ရုရှားနှင့် မြန်မာတို့သည် စွမ်းအင်ကဏ္ဍအပါအဝင် စီးပွားရေးကဏ္ဍများတွင် ရင်းနှီးမြှုပ်နှံမှု သဘောတူ စာချုပ်များ ချုပ်ဆို
မြန်မာနိုင်ငံရှိ ထားဝယ်စီးပွားရေးအထူးဇုန် (Dawei SEZ) နှင့် သယ်ယူပို့ဆောင်ရေးကဏ္ဍများတွင် ပူးပေါင်းဆောင်ရွက်ရေးအတွက် ရုရှားနိုင်ငံနှင့် သဘောတူစာချုပ်များကို ဇွန်လ ၁၉ ရက်နေ့တွင် ရုရှားနိုင်ငံ စိန်ပီတယ်စဘတ်မြို့ St. Petersburg International Economic Forum (SPIEF) ၌ ချုပ်ဆိုခဲ့ကြောင်း သိရှိရပါတယ်။ အဆိုပါသဘောတူစာချုပ်များကို မြန်မာနိုင်ငံမှ ဥပဒေရေးရာဝန်ကြီး ဦး ထွန်းထွန်းဦး နှင့် ရုရှားဘက်မှ စီးပွားရေးသမားအချို့၊ အစိုးရအရာရှိများ တက်ရောက်ခဲ့ကြပါတယ်။ သဘောတူချက်များတွင် သဘာဝဓာတ်ငွေ့အပါအဝင် စွမ်းအင်ထုတ်လုပ်ရေး၊ ထားဝယ်စီးပွားရေးအထူးဇုန်၌ ရင်းနှီးမြှုပ်နှံမှုအလား အလာများ၊ ထားဝယ်စီးပွားရေးအထူးဇုန်ဒေသမှ အခြေခံအဆောက်အဦများဖွံ့ဖြိုးတိုးတက်ရေးနှင့် မော်တော်လမ်း၊ ဆိပ်ကမ်းနှင့် ဘူတာရုံစနစ်တိုးချဲ့မှုစသည်တို့ပါဝင်ကြောင်း သတင်းရရှိပါသည်။
DOCA(ဧရာဝတီ)








