HighLight News

Powered by Drupal

ရေကျော်လမ်းမပေါ်ရှိ ဆန်ရောင်းဝယ်ရေးအရောင်းဆိုင် သို့ အဖွဲ့စုံဖြင့် ဆန်ရောင်းချမှု ကွင်းဆင်းစစ်ဆေး

              စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန်အရှေ့ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ဦးမင်းမင်းစိုး(ဌာနခွဲစာရေး) သည် ဗိုလ်တထောင်ခရိုင်၊ ပုဇွန်တောင်မြို့နယ် ရေကျော်လမ်းမပေါ်ရှိ မိဘမေတ္တာ၊ ရွှေဖလား ဆန်အ‌ ရောင်းဆိုင်(၂)ဆိုင်သို့    ၄.၂.၂၀၂၅(၁၆:၀၀) နာရီအချိန်တွင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးကော်မတီ၊ စားသုံးသူရေးရာဦးစီးဌာနနှင့် သက်ဆိုင်ရာဌာနများမှ တာဝန်ရှိသူများ ပူးပေါင်းပါဝင်သောအဖွဲ့စုံဖြင့် ဆန်ရောင်းချမှုအခြေအနေများကို စစ်ဆေးခဲ့ကြကြောင်းသိရှိရပါသည်။

             ထိုသို့ ကွင်းဆင်းအသိပညာပေးရာတွင် ဆန်ဆိုင်ရှိ ရောင်းချနေသော ဆန်များသည် ရွှေဘိုပေါ်ဆန်း(အသစ်/အဟောင်း)၊ ရွှေဘို(လတ်)၊ ကျားပျံ(ရှယ်)၊ ကျားပျံ(လတ်) ၊ ဧရာပေါ်ဆန်း ၊ ပေါ်ဆန်း(ရိုးရိုး) ၊ ပေါ်ဆန်း(လတ်) ၊ ဇီယာ(နိမ့်) ၊ ဇီယာ (လတ်) ၊ (ရက် ၉၀) ၊ စသည့် ဆန်များ ၏(၁ပြည်/၁အိတ်) ဈေးနှုန်းများကို ဖေဖော်ဝါရီလအတွက် မြန်မာနိုင်ငံဆန်စပါး အသင်းချုပ်မှ ထုတ် ပြန်ထားသော သတ်မှတ်ရည်ညွှန်းဈေးအတိုင်း ရောင်းချရှိ/မရှိ စစ်ဆေးခြင်းနှင့် သမားရိုးကျရောင်း ဝယ်ခြင်းမဟုတ်သော ဈေးကစားလိုသည့်ရည်ရွယ်ချက်ဖြင့် ဆန်ဈေးနှုန်း ဈေးကစားရန်အလို့ငှာ ဆန်များ သိုလှောင်ထားခြင်းမပြုရန်၊  လိုက်နာမှုမရှိပါက ဥပဒေအရအရေးယူခံရမှာဖြစ်ကြောင်း  အသိပညာပေးပြောကြားခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)

ဗိုလ်တထောင်ခရိုင်၊ ဗိုလ်တထောင်မြို့နယ် ထွေ/အုပ်ရုံးအစည်းအဝေးတက်ရောက်ခြင်း

           ၄.၂.၂၀၂၅ (၁၄:၃၅) နာရီအချိန်တွင် ဦးသိန်းထွန်း(ဌာနခွဲစာရေး)သည် ဗိုလ်တထောင်ခရိုင်၊ ဗိုလ်တထောင်မြို့နယ် ထွေ/အုပ်ရုံးအစည်းအဝေးသို့ တက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။

            အစည်းအဝေးပွဲတွင် မစဖဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ သက်ဆိုင်ရာဌာနများမှတာဝန်ရှိသူများ၊ ပညာရေးဌာနနှင့် အရှေ့ပိုင်းခရိုင်စားသုံးသူရေးရာဦးစီးဌာနမှ တာဝန်ရှိသူများတွေ့ဆုံ၍ ဘာသာရေးဆိုင်ရာကိစ္စရပ်များ၊ ပြည်ထောင်စုနေ့အခမ်းအနား ကျင်းပဆောင်ရွက်မည့်ကိစ္စရပ်များ၊ လုံခြုံရေးဆိုင်ရာကိစ္စရပ်များနှင့် မြို့နယ်အတွင်း ဖွင့်လှစ်ရောင်းချလျက်ရှိသော ဆန်ဆိုင်များမှ အများပြည်သူများထံ သင့်တင့်မျှတသည့် ဆန်ဈေးနှုန်းအတိုင်း ရောင်းချနိုင်ရန် ကြပ်မတ်ဆောင်ရွက်နိုင်ရေး ကိစ္စရပ်များအား ဆွေးနွေးခဲ့ကြကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)

ဗိုလ်တထောင်မြို့နယ် ဗန္ဓုလ(Ocean) သို့ အဖွဲ့စုံဖြင့်ဝင်ရောက်စစ်ဆေးခြင်း

           စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန်အရှေ့ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ဦးသိန်းထွန်း(ဌာနခွဲစာရေး) သည် ဗိုလ်တထောင်ခရိုင်၊ ဗိုလ်တထောင်မြို့နယ် ဗန္ဓုလ(Ocean) ၄.၂.၂၀၂၅ (၁၄:၃၅) နာရီအချိန်တွင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးကော်မတီ၊ စားသုံးသူရေးရာဦးစီးဌာနနှင့် သက်ဆိုင်ရာဌာနများမှတာဝန်ရှိသူများ ပူးပေါင်းပါဝင်သောအဖွဲ့စုံဖြင့် (ဂမုန်းပွင့်) အတွင်း ဆန်ရောင်းချမှုအခြေအနေများကို စစ်ဆေးခဲ့ကြကြောင်းသိရှိရပါသည်။

         ထိုသို့ ကွင်းဆင်းအသိပညာပေးရာတွင် (ဂမုန်းပွင့်) ဆန်ဆိုင်ရှိ ရောင်းချနေသောဆန်များသည်   Nursery (ပေါ်ဆန်း)(၁kg)(၂kg)(၅kg)(၁၂kg) ၊ Ayeyar (ပေါ်ဆန်း) (၅kg) စသည့်ဆန်များကို   သတ်မှတ်ရည်ညွှန်းဈေးအတိုင်း ရောင်းချလျက်ရှိကြောင်းနှင့် ဆန်ဈေးနှုန်း ကြီးမြှင့်မှုမဖြစ်ပေါ်စေရေးအတွက် မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်မှ သတ်မှတ်ထားသောဈေးနှုန်းများအတိုင်းရောင်းချသွားရန်၊ လိုက်နာမှုမရှိပါက ဥပဒေအရအရေးယူခံရမှာဖြစ်ကြောင်း  အသိပညာပေးပြောကြားခြင်းများ  ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)

ဆန်ရောင်းဝယ်ရေးအရောင်းဆိုင်များသို့ အဖွဲ့စုံဖြင့် ဆန်ရောင်းချမှု ကွင်းဆင်းစစ်ဆေး

          စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန်အရှေ့ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ဦးမင်းမင်းစိုး(ဌာနခွဲစာရေး) သည် ဗိုလ်တထောင်ခရိုင်၊ ပုဇွန်တောင်မြို့နယ်အတွင်းရှိ အင်ကြင်းခိုင်၊ ထွန်းတောက်၊ စိန်သုံးလုံး၊ ဦးမြင့်နိုင်၊ တိုးတက်လင်း၊ မြတ်ချမ်းသာ၊ ဒို့ညီနောင်၊ အောင်သိဒ္ဓိစသည့် ဆန်အရောင်းဆိုင်(၈)ဆိုင်သို့    ၄.2.2025 (၁၅:3၀) အချိန်တွင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးကော်မတီ၊ စားသုံးသူရေးရာ ဦးစီးဌာနနှင့် သက်ဆိုင်ရာဌာနများမှတာဝန်ရှိသူများ ပူးပေါင်းပါဝင်သောအဖွဲ့စုံဖြင့် ဆန်ရောင်းချမှုအခြေအနေများကို စစ်ဆေးခဲ့ကြကြောင်းသိရှိရပါသည်။

        ထိုသို့ ကွင်းဆင်းအသိပညာပေးရာတွင် ဆန်ဆိုင်ရှိ ရောင်းချနေသောဆန်များသည် ရွှေဘိုပေါ်ဆန်း(အသစ်/အဟောင်း)၊ ရွှေဘို(လတ်)၊ ကျားပျံ(ရှယ်)၊ ကျားပျံ(လတ်)၊ ဧရာပေါ်ဆန်း၊ ပေါ်ဆန်း(ရိုးရိုး)၊ ပေါ်ဆန်း(လတ်)၊ ဇီယာ(နိမ့်)၊ ဇီယာ (လတ်)၊ (ရက် ၉၀)၊ စသည့် ဆန်များ၏(၁ပြည်/၁အိတ်) ဈေးနှုန်းများကို ဖေဖော်ဝါရီလအတွက် မြန်မာနိုင်ငံဆန်စပါး အသင်းချုပ်မှ ထုတ်ပြန်ထားသော သတ်မှတ်ရည်ညွှန်းဈေးအတိုင်း ရောင်းချရှိ/ မရှိစစ်ဆေးခြင်းနှင့် သမားရိုးကျရောင်း ဝယ်ခြင်းမဟုတ်သော ဈေးကစားလိုသည့်ရည်ရွယ်ချက်ဖြင့် ဆန်ဈေးနှုန်း ဈေးကစားရန်အလို့ငှာ ဆန်များသိုလှောင်ထားခြင်းမပြုရန်၊  လိုက်နာမှုမရှိပါက ဥပဒေအရအရေးယူခံရမှာဖြစ်ကြောင်း  အသိပညာပေးပြောကြားခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)

လမင်းသော်တာအွန်လိုင်းလုပ်ငန်းအား မြေပြင်ကွင်းဆင်းစစ်ဆေးခြင်း

           စားသုံးသူရေးရာဦးစီးဌာန၊ မြောက်ပိုင်းခရိုင်ဦးစီးမှူးရုံးမှ စစ်ဆေးရေးအရာရှိများသည် ၅.၂.၂၀၂၅ ရက်နေ့ နေ့လယ်(၁၂:၁၅)နာရီအချိန်တွင် လမင်းသော်တာအမည်ဖြင့် အဝတ်အထည်လုပ်ငန်းတည်ရှိရာ အမှတ်(၃၂၅-ခ)၊ အမှတ်(၇)ရပ်ကွက်၊ ရွှေဝါဖူး(၉)ပန်းခြံ၊ သမိန်ဗရမ်းလမ်း၊ ရွှေပြည်သာမြို့နယ်သို့ သွားရောက်၍ Online Sale မှတ်ပုံတင်မြေပြင်စစ်ဆေးခြင်းဆိုင်ရာ အချက်အလက်များ ကိုက်ညီမှုရှိ/ မရှိ ကွင်းဆင်းစစ်ဆေးခဲ့ပါသည်။

          ကွင်းဆင်းစစ်ဆေးရာတွင် စစ်ဆေးရေးအရာရှိက လုပ်ငန်းရှင်ဖြစ်သည့် ဦးမြင့်ကျော်ကို ဆွေးနွေးရာ e-Commerce လုပ်ငန်းများဖွံ့ဖြိုးတိုးတက်စေရန် အွန်လိုင်းစနစ်နဲ့ရောင်းချခြင်း လုပ်ငန်းများကို အရေးကြီးကုန်စည်ဝန်ဆောင်မှုအဖြစ် သတ်မှတ်ပြီး လုပ်ငန်းမှတ်ပုံတင် လက်မှတ်များကို ခွင့်ပြုထုတ်ပေးလျက်ရှိကြောင်း၊ e-Commerce Registration စနစ်မှ တစ်ဆင့်လျှောက်ထားလာသော အွန်လိုင်းစနစ်နဲ့ရောင်းချခြင်းလုပ်ငန်းများကို သက်ဆိုင်ရာ တာဝန်ရှိသူများက အချက်အလက် များ မှန်ကန်မှုရှိ/မရှိ မြေပြင်ကွင်းဆင်းစစ်ဆေးပြီးမှသာ အွန်လိုင်းမှတ်ပုံတင်လက်မှတ်များထုတ်ပေး သွားမှာဖြစ်ကြောင်းနှင့် လူသုံးကုန်(အဝတ်အထည်) လုပ်ငန်းဖြစ်သည့်အတွက် စားသုံးသူကာကွယ်ရေးဥပဒေပါ စီးပွားရေးလုပ်ငန်းရှင်၏ တာဝန်များအတိုင်း လိုက်နာဆောင်ရွက်စေလိုကြောင်း အသိပညာပြောကြားခဲ့ကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)

Melife အဝတ်အထည်အွန်လိုင်းလုပ်ငန်းအား မြေပြင်ကွင်းဆင်းစစ်ဆေးခြင်း

           စားသုံးသူရေးရာဦးစီးဌာန၊ မြောက်ပိုင်းခရိုင်ဦးစီးမှူးရုံးမှ စစ်ဆေးရေးအရာရှိ ဒေါ်နီလာဝင်း၊ နှင့်ဝန်ထမ်းများသည် အမှတ်(၁၆၆၀)၊ အောင်ခေမာလမ်း၊ ရွှေပြည်သာမြို့နယ်ရှိ Melife အဝတ်အထည် Online လုပ်ငန်းသို့ ၅.၂.၂၀၂၅ ရက်နေ့ နံနက်(၁၁:၃၀)နာရီအချိန်တွင် မြေပြင်စစ်ဆေး ဆောင်ရွက်ခဲ့ကြောင်းသိရသည်။

            ထိုသို့ဆောင်ရွက်ရာတွင် စစ်ဆေးရေးအရာရှိက အွန်လိုင်းစနစ်နဲ့ရောင်းချခြင်းလုပ်ငန်း နှင့် ပတ်သက်၍ မြေပြင်စစ်ဆေးရမည့်အချက်(၁၈)ချက်နှင့်ကိုက်ညီမှုရှိ/မရှိ စစ်ဆေးခြင်းနှင့် အွန်လိုင်းစနစ်ဖြင့် ရောင်းချခြင်းလုပ်ငန်းကို အရေးကြီးကုန်စည်ဝန်ဆောင်မှုအဖြစ် သတ်မှတ်ထားသည့်အတွက် ယခုလုပ်ငန်းသည် အဝတ်အထည်လုပ်ငန်းဖြစ်သည့်အတွက် စားသုံးသူ ကာကွယ်ရေးဥပဒေပါ စီးပွားရေးလုပ်ငန်းရှင်၏တာဝန်များအတိုင်း လိုက်နာဆောင်ရွက်စေလိုကြောင်း အသိပညာပေးပြောကြားခဲ့ကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)

အွန်လိုင်းစနစ်တွင် မှတ်ပုံတင်လျှောက်ထားသည့်လုပ်ငန်းများ မြေပြင်စစ်ဆေးခြင်း

            စားသုံးသူရေးရာဦးစီးဌာန၊ မြောက်ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ဒေါ်နီလာဝင်း၊ ဦးစီးမှူးပါ (၃)ဦးတို့ သည် ၅.၂.၂၀၂၅ ရက်နေ့ နံနက်(၁၀:၁၅)အချိန်တွင် BKK Corner အမည်ဖြင့် အွန်လိုင်းရောင်းချမှုနှင့် စပ်လျဉ်း၍ မှတ်ပုံတင်လျှေက်ထားသည့် မင်္ဂလာဒုံမြို့နယ်၊ အမှတ်(၂၆)၊ ပုလဲလမ်းသွယ်(၃)လမ်း၊ ထောက်ကြန့်တိုးချဲ့ရပ်ကွက်စားသောက်ကုန်ပစ္စည်းများ ရောင်းချ လျက်ရှိသည့် အွန်လိုင်းလုပ်ငန်းအား မြေပြင်စစ်ဆေးဆောင်ရွက်ခဲ့ပါသည်။

            ထိုသို့ဆောင်ရွက်ရာတွင် ဒေါ်နီလာဝင်း၊ ဦးစီးမှူးမှ အွန်လိုင်းမှတ်ပုံတင်စနစ်တွင် မှတ်ပုံတင် ထားရှိသည့် အချက်အလက်များအား မြေပြင်စစ်ဆေးရာတွင် ကိုက်ညီမှုများရှိ/မရှိနှင့် အခြားလိုအပ် သည့်အချက်အလက်များအား ပြည့်စုံမှန်ကန်မှုရှိ/မရှိအား DOCA Application အသုံးပြု၍ စစ်ဆေးခြင်းနှင့်စားသုံးသူကာကွယ်ရေးဥပဒေပါ စီးပွားရေးလုပ်ငန်းရှင်များ လိုက်နာရမည့်တာဝန်များအကြောင်း ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်း ဆိုင်ရာများနှင့် ပတ်သက်၍လည်း ရှင်းလင်းဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)

ရည်ညွှန်းဈေးနှင့်သတ်မှတ်သည့် ဆန်ဈေးနှုန်းကြီးမြင့်စွာရောင်းချမှုမရှိစေရေး ကွင်းဆင်းကြပ်မတ် အသိပညာပေးခြင်း

            စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန်အနောက်ပိုင်းခရိုင် ဦးစီးမှူးရုံးမှ ဦးစီးမှူး ဦးကျော်ခိုင်နှင့် ဝန်ထမ်းများသည် ၅.၂.၂၀၂၅ ရက်နေ့တွင် ကမာရွတ်ခရိုင်၊ ဗဟန်းမြို့နယ်၊ ဗဟန်းဈေး အတွင်းရှိ အမှတ်(၁၃/၁၄) ဒေါ်ဖြူဖြူဦးဆန်ဆိုင်အား (၁၀:၀၀) နာရီအချိန်တွင် ဗဟန်းဈေးတာဝန်ခံ ဦးတက်တိုးနှင့်လည်းကောင်း၊ မရမ်းကုန်းမြို့နယ် ဘုရင့်နောင်ပွဲရုံဝင်း အတွင်းရှိ ည-၇၈၊ အာသောက လမ်းရှိ သံလွင်ဦးဆန်ပွဲရုံအား (၁၂:၃၀) နာရီအချိန်တွင် ဘုရင့်နောင်ဈေးစည်ပင်မှ ဦးနန္ဒအောင်နှင့် အမှတ်(၁) ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးမှ ဦးကျော်လင်းနိုင်နှင့် ပူးပေါင်းပြီး ဆန်ရောင်းချမှု အခြေအနေများကို ကွင်းဆင်းစစ်ဆေးအသိပညာပေးမှုများအား ကွင်းဆင်းအသိပညာပေးမှုများ ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

            ထိုသို့  ကွင်းဆင်းအသိပညာပေးရာတွင် ဆန်ဆိုင်များရှိ ရောင်းချနေသောဆန်များသည် မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်မှ သတ်မှတ်ထားသော ရည်ညွှန်းဈေးနှုန်းများအတိုင်း ရောင်းချခြင်းရှိ/ မရှိနှင့် ဆန်ဈေးနှုန်းကြီးမြင့်မှု မဖြစ်ပေါ်စေရေးအတွက် ဈေးကစားရန်အလို့ငှာ ဆန်များသိုလှောင်ထားခြင်းရှိ/ မရှိတို့ကို စစ်ဆေးခဲ့ကြပြီး လိုက်နာမှုမရှိသော လုပ်ငန်းရှင်များကို အရေးကြီးကုန်စည်နှင့် ဝန်ဆောင်မှုဥပဒေအရ အရေးယူခံရမည်ဖြစ်ကြောင်း အသိပညာပေးဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)

တနင်္သာရီတိုင်းဒေသကြီးတွင် Thursday Talk ကျင်းပပြုလုပ်ခြင်း

          ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီလ ၆ ရက်နေ့၊ နေ့လယ် (၁၄း၀၀) နာရီအချိန်တွင် တိုင်းဒေသကြီးဦးစီးမှူးရုံး၊ အစည်းအဝေးခန်းမ၌ Thursday Talk ကျင်းပပြုလုပ်ခဲ့ရာ ထားဝယ်၊ မြိတ်၊ ကော့သောင်းခရိုင် ဦးစီးမှူးရုံးများမှ ဝန်ထမ်းများ တက်ရောက်ခဲ့ပါသည်။

         အဆိုပါ Thursday Talk ကျင်းပပြုလုပ်ရာတွင် စားသုံးသူရေးရာဦးစီးဌာန၊ တနင်္သာရီတိုင်းဒေသကြီးဦးစီးမှူးမှ အဖွင့်အမှာစကားပြောကြားခဲ့ပြီး၊ တိုင်းဒေသကြီးဦးစီးမှူးရုံးမှ အကြီးတန်းစာရေး ဒေါ်စိုးစန္ဒာအောင်မှ စားသုံးသူကာကွယ်ရေးဥပဒေပါ ကုန်အညွှန်းအမှတ်အသား‌ဖော်ပြခြင်းနှင့် စပ်လျဥ်း၍ ကုန်စည်အလိုက်ဖော်ပြပါရှိရမည့် အချက်အလက်များအား ရှင်းလင်းဆွေးနွေးခဲ့ပြီး တက်ရောက်လာသည့်ဝန်ထမ်းများမှ သိရှိလိုသည်များမေးမြန်းခြင်း၊ အပြန်အလှန်ဆွေးနွေးခြင်းများဆောင်ရွက်ခဲ့ပြီး တိုင်းဒေသကြီးဦးစီးမှူးမှ နိဂုံးချုပ်စကားပြောကြားခဲ့ကာ (၁၅း၀၀) နာရီအချိန်တွင် အောင်မြင်စွာပြီးမြောက်ခဲ့ကြောင်းသိရှိရပါသည်။

DOCA(တနင်္သာရီ)

ကော့သောင်းမြို့သို့ စားအုန်းဆီပေပါ ရောက်ရှိမှုအားသွား‌ရောက်စစ်ဆေးခြင်း

             ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီလ ၆ ရက်နေ့တွင် ကော့သောင်းမြို့ သီရိမြိုင်ရပ်ကွက် အဝေးပြေးယာဉ်ရပ်နားစခန်းသို့ မြန်မာနိုင်ငံဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်း၏ စီစဉ်မှုဖြင့် Myanmar Oil Alliance Co.,ltd ကုမ္မဏီမှ တင်ပို့ရောင်းချသည့် စားအုန်းဆီ(၅၆)ပေပါ တို့ကို ယာဉ်အမှတ် 8J/3558 ဖြင့် ဆီကန်မှထုတ်ယူပြီး ကော့သောင်း မြို့သို့ (၆.၂.၂၀၂၅) ရက်နေ့တွင် ရောက်ရှိလာမှုအား ခရိုင်စားသုံးသူရေးရာဦးစီးဌာနနှင့် တာဝန်ရှိသူများနှင့် အတူသွား ရောက်စစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(တနင်္သာရီ)

Pages

Subscribe to RSS - HighLight News