HighLight News

Powered by Drupal

ဟင်းလျာများတွင် အရောင်အနံ့ အရသာအတွက် အသုံးပြုပစ္စည်းအမျိုးမျိုးအား ကုန်အညွှန်းစစ်ဆေးခြင်း

          မအူပင်ခရိုင်၊ စားသုံးသူရေးရာဦးစီးဌာန၊ ဓနုဖြူမြို့နယ်ဦးစီးမှူးရုံးမှ  ဦးခိုင်လွမ်းမိုးနှင့် ဝန်ထမ်းများသည် (၇.၁၁.၂၀၂၅) ရက်နေ့ နံနက် (၀၈း၀၀) နာရီအချိန်တွင် မြို့နယ်စည်ပင်သာယာရေးအဖွဲ့နှင့်အတူ ကုန်စုံဆိုင် (၈)ဆိုင်မှ ‌ရောင်းချသည့်  ဟင်းလျာများတွင် အသုံးပြုသော အရောင်အနံ့ အတွက်အသုံးပြုသော ဟင်းခတ်ပစ္စည်းအမျိုးမျိုးအား ကုန်အညွှန်အမှတ်အသားဖော်ပြချက်နှင့် စပ်လျဉ်း၍ ကွင်းဆင်းစစ်ဆေး ခဲ့ကြသည်။

           စစ်ဆေးရာတွင် မြို့နယ်စားသုံးသူရေးရာဦးစီးဌာနမှ  ကုန်စုံဆိုင်များမှ ရောင်းချနေသော  ဟင်းခတ်အချိုမှုန့်အမျိုးမျိုးတို့တွင် မြန်မာဘာသာဖြင့်ကုန် အညွှန်းအမှတ်အသား ဖော်ပြပါဝင်မှုရှိ/မရှိ အဓိကစစ်ဆေးခဲ့ပြီး တရားမဝင်ကုန်စည်များရောင်းချမှု မရှိစေရေးနှင့် သက်တမ်းလွန် ကုန်ပစ္စည်းများ ရောင်းချမှုမရှိစေရေး ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။ ညောင်တုန်းမြို့နယ် ဈေးကွက်အတွင်း သတ်မှတ်ချက်များနှင့်အညီ ထုတ်ကုန်များရောင်းချနေကြောင်း တွေ့ရှိရပြီး သက်တမ်းလွန်ကုန်စည်များရှိပါက ရောင်းချခြင်းမရှိစေရန် ဆိုင်ရှင်များအား မှာကြားခဲ့ပြီး ဈေးကွက်အတွင်း သက်တမ်းလွန်ကုန်စည် များရောင်းချနေခြင်း တွေ့ရှိပါက ဥပဒေအရ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်းနှင့် စားသုံးသူကာကွယ်ရေဥပဒေပါ စီးပွားရေးလုပ်ငန်းရှင်တာဝန်များအကြောင်းကို ရှင်းလင်းပြောကြားခဲ့ကြေင်း သိရှိရပါသည်။

DOCA (ဧရာဝတီ)

ဟင်းလျာများတွင် အရောင်အနံ့ အရသာအတွက် အသုံးပြုပစ္စည်းအမျိုးမျိုး ကုန်အညွှန်းစစ်ဆေးခြင်း

          မအူပင်ခရိုင်၊ စားသုံးသူရေးရာဦးစီးဌာန၊ ညောင်တုန်းမြို့နယ်ဦးစီးမှူးရုံးမှ  ဒေါ်ချိုမီဇင် ဒုဦးစီးမှူးနှင့် ဝန်ထမ်းများသည် (၇-၁၁-၂၀၂၅) ရက်နေ့ နံနက် (၀၉း၀၀) နာရီအချိန်တွင် မြို့နယ်စည်ပင်သာယာရေးအဖွဲ့နှင့်အတူ ကုန်စုံဆိုင် (၆)ဆိုင်မှ ‌ရောင်းချသည့်  ဟင်းလျာများတွင် အသုံးပြုသော အရောင်အနံ့အတွက်အသုံးပြုသော ဟင်းခတ်ပစ္စည်းအမျိုးမျိုးအား ကုန်အညွှန်အမှတ်အသားဖော်ပြချက်နှင့် စပ်လျဉ်း၍ ကွင်းဆင်းစစ်ဆေး ခဲ့ကြောင်း သိရသည်။

         စစ်ဆေးရာတွင် မြို့နယ်စားသုံးသူရေးရာဦးစီးဌာနမှ ကုန်စုံဆိုင်များဖြစ်သော ကုန်မျိုးစုံလက်ကား အရောင်းဆိုင်ကြီးများတွင်  ရောင်းချနေသော ဟင်းမွေးမဆလာ၊ ခရုအဆီ၊ ဟင်းခတ်အမှုန့်များ၊ လျှာလကာရည်၊ ငံပြာရည်အမျိုးမျိုး၊ အမွေးအကြိုင်အတွက်အသုံးပြုသော ကုန်ပစ္စည်းများတွင် ကုန်အညွှန်းအမှတ်အသား ဖော်ပြပါဝင်ခြင်းရှိ/မရှိ၊ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၏ ခွင့်ပြုချက် ပါဝင်မှုရှိမရှိတို့ကို စစ်ဆေးခဲ့ပြီး၊ မြို့နယ် ဈေးကွက် အတွင်း သတ်မှတ်ချက်များနှင့်အညီ ထုတ်ကုန်များရောင်းချနေကြောင်း တွေ့ရှိရပြီး သက်တမ်းလွန်ကုန်စည်များရှိပါက ရောင်းချခြင်းမရှိစေရန် ဆိုင်ရှင်များအားမှာကြားခဲ့ပြီး ဈေးကွက်အတွင်း သက်တမ်းလွန်ကုန်စည်များရောင်းချနေခြင်းတွေ့ရှိပါက ဥပဒေအရ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်းနှင့် စားသုံးသူကာကွယ်ရေဥပဒေပါ စီးပွားရေးလုပ်ငန်းရှင်တာဝန်များအကြောင်းကို ရှင်းလင်းပြောကြားခဲ့ကြောင်း သိရှိရပါသည်။

DOCA (ဧရာဝတီ)

မအူပင်မြို့နယ်တွင် စားသုံးသူပြည်သူများအား ဆီရောင်းချဖြန့်ဖြူးခြင်း လုပ်ငန်းများကို ကွင်းဆင်းစစ်ဆေးဆောင်ရွက်

       ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်အတွင်း ဆီပေပါထုတ်ယူမှု လုပ်ငန်းအခက်အခဲများ ကြန့်ကြာမှုမရှိစေရန် စားသုံးသူရေးရာဦးစီးဌာန၊ မအူပင်ခရိုင်ဦးစီးမှူးရုံးတွင် ဒုခရိုင်ဦးစီးမှူး ဦးအောင်ဇော်ဦးနှင့် ဝန်ထမ်းများသည် မအူပင်ခရိုင်/ မြို့နယ်အတွက် လုပ်ငန်းအမျိုးအစားအလိုက် ဆီပေပါခွဲတမ်းများ အောက်တိုဘာလ ရရှိနိုင်မှုနှင့် နိုဝင်ဘာလ လျာထားချက်များကို စိစစ်ကြပ်မတ်စစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

          မအူပင်ခရိုင်၊ စားသုံးသူရေးရာဦးစီးဌာနသည် အောက်တိုဘာလအတွက် လုပ်ငန်းဆောင်ရွက်မှုများကို သတ်မှတ်ချက်များနှင့် အညီ ဆက်လက်ဆောင်ရွက်နိုင်ရန်၊ မအူပင်အနေဖြင့် မြို့နယ်အလိုက် ဆီထုတ်ယူရမည့် အရေအတွက်ပေပါ အောက်တိုဘာလအတွက် လူဦးရေ ၁၀၁ဦးတွင် ဆီပိဿာ ၁၂၄၃၀ပိဿာ ၂၀.၂၉ တန်  ပေပါ ၁၁၃ ကို Central Myanmar International Tradingကုမ္ပဏီ ၊  Myanmar Top Notch ကုမ္ပဏီ၊  Resources Group Trading ကုမ္ပဏီတို့မှ (၂)ကြိမ် ထုတ်ယူရရျိပြီး  သတ်မှတ်ရက်အတွင်း ဆီရောက်ရှိမှုအပေါ်  ငွေပေးချေ၍ စနစ်တကျထုတ်ယူခဲ့ပြီး ဖြန့်ဖြူးခွဲဝေမှုများကို အမှန်တကယ်နေရာများသို့ ထုတ်ပေးမှုများအား ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခဲ့ပြီး  နိုဝင်ဘာလ ခွဲတမ်းရရျိမှုအပေါ် စာရင်းများစိစစ်ပြုစု၍ တင်ပြဆောင်ရွက်လျက်ရှိကြောင်း သိရှိရပါသည်။

DOCA (ဧရာဝတီ)

ညောင်တုန်းမြို့နယ် အောက်တိုဘာလ လုပ်ငန်းသုံးဆီများ ထုတ်ယူပြီးစီးမှူနှင့် နိုဝင်ဘာလအတွက် ဆီခွဲတမ်းမတျား အမှန်တကယ်ရရှိနိုင်ရေး စီစစ်တင်ပြဆောင်ရွက်လျက်ရှိ

         ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ်အနေဖြင့် အောက်တိုဘာလ လုပ်ငန်းအမျိုးအစားအလိုက် စားအုန်းဆီရရှိမှုများကို ကွင်းဆင်းကြပ်မတ်ဆောင်ရွက်လျက်ရှိပြီး  ညောင်တုန်းမြို့နယ်အနေဖြင့်  ဆီကိုယ်စားလှယ်၏ ရန်ကုန်တိုင်းဒေသကြီးရှိ စားအုန်းဆီကုမ္ပဏီမှ ၃ခုမှ တဆင့် ပုသိမ်မြို့မှ စနစ်တကျခွဲဝေပြီး အောက်တိုဘာလ၏  ၃ကြိမ် ခွဲတမ်းရရှိပြီး လုပ်ငန်းရှင် ၁၄၅ဦးရှိပြီး ၁၇၈၂၀ ပိဿာ စုစုပေါင်း ခွဲတမ်းရစားသုံးဆီ(၁၆၂)ပေပါ တန်အားဖြင့် (၂၉.၀၉)တန် ရောက်ရှိမှုအား သတ်မှတ်ရက်အတွင်း ရောက်ရှိမှုအပေါ် စနစ်တကျထုတ်ယူပြီး ဖြန့်ဖြူးရောင်းချရန် အမှန်တကယ်နေရာများ ရောင်းရှိမှုရှိစေရေးကို  စိစစ်ကြပ်မတ် စစ်ဆေးခဲ့ပြီး လုပ်ငန်းရှင်များထံ ရောက်ရှိရေး ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

          ၂၀၂၅ခုနှစ် နိုဝင်ဘာလအတွက် ရရှိရန် လုပ်ငန်းသုံးဆီအမျိုးအစားအလိုက် တင်ပြဆောင်ရွက်ရမည့် စာရင်းများကို ကိုယ်စားလှယ်များ၊ လိုအပ်ချက်လုပ်ငန်းများအတွက် တင်ပြလျောက်ထားသူများရှိ/မရှိနှင့် သတ်မှတ်နေရာများ အမှန်တကယ်ရရှိနိုင်ရေး မြို့နယ်ဦးစီးမှူးရုံးအနေဖြင့် ကြပ်မတ်ဆောင်ရွက်ပြီး ခရိုင်ဦးစီးမှူးရုံးသို့ တင်ပြတောင်းခံဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။

DOCA (ဧရာဝတီ)

ပန်းတနော် မြို့နယ် ဆေးဆိုင်များအား ဈေးကွက်စောင့်ကြည့် ကွင်းဆင်းစစ်ဆေးခြင်း

       စားသုံးသူရေးရာဦးစီးဌာန၊ မအူပင်ခရိုင်၊ ပန်းတနော်မြို့နယ်ဦးစီးမှူးရုံးမှ ဝန်ထမ်းများသည် (၇.၁၁.၂၀၂၅) ရက်နေ့၊ နံနက် (၁၀:၃၀) နာရီအချိန်တွင် ပန်းတနော်မြို့ပေါ်ရှိ ဆေးနှင့်ဆေးပစ္စည်း အရောင်းဆိုင်(၆)ဆိုင်အား   မြို့နယ်ကျန်းမာရေးဦးစီးဌာန၊ မြို့နယ်တိုင်းရင်းဆေးပညာဦးစီးဌာနတို့နှင့်အတူ ကွင်းဆင်းစစ်ဆေးခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

       ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် စားသုံးသူရေးရာဦးစီးဌာနသည် စားသုံးသူမိဘပြည်သူများ ဘေးအန္တရာယ်ကင်းရှင်းစေရန်အတွက်‌ ဈေးကွက်အတွင်း ရောင်းချနေသော ကုန်စည်များပေါ်တွင် ကုန်စည်အမျိုးအစားအလိုက် ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံမှန်ကန်စွာဖော်ပြခြင်းရှိ/ မရှိတို့ကို မြို့နယ်တာဝန်ခံ ဦးအောင်ကျော်သက်မှ လစဉ် စစ်ဆေးခြင်းများပြုလုပ်ခဲ့ပြီး၊  အိမ်သုံးဆေးဝါများ ဈေးကွက်အတွင်း ပြတ်လပ်မှုရှိ/ မရှိ၊ အရည်အသွေးနှင့် စံချိန်စံညွှန်းစစ်ဆေးမှု ခံယူထားခြင်းမရှိသည့် အာမခံချက်မရှိသော တရားမဝင်ဆေးဝါးများကို ရောင်းချခြင်းမပြုရန်၊ ကုန်စည်နှင့်စပ်လျဉ်း၍ အာမခံချက်ပေးရာတွင် စားသုံးသူများ စိတ်ကျေနပ်မှုရှိစေရေးနှင့် သတ်မှတ်အရည် အသွေးပြည့်မီသော ကုန်စည်များကိုသာရောင်းချရန်၊ စီးပွားရေးလုပ်ငန်းရှင်၏ တာဝန်များကိုလည်း အသိပညာပေးဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

DOCA (ဧရာဝတီ)

မအူပင်မြို့နယ် ဆေးဆိုင်အမျိုးမျိုးအား ဈေးကွက်စောင့်ကြည့်စစ်ဆေး

          ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင် အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာနသည် ခရိုင်စားသုံးသူရေးရာဦးစီးဌာန၊ ခရိုင်ကျန်းမာရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့တို့နှင့်အတူ မအူပင်မြို့နယ်၊ မြို့ပေါ်ရှိ ဆေးဆိုင်(၁၄)ဆိုင်အား ဆေးဝါးရောင်းချခွင့်လိုင်စင်မရှိဘဲ ရောင်းချနေခြင်းရှိ/ မရှိစစ်ဆေးခြင်းနှင့် သတ်မှတ်ချက်များနှင့် အညီရောင်းချခြင်းရှိ/မရှိကို (၇.၁၁.၂၀၂၀)ရက်နေ့ ‌နံနက်ပိုင်း တွင် ကွင်းဆင်းစစ်ဆေးခြင်း များဆောင်ရွက်ခဲ့ကြောင်း သိရသည်။

           စစ်ဆေးဆောင်ရွက်ရာတွင် မအူပင်ခရိုင် စားသုံးသူရေးရာဦးစီးဌာနမှ ဦးအောင်ဇော်ဦးနှင့် ဝန်ထမ်းများက လိုက်ပါဆောင်ရွက်ခဲ့ပြီး  စားသုံးသူရေးရာဦးစီးဌာန၏ ညွှန်ကြားချက် အမှတ် (၂/၂၀၁၉) ထုတ်ပြန်ချက်နှင့် ကိုက်ညီမှုရှိ/မရှိ၊ ဆေးထုတ်လုပ်ရောင်းချမှုကို စစ်ဆေးခြင်း၊ မြို့နယ်အတွင်း ဈေးဝါးရောင်းချနေမှုနှင့် ဆေးများပြတ်လပ်မှုရှိ/ မရှိကိုစစ်ဆေးခြင်း၊ စားသုံးသူကာကွယ်ရေးဥပဒေပါအ တားမြစ်ချက် ပုဒ်မ ၆၇  စီးပွားရေးလုပ်ငန်းရှင်သည် ထုတ်လုပ်ခြင်း၊ ကုန်သွယ်ခြင်း (သို့မဟုတ်) ရောင်းချခြင်းမပြုရန် (က) ပုဒ်မ (၄၁)အရ ကုန်အညွှန်း အမှတ်အသား ဖော်ပြထားသည့် အချက်အလက်များနှင့် ကိုက်ညီမှုမရှိသော ကုန်စည်များကို ရောင်းချမှုမပြုရန် အသိပေးပြောကြားခဲ့ပြီး၊  အများပြည်သူများအား လုံခြုံစိတ်ချရသော ဆေးဝါးများရရှိနိုင်ရန် သက်တမ်းလွန်ဆေးဝါးများ၊ မြန်မာနိုင်ငံဆေးဝါးမှတ်ပုံတင်မရှိ သောဆေးဝါးများ မရောင်းချစေရန်နှင့် ကောင်းမွန်သောဆေးဝါးထားသိုမှုနှင့်ကောင်းမွန်သော ဆေးဝါးရောင်းချမှုကျင့်စဉ် (GPP)နှင့်အညီ ရောင်းချစေရန် ကြီးကြပ်စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA (ဧရာဝတီ)

ညောင်တုန်းမြို့နယ် တူးချောင်း မူလတန်းကျောင်းတွင် စားသုံးသူကာကွယ်ရေး အသိပညာပေး ဟောပြောခြင်း

         စားသုံးသူရေးရာဦးစီးဌာန၊ ညောင်တုန်းမြို့နယ်ဦးစီးမှူးရုံးမှ ဒေါ်ချိုမီဇင် ဒုဦးစီးမှူးနှင့်  ဝန်ထမ်းများသည် ညောင်တုန်းမြို့၊ တူးချောင်း မူလတန်းကျောင်း၌ စားသုံးသူ ကာကွယ်ရေး အသိပညာပေးဟောပြောပွဲကို (၇-၁၁၂၀၂၅) ရက်နေ့၊ နံနက် (၀၉:၃၀) နာရီအချိန်တွင်  ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။ 

      အဆိုပါဟောပြောပွဲတွင်  စားသုံးသူရေးရာဦးစီးဌာနမှ ဒေါ်ချိုမီဇင်မှ စားသုံးသူကာကွယ်ရေး ဆိုင်ရာလုပ်ငန်းနှင့် ပတ်သက်၍  အသိပညာပေးခြင်း စားသုံးသူကာကွယ်ရေးနှင့် ပတ်သက်၍ စားသုံးသူကာကွယ်ရေးဥပဒေပြဋ္ဌာန်းချက်ပါ စားသုံးသူ၏ အဓိပ္ပာယ် ဖွင့်ဆိုချက်များ၊ စားသုံးသူအခွင့်အရေးနှင့်တာဝန်များ၊ စီးပွားရေးလုပ်ငန်းရှင်၏ တာဝန်နှင့်ဝတ္တရားများ၊ ကုန်စည်တစ်ခုကို ဝယ်ယူမည်ဆိုပါက စစ်ဆေးကြည့်ရှုရမည့် သိသင့်သိထိုက်သည့်အချက်များ၊ ဘေးဥပါဒ်အန္တရာယ်ဖြစ်စေနိုင်သည့် အစားအစာများနှင့် စားသုံးရန် သင့်/မသင့် သိရှိသင့်သည့် ကုန်အညွှန်းအမှတ်အသားပါအချက်များအား ရှင်းလင်းပြောကြားခဲ့ကြောင်း သိရသည်။

          အဆိုပါ ဟောပြောပွဲသို့ တက်ရောက်သည့် ဆရာမ (၃)ဦးနှင့်ကျောင်းသား၊ ကျောင်းသူ (၄၀)ဦး စုစုပေါင်း (၄၃) ဦးအား လက်ကမ်းစာစောင်များ ဖြန့်ဝေပေးအပ်ကာ ဟောပြောပွဲအား ကျင်းပပြုလုပ်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)

မအူပင်မြို့နယ် အ.ထ.က ၃ ကျောင်းမုန့်ဆေးတန်း ကွင်းဆင်းစစ်ဆေးခြင်း

         စားသုံးသူရေးရာဦးစီးဌာန၊ မအူပင်ခရိုင်မှ ဒေါ်တင်တင်အေး ဒုဦးစီးမှူးနှင့် ဝန်ထမ်းများသည် မအူပင်မြို့၊ အခြေခံပညာအထက်တန်းကျောင်း (အ.ထ.က-၃) ကျောင်း ကမ်းနားလမ်းရှိ ကျောင်းမုန့်ဈေးတန်း အရောင်းဆိုင်များသို့ သွားရောက်၍ ၇-၁၁-၂၀၂၅နေ့  နံနက်(၀၈း၀၀)နာရီအချိန်တွင် ကျောင်းမုန့်ဈေးတန်းတွင် ရောင်းချနေသော စားသောက်ကုန်များတွင်၊ မုန့်များတွင်  မြန်မာဘာသာဖြင့် ကုန်အညွှန်းအမှတ်အသား ပြည့်စုံမှန်ကန်စွာဖော်ပြပါရှိမှုရှိ/ မရှိတို့ကို ကွင်းဆင်းစစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

      ထိုသို့စစ်ဆေးရာတွင် ကျောင်းမုန့်ဈေးဆိုင် ၇ဆိုင်အား  ကွင်းဆင်းစစ်ရေးရာတွင် ကျောင်းမုန့်ဈေးရောင်းချသူများအနေဖြင့် ကျောင်းသား/ကျောင်းသူများ ဘေးအန္တရာယ်ကင်းရှင်းရေး၊ ကျန်းမာရေး၊ စိတ်ကျေနပ်မှုရှိစေရေး  မိမိတို့ရောင်းချနေသော ကုန်စည်များပေါ်တွင် ကုန်စည်အမျိုးအစားအလိုက် ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံမှန်ကန်စွာဖော်ပြပါရှိသည့် ကုန်စည်များကို သာရောင်းချရန်၊ သက်ဆိုင်ရာဌာနမှ ထုတ်လုပ်ခွင့်ပြုချက်ပါရှိသော ကုန်စည်နှင့် သန့်ရှင်းလတ်ဆက်သည့် ကုန်စည်များကိုသာ ရောင်းချရန်၊ ရောင်းချသူ လုပ်ငန်းရှင်များ ကျန်းမာရေးထောက်ခံချက်များ စစ်ဆေးဆောင်ရွက်ပြီး၊ မုန့်ဆိုင်ပတ်ဝန်ကျင်သန့်ရှင်းရေးနှင့် ကျန်းမာရေးနှင့် ညီညွှတ်သော စားသောက်ကုန်များကိုရောင်းချရန်တို့ကို အသိပညာပေး၍ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)

ညောင်တုန်းမြို့နယ်၏ သိုလှောင်ရုံမှတ်ပုံတင် လုပ်ငန်းများ၏ အောက်တိုဘာလ စပါး/ဆန် လက်ကျန်အခြေအနေများအား ကွင်းဆင်းစစ်‌ဆေးခြင်း

          မအူပင်ခရိုင်၊‌ ညောင်တုန်းမြို့နယ်တွင် သိုလှောင်ရုံ မှတ်ပုံတင်ပြီး လုပ်ငန်း ၇၅ ခုရှိပြီး သက်တမ်းတိုးလုပ်ငန်းများကို တစ်နှစ်ပြည်မီသူလုပ်ငန်းရှင်များ သက်တမ်းတိုးဆောင်ရွက်လျက်ရှိသည်။ ၁၀-၁၁-၂၀၂၅ ရက်နေ့ မအူပင်ခရိုင်ဦးစီးမှူးရုံးသို့ ညောင်တုန်းမြို့နယ်မှ ကွင်းဆင်း၍ စပါးဆန် လက်ကျန်စားရင်းများကို အဖွဲ့စုံဖြင့် မြေပြင်ကွင်းဆင်းစစ်ဆေးပြီး တင်ပြလာသောစာရင်းများ အရသိရသည်။

          ညောင်တုန်းမြို့နယ် အနေဖြင့် ဆန်တန်ချိန် (၂၅) (၅၀၀ အိတ်) နှင့်စပါးတင်း (၂၅၀၀) အထက်သိုလှောင်မှုပမာဏကို မှတ်ပုံတင်မည့်ရမည်ဖြစ်သဖြင့် Myanmar Rice Online (MyRO) Website တွင် ဆန်စပါးသိုလှောင်ရုံများ စတင်မှတ်ပုံတင်လျက်ရှိ သက်တမ်းပြည်မီသူ လုပ်ငန်းရှင်များကလည်း သက်တမ်းတိုးလုပ်ငန်းများ ဆောင်ရွက်ပြီးစီးပြီးဖြစ်သလို လစဉ် လဆန်း ၇ရက်အတွင်း သိုလှောင်ရုံများမှ စပါး၊ ဆန် လက်ကျန်စာရင်များကိုလည်း လုပ်ငန်းများကိုယ်တိုင် My Ro စာရင်းရေးသွင်းဆောင်ရွက်နိုင်ရန် မြို့နယ်ဦးစီးမှူးရုံးမှ ကြပ်မတ်ဆောင်ရွက်လျက်ရှိပြီး အောက်တိုဘာလများထဲတွင် မြေပြင်အမှန်တကယ်သိုလှောင်မှု အခြေအနေများကို အဖွဲ့စုံဖြင့် ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခဲ့ပြီး စာရင်းများအရ အောက်တိုဘာလ ၃၁ရက် နောက်ဆုံးစာရင်းအရ စပါးအနေဖြင့် တောင်သူ ၅၁၈၅၀၈ တင်း၊ ဆန် ၆၄၂၀အိတ်၊ ကုန်သည် စပါး ၁၀၅၁၅၀တင်း၊ ဆန် ၆၀၀၀အိတ်၊ ဆန် စက်ပိုင်ရှင်  ၁၁၅၀၄၀၀ တင်း၊ ဆန် ၆၉၄၇၄၀အိတ်၊ ဆန်ဆိုင် ဆန်အိတ် ၁-၆၂၀အိတ်၊ စုစုပေါင်း စပါး ၁၇၇၄၀၅၈တင်းနှင့် ဆန်ရှိကြောင်း သိရပြီး အောက်တိုဘာလကုန် နောက်ဆုံးစာရင်း မြေပြင်ကွင်းဆင်းမှုအရ သိရှိရပါသည်။

DOCA(ဧရာဝတီ)

“အပြောင်”ကျေးရွာရှိ ပြည်သူများသက်သာသောဈေးနှုန်းဖြင့် စာသုံးဆီဖြန့်ဖြူး ရောင်းချနိုင်ရေးအတွက် ကျေးရွာဆီကော်မတီအဖွဲ့ဝင်များအား ဆွေးနွေးပြောကြား

            ဖျာပုံခရိုင်ဦးစီးမှူးရုံး၊ စားသုံးသူရေးရာဦးစီးဌာနတွင် ၂၀၂၅ခုနှစ်၊ နိုဝင်ဘာလ (၈) ရက်နေ့၊ နေ့လယ် (၁၄:၀၀)နာရီအချိန်တွင် ခရိုင်ဦးစီးမှူးက “အပြောင်”ကျေးရွာရှိ စားအုန်းဆီ ကော်မတီ အဖွဲ့ဝင်များအား တွေ့ဆုံဆွေးနွေးမှာကြားခဲ့ကြောင်း သိရသည်။

          အဆိုပါတွေ့ဆုံပြောကြားရာတွင် “အပြောင်” ကျေးရွာရှိ ပြည်သူများ သက်သာသော ဈေးနှုန်းဖြင့် စာအုန်းဆီ ဖြန့်ဖြူးရောင်းချနိုင်ရေးအတွက်   ကျေးရွာအတွင်း ရှိအိမ်ထောင်စုဝင်အားလုံး စားသုံးဆီရရှိစေ‌ရေး၊  သတ်မှတ်ညွှန်ကြားပေးသော ဈေးနှုန်းအတိုင်း ရောင်းချစေရေး၊ အလေးချိန် အချိန်အတွယ် မှန်ကန်မှုရှိစေရေးနှင့် ပြည်သူများထံသို့ရောင်းချနေမှုတို့အား ဓာတ်ပုံမှတ်တမ်းများ ပေးပို့ရန်ပြောကြားခဲ့ပြီး “အပြောင်”ကျေးရွာရှိ  စားသုံးဆီ ကော်မတီအဖွဲ့ဝင်များအား လိုအပ်သည်များကိုမှာကြားခဲ့ကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)

Pages

Subscribe to RSS - HighLight News