
မကွေးမြို့၊ မြို့မစျေး၌ ၂၀၂၃ခုနှစ်၊ မေလတတိယအပတ်အတွင်း ရောင်းချလျက်ရှိသော စားဖိုဆောင်သုံးကုန်စျေးနှုန်းများမှာ ကြက်သွန်နီ (၁)ပိဿာလျှင် ကျပ်(၂၅၀၀)၊ ကြက်သွန်ဖြူ(ရှမ်း) (၁)ပိဿာလျှင် ကျပ်(၈၀၀၀)၊ ငြုပ်သီးခြောက်အရှည် (၁)ပိဿာလျှင် ကျပ်(၁၆၀၀၀)၊ နနွင်းတက် (၁)ပိဿာလျှင် ကျပ်(၆၂၀၀)၊ ချင်းတက်(၁)ပိဿာလျှင် ကျပ်(၅၀၀၀)၊ ဆား(အချော) (၁)ပိဿာလျှင် ကျပ်(၁၂၀၀)၊ ဆားအကြမ်း (၁)ပိဿာလျှင် ကျပ်(၅၀၀)၊ မန်ကျည်းသီးမှည့် (၁)ပိဿာလျှင် ကျပ်(၃၀၀၀)၊ အာလူး (၁)ပိဿာလျှင် ကျပ်(၂၆၀၀)၊ သကြား (၁)ပိဿာလျှင် ကျပ်(၃၃၀၀)၊ မြေပဲဆံ (၁)ပြည်လျှင် ကျပ်(၇၅၀၀)၊ ကုလားပဲခြမ်း (၁)ပြည်လျှင် ကျပ်(၆၂၀၀)၊ ပဲဆီ (၁)ပိဿာလျှင် ကျပ်(၁၂၀၀၀)၊ နှမ်းဆီ (၁)ပိဿာလျှင် ကျပ်(၁၂၀၀၀)၊ စားအုန်းဆီ(၁)ပိဿာလျှင် ကျပ်(၆၅၀၀)တို့ဖြင့် အသီးသီးအရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သိရပါသည်။ မေလ ဒုတိယအပတ်နှင့် နှိုင်းယှဉ်ပါက တတိယအပတ်တွင် ကြက်သွန်နီ (၁)ပိဿာလျှင် (၁၀၀)ကျပ်၊ ကြက်သွန်ဖြူ (ရှမ်း) (၁)ပိဿာလျှင် (၅၀၀)ကျပ်၊ ငြုပ်သီးခြောက်အရှည် (၁)ပိဿာလျှင် (၁၀၀၀)ကျပ်၊ နနွင်းတက် (၁)ပိဿာလျှင် (၂၀၀)ကျပ်၊ ချင်းတက် (၁)ပိဿာလျှင် (၂၀၀၀)ကျပ်၊ အာလူး (၁)ပိဿာလျှင် (၁၀၀)ကျပ်၊ သကြား (၁)ပိဿာလျှင် (၁၀၀)ကျပ် တို့ဖြင့် စျေးနှုန်းများ အနည်းငယ် မြင့်တက်လာကြောင်း စျေးသည်များထံမှ သိရပါသည်။
မကွေးမြို့၊ မြို့မဈေးတွင် ပုံမှန်ရောင်းချနေသော ကြက်သား၊ ဝက်သား၊ အမဲသားများအပြင် ရန်ကုန်မြို့မှ ငါးမျိုးစုံ၊ ရေချိုပုဇွန်၊ ငါးမြစ်ချင်းကြီး၊ ကြက်ဥနှင့် ရခိုင်ပြည်နယ် စစ်တွေမြို့နှင့် အမ်းမြို့တို့မှ ငါးပိ၊ ငါးခြောက်များဝင်ရောက်လျက်ရှိပြီး ဒေသအလိုက် ပစ္စည်းအမျိုးအစားအလိုက် အရောင်းအဝယ်ဖြစ် လျက်ရှိကြောင်း သိရှိရပါသည်။
DOCA (မကွေး)