HighLight News

Powered by Drupal

တောင်ဥက္ကလာပမြို့နယ်၊ ဝေဇယန္တာ City Mart နှင့် ရန်ကန်းစင်တာ သို့ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

         (၅. ၉. ၂၀၂၅)ရက်နေ့၊ နံနက် (၁၀:၀၀) နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန်အရှေ့ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ဒေါ်အေးအေးမော်(စစ်ဆေးရေးအရာရှိ)နှင့် ဝန်ထမ်းများသည် အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာနတို့နှင့် ပူးပေါင်း၍ တောင်ဥက္ကလာပမြို့နယ်၊ ဝေဇယန္တာ City Mart နှင့် ရန်ကန်းစင်တာတို့သို့ သွားရောက်ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ပါသည်။

       ယိုးဒယားနိုင်ငံမှတင်သွင်းသည့် စားသောက်ကုန်နှင့် လူသုံးကုန်ပစ္စည်းများနှင့်ပတ်သက်၍ ဈေးနှုန်းမြှင့်တက်မှုရှိ/မရှိ၊ ကုန်ပစ္စည်းကန့်သတ်ရောင်းချခြင်းရှိ/ မရှိ၊ ပစ္စည်းပြတ်လပ်မှုရှိ/ မရှိကုန်ပစ္စည်းများတွင် ကုန်အညွှန်းအမှတ်အသားများပြည့် စုံစွာဖော်ပြထားခြင်းရှိ/ မရှိကုန်ပစ္စည်းများ ကန့်သတ်ရောင်းချမှုအခြေအနေနှင့် ပစ္စည်းပြတ်လပ်မှုရှိ/ မရှိ စစ်ဆေးခဲ့ပြီး ယခင်အပတ်၊ ယခုအပတ်တွင် ရောင်းချနေသောဈေးနှုန်းများကောက်ခံ စစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)

ရန်ကုန်အရှေ့ပိုင်းခရိုင်ရှိ စက်သုံးဆီ အရောင်းဆိုင်များအားကွင်းဆင်းစစ်ဆေးခြင်း

           (၄-၉-၂၀၂၅) ရက်နေ့၊ နံနက်(၁၁:၀၀) နာရီအချိန်တွင် ရန်ကုန်အရှေ့ပိုင်းခရိုင်စားသုံးသူရေး ရာဦးစီးမှူးရုံးမှ ဦးရန်နိုင်ထွန်း (အကြီးတန်းစာရေး)သည် (၂၇)ရပ်ကွက်၊ ဘုရင့်နောင်လမ်း, မြောက်ဒဂုံမြို့နယ် စက်သုံးဆီအရောင်းဆိုင်သို့သွားရောက်၍ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရပါသည်။

          အဆိုပါ အရောင်းဆိုင်တွင် (၄-၉-၂၀၂၅) ရက်နေ့၊ ရောင်းဈေးတစ်လီတာလျှင် (92-၂၉၄၅ ကျပ်)၊ (95-၃၀၁၀ကျပ်)၊ (HSD-၂၅၆၀ကျပ်)၊ (PHSD-၃၁၇၀ကျပ်)တို့ဖြင့် ရောင်းချနေကြောင်းစက်သုံးဆီများသက်မှတ်ရည်ညွှန်းဈေးဖြင့်ရောင်းချခြင်း၊ ဆီဝင်ရောက်မှုနှင့်ဆီလက် ကျန်အခြေအနေများ၊ အလေးချိန်မှန်ကန်မှုရှိ/ မရှိတို့အား စစ်ဆေးခဲ့ပြီး ၊ သဘာဝဘေးအန္တရာယ်ကာကွယ်ရေးအတွက် မီးသတ်ဆေးဘူးများ၊ ရေစုပ်စက်၊ ရေပိုက်များကောင်းမွန်စွာထားရှိခြင်းရှိ/ မရှိစစ်ဆေးခဲ့ကြကြောင်း တွေ့ရှိခဲ့ရပါသည်။

         ထို့အပြင် ဆီကားရောက်ရှိမှုအခြေအနေများနှင့် ဆီလက်ကျန်အခြေအနေများအား စစ်ဆေးမေးမြန်းခြင်းဆောင်ရွက်ခဲ့ပြီး မြို့နယ်အတွင်း စက်သုံးဆီပြတ်လပ်မှုမရှိစေရေးနှင့် စက်သုံးဆီဈေးနှုန်းအဆမတန် မြှင့်တင်ရောင်းချမှုများမရှိစေရေး ဆွေးနွေးပြောကြားခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(ရန်ကုန်)

Online မှတ်ပုံတင် မြေပြင်စစ်ဆေးခြင်း

          စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန်အရှေ့ပိုင်းခရိုင်ရုံးမှစစ်ဆေးရေးအရာရှိ ဒေါ်မိုးမိုးကြည်၊ ဒေါ်အေးအေးနှင့်ဝန်ထမ်းများသည်(.၉.၂၀၂၅) ရက်နေ့တွင် မင်္ဂလာတောင်ညွန်မြို့နယ်နှင့် ပုဇွန်တောင်မြို့နယ်တို့မှ အွန်လိုင်းစနစ်ဖြင့် ရောင်းချနေသော လုပ်ငန်းများသို့သွားရောက်၍ Online Sale မှတ်ပုံတင်မြေပြင်စစ်ဆေးခြင်းဆိုင်ရာ အချက်အလက်များ ကိုက်ညီမှု ရှိ/မရှိကို စစ်ဆေးခဲ့ကြောင်းသိရှိရပါသည်။

          ထိုသို့ကွင်းဆင်းခဲ့ရာတွင် စစ်ဆေးရေးအရာရှိက Online စနစ်ဖြင့်ရောင်းချနေသော အ‌ရောင်းဆိုင်များသို့ မှတ်ပုံတင်လက်မှတ်လျှောက်ထားမှုနှင့်စပ်လျဉ်း၍ မြေပြင်ကွင်းဆင်း ဆောင်ရွက်ရာတွင် စီးပွားရေး နှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနအနေနဲ့ စားသုံးသူများကို အကာအကွယ်ပေးရန်နှင့် e-Commerce လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရန် အွန်လိုင်းစနစ်နဲ့ ရောင်းချခြင်းလုပ်ငန်း များကို အရေးကြီးကုန်စည်နှင့်ဝန်ဆောင်မှုအဖြစ်သတ်မှတ်ပြီး လုပ်ငန်းမှတ်ပုံတင်လက်မှတ်များကိုခွင့်ပြု ထုတ်ပေးလျက်ရှိကြောင်း၊ လုပ်ငန်းရှင်များ လျှောက်လွှာပုံစံတွင် ဖြည့်သွင်းထားသည့် လိပ်စာအတိုင်း လုပ်ငန်းအမှန်တစ်ကယ်တည်ရှိခြင်း ရှိ/မရှိ၊ မှတ်ပုံတင်လက်မှတ်လျှောက်ထားစဉ်က ရောင်းချရန်တင်ပြထားသော ကုန်စည်(သို့) ဝန်ဆောင်မှု အမျိုးအစားစာရင်းအတိုင်း မြေပြင်တွင်အမှန် တစ်ကယ်ရောင်းချနေသော စာရင်းကိုက်ညီမှုရှိ/မရှိတို့ကို မြေပြင်ကွင်းဆင်းစစ်ဆေးရာတွင် မြေပြင်စစ်ဆေးရမည့်အချက်(၁၈)ချက်နှင့် ကိုက်ညီမှုမှန်ကန်မှုရှိ/မရှိကိုစစ်ဆေးလျက်ရှိကြောင်း၊ e-Commerce Registration စနစ်မှတစ်ဆင့်လျှောက်ထားလာသော အွန်လိုင်းစနစ်နဲ့ရောင်းချခြင်းလုပ်ငန်းမျာ၏ လျှောက်လွှာများနှင့် သက်တမ်းတိုးသောလျှောက် လွှာများကို သက်ဆိုင်ရာတာဝန်ရှိသူများက အချက်အလက်မှန်ကန်မှု ရှိ/မရှိ မြေပြင်ကွင်းဆင်း စစ်ဆေးပြီးမှသာ Online Sale လုပ်ငန်းမှတ်ပုံတင်လက်မှတ်များ ထုတ်ပေးသွားမှာဖြစ်ကြောင်း အသိပေးပြောကြားခဲ့ပါသည်။

DOCA (ရန်ကုန်)

မှော်ဘီမြို့နယ်ရှိ စက်သုံးဆီဆိုင်များအား ကွင်းဆင်းစစ်ဆေးခြင်းနှင့် အသိပညာပေးဆွေးနွေးခြင်း

       စားသုံးသူရေးရာဉီးစီးဌာန၊ မြောက်ပိုင်းခရိုင်ဉီးစီးမှူးရုံး၊ မှော်ဘီမြို့နယ်ရုံးမှ ဒေါ်ဖြူဖြူမြင့်၊ ဒုကြီးကြပ်ရေးမှူးသည် (၅.၉.၂၀၂၅)ရက်နေ့ နံနက်(၁၀:၀၀)နာရီအချိန်တွင် သန္ဓေပင်ကျေးရွာအုပ်စု၊ သံတံတားကျေးရွာ၊ မှော်ဘီမြို့နယ်ရှိ PT Power စက်သုံးဆီဆိုင်နှင့် Star High (1) စက်သုံးဆီဆိုင်များသို့ သွားရောက်ကွင်းဆင်းစစ်ဆေးခဲ့ပါသည်။

          ထိုသို့ တွေ့ဆုံရာတွင် ဒေါ်ဖြူဖြူမြင့်၊ ဒုကြီးကြပ်ရေးမှူးက စားသုံးသူအခွင့်အရေးနှင့် တာဝန်များ၊ စီးပွားရေးလုပ်ငန်းရှင်၏တာဝန်များ၊ ဌာနမှထုတ်ပြန်ထားသည့်အမိန့်နှင့်ညွှန်ကြားချက်များအကြောင်း ဆွေးနွေးပြောကြားခဲ့ရာ စက်သုံးဆီဆိုင်တာဝန်ခံက မိမိတို့ဆိုင်တွင် အပတ်စဉ်သောကြာနေ့တိုင်း ထုတ်ပြန်သော ရည်ညွှန်းဈေးအတိုင်း ရောင်းချပါကြောင်း၊ ချိန်တွယ်ရာတွင်လည်း လီတာများကို ပြည့်ဝစွာချိန်တွယ်ပေးသောကြောင့် စားသုံးသူများ စိတ်ကျေနပ်မှုရရှိပါကြောင်း၊ ဈေးနှုန်းများကိုလည်း အများပြည်သူမြင်သာအောင် LED ဘုတ်များဖြင့် ဖော်ပြထားပါကြောင်းနှင့် မိမိတို့ဌာနမှလည်း ဈေးနှုန်းမြှင့်တင်ရောင်းချခြင်းများ သိုလှောင်ထားခြင်းများ မပြုလုပ်ရန် ဆွေးနွေးပြောကြားခဲ့ကြောင်း၊ စက်သုံးဆီရောင်းချမှုအခြေအနေများ၊ စက်သုံးဆီဈေးနှုန်း၊ စက်သုံးဆီအရည်အသွေး၊ အခြင်အတွယ် မှန်ကန်မှုရှိ/ မရှိ၊ ဆီကားရောက်ရှိမှုအခြေအနေများနှင့် ဆီလက်ကျန်အခြေအနေများအား စစ်ဆေးမေးမြန်းခြင်း ဆောင်ရွက်ခဲ့ပြီး မြို့နယ်အတွင်း စက်သုံးဆီပြတ်လပ်မှုမရှိစေရေးနှင့် စက်သုံးဆီဈေးနှုန်း အဆမတန်မြှင့်တင် ရောင်းချမှုများမရှိစေရေး အသိပညာပေးဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

DOCA (ရန်ကုန်)

                                                                                                        

ညောင်ဦးမြို့ အနော်ရထာခန်းမတွင် အသိပညာပေးဟောပြောပွဲဆောင်ရွက်

           မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင်၊ ညောင်ဦးမြို့ရှိ အနော်ရထာခန်းမတွင် ဒီဂျစ်တယ်အသိ ပညာခံယူချက်နှင့် အလေ့အကျင့်ဆိုင်ရာ သင်တန်းဖွင့်ပွဲအခမ်းအနားကို (၂၉.၈.၂၀၂၅)ရက်နေ့၊ နံနက် (၀၉:၀၀) နာရီအချိန်တွင် ကျင်းပပြုလုပ်ရာ သင်တန်းဖွင့်ပွဲသို့ တက်ရောက်လာကြသည့် ဌာနဆိုင်ရာ အရာထမ်း၊ အမှုထမ်းများနှင့်သင်တန်းသား/ သင်တန်းသူများအား စားသုံးသူရေးရာဦးစီးဌာန၊ ညောင်ဦးခရိုင်ဦးစီးမှူးရုံးမှ ခရိုင်တာဝန်ခံ ဦးတင်မျိုးခိုင်(ဦးစီးအရာရှိ)က Online Sale မှတ်ပုံတင်ခြင်းဆိုင်ရာနှင့် ကုန်အညွှန်းအမှတ်အသားများအကြောင်းအား အသိပညာပေးဟောပြောဆွေးနွေးခဲ့ပါသည်။

          အဆိုပါအခမ်းအနားတွင် ခရိုင်တာဝန်ခံမှ Online Sale ဝန်ဆောင်မှုလုပ်ငန်းများနှင့် ပတ်သက်သည့်အကြောင်းအရာများ၊ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့် စပ်လျဉ်းသည့်အကြောင်းအရာများနှင့် စားသုံးသူများ လုံခြုံစိတ်ချရမှုရှိသော ကုန်စည်နှင့်ဝန်ဆောင်မှုများကို ရွေးချယ်ဝယ်ယူသုံးစွဲ နိုင်စေရေးအကြောင်းအရာများကို ရှင်းလင်းဟောပြောဆွေးနွေးခဲ့ပါသည်။ ဟောပြောပွဲသို့ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌနှင့်အဖွဲ့ဝင်များ၊ ခရိုင်/ မြို့နယ် အမျိုးသမီးရေးရာအဖွဲ့ဝင်များ၊ ခရိုင်/ မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဝင်များ၊ သင်တန်းသား/ သင်တန်းသူ စုစုပေါင်း(၅၀)ဦးတက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(မန္တလေး)

ကျောက်ပန်းတောင်းမြို့ စားအုန်းဆီအရောင်းဆိုင်များမှ စားအုန်းဆီရောင်းချနေမှုများအား ကွင်းဆင်းစစ်ဆေး

            နိုင်ငံတော်မှ စားသုံးသူပြည်သူများအား သက်သာသောဈေးနှုန်းဖြင့် စားအုန်းဆီများရောင်းချပေးခြင်း၊ ပြည်တွင်းကုန်စည်ထုတ်လုပ်မှုလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရေးအတွက်လည်း လုပ်ငန်းသုံးစားအုန်းဆီများကို သက်သာစွာရောင်းချပေးလျက်ရှိရာ စားသုံးသူပြည်သူများ သတ်မှတ်ပမာဏများ၊ သတ်မှတ်ဈေးနှုန်းများ၊ မှန်ကန်သောစားအုန်းဆီများ ရရှိစေရေးတို့အား အစဉ်တစိုက် ကွင်းဆင်းကြီး ကြပ် ဆောင်ရွက်လျက်ရှိပါသည်။

          ထိုသို့ဆောင်ရွက်လျက်ရှိရာ ခရိုင်အတွင်း စစ်ဆေးမှုများရှိသလို၊ ခရိုင်အလိုက် အပြန်အလှန် စစ်ဆေးမှုများကိုလည်း ဆောင်ရွက်လျက်ရှိရာ စားသုံးသူရေးရာဦးစီးဌာန၊ ကျောက်ဆည်ခရိုင်ဦးစီးမှူးရုံးမှ ခရိုင်ဦးစီးမှူးနှင့်အတူ ဝန်ထမ်းများသည် (၂၇.၈.၂၀၂၅)ရက်နေ့၊ နံနက် (၀၈:၀၀) နာရီအချိန်တွင် ညောင်ဦးခရိုင်၊ ကျောက်ပန်းတောင်းမြို့ရှိ  “ဆောင်းနေခြည်”“ရတနာမိုး” နှင့်   “ပုဇွန်နှစ်ကောင်” စားအုန်းဆီအရောင်းဆိုင်များမှ စားအုန်းဆီများ စားသုံးသူပြည်သူများသို့ ရောင်းချပေးနေမှုအခြေအနေများ၊ လစဉ်ဆီထုတ်ယူမှုမှတ်တမ်း စာအုပ်များနှင့် အများပြည်သူတို့၏ ဆီဝယ်ယူမှုတွင် အဆင်ပြေ၍စိတ်ကျေနပ်မှုရရှိစေရေးတို့အတွက် ကြီးကြပ်ထိန်းသိမ်းစစ်ဆေးမှုများကို ဆောင်ရွက်ခဲ့ကြောင်း၊ ဆက်လက်၍ မြို့နယ်အလိုက် ဆီခွဲတမ်းရရှိမှုအခြေအနေများ၊ အများပြည်သူသို့ ရောင်းချပေးမှုအခြေအနေများ၊ ဆီခွဲဝေရောင်းချပေးသော လက်လီ/လက္ကားကိုယ်စားများ၏ ဆီရောင်းချပေးမှတ်တမ်းများအား စစ်ဆေးမှုများဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(မန္တလေး)

“မြစ်သားမြို့၊ မြို့မဈေးရှိ ရွှေပြည့်စုံ ကုန်စုံဆိုင်အားစျေးကွက်စောင့်ကြည့်စစ်ဆေး”

           မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ စားသုံးသူရေးရာဦးစီးဌာနမှ စစ်ဆေးရေးအရာရှိများသည် စက်တင်ဘာလ(၄)ရက်နေ့တွင် ကူမဲမြို့ရှိ ရွှေပြည့်စုံ ကုန်စုံဆိုင်အား ထုတ်ကုန်များ လုံခြုံစိတ်ချရမှုရှိစေရန်နှင့် ကုန်အညွှန်းအမှတ်တံဆိပ်များ ပြည့်စုံစွာပါဝင်မှုရှိစေရေးအတွက် စျေးကွက်စောင့်ကြည့်စစ်ဆေးခြင်းလုပ်ငန်းကို မြို့နယ်စည်ပင်သာယာရေးအဖွဲ့နှင့် ပူးပေါင်းဆောင်ရွက်ခဲ့ပါသည်။ ထိုသို့စစ်ဆေးရာတွင် မုန့်မျိုးစုံရောင်းချသည့်ဆိုင်များအား မြန်မာနိုင်ငံ စားသုံးသူကာကွယ်ရေးကော်မရှင် ညွှန်ကြားချက်အမှတ်(၂/၂၀၁၉)နှင့် စားသုံးသူကာကွယ်ရေး ဥပဒေ အခန်း ၁၈ ပါ စီးပွား‌‌ရေးလုပ်ငန်းရှင်များ လိုက်နာရမည့် ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့် ပတ်သက်၍ ပုဒ်မ(၄၁)ပါ အချက်အလက်များအား ရှင်းလင်းဆွေးနွေးခြင်းနှင့် ၄င်းအချက်အလက်များမှ ပုဒ်မ(ခ)ရှိ ကုန်စည်၏အမျိုးအမည်၊ အရွယ်အစား၊ အရေအတွက်နှင့် အသားတင်ပမာဏ၊ ထားသိုသိမ်းဆည်းမှုအညွှန်း၊ သုံးစွဲပုံနည်းလမ်းနှင့် ပုဒ်မ(ဆ)ရှိ ကျန်းမာရေးဆိုင်ရာ ဘေးထွက်ဆိုးကျိုး သို့မဟုတ် ဓါတ်မတည့်ကြောင်းဖော်ပြချက်နှင့် ကြိုတင်သတိပေးချက်တို့အား မြန်မာဘာသာဖြင့်ဖြစ်စေ၊ မြန်မာဘာသာနှင့် အခြားဘာသာတစ်ခု (သို့) တစ်ခုထက်ပို၍ ပြည့်စုံစွာဖော်ပြရမည်ဖြစ်ပြီး စီးပွားရေးလုပ်ငန်းရှင်များဘက်မှလည်း ကုန်စည်အမျိုးအစားအလိုက် သတ်မှတ်ထားသည့် ဥပဒေညွှန်ကြားချက်များအား လိုက်နာဆောင်ရွက်သွားကြရန် ပြောကြားခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(မန္တလေး)

“မြစ်သားမြို့နယ်၊ ကူမဲမြို့မဈေးရှိ စိတ္တသုခကုန်စုံဆိုင်အားစျေးကွက်စောင့်ကြည့်စစ်ဆေး”

           မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ စားသုံးသူရေးရာဦးစီးဌာနမှ စစ်ဆေးရေးအရာရှိများသည် စက်တင်ဘာလ(၄)ရက်နေ့တွင်ကူမဲမြို့ရှိ စိတ္တသုခ ကုန်စုံဆိုင်အား ထုတ်ကုန်များ လုံခြုံစိတ်ချရမှုရှိစေရန်နှင့် ကုန်အညွှန်းအမှတ်တံဆိပ်များ ပြည့်စုံစွာပါဝင်မှုရှိစေရေးအတွက် စျေးကွက်စောင့်ကြည့်စစ်ဆေးခြင်းလုပ်ငန်းကို မြို့နယ်စည်ပင်သာယာရေး အဖွဲ့နှင့်ပူးပေါင်းဆောင်ရွက်ခဲ့ပါသည်။ ထိုသို့စစ်ဆေးရာတွင် မုန့်မျိုးစုံရောင်းချသည့်ဆိုင်များအား မြန်မာနိုင်ငံ စားသုံးသူကာကွယ်ရေးကော်မရှင် ညွှန်ကြားချက်အမှတ်(၂/၂၀၁၉)နှင့် စားသုံးသူကာကွယ်ရေး ဥပဒေ အခန်း ၁၈ ပါ စီးပွား‌‌ရေးလုပ်ငန်းရှင်များ လိုက်နာရမည့် ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့် ပတ်သက်၍ ပုဒ်မ(၄၁)ပါ အချက်အလက်များအား ရှင်းလင်းဆွေးနွေးခြင်းနှင့် ၄င်းအချက်အလက်များမှ ပုဒ်မ(ခ)ရှိ ကုန်စည်၏အမျိုးအမည်၊ အရွယ်အစား၊ အရေအတွက်နှင့် အသားတင်ပမာဏ၊ ထားသိုသိမ်းဆည်းမှုအညွှန်း၊ သုံးစွဲပုံနည်းလမ်းနှင့် ပုဒ်မ(ဆ)ရှိ ကျန်းမာရေးဆိုင်ရာ ဘေးထွက်ဆိုးကျိုး သို့မဟုတ် ဓါတ်မတည့်ကြောင်းဖော်ပြချက်နှင့် ကြိုတင်သတိပေးချက်တို့အား မြန်မာဘာသာဖြင့်ဖြစ်စေ၊ မြန်မာဘာသာနှင့် အခြားဘာသာတစ်ခု (သို့) တစ်ခုထက်ပို၍ ပြည့်စုံစွာဖော်ပြရမည်ဖြစ်ပြီး စီးပွားရေးလုပ်ငန်းရှင်များဘက်မှလည်း ကုန်စည်အမျိုးအစားအလိုက် သတ်မှတ်ထားသည့် ဥပဒေညွှန်ကြားချက်များအား လိုက်နာဆောင်ရွက်သွားကြရန် ပြောကြားခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(မန္တလေး)

“ ကော့မှူးမြို့နယ်ရှိ ဆေးဆိုင်များသို့ ဆေးဝါးများ၏ဈေးနှုန်းအခြေအနေ ကွင်းဆင်းစစ်ဆေး”

           စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီး တောင်ပိုင်းခရိုင်ဦးစီးမှူးရုံး၏ ညွှန်ကြားချက်နှင့်အညီ ကော့မှူးမြို့နယ်ရှိ ရပ်ကွက်များနှင့် စည်ပင်သာယာမြို့မဈေးအတွင်း/ အပြင်ရှိ ဆေးအရောင်းဆိုင်များသို့ ဩဂုတ်လ(၂၅)ရက်နေ့၊ နေ့လယ် (၁၁:၃၀)နာရီအချိန်တွင် ဈေးအတွင်းဖြစ်ပေါ်နေသည့် ဆေးဝါးများ၏ ဈေးနှုန်းအခြေအနေအား ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

          ထိုသို့ ကွင်းဆင်းစစ်ဆေးခဲ့ရာတွင် ကော့မှူးမြို့နယ် စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံ ဦးတင်မင်းနှင့် မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ မြို့မဈေး တာဝန်ခံ ဦးအေးသွင်တို့သည် ဗိုလ်ချုပ်လမ်း၊ မကျီးကန်းရပ်ကွက်ရှိ ဇာနည်ဆေးဆိုင်၊ ဗိုလ်ချုပ်လမ်း မြို့မရပ်ကွက်ရှိ အောင်သစ္စာဆေးဆိုင်နှင့် စည်ပင်သာယာမြို့မဈေး အတွင်း/အပြင်ရှိ ဆေးဆိုင်များသို့ သွားရောက်ခဲ့ပြီး ဆိုင်ပိုင်ရှင်စီးပွားရေးလုပ်ငန်းရှင်များနှင့် တွေ့ဆုံ၍ ထုတ်ကုန်များလုံခြုံစိတ်ချရမှုရှိစေရေးနှင့် စားသုံးသူများ ဘေးအန္တရာယ်ကင်းရှင်းစေရေးတို့အတွက် မိမိတို့၏ဆိုင်တွင် စားသုံးသူပြည်သူများအား နေ့စဉ်ဖြန့်ဖြူးရောင်းချပေးလျက်ရှိသော ဆေးဝါးများ၏ ဈေးနှုန်းအတက် အကျပြောင်းလဲဖြစ်ပေါ်နေမှု အခြေအနေစံနှုန်းမညီဆေးဝါးများ၊ သက်တမ်းကုန်လွန်နေသော ဆေးဝါးများ၊ စပ်ဆေးများအား ဝယ်ယူဖြန့်ဖြူးရောင်းချခြင်းများ မပြုလုပ်ကြရန် စားသုံးသူကာကွယ်ရေးအသိပညာပေး ဆွေးနွေးပြောကြားခဲ့ပြီး ဆေးဝါးများ၏ ဈေးနှုန်းအခြေအနေတို့အား စာရင်းကောက်ယူ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)

“ ကော့မှူးမြို့နယ်စည်ပင်သာယာမြို့မဈေးအတွင်း/ အပြင်ရှိအသား၊ ငါးများရောင်းချနေမှု အခြေအနအေားကွင်းဆင်းစစ်ဆေး ”

          စားသုံးသူပြည်သူများအနေဖြင့် ဘေးအန္တရာယ် ကင်းရှင်းစေရေးတို့အတွက် အသား၊ ငါးများ ဝယ်ယူဖြန့်ဖြူးရောင်းချလျက်ရှိသော ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ကော့မှူးမြို့နယ် စည်ပင်သာယာမြို့မဈေးအတွင်း/ အပြင်ရှိ အသား၊ ငါးအရောင်းဆိုင်များသို့ ဩဂုတ်လ(၂၅) ရက်နေ့၊ နံနက်(၀၈:၃၀)နာရီအချိန်တွင် မြေပြင်ကွင်းဆင်း စစ်ဆေးခဲ့ကြောင်း သိရသည်။

        ထိုသို့ ကွင်းဆင်းစစ်ဆေးခဲ့ရာတွင် ကော့မှူးမြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ အမှုဆောင်အရာရှိ ဦးတင်ထွန်းအောင်နှင့် ဝန်ထမ်းများ၊ စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံ ဦးတင်မင်းတို့ ပူးပေါင်းအဖွဲ့သည် မြို့နယ်စည်ပင်သာယာမြို့မဈေးအတွင်း/ အပြင်ရှိ ဒေါ်ချိုချိုဇင်၊ ဒေါ်ဌေးကြည်၊ ဒေါ်မိုးကြည်၊ ဒေါ်ကြည်အေး ရေချိုရေငံ ငါး၊ ပုဇွန်အရောင်းဆိုင်၊ ဒေါ်နိုင်နိုင်မော်၊ ဒေါ်ပေါက်ကြက်သား၊ ဘဲသားအရောင်းဆိုင်၊ ဦးခင်မောင်ဝင်း ဝက်သားဆိုင်၊ ဦးကုလား အမဲသားဆိုင်၊ ဦးဇော်ကြီး ဆိတ်သားအရောင်းဆိုင်တို့တွင် ဖြန့်ဖြူးရောင်းချလျက်ရှိသော အသား၊ ငါး၊ ပုဇွန်များအား စားသုံးသူပြည်သူများ ဘေးဥပဒ်အန္တရာယ်ဖြစ်စေနိုင်သော တာရှည်ခံဆေးဝါးများ၊ ယင်မနားဆေးဝါးများ သုံးစွဲခွင့်ပိတ်ပင်ထားသော ဆိုးဆေးများ အသုံးပြုခြင်းအား လုံးဝမပြုလုပ်ကြရန် စားသုံးသူကာကွယ်ရေး အသိပညာပေး ဆွေးနွေးပြောကြားခဲ့ပြီး မြေပြင်ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)

Pages

Subscribe to RSS - HighLight News