မြို့မစည်ပင်သာယာဈေးရှိ သစ်သီးဝလံဈေးနှုန်းများ

Powered by Drupal

ကန့်ဘလူမြို့၊ မြို့မစည်ပင်သာယာဈေးအတွင်းရောင်းချနေသော သစ်သီးဝလံများမှာ ကန့်ဘလူမြို့နယ်၊ ကျွန်းလှမြို့နယ်၊ မြစ်ကြီးနားမြို့နှင့် မန္တလေးရှိ သစ်သီးပွဲရုံများမှ အသီးသီး ဝင်ရောက်လျက်ရှိသည်။

၂၀၂၃ခုနှစ်၊ မေလ၊ တတိယပတ်တွင် ဖြစ်ပေါ်လျက်ရှိသော သစ်သီးဝလံဈေးနှုန်းများမှာ ပန်းသီးရိုးရိုး (၁)လုံးလျှင် (၇၀၀ မှ ၁၀၀၀) ကျပ်၊ ပန်းသီး(အကြွပ်) ပိုက်စွပ်တစ်လုံးလျှင် (၂၀၀၀ မှ ၂၅၀၀)ကျပ်၊ စပျစ်သီး (အလုံးကြီး) (၁)ပိဿာလျှင် (၁၂၀၀၀)ကျပ်၊ စပျစ်သီး(အလုံးသေး) (၁)ပိဿာလျှင် (၁၀၀၀၀)ကျပ်၊ ပန်းသစ်တော်သီး(၁)လုံးလျှင် (၂၀၀၀ မှ ၂၅၀၀)ကျပ်၊  ဖီးကြမ်းငှက်ပျောသီး (၁)ဖီးလျှင် (၁၂၀၀ မှ ၁၅၀၀)ကျပ်၊ မြစ်ကြီးနားမှ ထွက်ရှိသော ခွန်စိမ်းငှက်ပျောသီး (၁)ဖီးလျှင် (၁၅၀၀မှ ၂၀၀၀)ကျပ်၊ လိမ္မော်သီး(၁)ပိဿာလျှင် (၁၀၀၀၀)ကျပ်၊ သခွားမွှေး (၁)လုံးလျှင် (၂၅၀၀)ကျပ်၊ ဖရဲသီး (၁)လုံးလျှင် (၂၅၀၀ မှ ၅၀၀၀)ကျပ်၊ စိန်တစ်လုံးသရက်သီး (၁)လုံးလျှင် (၂၀၀ မှ ၅၀၀)ကျပ်၊ လိုင်ချီးသီး (၁)ပိဿာလျှင်(၅၀၀၀)ကျပ်၊ နာနတ်သီး(၁)လုံးလျှင် (၈၀၀ မှ ၁၀၀၀)ကျပ်ဖြင့် အသီးသီး အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း မြို့မစည်ပင်သာယာဈေးအတွင်း ရောင်းချသော သစ်သီးဆိုင်များမှ သတင်းရရှိပါသည်။

 DOCA( စစ်ကိုင်း)