အောင်ပန်းဈေးကွက် ဒေသထွက်သီးနှံများ၏ မေလတတိယပတ်ဈေးနှုန်းများ

Powered by Drupal

ရှမ်းပြည်နယ်(တောင်ပိုင်း) အောင်ပန်းဈေးကွက်သည် ဒေသထွက်သီးနှံများကို မြန်မာနိုင်ငံအနှံ့အပြားသို့ အများဆုံးတင်ပို့ရောင်းချနေသော ဈေးကွက်တစ်ခုဖြစ်ပါသည်။ ၂၀၂၃ခုနှစ်၊ မေလတတိယပတ် (၁၇.၅.၂၀၂၃)ရက်နေ့တွင် ဒေသထွက်သီးနှံများ ဖြစ်သော အာလူးဈေးနှုန်းမှာ S2 တစ်ပိဿာလျှင် ကျပ်(၂၀၀ဝိ/-)မှ (၁၉၅ဝိ/-) ထိ၊ ကြက်သွန်ဖြူ ထူး-၅ ကျပ်(၆၆၀ဝိ/-)၊ ထူး-၄ ကျပ် (၅၂၀ဝိ/-)၊ ထူး-၃ ကျပ်(၄၀၀ဝိ/-)၊ ထူး-၂ ကျပ်(၃၅၀ဝိ/-)၊ ထူး-၁ ကျပ်(၃၀၀ဝိ/-)၊ ချင်း အဆင့်(၁)  ကျပ် (၄၂၀ဝိ/-)၊ အဆင့် (၂)  ကျပ်(၂၅၀ဝိ/-)၊ နနွင်း (ဆင်တောင်) ကျပ်(၃၈၀ဝိ/-)၊ မုန်ညှင်း(သေး) ကျပ် (၉၅ဝိ/-)၊ မုန်ညှင်း(ကြီး) ကျပ်(၁၁၅ဝိ/-)၊  ခရမ်းချဉ်သီး(မှည့်) ကျပ်(၇၀ဝိ/-) အစိမ်း ကျပ်(၈၅ဝိ/-)၊ ဂေါ်ဖီထုပ် ကျပ်(၁၆၀ဝိ/-)၊ ဂေါ်ဖီပန်း (ပန်းမုံလာ) ကျပ်(၈၀ဝိ/-)၊ ရွှေပဲသီး ကျပ်(၃၅၀ဝိ/-)မှ (၄၀၀ဝိ/-)၊ ငရုတ်ပွ ကျပ်(၂၀၀ဝိ/-)၊ မုံလာဥနီ ကျပ်(၂၂၀ဝိ/-)၊ ခရမ်းသီး ကျပ်(၁၄၀ဝိ/-) တို့ဖြင့် အရောင်းအဝယ်ဖြစ်နေကြောင်း သိရှိရပါသည်။

အာလူး၊ ဂျင်း၊ နနွင်း၊ ခရမ်းချဉ်သီး၊ မုန်ညှင်း၊ ဂေါ်ဖီပန်း(ပန်းမုံလာ)၊ ရွှေပဲသီး၊ ခရမ်းသီး၊ ငရုတ်ပွစသည့် သီးနှံ့များမှာ ယခင်တစ်ပတ်ကအတိုင်း ဈေးတည်ငြိမ်နေခဲ့ပြီး ကြက်သွန်ဖြူ၊ ဂေါ်ဖီထုပ် သီးနှံများမှာ ယခင်တစ်ပတ်ကထက် ဈေးအနည်းငယ် မြှင့်တက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA (ရှမ်း)