တောင်ငူခရိုင် ဖြူးမြို့မှ ရွှေပြည်စိုးပဲမုန့်

Powered by Drupal

       တောင်ငူခရိုင်၊ ဖြူးမြို့၊ ဘူတာမြောက်ရပ်ကွက်၊ ၂၄ လမ်းတွင်ရှိသော ရွှေပြည်စိုး ပဲမုန့် လုပ်ငန်းသည် မိသားစုတပိုင်တနိုင်နှင့်လုပ်ကိုင်သည့် လုပ်ငန်းဖြစ်ပြီး အောင်မြင်လျက်ရှိပါသည်။ ဂျုံနှင့်ကုလားပဲကို အခြေခံ၍ ပြုလုပ်ရပါသည်။

       တစ်ရက်လျှင် ဂျုံနှစ်အိတ် အသုံးပြုရပြီး မုန့်အခု ၂၀၀၀ ပြုလုပ်နိုင်ပါသည်။ မုန့် ၅ ခုကို အထုပ်တစ်ထုပ် ထုပ်သဖြင့် တစ်နေ့လျှင် မုန့်ထုပ် ၄၀၀ ရပါသည်။ မုန့်တစ်ထုပ်လျှင် ၉၅၀ ကျပ်နှုန်း ဖြင့် ဖြူးမြို့နှင့် အနီးတဝိုက်ရှိ မုန့်ဆိုင်များသို့ လက်လီ ဖြန့်ဖြူးရောင်းချ‌ကြောင်း၊ လက်ကားဈေးမှာ တစ်ထုပ်လျှင် ၁၀၀၀ ကျပ်ဖြစ်ကြောင်း သိရပါသည်။

        ၎င်းပဲမုန့် အမျိုးအစားသည် မှိုတက်လွယ်သဖြင့် ၅ ရက်ခန့်သာ အထားခံကြောင်း၊ ရက်လွန်လျှင် စားသုံးသူများကြားတွင် အမည်ပျက်မခံနိုင်ကြောင်း၊ သို့ဖြစ်၍ တစ်ရက် ရောင်းချနိုင်အား ပေါ်တွင်သာ မူတည်၍ ထုတ်လုပ်ကြောင်း မုန့်လုပ်ငန်းပိုင်ရှင်၏ ပြောပြချက်အရ သိရပါသည်။

DOCA(ပဲခူး)