ကန့်ဘလူ၊ ကျွန်းလှမြို့တို့တွင် ရောင်းချနေသော အခြေခံစားကုန်များ၏ဈေးနှုန်းအခြေအနေ

Powered by Drupal

၂၀၂၃ ခုနှစ်၊ မေလ(တတိယအပတ်)အတွင်း ကန့်ဘလူ၊ ကျွန်းလှမြို့နယ်တွင် အခြေခံစားကုန်များဖြစ်သော ရွှေဘိုပေါ်ဆန်း (အသစ်)တစ်ပြည် (၄၅၀၀) ကျပ် (ယခင်အပတ်တိုင်း တည်ငြိမ်လျက်ရှိ)၊ ဧရာမင်း(အသစ်)တစ်ပြည် (၃၅၀၀) ကျပ်၊ ကြက်သွန်နီ (မြစ်သား) အမျိုးအစား (အသစ်)လက်လီဈေးမှာ (အကြီး)တစ်ပိသာ (၂၈၀၀) ကျပ် ၊ (အလတ်) တစ်ပိသာ (၂၃၀၀) ကျပ် ၊ (အသေး)တစ်ပိသာ (၂၀၀၀) ကျပ်  (ယခင်အပတ်အတိုင်း တည်ငြိမ်)၊ ကြက်သွန်ဖြူ လက်လီဈေးမှာ (ဗမာ)အလုံးကြီး တစ်ပိသာ (၇၀၀၀) ကျပ်၊ ကြက်သွန်ဖြူ လက်လီဈေးမှာ(ဗမာ) အလုံးသေး တစ်ပိသာ (၆၅၀၀) ကျပ်၊ ကြူကုတ် တစ်ပိသာ (၇၅၀၀) ကျပ် (ယခင်အပတ်အတိုင်း တည်ငြိမ်လျက်ရှိ)၊ ဂျင်းတစ်ပိသာ (၄၀၀၀)ကျပ် (ယခင်အပတ်အတိုင်း တည်ငြိမ်)၊ ငရုတ်သီးခြောက် (၁၆၀၀၀) ကျပ် (ယခင်အပတ်အတိုင်း ငြိမ်နေပြီး)၊ အာလူးတစ်ပိသာ  (၂၂၀၀) ကျပ် (ယခင်အပတ်အတိုင်း တည်ငြိမ်) စသည်ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိပါသည်။

ငရုတ်သီးစိမ်း တစ်ပိသာ (၆၀၀၀)ကျပ် (ယခင်မေလ ပထမ အပတ်ထက် တစ်ပိသာလျှင် (၃၅၀၀)ကျပ်မြင့်တက်)၊ ခရမ်းချဉ်သီး တစ်ပိသာ (၁၇၀၀) ကျပ် (ယခင် ပထမပတ်အတိုင်း တည်ငြိမ်လျက်)၊ ခရမ်းသီး တစ်ပိသာ (၂၀၀၀) ကျပ် (ယခင်ဈေး အတိုင်း တည်ငြိမ်)၊ ပန်းဂေါ်ဖီ တစ်ပွင့်  (၁၈၀၀) ကျပ်၊ ဂေါ်ဖီထုပ် တစ်ထုပ်လျှင် (၂၅၀၀)ကျပ် (ယခင်အတိုင်း တည်ငြိမ်လျက်)၊ ခါကြက်ဥ(တရုတ်) တစ်ပိသာ (၅၀၀၀)ကျပ် ၊ ခါကြက်ဥ (ဗမာ)တစ်ပိသာလျှင်(၃၀၀၀)ကျပ် (ယခင် အပတ်အတိုင်း တည်ငြိမ်နေ)၊ သံပုရာသီးတစ်လုံးလျှင် (၂၀၀)ကျပ် မှ (၃၀၀) ကျပ် ၊ ကန်ဇွန်းရွက် တစ်စည်းလျှင် (၁၀၀) ကျပ်နှုန်းစသည်ဖြင့် အရောင်းအဝယ် ဖြစ်နေပြီး  ကုန်ဈေးနှုန်းများ အနည်းငယ်မြင့်တက်လာကြောင်း ဈေးသည်တစ်ဦးထံမှ သိရှိရပါသည် ။

ကြက်ဥလက်လီဈေးနှုန်းမှာ (အကြီး)တစ်လုံး (၃၀၀)ကျပ်၊ (အသေ)တစ်လုံး (၂၅၀) ကျပ် ၊ ဘဲဥ တစ်လုံ (၃၅၀)ကျပ်၊  ကန့်ဘလူ၊ ကျွန်းလှမြို့တို့၏ အသား /ငါး ဈေးနှုန်းများမှာ ကြက်သား(cp) (၁၂၀၀၀ )ကျပ် မှ (၁၄၀၀၀) ကျပ် ၊ ကြက်သား(ဗမာ) (၁၈၀၀၀ )ကျပ် မှ (၂၀၀၀၀) ကျပ် ၊ ဝက်သား တစ်ပိသာ (၁၈၀၀၀) ကျပ် မှ (၂၂၀၀၀) ကျပ် ၊ အမဲသာ တစ်ပိသာ (၁၁၀၀၀) ကျပ် မှ (၁၃၀၀၀) ကျပ် ထိ၊ ငါးကြင်း တစ်ပိသာ (၆၀၀၀)ကျပ် မှ (၈၅၀၀) ကျပ်၊ တီလားဗီးယားငါး တစ်ပိသာ (၄၀၀၀) ကျပ် မှ (၆၅၀၀) ကျပ်ဖြင့်  ယခင်အပတ်အတိုင်း တည်ငြိမ်လျက်ရှိကာ ရောင်းဝယ်နေကြောင်းသိရပါသည်။

စားသုံးဆီဈေးနှုန်းမှာ မြေပဲဆီသန့် တစ်ပိသာလျှင် (၁၄၀၀၀)ကျပ် မြေပဲဆီဈေးနှုန်းသည် ယခင်အပတ်များနှင့်အတူ ဈေးတည်ငြိမ်လျက်ရှိပါသည်။ စားအုန်းဆီ တစ်ပိသာလျှင် (၆၈၀၀)ကျပ်၊ ဆယ်ပိသာ တစ်ပုံးလျှင် (၆၇၀၀၀)ကျပ်  ယခင် မေလ ဒုတိယအပတ်ထက် တစ်ပိသာလျှင်(၁၀၀)ကျပ် မြင့်တက်ပြီး အရောင်းအဝယ် ဖြစ်နေကြောင်း ဈေးသည်တစ်ဦးထံမှ သိရသည်။

 DOCA (စစ်ကိုင်း)