ဧရာဝတီဆန်စီးထွက်မှုနှင့် ပုသိမ်စပါး/ဆန်ဈေးနှုန်းဈေးကွက်အခြေအနေ

Powered by Drupal

ဧရာဝတီတိုင်း‌ဒေသကြီးသည် စပါးအများဆုံး စိုက်ပျိုးထုတ်လုပ်လျက်ရှိသော တိုင်းဒေသကြီးတစ်ခုဖြစ်ပြီး ပြည်တွင်းစားသုံးမှု ဖူလုံရုံသာမက ပြည်ပသို့ ဆန်များလည်း နှစ်စဉ်တင်ပို့ရောင်းချလျက်ရှိသည့်အပြင် စီးပွားရေးမြို့တော်ရန်ကုန်မြို့နှင့် နီးကပ်စွာ တည်ရှိနေပြီး ဆန်လိုသည့် အခြားတိုင်းဒေသကြီးများသို့ လစဉ် တင်ပို့ရောင်းချလျက်ရှိပါသည်။

တိုင်းဒေသကြီးအတွင်း ဆန်စီးထွက်မှုမှာ ၂၀၂၃ ခုနှစ်၊ မတ်လတွင် ရန်ကုန်မြို့သို့ အိတ်ရေ (၁၃၇၇၇၅၆) နှင့် တနင်္သာရီသို့ အိတ်ရေ (၁၆၀၀၀) စုစုပေါင်းအိတ်ရေ (၁၃၉၃၇၅၆) တင်ပို့ခဲ့ကြောင်း၊ ဧပြီလတွင် ရန်ကုန်မြို့သို့ အိတ်ရေ (၉၇၆၇၂၈) နှင့် တနင်္သာရီသို့ အိတ်ရေ (၂၀၅၅၀) စုစုပေါင်းအိတ်ရေ (၉၉၇၂၇၈) တင်ပို့နိုင်ခဲ့ကြောင်းနှင့် သင်္ကြန်ကာလပိတ်ရက်များသည့်အတွက် ယခင်လနှင့် နှိုင်းယှဉ်ပါက (၃၉၆၄၇၈) လျော့၍ စီးထွက်ခဲ့ကြောင်း သိရသည်။

ပုသိမ်စပါး၊ ဆန်ဈေးကွက်အနေဖြင့် မေလဒုတိယပတ် ပေါ်ဆန်းစပါးတင်း (၁၀၀) ကျပ် (၂၀) သိန်းခန့် ၊ ဆန် (၁) အိတ်ကျပ် (၈၅၀၀၀/၈၇၀၀၀) ဈေးခန့်၊ ဧည့်မထအုပ်စုဝင် ဈေးတန်းမြင့်သော ရွှေသွယ်စပါးတင်း (၁၀၀) ကျပ် (၁၉) သိန်းခန့်၊ ဆန် (၁) အိတ် ကျပ် (၇၅၀၀၀/ ၇၈၀၀၀) ခန့်နှင့် လူအများစားမှုရှိသော နွေသီးထပ်ရင်စပါး တင်း (၁၀၀) ကျပ် (၁၅) သိန်းခွဲ (၁၆) သိန်းခန့်၊ ဆန် (၁) အိတ်လျှင် ကျပ် (၅၉၀၀၀/၆၀၀၀၀) ဈေးစသည်ဖြင့် လက်ရှိမှာ ပုံမှန်အရောင်းအဝယ်ဖြစ်နေကြောင်း စပါး၊ ဆန်ဈေးကွက်သတင်းမှ သိရပါသည်။

DOCA (ဧရာဝတီ)