ငါန်းဇွန်မြို့တွင်ရောင်းချနေသော အခြေခံစားသောက်ကုန်များ၏ ဈေးနှုန်းများ

Powered by Drupal

     ငါန်းဇွန်မြို့ရှိ မြို့မဈေးတွင်  ၂၀၂၃ ခုနှစ်မေလ ဒုတိယပတ်အတွင်းဖြစ်ပေါ်ခဲ့သော အခြေခံစားသောက်ကုန်များ၏ လက်လီဈေးနှုန်းများမှာ ရွှေဘိုပေါ်ဆန်း(ဟောင်း) တစ်ပြည်လျှင်(၄၅၀၀) ကျပ်၊ (အသစ်) တစ်ပြည်လျှင်(၃၈၀၀)ကျပ်၊ မဂျမ်းတော(ဟောင်း) တစ်ပြည်လျှင်(၄၂၀၀)ကျပ်၊ (အသစ်) တစ်ပြည်လျှင်(၃၇၀၀)ကျပ်၊ ပုသိမ်ပေါ်ဆန်း(ဟောင်း) တစ်ပြည်လျှင် (၄၀၀၀)ကျပ်၊ မနောသုခ တစ်ပြည်လျှင်(၂၇၀၀၊၃၀၀၀)ကျပ်၊ ကုလားပဲခြမ်း တစ်ပြည်လျှင်(၆၄၀၀)ကျပ်၊ ပဲထောပတ် တစ်ပြည်လျှင်(၅၀၀၀)ကျပ်၊ ကြက်ဥ တစ်လုံးလျှင်(၂၅၀၊၂၈၀)ကျပ်၊ ဘဲဥ တစ်လုံးလျှင်(၃၅၀၊ ၄၀၀) ကျပ်၊ သားငါးဈေးများအနေဖြင့် ငါးကြင်းတစ်ပိဿာလျှင်(၇၀၀၀)ကျပ်၊ ငါးမြစ်ချင်း တစ်ပိဿာလျှင် (၈၀၀၀)ကျပ်၊ ငါးခူ တစ်ပိဿာလျှင်(၆၅၀၀၊၈၀၀၀)ကျပ်၊ ငါးမြင်း တစ်ပိဿာလျှင်(၆၅၀၀) ကျပ်၊ ကြက်သား(CP)အကောင်လိုက် တစ်ပိဿာလျှင် (၉၀၀၀)ကျပ်၊ ရင်ပုံသား တစ်ပိဿာလျှင် (၁၂၀၀၀) ကျပ်၊ ပေါင်သား တစ်ပိဿာလျှင် (၁၀၀၀၀)ကျပ်၊ ဗမာကြက် တစ်ပိဿာလျှင်(၁၃၀၀၀)ကျပ်၊ ဝက်သား တစ်ပိဿာလျှင်(၁၃၀၀၀၊ ၁၅၀၀၀)ကျပ်၊ အမဲသား တစ်ပိဿာလျှင် (၁၄၀၀၀၊၁၆၀၀၀) ကျပ်၊ ဆိတ်သား တစ်ပိဿာလျှင် (၂၅၀၀၀)ကျပ်ခန့် ရှိပါသည်။

       ကြက်သွန်နီ လက်လီဈေးနှုန်းများအနေဖြင့် အကြီးတစ်ပိဿာလျှင်(၂၃၀၀)ကျပ်၊ အလတ် တစ်ပိဿာလျှင်(၁၆၀၀)ကျပ်၊ အသေးတစ်ပိဿာလျှင်(၁၃၀၀)ကျပ်၊ ကြက်သွန်ဖြူ လက်လီ တစ်ပိဿာဈေးနှုန်းများမှာ(ဗမာ) တစ်ပိဿာလျှင်(၄၀၀၀၊၄၅၀၀)ကျပ်၊ ကြူကုတ် တစ်ပိဿာလျှင် (၅၀၀၀၊၅၅၀၀)ကျပ်၊ ရှမ်းကြက်သွန်ဖြူ တစ်ပိဿာလျှင်(၄၅၀၀၊၅၀၀၀)ကျပ်၊ ချင်း တစ်ပိဿာလျှင် (၃၀၀၀)ကျပ်၊ ငရုတ်သီးခြောက် တစ်ပိဿာလျှင်(၂၀၀၀၀)ကျပ်၊ အာလူး တစ်ပိဿာလျှင်(၂၀၀၀)ကျပ်၊ ခရမ်းချဉ်သီး တစ်ပိဿာလျှင်(၁၃၀၀)ကျပ်၊ စားသုံးဆီဈေးနှုန်းများအနေဖြင့် ပဲဆီသန့်  တစ်ပိဿာလျှင် (၁၄၀၀၀၊၁၅၀၀၀)ကျပ်၊ နှမ်းဆီ တစ်ပိဿာလျှင်(၁၃၀၀၀)ကျပ်၊ စားအုန်းဆီ တစ်ပိဿာလျှင်(၆၅၀၀)ကျပ် စသည့်ဖြင့် အရောင်းအဝယ်ဖြစ်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(မန္တလေး)