ပြည်ပကုန်သွယ်မှုသတင်းများ

Powered by Drupal

China–ASEAN Free Trade Area 3.0 သဘောတူညီမှု အတည်ပြုပြီးစီး

China–ASEAN Free Trade Area (CAFTA) 3.0 သဘောတူညီမှုကို ASEAN နှင့် တရုတ် နိုင်ငံတို့သည် မေလ ၂၁ ရက်နေ့တွင် အတည်ပြုပြီးစီးခဲ့ကြောင်း Reuters သတင်းအရ သိရှိရပါတယ်။ CAFTA 3.0 သည် ယခင်ထက်ပိုမိုခေတ်မီသည့် ဒစ်ဂျစ်တယ်စီးပွားရေး၊ အစိမ်းရောင်စီးပွားရေးနှင့် Supply-chain connectivity ကို အဓိကထားသည့် မဟာဗျူဟာတစ်ခုဖြစ်ပြီး အဆိုပါသဘောတူညီမှုသည် ဒေသတွင်းကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှုများကို တိုးမြှင့်ပေးနိုင်မည်ဟု ခန့်မှန်းနေကြပါတယ်။ ထို့အပြင် AI, E-commerce, Clean Energy, Logistics စနစ်များကဲ့သို့သော ကဏ္ဍများတွင် နည်းပညာ အပြန်အလှန်နှင့် လုပ်ငန်းကွန်ယက်ပေါင်း ပူးပေါင်းမှုများလည်း ရှိလာနိုင်ပါတယ်။ စီးပွားရေးဗေဒပညာရှင်များကလည်း CAFTA 3.0 သည် တရုတ်–အာရှ အဖွဲ့ဝင်နိုင်ငံများ၏ ချဲ့ထွင်မှုနှင့် စီးပွားရေးတောင်ပိုင်း ထိပ်တန်းဇုန် တည်ဆောက်မှုအတွက် အရေးကြီးဆုံးနည်းလမ်းတစ်ခုဖြစ်လာနိုင်ကြောင်း ထောက်ပြထားကြပါတယ်။ DOCA( ဧရာဝတီ)

BOT မှ စီးပွားရေးနှင့် နိုင်ငံရေးအခြေအနေများအား သတိထားကြည့်ရှု

ထိုင်းနိုင်ငံ၏ ငွေကြေးစီမံခန့်ခွဲရေးအာဏာပိုင် (BOT) သည် ယခုအခါ အတိုးနှုန်းကို ၁.၇၅ ရာခိုင်နှုန်းအဖြစ် တည်ထားသော်လည်း၊ ၂၀၂၅ ခုနှစ် သုံးလပတ် သုံးကြိမ်မြောက် သုံးလပတ်(Q3) အတွင်း ၌ ထိုအတိုးနှုန်းကို လျော့ချနိုင်မည့်အလားအလာရှိကြောင်း သတင်းထုတ်ပြန်ထားပါတယ်။ BOT ၏ သုံးသပ်ချက်အရ ထိုင်းစီးပွားရေးသည် တဖြည်းဖြည်းတက်လာနေပြီဖြစ်သော်လည်း၊ သုံးစွဲမှုနှုန်းနှေးကွေးမှု၊ ရင်းနှီးမြှုပ်နှံမှုတိုးတက်မှုအားနည်းမှုနှင့် ဈေးနှုန်းတက်မြင့်မှု နိမ့်ကျနေမှုတို့ကြောင့် အတိုးနှုန်း ပြင်ဆင် နိုင်စရာ ရှိနေသည်။ ထို့ပြင် နိုင်ငံရေးမတည်ကြပ်မှုများနှင့် ရာသီဥတုဆိုင်ရာအန္တရာယ်များ တို့ကလည်း BOT ၏ဆုံးဖြတ်မှုအပေါ် သက်ရောက်မှုရှိနိုင်သည်ဟု သတိပေးထားပါတယ်။ BOT ဥက္ကဋ္ဌ မက်သီ ချနနာဝိ (Sethaput Suthiwartnarueput) က “ငွေကြေးမူဝါဒသည် စီးပွားရေးတုန့်ပြန်မှုအပေါ် အခြေခံပြီး တင်းကြပ်မှု နည်းသော သဘာဝအတိုင်း ဆောင်ရွက်နေသည်” ဟု ပြောကြားခဲ့ပါတယ်။ အဆိုပါအတိုးနှုန်း ဆုံးဖြတ်ချက်သည် ထိုင်း၏ငွေကြေးမူဝါဒတွင် မည်သည့်အချက်များကို ဦးစားပေးတွင်ထားသနည်း၊ သုံးစွဲသူ ယုံကြည်မှုနှင့် ရင်းနှီးမြှုပ်နှံမှုအပေါ် သက်ရောက်မှုရှိနိုင်သလားဆိုသည်မှာ ရှေ့ဆက်လေ့လာရမည့် အချက်ဖြစ်ကြောင်း နိုင်ငံတကာ သတင်းများအရ သိရှိရပါတယ်။ DOCA(ဧရာဝတီ)

သစ်လွင်သည့် စီးပွားရေးမဟာဗျူဟာ (၂၀၂၆–၂၀၃၀) ကို အာဆီယံမိတ်ဆက်

အာဆီယံအဖွဲ့သည် ဇွန် ၂၄ ရက်တွင် ဂျကာတာမြို့၌ ညှိနှိုင်းအစည်းဝေးတစ်ခုပြုလုပ်ကာ ၂၀၂၆ မှ ၂၀၃၀ အတွင်း အသုံးချမည့် သစ်လွင်သော စီးပွားရေး မဟာဗျူဟာအစီအမံ ကို တရားဝင် မိတ်ဆက် ခဲ့ကြောင်း သိရှိရပါတယ်။ အဆိုပါ မဟာဗျူဟာသည် အာဆီယံဒေသကို ကမ္ဘာ့စတုတ္ထအကြီးဆုံး စီးပွားရေး ဒေသ ဖြစ်လာစေရန် ရည်ရွယ်ချက်ဖြင့် ရေးဆွဲထားခြင်း ဖြစ်ပြီး မဟာဗျူဟာထဲတွင် ဒေသတွင်းကုန်သွယ်မှု အားမြှင့်တင်ခြင်း၊ အထွေထွေစီးပွားရေးဖွံ့ဖြိုးတိုးတက်ရေးအတွက် ညှိနှိုင်းပူးပေါင်းဆောင်ရွက်မှုများ တိုးမြှင့်ခြင်း၊ နည်းပညာ၊ ဒီဂျစ်တယ်စီးပွားရေးနှင့် စွမ်းအင်စီးပွားရေးကဏ္ဍများကို အထူးအာရုံစိုက်ထား ခြင်းများ ပါဝင်ကြောင်း သိရှိရပါတယ်။ DOCA(ဧရာဝတီ)

အင်ဒိုနီးရှားနိုင်ငံသည် ဂေဟစနစ်များကို ကာကွယ်ရန်အတွက် ကျွန်းငယ်များပေါ်တွင် သတ္တုတူးဖော်ခြင်းကို ပိတ်ပင်ထား

၂၀၂၅ ခုနှစ် ပထမလေးလအတွင်း ပီရူးနိုင်ငံ၏ သတ္တုတွင်းထွက်ပစ္စည်းများ တင်ပို့မှုမြင့်တက်လာ

အင်ဒိုနီးရှားနိုင်ငံ၏ ၂၀၂၅ ခုနှစ်၏ ပထမသုံးလပတ် ပါတိတ်တင်ပို့မှုသည် အမေရိကန်ဒေါ်လာ ၇.၆၃ သန်းကျော်လွန်ခဲ့

အမေရိကန်၏ ဆန်တင်သွင်းခွင့် တောင်းဆိုမှုအပေါ် ပြည်တွင်းလယ်ယာကဏ္ဍကို အနစ်နာခံ၍ လိုက်လျောမည်မဟုတ်ဟု ဂျပန်အစိုးရပြောကြား

တရုတ်နိုင်ငံ၌ ထိုင်းအမှတ်တံဆိပ်ကပ် ဆန်များရောင်းချမှုတွင် ပတ်သက်မှုမရှိဟု ကမ္ဘောဒီးယား ဆန်စပါးအသင်းချုပ် ငြင်းဆို

တရုတ်ဈေးကွက်အတွင်း ထိုင်းဆန်အတုများရောင်းချမှုကိစ္စ ထိုင်းအာဏာပိုင်များ စစ်ဆေးနေ

စားအုန်းဆီကို အကောက်ခွန်နှုန်း နည်းပါးစွာဖြင့် ဥရောပ ၄ နိုင်ငံသို့ မလေးရှား တင်ပို့ခွင့်ရရှိ

Pages

Subscribe to RSS - ပြည်ပကုန်သွယ်မှုသတင်းများ