မိတ္ထီလာကုန်စည်ဒိုင်၌ ရောင်းဝယ်ဖောက်ကားနေသော သီးနှံစျေးနှုန်းအခြေအနေ

Powered by Drupal

     ၂၀၂၃ခုနှစ်၊ မေလ(တတိယပတ်)အတွင်း မိတ္ထီလာကုန်စည်ဒိုင်၌ ဖြစ်ပေါ်နေသော သီးနှံစျေးနှုန်းအခြေအနေများမှာ နှမ်းဆီတစ်ပိဿာလျှင် (၁၀၀၀၀-၁၃၀၀၀) ကျပ်၊ မြေပဲဆီတစ်ပိဿာလျှင် (၁၃၅၀၀-၁၄၀၀၀) ကျပ် နေကြာဆီတစ်ပိဿာလျှင် (၁၂၅၀၀-၁၃၀၀၀) ကျပ်၊ စားအုန်းဆီ တစ်ပိဿာလျှင် (၆၁၅၀-၆၁၈၀) ၊ နှမ်းဖတ်တစ်ပိဿာလျှင် (၂၅၅၀-၂၆၀၀) ကျပ်၊ ပဲဖတ်တစ်ပိဿာလျှင် (၃၂၀၀-၃၂၅၀)ကျပ်၊ နေကြာဖတ်တစ်ပိဿာလျှင် (၁၈၅၀-၁၉၀၀) ကျပ်၊ ကုလားပဲ v2 တစ်တင်းလျှင် (၇၅၀၀၀) ကျပ်၊ နှမ်းညိုတစ်တင်းလျှင် (၈၅၀၀၀-၈၆၀၀၀) ကျပ်၊ နှမ်းဖြူတစ်တင်းလျှင် (၁၀၀၀၀၀) ကျပ်၊ နေကြာစေ့ တစ်ပြည်လျှင် (၃၈၀၀) ကျပ်၊  ပဲစဉ်းငုံသစ်တစ်တင်းလျှင် (၈၀၀၀၀) ကျပ်၊ မန်ကျည်းတောင့် တစ်ပိဿာလျှင် (၈၅၀-၉၀၀) ကျပ်၊ ဝါတစ်ပိဿာလျှင် (၂၈၀၀-၃၀၀၀) ကျပ်၊ ငရုတ် တစ်ပိဿာလျှင် (၁၁၀၀၀-၁၂၀၀၀) ကျပ် နှင့် ကြက်သွန်နီတစ်ပိဿာလျှင် (၂၀၀၀) ကျပ်နှုန်းစျေးနှုန်း အသီးသီးဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိပြီး ယခင်အပတ်နှင့် ကာလတူနှိုင်းယှဉ်လျှင် စျေးနှုန်းတည်ငြိမ်နေကြောင်း ၊ စျေးနှုန်းတည်ငြိမ်နေရခြင်းမှာ သီးနှံကုန်လက်ကျန် လျော့နည်းလာခြင်းကြောင့်ဖြစ်သည်ဟု မိတ္ထီလာကုန်စည်ဒိုင်မှ သိရပါသည်။

DOCA(မန္တလေး)