တောင်ငူခရိုင် ဖြူးမြို့တွင် ကျောက်ကြီးဒေသထွက် မင်းကွတ်သီးများအရောင်းသွက်

Powered by Drupal

    မင်းကွတ်သီးသည် အပူပိုင်းဒေသထွက်သီးနှံတစ်မျိုးဖြစ်ပြီး ဖြူးမြို့ရှိသစ်သီးဆိုင်များတွင် ကျောက်ကြီးဒေသထွက် မင်းကွတ်သီးများ အရောင်းသွက်လျက်ရှိပါသည်။ မင်းကွတ်သီး တစ်လုံးလျှင် (၄၀၀)ကျပ်မှ (၇၀၀)ကျပ်အထိ အလုံးအကြီးအသေးပေါ်မူတည်၍ ဈေးနှုန်းမှာအနည်းငယ် အပြောင်းအလဲရှိပါသည်။ မင်းကွတ်သီးသည် ချိုချိုချဉ်ချဉ်အရသာရှိသောကြောင့် လူအများက အအီပြေစေသည့် အသီးအဖြစ် စားသုံးကြပါသည်။

 မင်းကွတ်သီးတွင် ဗီတာမင်စီ၊ ပိုတတ်ဆီယမ်၊ ကယ်ဆီယမ်၊ မဂ္ဂနီစီယမ်၊ ဖော့စ်ဖရပ်၊ သွပ်ဓါတ်၊ သံဓါတ်နှင့် ဆိုဒီယမ်ဓါတ်တို့လည်း အနည်းငယ်စီပါဝင်ပါသည်။ မင်းကွတ်သီး စားသုံး ခြင်းကြောင့် ကယ်လိုရီနည်းခြင်း၊ ဗီတာမင်စီပါဝင်ခြင်း၊ သွေးလည်ပတ်မှု ကောင်းမွန်စေခြင်း၊ ကင်ဆာဖြစ်ပွားမှုကိုလျှော့ချပေးခြင်း၊ ကိုယ်ခံစွမ်းအားကို တိုးမြှင့်ပေးခြင်း၊ သွားဖုံးနှင့်ပတ်သတ် သောရောဂါများကို သက်သာစေခြင်း၊ သွေးတွင်းသကြားဓါတ်ကိုလျှော့ချပေးခြင်းနှင့် နှလုံး သွေးကြောဆိုင်ရာ ရောဂါများကို ကာကွယ်ပေးခြင်းစသည့် အကျိုးကျေးဇူးများရရှိပါသည်။

     မင်းကွတ်သီးသည် အခြားသီးနှံများနှင့်မတူဘဲ အကျိုးကျေးဇူးများစွာရှိသည့် အသီးဖြစ်သောကြောင့် ယခုလိုပူအိုက်သောရာသီတွင် အရောင်းသွက်လျက်ရှိကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)