ဆိပ်ဖြူကြက်သွန်နီ မေလ (ဒုတိယ)ပတ် ဈေးကွက်အခြေအနေ

Powered by Drupal

    ဆိပ်ဖြူမြို့ ကြက်သွန်နီအရောင်းအဝယ်ဖြစ်လျက်ရှိသော ကုန်စည်ဒိုင်နှင့် ကြက်သွန်နီပွဲရုံများတွင် ၂၀၂၃ခုနှစ်၊မေလ(၉)ရက် မှ (၁၄)ရက်ထိ (ဒုတိယ)ပတ်အတွင်း (နွေ)ကြက်သွန်နီများ တစ်ရက်လျှင် ပျမ်းမျှ ကြက်သွန်နီကုန်ချိန်ပိဿာ(၅)သောင်းခန့်၊ (၁)ပတ်အတွင်း စုစုပေါင်းပိဿာ(၃)သိန်းခန့် ကုန်စည်ဒိုင် / ပွဲရုံများသို့ ဝင်ရောက်အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သိရှိရသည်။

      ယခု မေလ(ဒုတိယ)ပတ်အတွင်း ကြက်သွန်နီ(၁)ပိဿာဈေးနှုန်းမှာ အမြင့်ဈေး ထိပ်စ (ရှယ်) ကျပ်(၁၉၇၅ မှ ၁၈၀၀)၊ အလတ်စ ကျပ်(၁၇၀၀ မှ ၁၅၀၀)၊ အသေးစ ကျပ်( ၁၃၀၀ မှ  ၁၂၀၀) ဈေးနှုန်းတို့ဖြင့် အရောင်းအဝယ်ဖြစ်ခဲ့ပါသည်။ ယခင်(၁)ပတ်တွင် ကြက်သွန်နီ ထိပ်စအမြင့်ဆုံး ဈေး မှာ (၁)ပိဿာလျှင် ကျပ်(၂၁၀၀)ဈေးနှုန်းဖြင့် အရောင်းအဝယ်ဖြစ်ခဲ့၍ ယခု(၁)ပတ်တွင် ထိပ်စ(ရှယ်) ကျပ်(၁၂၅)၊ အလတ်စနှင့် အသေးစတို့မှာ ကျပ်(၂၀၀)စီခန့် ဈေးနှုန်းကျဆင်း၍ အရောင်းအဝယ်ဖြစ်ခဲ့ပါသည်။

    ဆိပ်ဖြူမြို့မှ ကြက်သွန်နီများကို အခြားတိုင်းဒေသကြီးများသို့ စီးထွက်မှုမှာ ရန်ကုန်ဘုရင့် နောင်ပွဲရုံနှင့် မူဆယ်ဝယ်လက်မှတစ်ဆင့် တရုတ်နိုင်ငံ၊ မြဝတီဝယ်လက်မှတစ်ဆင့် ဗီယက်နမ်နိုင်ငံသို့ အများဆုံးကုန်စည်စီးဆင်းလျက်ရှိကြောင်း ကုန်စည်ဒိုင်ဈေးကွက်မှ သိရှိရသည်။ ယခု မေ (ဒုတိယ)ပတ်အတွင်း ကြက်သွန်နီ စုစုပေါင်း ပျမ်းမျှပိဿာ(၃)သိန်းခန့်၊ (၈၅၇၂)အိတ်၊ တန်ချိန် (၄၉၀)ခန့် ကုန်စည်စီးဆင်းခဲ့ကြောင်း ဈေးကွက်မှသိရှိရသည်။

     ဆိပ်ဖြူမြို့ ပတ္တမြားဈေးအတွင်းရှိ ဈေးတန်းများတွင် ကြက်သွန်နီ အရွယ်အစား အရည်အသွေးလိုက်၍ (၁)ပိဿာလျှင် လက်လီဈေး ကျပ်(၂၄၀၀/ ၂၀၀၀/ ၁၇၀၀)ဈေးဖြင့် အရောင်းအဝယ်ဖြစ်ကြောင်း သိရှိရသည်။         

DOCA(မကွေး)