ပြည်ပကုန်သွယ်မှုသတင်းများ

Powered by Drupal

ပြည်တွင်းစားသုံးမှုနှင့် အီသနောထုတ်လုပ်မှုကို အရှိန်မြှင့်တင်ရန်ရည်ရွယ်၍ သကြားတင်ပို့ခွင့်ကို အိန္ဒိယဆက်လက်ပိတ်ပင်

      ကြံထွက်ရှိမှုနည်းပါးမည်ဟု မျှော်မှန်းရသောကြောင့် အိန္ဒိယအစိုးရသည် သကြားတင်ပို့ခွင့်ကို (၂)နှစ်ဆက်တိုက်ပိတ်ပင်ရန် စီစဉ်ထားကြောင်း သိရပါသည်။ ဘိုင်အိုလောင်စာအတွက် ထောက်ပံ့မှုပေးနိုင်ရေးအရှိန်မြှင့်တင်ရန် အားထုတ်မှု တစ်စိတ်တစ်ပိုင်းအနေဖြင့် ရေနံကုမ္ပဏီများက သကြားစက်များထံမှ အီသနောဝယ်ယူမှုများရှိနေကြောင်း သိရပါသည်။ ကမ္ဘာ့သကြား ဈေးကွက်တွင် အိန္ဒိယပါဝင်မှုသည် ကမ္ဘာလုံးဆိုင်ရာ ထောက်ပံ့နိုင်စွမ်းကို ကျုံ့သွားစေပြီး အမေရိကန်နှင့် အင်္ဂလန်တို့တွင် သကြားဈေးနှုန်းများ မြင့်တက်ခဲ့ကြောင်း သိရပါသည်။ ကမ္ဘာ့ အကြီးမားဆုံး သကြားထုတ်လုပ်သူ ဘရာဇီးသည် မိုးခေါင်မှုကြောင့် အထွက်နှုန်းကျဆင်း နိုင်သော အခါ အိန္ဒိယသည် သကြားစက်များအား တင်ပို့မှုပိတ်ပင်ရန် စီစဉ်ခဲ့ခြင်းဖြစ်ကြောင်း သိရပါသည်။ ပြည်တွင်းသုံးစွဲရန် သကြားဖူလုံမှုရရှိပါက ၎င်းတို့၏ နောက်ထပ်ရည်မှန်းချက်သည် အီသနော ထုတ်လုပ်ရန်ဖြစ်ကြောင်း အစိုးရသတင်းရင်းမြစ်တစ်ခုက ပြောကြားခဲ့ကြောင်း သိရပါသည်။ ကာဗွန်ထုတ်လုပ်မှုကိုလျှော့ချရန်အတွက် အိန္ဒိယသည် Gasoline တွင် အီသနောပါဝင်မှုပမာဏ ကို ယခုတွင် ၁၃ ရာခိုင်နှုန်းမှ ၁၄ ရာခိုင်နှုန်း ကြားပါဝင်ရာမှ ၂၀၂၅-၂၀၂၆ တွင် ၂၀ ရာခိုင်နှုန်းထိ တိုးမြှင့်ရန် ရည်ရွယ်ထားကြောင်း သိရပါသည်။ E.I.D.Parry Balrampur Chini Mills၊ Shree Renuka၊ Bajaj Hindustan နှင့် Dwarikesh Sugar အစရှိသည့် အိန္ဒိယဆန်စက်များသည် ၎င်းတို့၏ အီသနောထုတ်လုပ်နိုင်စွမ်းကို လွန်ခဲ့သည့် နှစ်အနည်းငယ်မှ စ၍ မြှင့်တင်ခဲ့ကြောင်း သိရပါသည်။ အစိုးရသည်လည်း အီသနောဝယ်ယူသည့်ဈေးနှုန်းကို ဈေးကွက်ရာသီအသစ်ဖြစ်သည့် နိုဝင်ဘာလမှစ၍ ၅ ရာခိုင်နှုန်းကျော်မြှင့်တင်ရန် စဉ်းစားလျက်ရှိကြောင်း သိရပါသည်။ လွန်ခဲ့သည့် လတွင် အစိုးရသည် နိုဝင်ဘာလမှစ၍ သကြားစက်များအား ကြံရည်နှင့်သကြားရည်များအား အီသနောထုတ်လုပ်ရန်အတွက်သာ ခွင့်ပြုမည်ဟု အမိန့်ထုတ် ထားကြောင်း သိရပါသည်။ အိန္ဒိယအပြင် ကမ္ဘာ့အကြီးဆုံးသကြားထုတ်လုပ်သူ ဘရာဇီးသည် လည်း ၂၀၂၃ ခုနှစ်၊ အောက်တိုဘာလ ၁ ရက်နေ့မှစ၍ သကြားစက်များအား သကြားတင်ပို့ခွင့် ပိတ်ပင်ထားကြောင်း သိရပါသည်။ နယူးဒေလီအစိုးရသည် လွန်ခဲ့သည့်ရာသီတွင် သကြား တန်ချိန် မက်ထရစ်တန် ၆.၁ သန်းသာ တင်ပို့ခွင့် ပြုခဲ့ပြီး အဆိုပါ ပမာဏသည် ၂၀၂၁-၂၀၂၂ က တင်ပို့မှု၏ ထက်ဝက်သာလျှင်ရှိကြောင်း သိရပါသည်။ မွန်ဘိုင်းမြို့အခြေစိုက်ကုန်သည်တစ်ဦးက ဘရာဇီးနိုင်ငံမှ ထုတ်လုပ်မှုကျဆင်းရန် ခန့်မှန်းရသောကြောင့် ကမ္ဘာကြီးသည် ၂၀၂၅ ခုနှစ်တွင် အိန္ဒိယ၏တင်ပို့မှုများကို လိုအပ်ကြောင်းနှင့် အိန္ဒိယ၏ တင်ပို့မှု မရရှိပါက ကမ္ဘာ့သကြားဈေးနှုန်းများ ဆက်လက်မြင့်တက်လိမ့်မည်ဟု ပြောကြားခဲ့ပါ သည်။  

Source: Malay Mail

 

DOCA(ရန်ကုန်)

ဗီယက်နမ်ပင်မှည့်သီးများ ဩစတြေးလျဈေးကွက်သို့ ဝင်ရောက်

     ပင်မှည့်သီးသည် သရက်သီး၊ သမင်မျက်လုံးသီး(Longan)၊ လိုင်ချီးသီးနှင့် နဂါးမောက်သီးတို့၏နောက်တွင် ဩစတြေးလျသို့ တရားဝင်တင်ပို့ခဲ့သည့် (၅)ခုမြောက်အမျိုးအစားဖြစ်လာကြောင်း သိရပါသည်။ စက်တင်ဘာလ ၉ ရက်နေ့တွင် ဗီယက်နမ်နိုင်ငံ အပင်ကာကွယ်ရေးဦးစီးဌာနနှင့် ဗီယက်နမ်နိုင်ငံရှိ ဩစတြေးလျသံရုံးနှင့်ပူးပေါင်း၍ ဗီယက်နမ်ပင်မှည့်သီးများ ဩစတြေးလျသို့တင်ပို့မှုနှင့် ဩစတြေးလျမက်မန်းသီးများအား ဗီယက်နမ်က တင်သွင်းမှုတို့ကို ကြေညာရန် အခမ်းအနားပြုလုပ်ခဲ့ကြောင်း သိရပါသည်။ အပင်ကာကွယ်ရေးဦးစီးဌာန၏ ညွှန်ကြားရေးမှူးဖြစ်သူ Huynh Tan Dat က ဗီယက်နမ်တွင် အပူပိုင်းဒေသထွက် သစ်သီးများတွင် ကြီးမားသည့်အလားအလာနှင့် အခွင့်အရေးရှိနေကြောင်း ပြောကြားခဲ့ပါသည်။ လတ်တလောတွင် ဗီယက်နမ်သစ်သီးများသည် နိုင်ငံ(၆၀)ကျော်တွင် ဝယ်ယူရရှိနိုင်ပြီဟု သိရပါသည်။ အထူးသဖြင့် ပင်မှည့်သီးများကို လတ်ဆတ်သော ပင်မှည့်သီး၊ အေးခဲထားသော ပင်မှည့်သီးနှင့် ဖျော်ရည်အစရှိသောပုံစံမျိုးစုံစံဖြင့် နိုင်ငံ(၂၀)ကို တင်ပို့ခဲ့ပြီးဖြစ်ကြောင်း သိရပါသည်။ ဗီယက်နမ်တွင် ပင်မှည့်သီး စိုက်သည့်ဧရိယာမှာ ၁၂၀၀၀ ဟတ်တာရှိပြီး လတ်တလောတွင် ထပ်မံတိုးချဲ့နေကြောင်း  သိရပါသည်။ လတ်တလောနှစ်များတွင် ဗီယက်နမ် သည် အမျိုးအစား(၂)မျိုးဖြစ်သည့် အဝါရောင်ပင်မှည့်သီးနှင့် ခရမ်းရောင်ပင်မှည့်သီးတို့၏ အရည်အသွေးကိုမြှင့်တင်ရန် အာရုံစိုက်ခဲ့ကြောင်း သိရပါသည်။ မကြာမီအချိန်တွင် အပင်ကာကွယ်ရေးဦးစီးဌာနသည် စိုက်ပျိုးရေးသမားများနှင့်ဒေသခံများအား တင်သွင်းမည့် နိုင်ငံများ၏ လိုအပ်ချက်နှင့် ထုတ်လုပ်မှုမြှင့်တင်ရန်၊ ပင်မှည့်သီးထုတ်ကုန်များ ၏ အကျိုးကျေးဇူးရရှိမှုကို ဆက်လက်မြှင့်တင်နိုင်ရန် လမ်းညွှန်မှုပေးသွားမည်ဟု သိရပါသည်။ ဗီယက်နမ်နိုင်ငံဆိုင်ရာ ဩစတြေးလျသံအမတ်ကြီး Andrew Goledzinowski က ဗီယက်နမ်နှင့် ဩစတြေးလျတို့သည် သစ်သီးများပါဝင်သည့် စိုက်ပျိုးရေးထွက်ကုန်များကုန်သွယ်ရာတွင် မိတ်ဖက်များဖြစ်ကြောင်းနှင့် တစ်နိုင်ငံမှ များစွာသောအရည်အသွေးမြင့်သစ်သီးများသည် တစ်နိုင်ငံ၏ ဈေးကွက်ထဲသို့ ရောက်ရှိကြကြောင်း ပြောကြားခဲ့ပါသည်။ ထို့ပြင် သံအမတ်ကြီးက နှစ်နိုင်ငံလုံးသည် ဗီယက်နမ် စပျစ်သီးများနှင့် ဩစတြေးလျ ဘလူးဘယ်ရီသီးများကို အပြန်အလှန် တင်ပို့ကြရန်အတွက် ဆွေးနွေးမှုများကို အပြီးသတ်နိုင်ရန် ဆက်လက်ကြိုးပမ်းကြမည်ဟု ပြောကြားခဲ့ပါသည်။

Source: Vietnam Plus

DOCA(ရန်ကုန်)

Tesla ၏ ဩဂုတ်လ ရောင်းအားသည် တရုတ်ဈေးကွက်အလားအလာကို ပြသလျက်ရှိ

     ဩဂုတ်လတွင် အမေရိကန် အခြေစိုက် Tesla သည် တရုတ်နိုင်ငံတွင် လစဉ်ရောင်းအား စံချိန်သစ်တင်ခဲ့ပြီး ၎င်း၏ Shanghai Gigafactory မှ တင်ပို့မှုမှာ နှစ်လဆက်တိုက်မြင့်တက်ခဲ့သည်။ ကျွမ်းကျင်သူများက ဤတိုးတက်မှုသည် ကြီးမားကျယ်ပြန့်သော တရုတ်ဈေးကွက်တွင် နိုင်ငံခြား ရင်းနှီးမြှုပ်နှံသူများအတွက် လုပ်ငန်းချဲ့ထွင်မှုအလားအလာကို ခိုင်မာသော ညွှန်ပြချက်အဖြစ် ရှုမြင်ထားကြသည်။

     တရုတ်နိုင်ငံသည် ၎င်း၏ ပွင့်လင်းမြင်သာမှုနှင့် စိမ်းလန်းသော အသွင်ကူးပြောင်းရေး ကြိုးပမ်းမှုများကို အရှိန်အဟုန်မြှင့်လျက်ရှိသည်။ တရုတ်နိုင်ငံတွင် Tesla ၏ အောင်မြင်မှုသည် လွတ်လပ်သော ကုန်သွယ်မှုအတွက် နိုင်ငံ၏ ကတိကဝတ်ကို စံနမူနာပြပြီး နိုင်ငံခြား ကုမ္ပဏီ များအတွက် မျှတသော ဈေးကွက်ဆက်ဆံမှုနှင့် ကျယ်ပြန့်သော စီးပွားရေးအခွင့်အလမ်းများကို ရရှိစေသည်ဟု ကျွမ်းကျင်သူများက မှတ်ချက်ပြုသည်။

   အမေရိကန်လျှပ်စစ်ကားကုမ္ပဏီကြီး Tesla ၏ တရုတ်နိုင်ငံအတွင်း ရောင်းအားသည် ဩဂုတ်လတွင် အစီးရေ ၆၃၀၀၀ ကို ကျော်လွန်ကာ လစဉ် ၃၇% တက်လာကာ ယခုနှစ်အတွက် စံချိန်သစ်တင်ခဲ့ပြီး နိုင်ငံ၏ ဇိမ်ခံကားရောင်းချသူအဖြစ် ၎င်း၏ရပ်တည်မှုအား ပိုမိုခိုင်မာလာစေခဲ့သည်။

     Tesla ၏ Shanghai Gigafactory သည် ဒုတိယလအတွက် ပို့ဆောင်မှု ၁၇% ဆက်တိုက် တိုးလာခဲ့ပြီး အစီးရေ ၈၆၆၉၇ စီးအထိ ရောက်ရှိခဲ့ကြောင်း China Passenger Car Association (CPCA) ၏ အဆိုအရ သိရသည်။ ဩဂုတ်လတွင် တရုတ်နိုင်ငံ EV အမှတ်တံဆိပ်များ၏ စံချိန်တင်ရလဒ်များအား ထုတ်ပြန်ခဲ့သည်။ BYD သည် ဩဂုတ်လတွင် NEV အစီးရေ ၃၇၃၁၀၀ စံချိန်တင် ရောင်းချခဲ့ပြီး Li Auto ၏ ပေးပို့မှုမှာ လစဉ် ၃၇.၈% အထိ မြင့်တက်လာခဲ့သည်ဟု သိရသည်။

    ဩဂုတ်လ နှောင်းပိုင်းတွင် ကနေဒါသည် တရုတ် EV ကားများပေါ်တွင် ၁၀၀% ထပ်ဆောင်း အခွန်စည်းကြပ်ရန် နိုင်ငံရေးအရ လှုံဆော်မှုဖြင့် အမေရိကန်နှင့် ဥရောပတို့ကို လိုက်နာခဲ့သည်။

Source : globaltimes

DOCA(ရန်ကုန်)                 

ကမ္ဘောဒီးယား-တရုတ်၊ အာဆီယံ-တရုတ် ပူးပေါင်းဆောင်ရွက်မှုမြှင့်တင်ရေး ဆွေးနွေး

     ကမ္ဘောဒီးယားနိုင်ငံ၊ နိုင်ငံခြားရေးနှင့်အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန (MFAIC) ၏ ဒုတိယဝန်ကြီးနှင့် ကမ္ဘောဒီးယား၏ အာဆီယံအဆင့်မြင့်အရာရှိကြီးများ ခေါင်းဆောင် Kung Phoak သည် ၎င်း၏ တရုတ်နိုင်ငံသို့ တရားဝင်ခရီးစဉ်အတွင်း နိုင်ငံတော်ကောင်စီ၏ ဟောင်ကောင်နှင့်မကာအိုရေးရာ ဒုတိယခေါင်းဆောင်ဖြစ်သူ Nong Rong နှင့် ၉-၉-၂၀၂၄ ရက်နေ့တွင် တွေ့ဆုံခဲ့ကြောင်းသိရပါသည်။  MFAIC ၏အဆိုအရ အစည်းအဝေးအတွင်း Phoak နှင့် Nong တို့သည် ကမ္ဘောဒီးယား-တရုတ်နှင့် အာဆီယံ-တရုတ်အကြား နှစ်ဦးနှစ်ဖက်အကျိုးရှိသော ဆက်ဆံရေးအပေါ် ဆွေးနွေးခဲ့ကြောင်းသိရပါသည်။  ၎င်းတို့နှစ်ဦးသည် ဒစ်ဂျစ်တယ်စီးပွားရေး၊၊ အစိမ်းရောင်စီးပွားရေး၊ အစိမ်းရောင်အသွင်ကူးပြောင်းမှု၊ အပြာရောင်စီးပွားရေး၊ ကုန်သွယ်ရေးနှင့်ရင်းနှီးမြှုပ်နှံမှုအတွက် ဘဏ္ဍာရေး၊ နည်းပညာနှင့်ထောက်ပံ့ပို့ဆောင်ရေးအချက်အခြာဖွံ့ဖြိုးတိုးတက်‌ရေး အစရှိသည့် ကျယ်ပြန့်ပြီး နက်ရှိုင်းသော အပြန်အလှန်ပူးပေါင်းဆောင်ရွက်မှု၏အ‌ရေးပါမှုကို အသားပေးဆွေးနွေးခဲ့ကြောင်းသိရပါသည်။ နှစ်ဖက်စလုံးသည် အာဆီယံအသိုက်အဝန်းက ကြိုးပမ်းလျက်ရှိသည့် အာဆီယံ-တရုတ် ပူးပေါင်းဆောင်ရွက်ရေးကို အရှိန်မြှင့်တင်ရန် မြင်သာထင်သာရှိသောစီမံကိန်းများကို အကောင်အထည်ဖော်ရန်အတွက် နည်းလမ်းများကိုဆွေးနွေးခဲ့ကြောင်းသိရပါသည်။  Phoak သည် ၈-၉-၂၀၂၄ ရက်နေ့တွင် တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးနှင့် တရုတ်၏ အာဆီယံအဆင့်မြင့်အရာရှိကြီးများ၏ ခေါင်းဆောင်ဖြစ်သူ Sun Weidong နှင့်လည်း အပေါင်းလက္ခဏာဆောင်သည့် ဆွေးနွေးမှုရှိခဲ့ကြောင်းသိရပါသည်။ နှစ်ဖက်လုံးသည် ASEAN China Dialouge Partenership ‌အောက်တွင် ပူးပေါင်းဆောင်ရွက်ရန် အလားအလာရှိသောနေရာများနှင့် ASEAN- China Comprehensive Strategic Partnership (CSP) ကိုတိုးမြှင့်ရန်နည်းလမ်းများနှင့်ပတ်သက်၍ ဆွေးနွေးခဲ့ကြောင်းသိရပါသည်။ ထို့ပြင် ၎င်းတို့သည် ဒေသတွင်းနှင့် နိုင်ငံတကာဆိုင်ရာအများနှင့်ဆိုင်သော အကျိုးစီးပွားများနှင့် စိုးရိမ်မှုများအပေါ်  အမြင်များဖလှယ်ခဲ့ကြကြောင်းသိရပါသည်။

Source: Khmer Times

DOCA(ရန်ကုန်)

ဆန်စပါးကဏ္ဍကို အရှိန်မြှင့်တင်ရန် ကမ္ဘောဒီးယားနိုင်ငံဆန်စပါးဖိုရမ် ၂၀၂၄ ကျင်းပပြုလုပ်

       ကမ္ဘောဒီးယားနိုင်ငံဆန်စပါးအသင်းချုပ် (CRF) သည် ၁၀-၉-၂၀၂၄ ရက်နေ့တွင် (၇)ကြိမ်မြောက် ကမ္ဘောဒီးယားနိုင်ငံဆန်စပါးဖိုရမ်ကို ဖနွမ်းပင်မြို့တွင် ကျင်းပပြုလုပ်ခဲ့ကြောင်းသိရပါ သည်။ ဖိုရမ်ကို နိုင်ငံ၏ပေါ်ထွန်းလာသည့်ဆန်စပါးကဏ္ဍနှင့် ကမ္ဘာ့ဈေးကွက်တိုးချဲ့ရန်အတွက် အလားအလာကို အသားပေးဆွေးနွေးရန် ကျင်းပခဲ့ခြင်းဖြစ်ကြောင်းသိရပါသည်။ ဖိုရမ်ကို စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီး Cham Nimul၊ စက်မှု၊ နည်းပညာ၊ သိပ္ပံနှင့်ဆန်းသစ်တီထွင်မှုဝန်ကြီး Hem Vanndy ၊ စိုက်ပျိုးမွေးမြူရေး၊ သစ်တောနှင့်ငါးလုပ်ငန်းဝန်ကြီး Dith Tina၊ CRF ဥက္ကဋ္ဌ Chan Sokheang နှင့် စိုက်ပျိုးရေးအသင်းအဖွဲ့များ၊ အဖွဲ့အစည်းများမှ (၃၀၀)ဦးကျော်ခန့်တက်ရောက်ခဲ့ကြောင်းသိရပါသည်။ ဖိုရမ်၏ အဓိကရည်ရွယ်ချက်မှာ နိုင်ငံ၏ ဆန်ထုတ်လုပ်နိုင်စွမ်း၊ ကြိတ်ခွဲနိုင်စွမ်းနှင့် ပြုပြင်ထုတ်လုပ်နိုင်စွမ်းတို့ကို သရုပ်ပြခြင်းအားဖြင့် ကမ္ဘောဒီးယားဆန်စပါးကဏ္ဍကို ကမ္ဘာကိုပြသရန်ဖြစ်ကြောင်းသိရပါသည်။ ထို့ပြင် ဆန်စပါးကဏ္ဍနှင့်ပတ်သက်၍ အဓိကအတွင်းကျကျသိသူများအား ပွဲတက်ရောက်လာသူများနှင့် ဈေးကွက်ဦးတည်ရာ၊ ဆန်၊ ထုတ်လုပ်မှုနည်းစနစ်များနှင့် ဆန်စပါးစိုက်ပျိုးခြင်း၊ ကြိတ်ခွဲခြင်းနှင့်ဆက်စပ်သောနည်းပညာများ၊ ဆန်စပါးကဏ္ဍအတွက် အစိုးရ၏အမြင်၊ မူဝါဒများ၊ အစီအမံများနှင့် ကမ္ဘောဒီးယားဆန်စပါးကဏ္ဍတိုးတက်လာစေရန်အတွက် အကြံပြုချက်များမျှဝေရန် ရည်ရွယ်ကြောင်းသိရပါသည်။ ပွဲကို အလှည့်ကျဆွေးနွေးခြင်းများ၊ ရှင်းလင်းတင်ပြခြင်းများ၊ ပူးပေါင်းဆောင်ရွက်ရန်အတွက် ကွန်ရက်ချိတ်ဆက်ရန် အခွင့်အလမ်းများနှင့် အတွေ့အကြုံဝေမျှ ခြင်တို့ဖြင့် ပြုလုပ်ခဲ့ကြောင်းသိရပါသည်။ ယခုနှစ်၏ ပထမ (၈) လတွင် ကမ္ဘောဒီးယားနိုင်ငံသည် ဆန်တန်ချိန် ၄၁၂၀၂၃တန်တင်ပို့ခဲ့ရာမှ ဝင်ငွေအမေရိကန်ဒေါ်လာ ၃၀၅သန်းရရှိခဲ့ကြောင်း CRF ၏ အစီရင်ခံစာအရသိရပါသည်။

Source: Khmer Times

DOCA(ရန်ကုန်)

ဗီယက်နမ်နိုင်ငံ Binh Dinh ပြည်နယ်တွင် အေးခဲပြီး အခြောက်ခံထားသော အသင့်သုံးကော်ဖီစေ့စက်ရုံတည်ဆောက်မည်

        ဗီယက်နမ်နိုင်ငံ Binh Dinh ပြည်နယ်တွင် အမေရိကန်ဒေါ်လာ ၈၀.၇၄သန်း (ဗီယက်နမ်ဒေါင် ၂ထရီလီယံ)တန်ဖိုးရှိသော အေးခဲပြီး အခြောက်ထားသော အသင့်သုံးကော်ဖီစေ့ထုတ်လုပ် သည့်စက်ရုံတည်ဆောက်မည်ဟု ပြည်နယ်ရင်းနှီးမြှုပ်နှံမှုမြှင့်တင်ရေးစင်တာက ကြေညာခဲ့ပါသည်။ Future Enterprises PTE Ltd က တည်ဆောက်မည့်စက်ရုံသည် နှစ်စဉ်ထုတ်ကုန်တန်ချိန် ၅၄၀၀ထုတ်လုပ်နိုင်စွမ်းရှိမည်ဟုသိရပါသည်။ စက်ရုံတည်ဆောက်မှုကို ၂၀၂၅ခုနှစ်၊ မတ်လတွင်စတင်ပြီး ၂၀၂၈ခုနှစ်အစောပိုင်းတွင် ပြီးမြောက်မည်ဟုမျှော်မှန်းရကြောင်းသိရပါသည်။ ယခုနှစ်၏အစမှစ၍ ပြည်နယ်သည် အခြားရင်းနှီးမြှုပ်နှံမှုစီမံကိန်း (၃၉)ခုကိုဆွဲ‌ဆောင်နိုင်ခဲ့ပြီး စုစုပေါင်းမှတ်ပုံတင်ထားသည့် ရင်းနှီးမြှုပ်နှံမည့်ငွေရင်းပမာဏမှာ အမေရိကန်ဒေါ်လာ ၁၉၆.၆၃သန်းကျော်ရှိကြောင်း စင်တာ၏အဆိုအရသိရပါသည်။ အဆိုပါပမာဏထဲမှ စီမံကိန်း(၃၁)ခုမှာ စက်မှုလုပ်ငန်းကဏ္ဍတွင် ရင်းနှီးမြှုပ်နှံမည်ဖြစ်ပြီး (၃)ခုမှာ စိုက်ပျိုးရေး၊ သစ်တောနှင့်ငါးလုပ်ငန်း၊ (၂)ခုမှာ ဆိပ်ကမ်းဝန်ဆောင်မှုနှင့်ထောက်ပံ့ပို့ဆောင်ရေး၊ (၂)ခုမှာ ဆောက်လုပ်ရေးနှင့်အခြေခံအဆောက်အအုံ၊ (၁)ခုမှာ ကုန်သွယ်ရေးဝန်ဆောင်မှုနှင့်ခရီးသွားကဏ္ဍတွင်ဖြစ်ကြောင်းသိရပါသည်။ ရင်းနှီးမြှုပ်နှံသူများအနေဖြင့် ပြည်နယ်၏ လက်ရှိစီမံကိန်းများကို ဗီယက်နမ်ဒေါင် ၁.၉၂ထရီလီယံကျော် ထပ်မံရင်းနှီးမြှုပ်နှံခဲ့‌ကြောင်းသိရပါသည်။

Source: Vietnam Plus

DOCA(ရန်ကုန်)

ဗီယက်နမ်နိုင်ငံ Binh Duong ပြည်နယ်၏ သစ်တင်ပို့မှုမှ အမေရိကန်ဒေါ်လာ ၄.၂ဘီလီယံကျော်ရရှိ

        ယခုနှစ်၏ ပထမ(၈)လတွင် ဗီယက်နမ်နိုင်ငံ၏ ထိပ်တန်းသစ်ပရိဘောဂထုတ်လုပ်ရာ အချက်အခြာဖြစ်သည့် Binh Duong ပြည်နယ်သည် သစ်ထုတ်ကုန်တင်ပို့မှုမှတစ်ဆင့် အမေရိကန် ဒေါ်လာ ၄.၂ဘီလီယံကျော်ရရှိခဲ့ကြောင်းသိရပါသည်။ Binh Duong  ပရိဘောဂအသင်းဥက္ကဋ္ဌဖြစ်သူ Nguyen Liem က တင်ပို့သည့်တန်ဖိုး သိသာစွာမြင့်တက်လာမှုနှင့်အတူ သစ်ကဏ္ဍသည် အားကောင်းစွာနာလန်ထူလာကြောင်းပြောကြားခဲ့ပါသည်။ အမေရိကန်သည် အကြီးမားဆုံးဈေးကွက်ဖြစ်ပြီး ကနဦးခန့်မှန်းခြေထက် ၂၀ရာခိုင်နှုန်းကျော်ကြီးထွားခဲ့ကြောင်းသိရပါသည်။ ဩဂုတ်လ(၁)လတည်း ပြည်နယ်၏သစ်တင်ပို့မှုသည် အမေရိကန်ဒေါ်လာ ၆၂၈သန်းတန်ဖိုးရှိပြီး ဇူလိုင်လတင်ပို့မှုထက် ၂၅ရာခိုင်နှုန်းမြင့်တက်လာကာ ယခု ၂၀၂၄ခုနှစ်၊  ပထမ(၈)လတာအတွက် အမေရိကန်ဒေါ်လာ ၄.၂ဘီလီယံဝင်ငွေရရှိခဲ့ပြီး လွန်ခဲ့သည့်နှစ်၏ တူညီသည့်ကာလထက် ၂၄ရာခိုင်နှုန်းမြင့်တက်ခဲ့ကြောင်းသိရပါသည်။ ယခုကဲ့သို့ မြင့်တက်လာမှုသည် ကမ္ဘာလုံးဆိုင်ရာဝယ်လိုအားနာလန်ထူလာမှုနှင့် ဗီယက်နမ်ထုတ်ကုန်များ၏ အရည်အသွေးမြင့်တက်လာမှုကို ရောင်ပြန်ဟပ်ကြောင်းသိရပါသည်။ ကုမ္ပဏီများသည်  အစိမ်းရောင်ထုတ်လုပ်မှုနှင့် သန့်စင်သောထောက်ပံ့မှုကွင်းဆက်တို့တွင် ရင်းနှီးမြှုပ်နှံခြင်းအားဖြင့် ဈေးကွက်လိုအပ်ချက်အသစ်များကို လိုက်လျောညီထွေပြောင်းလဲနိုင်ခဲ့ကြောင်းသိရပါသည်။ Liem က အသင်းသည် ၎င်းတို့၏ထုတ်ကုန်များကို တင် သွင်းမည့်သူများ၏ တင်းကြပ်သည့်စည်းမျဉ်းများနှင့်ကိုက်ညီစေရန် အရေအတွက်ပိုင်းတွင်သာမက အရည်အသွေးပိုင်းကိုပါ အာရုံစိုက်ထားကြောင်းပြောကြားခဲ့ပါသည်။ ယခုအရှိန်အဟုန်ကို ဆက်လက်ထိန်းသိမ်းရန် ပြည်နယ်၏သစ်လုပ်ငန်းများသည် နိုင်ငံတကာမှ သုံးစွဲသူများ၏လိုအပ်ချက်များကို ပိုမိုကိုက်ညီစေရေးအတွက် နည်းပညာ၊ သုတေသနနှင့် ဈေးကွက်တင်ရောင်းချခြင်းတို့တွင် ရင်းနှီးမြှုပ်နှံနေကြကြောင်းသိရပါသည်။ အသင်းသည် ယခုနှစ်ကုန်တွင် ဗီယက်နမ်၏ သစ်ကဏ္ဍတင်ပို့မှုမှတစ်ဆင့် အမေရိကန်ဒေါ်လာ ၁၅ဘီလီယံကျော်ရရှိရန်ရည်ရွယ်၍ စီးပွားရေးလုပ်ငန်းများအား ကမ္ဘာ့ဈေးကွက်နှင့်ချိတ်ဆက်ခြင်းနှင့် တင်ပို့မှုကြီးထွားလာစေရေး ပံ့ပိုးပေးမှုတို့ကို ဆက်လက်လုပ်ဆောင်သွားမည်ဟုသိရပါသည်။

Source: Vietnam Plus 

DOCA(ရန်ကုန်)

ယခုနှစ်၏ ပထမ(၈)လတွင် ဗီယက်နမ်၏ စက်မှုကုန်ထုတ်လုပ်မှုမြင့်တက်

     ယခုနှစ်၏ ပထမ(၈)လတွင် ဗီယက်နမ်နိုင်ငံ၏ စက်မှုကုန်ထုတ်လုပ်မှုအညွှန်းကိန်း (IIP) သည် လွန်ခဲ့သည့်နှစ်၏ တူညီသည့်ကာလထက် ၈.၈ရာခိုင်နှုန်းမြင့်တက်ခဲ့ကြောင်း အထွေထွေ စာရင်းအင်းရုံး(GSO)၏ အစီရင်ခံစာအရသိရပါသည်။ ပြုပြင်ခြင်းနှင့်ကုန်ထုတ်လုပ်ခြင်းနယ်ပယ်သည် ၉.၇ရာခိုင်နှုန်း၊ လျှပ်စစ်ထုတ်လုပ်မှုနှင့်ဖြန့်ချိမှုသည် ၁၁.၆ရာခိုင်နှုန်း၊ ရေထုတ်ဝေမှု/ရေဆိုးစီမံခန့်ခွဲမှုနှင့် ရေသန့်စင်မှုသည် ၇.၈ရာခိုင်နှုန်း အသီးသီးမြင့်တက်ခဲ့ပြီး သတ္ထုထုတ်ဖော်မှုကဏ္ဍမှာ ၆ရာခိုင်နှုန်းကျဆင်းခဲ့ကြောင်းသိရပါသည်။ ဩဂုတ်လတစ်လတည်းတွင် IIP သည် ယခင်လထက် ၂ရာခိုင်နှုန်းမြင့်တက်ခဲ့ပြီး လွန်ခဲ့သည့်နှစ်၏ တူညီသည့်ကာလထက် ၉.၅ရာခိုင်နှုန်းမြင့်တက်ခဲ့ကြောင်းသိရပါသည်။ GSO အရ ရော်ဘာနှင့် ပလတ်စတစ်ထုတ်ကုန်များ(၃၀ ရာခိုင်နှုန်းမြင့်တက်)၊ ဓာတုပစ္စည်းများနှင့်ဓာတုထုတ်ကုန်များ (၁၇.၈ရာခိုင်နှုန်းမြင့်တက်)၊ ချည်မျှင်(၁၃.၄ရာခိုင်နှုန်းမြင့်တက်)၊ အီလက်ထရောနစ်/ ကွန်ပျူတာများ(၁၀ရာခိုင်နှုန်းမြင့်တက်)နှင့် ကုန်ပစ္စည်းများထုတ်လုပ်မှုနှင့်ပြုပြင်ထုတ်လုပ်မှု (၇.၃ရာခိုင်နှုန်းမြင့်တက်)တို့ပါဝင်သည့် အဓိကစက်မှုလုပ်ငန်းကဏ္ဍတချို့၏ IIP သည် လွန်ခဲ့သည့်နှစ်၏ တူညီသည့်ကာလထက် မြင့်တက်ခဲ့ကြောင်းသိရပါသည်။ တစ်ချိန်တည်းမှာပင် သံနှင့်စတီးရိုင်း(၃၁ရာခိုင်နှုန်းမြင့်တက်)၊ အထည်လိပ်(၁၆ရာခိုင်နှုန်းမြင့်တက်)၊ သကြား(၁၄ရာခိုင်နှုန်းမြင့်တက်)၊ ရေနံနှင့်ဂတ်စ်(၁၃ရာခိုင်နှုန်းမြင့်တက်)တို့ပါဝင်သည့် အဓိကစက်မှုထုတ်ကုန်တချို့မှာ မြင့်တက်ခဲ့ကြောင်းသိရပါသည်။ သို့သော် LPG (၁၅ရာခိုင်နှုန်းကျဆင်း)၊ ‌ရေနံစိမ်း(၇ရာခိုင်နှုန်းကျဆင်း)၊ မိုဘိုင်းဖုန်း(၅.၂ရာခိုင်နှုန်းကျဆင်း)၊ ကျောက်မီးသွေး (၃ရာခိုင်နှုန်းကျဆင်း)တို့ပါဝင်သည့် တချို့ထုတ်ကုန်များ၏ IIP မှာ ကျဆင်းခဲ့ကြောင်းသိရပါသည်။ လွန်ခဲ့သည့်(၈)လတွင် နိုင်ငံတစ်ဝန်းရှိ မြို့တော်များနှင့် ပြည်နယ်(၆၃)ခုအနက် (၆၁)ခု၏ IIP ကြီးထွားခဲ့ကြောင်းသိရပါသည်။ စက်မှုလုပ်ငန်းများရှိ အလုပ်သမားအရေအတွက်မှာလည်း လွန်ခဲ့သည့်နှစ်၏ တူညီသည့်ကာလထက် ၄.၅ရာခိုင်နှုန်းမြင့်တက်ခဲ့ကြောင်းသိရပါသည်။ ကုန်ထုတ်လုပ်သူများသည်လည်း သုံးစွဲသူများဝယ်လိုအားနှင့် မှာယူမှုအသစ်များ ဆက်လက်တိုးတက်လာရန် မျှော်လင့်ရသောကြောင့် ကုန်ထုတ်လုပ်မှုသည် လာမည့်နှစ်တွင်လည်းမြင့်တက်လိမ့်မည်ဟု ဆက်လက်အကောင်းမြင်သုံးသပ်နေကြကြောင်းသိရပါသည်။

Source: Vietnam Plus

DOCA(ရန်ကုန်)

မလေးရှားနိုင်ငံ၏ စက်မှုဝယ်လိုအားတိုးလာခြင်းကြောင့် Gelatine တင်သွင်းမှုများတိုးမြှင့်လာ

       ဆေးဝါး၊ အစားအစာနှင့် စက်မှုကဏ္ဍများတွင် ဝယ်လိုအားတိုးလာခြင်းကြောင့် လွန်ခဲ့သောသုံးနှစ်အတွင်း Gelatine (Gelatine သည် ဘေးကင်းသောထုတ်ကုန်တစ်မျိုးဖြစ်သည့် ကော်လဂျင်စိမ်းမှရရှိသော သဘာဝပရိုတင်းတစ်မျိုးဖြစ်ပြီး အမိုင်နိုအက်ဆစ်ဆယ်ရှစ်မျိုးပါဝင်ကာ တချို့မှာ ကျန်းမာရေးနှင့်ညီညွတ်သော အစားအသောက်များတွင် မရှိမဖြစ်လိုအပ်သော အစိတ်အပိုင်းတစ်ခုဖြစ်သည်) တင်သွင်းမှုမြင့်တက်လာခဲ့ကြောင်း မလေးရှားနိုင်ငံ၏ တိရိစ္ဆာန်ဆေးကုဌာန၏ အဆိုအရသိရသည်။ သွင်းကုန် ၂၉၅၀၀၀ကီလိုဂရမ်မှ ၂၀၂၃ခုနှစ်တွင် ၁.၅၈သန်း ကီလိုဂရမ်အထိ ၄၁.၇% တိုးလာကြောင်း ညွှန်ကြားရေးမှူးချုပ် Akma Ngah Hamid က ပြောကြားခဲ့သည်။

         မလေးရှားနိုင်ငံ၏ Gelatine အဓိကတင်သွင်းသောရင်းမြစ်မှာ ပါကစ္စတန်၊ ဘင်္ဂလားဒေ့ရှ်နှင့် အိန္ဒိယနိုင်ငံတို့ဖြစ်သည်။ Gelatine အပါအဝင် တိရိစ္ဆာန်ထွက်ကုန်ပစ္စည်းများကို မလေးရှားသီးသန့်ခွဲထွက်ရေးနှင့် စစ်ဆေးရေးဌာန (Maqis) ၏ ခွင့်ပြုချက်ဖြင့်သာ တင်သွင်းနိုင်မည်ဟု Akma က ပြောကြားခဲ့သည်။ ထုတ်ကုန်များအား မလေးရှားနိုင်ငံအတွင်းသို့မပို့ခင် သွင်းကုန်လိုအပ်ချက်များပြည့်မီစေရန် ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ လိုက်နာရမည့် အစီအမံများကို Maqis မှ နိုင်ငံ၏သွင်းကုန်ပါမစ်များနှင့် ကုန်ပစ္စည်းများစစ်ဆေးခြင်းအားဖြင့် စောင့်ကြည့်သွားမည်ဖြစ်ကြောင်း သူမက ဆက်လက်ပြောကြားခဲ့သည်။

         ပြီးခဲ့သောနှစ် ဇွန်လတွင် ပါကစ္စတန်မှ Gelatine ၁၈တန်ကို Selangor Maqis က Port Klang မှတစ်ဆင့် မှောင်ခိုတင်သွင်းစဉ် ဖမ်းဆီးရမိခဲ့သည်။ Selangor Maqis ဒါရိုက်တာ Sobri Md Hashim RM ၆၃၅၀၀၀ကျော်တန်ဖိုးရှိသည့် Gelatine များသည် သွင်းကုန်ပါမစ်တွင် သတ်မှတ်ထားသည့် အခြေအနေများနှင့်မကိုက်ညီကြောင်းပြောကြားခဲ့သည်။ ၎င်း Gelatine များအား ပြည်တွင်းရှိ စက်မှုလုပ်ငန်းများတွင် အသုံးပြုရန်အတွက်ရည်ရွယ်ရန် တင်သွင်းကြခြင်းဖြစ်ကြောင်းသိရပါသည်။

Source : Freemalaysiatoday

DOCA(ရန်ကုန်)        

ဗီယက်နမ်သစ်လုပ်ငန်းနယ်ပယ်သည် အပေါင်းလက္ခဏာဆောင်သည့် ဈေးကွက်အခြေအနေရှိနေ

     နှစ်တစ်နှစ်၏ နောက်ဆုံးလများသည် စားသုံးသူများက နှစ်သစ်အတွက် ၎င်းတို့နေအိမ်များကို ပြုပြင်ခြင်းများလုပ်ဆောင်လေ့ရှိသောကြောင့်် ဗီယက်နမ်သစ်လုပ်ငန်းအတွက် တင်ပို့ရန် မှာယူမှုများ အရှိန်မြှင့်ရောက်ရှိလာနိုင်ကြောင်း သိရပါသည်။ ဗီယက်နမ်နိုင်ငံ၊ သစ်တောဦးစီးဌာန ၏ ဒုတိယညွှန်ကြားရေးမှူးဖြစ်သူ Trieu Van Lue ၏ အဆိုအရ စိုက်ပျိုးမွေးမြူရေးနှင့် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဝန်ကြီးသည် ယခုနှစ်တွင် သစ်နှင့်သစ်ထုတ်ကုန်များ တင်ပို့ မှုမှတစ်ဆင့် အမေရိကန်ဒေါ်လာ ၁၄.၂ ဘီလီယံဖြင့် လွန်ခဲ့သည့်နှစ် တူညီသည့်ကာလထက် ၆ ရာခိုင်နှုန်း မြင့်တက်ရန် ရည်ရွယ်ထားကြောင်း သိရပြီး ယခုအခါ ရည်မှန်းချက်၏ ၆၇ ရာခိုင်နှုန်း ပြည့်မြောက်ခဲ့ပြီဟု သိရပါသည်။ သစ်လုပ်ငန်းနယ်ပယ်မှ ကျွမ်းကျင်ပညာရှင်များ၏ အဆိုအရ အဓိက တင်ပို့ရာ ဈေးကွက်များသည် လွန်ခဲ့သည့်နှစ် တူညီသည့်ကာလနှင့်နှိုင်းယှဉ်ပါက အပေါင်းလက္ခဏာဆောင် သည့် ကြီးထွားမှုပြခဲ့ကြောင်း သိရပါသည်။ ယခုနှစ်၏ ပထမ(၈)လတွင် ဗီယက်နမ်နိုင်ငံထံမှ သစ်ကို အဓိကတင်သွင်းသူဖြစ်သည့် အမေရိကန်သည် အမေရိကန်ဒေါ်လာ ၅.၅ ဘီလီယံဖိုး တင် သွင်းခဲ့ကြောင်း သိရပါသည်။ ၎င်းတို့၏နောက်တွင် တရုတ်က အမေရိကန်‌ဒေါ်လာ ၁.၅ ဘီလီယံ တန်ဖိုးနှင့် ဂျပန်က အမေရိကန်ဒေါ်လာ ၉၆၁ သန်းတန်ဖိုး တင်သွင်းခဲ့ကြောင်း သိရပါသည်။ သစ်လုပ်ငန်းကဏ္ဍသည် ကျွမ်းကျင်မှုရှိသော လုပ်သားထု၊ များပြားသည့် သစ်များထောက်ပံ့နိုင်စွမ်းနှင့် ဥပဒေအရ တရားဝင်သော သစ်ထုတ်ကုန်များအား ထုတ်လုပ်နိုင်စွမ်းကြောင့် တင်ပို့ရန်အချက်များ ရှိနေသေးကြောင်း သိရပါသည်။ သို့သော် ဗီယက်နမ်နိုင်ငံ၊ သစ်နှင့်သစ်တောထုတ်ကုန်များအသင်း၏ ဥက္ကဌဖြစ်သူ Do Xuan Lap က ဥရောပ၊ အမေရိကန်၊ ဂျပန်နှင့် တောင်ကိုရီးယား အစရှိသည့် အဓိကဈေးကွက်များတွင် ရင်ဆိုင်နေရသည့် ပြည်တွင်းလုပ်ငန်းများအား ပြည်ပယှဉ်ပြိုင်မှုမှ ကာကွယ် သည့်ဝါဒနှင့် စီးပွားရေးအခက်အခဲများနှင့်ပတ်သက်၍ ပြောကြားခဲ့ကြောင်း သိရပါသည်။ ထို့ပြင် ပင်လယ်မှတစ်ဆင့် သစ်အကြမ်းထည်များကို သင်္ဘောဖြင့်တင်ပို့ဈေးနှုန်းမှာ လွန်ခဲ့သည့်နှစ် တူညီသည့်ကာလနှင့် နှိုင်းယှဉ်ပါက မြင့်တက်ခဲ့ကြောင်း သိရပါသည်။ ဈေးကွက်အခွင့်အလမ်း များ နှင့် အခွင့်အရေးများအား လက်ကျန်လများတွင် ရယူနိုင်ရန်အတွက် ဗီယက်နမ်သစ်လုပ်ငန်း နယ်ပယ်သည် အဓိကဒေါက်တိုင်(၅)ခုဖြစ်သည့် နည်းပညာဖြေရှင်းချက်နှင့် ထုတ်လုပ်မှု နည်းပညာ၊ ကာဗွန်ထွက်ရှိမှုလျှော့ချခြင်း၊  ဒစ်ဂျစ်တယ်အသွင်ကူးပြောင်းခြင်း၊ ဈေးကွက်ဖွံ့ဖြိုး တိုးတက်ရေးနှင့် လုပ်ငန်းများနှင့်အတွင်းပိုင်းစောင့်ကြည့်စစ်ဆေးရေးစံနှုန်းများထူထောင်ခြင်းတို့ အပေါ် အခြေခံ၍ ၎င်းတို့၏ ယှဉ်ပြိုင်နိုင်စွမ်းကို တိုးမြှင့်သင့်သည်ဟု Lap က အကြံပြုခဲ့ကြောင်း သိရပါသည်။

Source: Vietnam Plus

DOCA(ရန်ကုန်)

Pages

Subscribe to RSS - ပြည်ပကုန်သွယ်မှုသတင်းများ
a