သရက်မြို့၊ မြို့မဈေးအတွင်း ရောင်းချလျက်ရှိသော စားဖိုဆောင်သုံးကုန်ဈေးနှုန်းအခြေအနေ

Powered by Drupal

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ သရက်မြို့၊ မြို့မဈေး၌ ၂၀၂၃ ခုနှစ်၊ မေလ တတိယပတ်တွင် ရောင်းချလျက်ရှိသော စားဖိုဆောင်သီးနှံဈေးနှုန်းများမှာ ကြက်သွန်နီတစ်ပိဿာလျှင် ကျပ်(၂၄၀၀)၊  ကြက်သွန်ဖြူ(ရှမ်းစ) တစ်ပိဿာလျှင် ကျပ်(၇၈၀၀)၊ ချင်းတစ်ပိဿာလျှင် ကျပ်(၄၅၀၀)၊ ငရုတ်သီး (ခြောက်)တစ်ပိဿာလျှင် ကျပ်(၁၆၀၀၀)၊ ငရုတ်သီး(စို)တစ်ပိဿာလျှင် ကျပ်(၆၀၀၀)၊ အာလူးတစ်ပိဿာလျှင် ကျပ်(၃၀၀၀)၊ ခရမ်းချဉ်သီး(ရှမ်း)တစ်ပိဿာလျှင် ကျပ်(၁၈၀၀)၊ ခရမ်းချဉ်သီး (ဗမာ)တစ်ပိဿာလျှင် ကျပ်(၂၆၀၀)တို့ဖြစ်ရာ ယခင်မေလဒုတိယပတ်နှင့် နှိုင်းယှဉ်လျှင် ကြက်သွန်နီ တစ်ပိဿာကို ကျပ်(၄၀၀)၊ ကြက်သွန်ဖြူ(ရှမ်း)တစ်ပိဿာကို ကျပ်(၃၀၀)၊ အာလူးတစ်ပိဿာကို ကျပ်(၂၀၀)၊ ခရမ်းချဉ်သီး(ဗမာ)တစ်ပိဿာကို ကျပ်(၁၀၀)နှင့် ချင်းတစ်ပိဿာကို ကျပ် (၃၀၀) အတက်ဈေးတို့ဖြင့် ရောင်းချလျက်ရှိကြောင်း ဈေးရောင်းချသူ ဒေါ်ဂျမ်းထံမှသိရှိရပါသည်။

သရက်မြို့၊ မြို့မဈေးတွင် ကြက်သွန်နီ၊ ခရမ်းချဉ်သီးနှင့် ငရုတ်သီး(အစို)များကို သရက်မြို့ ပတ်ဝန်းကျင်ကျေးရွာများနှင့် အခြားစားဖိုဆောင်သီးနှံများကို အောင်လံနှင့် ပြည်မြို့တို့မှဝယ်ယူ ရောင်းချလေ့ရှိကြကြောင်းသိရှိရပါသည်။

 DOCA (မကွေး)