အရှည်မှာ တစ်ပိဿာလျှင် ၁၄၀၀၀ ကျပ်မှ ၁၅၀၀၀ ကျပ်ဖြင့် ဈေးနှုန်းအနည်းငယ်ကျဆင်းပြီ  ငရုတ်သီးခြောက် အပွမှာ ယခင်အပတ်က တစ်ပိသာလျှင် ၁၈၀၀၀ ကျပ်မှ ၂၀၀၀၀ ကျပ်ရှိရာမှ ယခုအပတ်တွင် တစ်ပိဿာလျှင် ၂၃၀၀၀ ကျပ်မှ ၂၅၀၀၀ ကျပ်ဖြင့် ဈေးနှုန်းမြင့်တက်ပါသည်။

     မြေပဲဆံ အဖြူမှာ ယခင်အပတ်က တစ်ပိဿာလျှင် ၇၄၀၀ ကျပ်မှ ယခုအပတ်တွင် ၇၅၀၀ ကျပ်၊ မြေပဲဆံအနီမှာ ယခင်အပတ်က တစ်ပိဿာလျှင် ၇၆၀၀ ကျပ်မှ ယခုအပတ်တွင် တစ်ပိဿာ လျှင် ၈၀၀၀ ကျပ်ဖြင့် ဈေးနှုန်းအနည်းငယ်မြင့်တက်ပါသည်။ ဂျင်းတက်မှာ တစ်ပိဿာလျှင် ၄၀၀၀ ကျပ်ရှိပါသည်။ အခြေခံစားသောက်ကုန်များမှာ ပုံမှန်အတိုင်း အရောင်းအဝယ်ဖြစ်နေကြောင်း သိရပါသည်။

DOCA(ပဲခူး)