HighLight News

Powered by Drupal

အိမ်သုံးလျှပ်စစ်ပစ္စည်းအမျိုးမျိုးအား ကွင်းဆင်းစစ်ဆေးခြင်း

(၃.၇.၂၀၂၅)ရက်နေ့ နေ့လယ်(၀၂:၃၀) နာရီအချိန်တွင် စားသုံးသူရေးရာဉီးစီးဌာန၊ မြောက်ပိုင်းခရိုင် ဦးစီးမှူးရုံးမှ ဒေါ်နီလာဝင်း၊ ဦးစီးမှူးပါ (၃)ဦးတို့သည် လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ်ရှိ City Mart တွင် အိမ်သုံးလျှပ်စစ်ပစ္စည်းများနှင့်ပတ်သက်ပြီး ကွင်းဆင်းစစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ပါသည်။ ထိုသို့ဆောင်ရွက်ခဲ့ရာတွင် အမှတ်(၂/က)၊ (၈)ရပ်ကွက်၊ ကျန်စစ်မင်းအိမ်ရာ၊ လှိုင်သာယာ (အရှေ့ပိုင်း)မြို့နယ်ရှိ City Mart ကျန်စစ်မင်းမှ မန်နေဂျာ ဒေါ်မျိုးမျိုးမြင့်အောင်က မိမိရောင်းချနေ သော အမှတ်တံဆိပ်များမှာ JAJUAR, SAMSONIC, SHARP, MIDEA, ALPHA နှင့် FUSU တို့တွင် စားသုံးသူကာကွယ်ရေးဥပဒေပါ အခန်း(၁၈)မှ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့်ပတ်သက်၍ မြန်မာလိုများရေးသားဖော်ပြထားသည်ကို စိစစ်တွေ့ရှိရပြီး မိမိတို့ဌာနမှလည်း စီးပွားရေးလုပ်ငန်းရှင် လိုက်နာရမည့်အချက်များကို အသိပေးဆွေးနွေးပြောကြားခဲ့ကြောင်း သိရှိရပါသည်။ DOCA (ရန်ကုန်)

တိုက်ကြီးမြို့နယ်၊ ငွေဥဒေါင်းခန်းမ၌ မော်တော်ဆိုင်ကယ်ပြုပြင်ထိန်းသိမ်းရေး နည်းပညာသင်တန်းဖွင့်ပွဲအခမ်းအနား ကျင်းပခြင်း

(၂.၇.၂၀၂၅)ရက်နေ့ နေ့လယ်(၀၁:၀၀) နာရီအချိန်တွင် တိုက်ကြီးမြို့နယ်၊ အဖျောက်မြို့၊ (၃) ရပ်ကွက်၊ ငွေဥဒေါင်းခန်းမ၌ သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ရန်ကုန်တိုင်းဒေသကြီး အသေးစား၊ အလတ်စား စက်မှုလုပ်ငန်းဦးစီးဌာန၊ ဦးသက်နိုင်ဉီး၊ ညွှန်ကြားရေးမှူး ဦးဆောင်၍ မော်တော်ဆိုင်ကယ်ပြုပြင်ထိန်းသိမ်းရေး နည်းပညာသင်တန်းဖွင့်ပွဲအခမ်းအနားအား ကျင်းပဆောင် ရွက်ခဲ့ပါသည်။ အခမ်းအနားသို့ ခရိုင်ကျေးလတ်ဦးစီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ မီးသတ်ဦးစီးဌာနနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများတက်ရောက်ခဲ့ပြီး သင်တန်းကို (၂.၇.၂၀၂၅)ရက်နေ့မှစ၍ သင်တန်းကာလ(၄၅)ရက်ကြာ ဖွင့်လှစ်မည်ဖြစ်၍ အသေးစားကုန်ထုတ်လုပ်ငန်းများ ဖန်တီးပေးနိုင်ရေးနှင့် ကျေးလက်နေမိသားစုဝင်ငွေတိုးရေး၊ မော်တော်ဆိုင်ကယ်ပြုပြင်ထိန်းသိမ်းရေးနည်းပညာ သင်တန်းကို ဖွင့်လှစ်ရခြင်းဖြစ်ကြောင်း သိရှိရပါသည်။ DOCA (ရန်ကုန်)

တိုက်ကြီးမြို့နယ်အတွင်း မိုးစပါးစိုက်ပျိုးမှု ကွင်းဆင်းစစ်ဆေးခြင်း

(၃.၇.၂၀၂၅)ရက်နေ့ နံနက်(၀၈:၀၀) နာရီအချိန်တွင် တိုက်ကြီးခရိုင်၊ တိုက်ကြီးမြို့နယ်၌ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ခရိုင်အုပ်ချုပ်ရေးမှူး ဦးသူအောင်ဦးဆောင်၍ စားသုံးသူရေးရာဦးစီးဌာန၊ ဆည်မြောင်းဦးစီးဌာန၊ ငါးလုပ်ငန်းဦးစီးဌာန၊ စိုက်ပျိုးရေးဦးစီးဌာနနှင့် စက်မှုလယ်ယာဦးစီး ဌာနတို့ပါဝင်သော အဖွဲ့ဖြင့် မိုးစပါးစိုက်ပျိုးမှုအား ကွင်းဆင်းစစ်ဆေးခဲ့ပါသည်။ ထိုသို့စစ်ဆေးခဲ့ရာတွင် တိုက်ကြီးမြို့နယ်ရှိ ရင်းတိုက်ကွင်းကျေးရွာ၊ ကျိုက်စကိုင်းကျေးရွာသို့ ရောက်ရှိခဲ့ရာ တောင်သူများအား စိုက်ပျိုးသီးနှံများ၏ အထွက်နှုန်းများ တိုးတက်တည်ငြိမ်မှုရရှိစေရန် အတန်းလိုက်၊ အကန့်လိုက်စိုက်ပျိုးစနစ်များ လေ့ကျင့်စိုက်ပျိုးကြရန် ခရိုင်အုပ်ချုပ်ရေးမှူး ဦးသူအောင်မှ လမ်းညွှန်မှာကြားခဲ့ကြောင်း သိရှိရပါသည်။ DOCA (ရန်ကုန်)

ဆောက်လုပ်ရေးဝန်ဆောင်မှု အွန်လိုင်းလုပ်ငန်းအား မြေပြင်ကွင်းဆင်းစစ်ဆေး

(၃.၇.၂၀၂၅)ရက်နေ့ နေ့လယ်(၀၂:၄၅) နာရီအချိန်တွင် စားသုံးသူရေးရာဉီးစီးဌာန၊ မြောက်ပိုင်းခရိုင်ဉီးစီးမှူးရုံးမှ ဒေါ်နီလာဝင်း၊ ဉီးစီးမှူးပါ(၃)ဉီးတို့သည် အမှတ်(၂၈၇)၊ ဗိုလ်ချုပ်လမ်း၊ လှိုင်သာယာမြို့နယ်ရှိ မဟာနွယ်ပြတင်းတံခါးအမျိုးမျိုးထုတ်လုပ်ဖြန့်ချိရေး အွန်လိုင်းအား မြေပြင်ကွင်းဆင်း စစ်ဆေးခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ပါသည်။ ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် ဒေါ်နီလာဝင်း၊ ဉီးစီးမှူးမှ ဆောက်လုပ်ရေးဝန်‌ဆောင်မှု လုပ်ငန်းရှင်နှင့်တွေ့ဆုံကာ အွန်လိုင်းစနစ်နဲ့ရောင်းချခြင်းလုပ်ငန်းသည် အရေးကြီးကုန်စည်နှင့် ဝန် ဆောင်မှုဥပဒေဖြစ်ကြောင်းနှင့် စီးပွားရေးလုပ်ငန်းရှင်၏တာဝန်များအကြောင်း ဆွေးနွေးပြီး အွန်လိုင်း စနစ်နဲ့ရောင်းချခြင်းလုပ်ငန်းကို Online မှတ်ပုံတင်လျှောက်ထားစဉ်က အချက်အလက်များကို မြေပြင်စစ်ဆေးချက်(၁၈)ချက်နှင့်ကိုက်ညီမှုရှိ/မရှိ DOCA Application တွင်ထည့်၍ မြေပြင် ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။ DOCA (ရန်ကုန်)

ဖိုးသင်္ကြန်အစိုးရရာထူးဝင်ခွင့်သင်တန်း အွန်လိုင်းမြေပြင် ကွင်းဆင်းစစ်ဆေးခြင်း

စားသုံးသူရေးရာဉီးစီးဌာန၊ မြောက်ပိုင်းခရိုင်ဉီးစီးမှူးရုံး ကွပ်ကဲမှုအောက်ရှိ မှော်ဘီ မြို့နယ်ခွဲမှ ဒေါ်ဖြူဖြူမြင့်၊ ဒုကြီးကြပ်ရေးမှူးသည် (၄.၇.၂၀၂၅)ရက်နေ့ နံနက်(၀၉:၀၀) နာရီအချိန်တွင် အမှတ်(၄၀၅)၊ ရဲဘော်ဈေး(၉)လမ်း၊ ရဲဘော်ဈေးစံပြရပ်ကွက်၊ မှော်ဘီမြို့နယ်ရှိ ဖိုးသင်္ကြန်အစိုးရ ရာထူးဝင်သင်တန်းအွန်လိုင်အား မြေပြင်ကွင်းဆင်းစစ်ဆေးခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ပါသည်။ ထိုသို့မြေပြင်ကွင်းဆင်းစစ်ဆေးရာတွင် ပညာရေးနှင့်သင်ကြားရေးဝန်ဆောင်မှုလုပ်ငန်းများ ပိုင်ရှင်ဦးအောင်သင်္ကြန်မိုးနှင့်တွေ့ဆုံကာ ဆွေးနွေးရာ၌ e-Commerce Registration စနစ်မှ တစ်ဆင့်လျှောက်ထားသော အွန်လိုင်းစနစ်နဲ့ရောင်းချခြင်းလုပ်ငန်းများ၏ လျှောက်လွှာများနှင့် သက်တမ်းတိုးလျှောက်လွှာများကို သက်ဆိုင်ရာတာဝန်ရှိသူများက ဖော်ပြပါအချက်အလက်များ မှန်ကန်မှုရှိမှသာ Online Sale လုပ်ငန်းမှတ်ပုံတင်လက်မှတ်များထုတ်ပေးသွားမှာဖြစ်သည့်အတွက် မှန်ကန်စွာဖြေကြားပေးရန်နှင့် စားသုံးသူကာကွယ်ရေး၊ ဥပဒေပါ စီးပွားရေးလုပ်ငန်းရှင်များ လိုက်နာရမည့်တာဝန်များအကြောင်း အသိပညာပေးပြောကြားခဲ့ကြောင်း သိရှိရပါသည်။ DOCA(ရန်ကုန်)

ဆန်ဈေးနှုန်းကြီးမြှင့်စွာရောင်းချမှုမရှိစေရေး ကွင်းဆင်းကြပ်မတ် အသိပညာပေးမှုများ ဆောင်ရွက်ခြင်း

စားသုံးသူရေးရာဦးစီးဌာန ၊ ရန်ကုန်အရှေ့ပိုင်း ခရိုင်ဦးစီးမှူးရုံးမှ ဒေါ်လဲ့လဲ့ဌေး (ဒု-ဦးစီးမှူး) ၊ ဦးသိန်းထွန်း(ဌာနခွဲစာရေး)နှင့်ဝန်ထမ်းများသည် ဗိုလ်တထောင်မြို့နယ် (ဂမုန်းပွင့်) ရှိ (၂.၇.၂၀၂၅) ရက်နေ့ ၊ နံနက်(၁၀:၀၀)နာရီအချိန်တွင် အမှတ် (၄၆၀)၊ ကုန်သည်လမ်းနှင့် ဘိုကလေးလမ်းထောင့်၊ ဗိုလ်တထောင် မြို့နယ် (ဂမုန်းပွင့်) အားသွားရောက်၍ ဆန်ရောင်းချမှု ကွင်းဆင်းအသိပညာပေးမှုများ ဆောင်ရွက်ခဲ့ကြကြောင်း သိရှိရပါသည်။ ထိုသို့ ကွင်းဆင်းအသိပညာပေးရာတွင် (ဂမုန်းပွင့်) ဆန်ဆိုင်ရှိ ရောင်းချနေသော ဆန်များသည် Nursery (ပေါ်ဆန်း)(၁kg)(၂kg)(၅kg)(၁၂kg) ၊ Ayeyar (ပေါ်ဆန်း) (၅kg) စသည့်ဆန်များကို သတ်မှတ်ရည်ညွှန်းဈေးအတိုင်း ရောင်းချလျက်ရှိကြောင်းနှင့် ဆန်ဈေးနှုန်း ကြီး မြှင့်မှု မဖြစ်ပေါ်စေရေးအတွက် ဈေးကစားရန်အလို့ငှာ ဆန်များသိုလှောင်ထားခြင်းမပြုရန်နှင့် လိုက်နာမှုမရှိပါက ဥပဒေအရ အရေးယူခံရမှာဖြစ်ကြောင်း အသိပညာပေးပြောကြားခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။ DOCA(ရန်ကုန်)

ဆန်ဈေးနှုန်းကြီးမြှင့်စွာရောင်းချမှုမရှိစေရေး ကွင်းဆင်းကြပ်မတ်အသိပညာပေးမှုများ ဆောင်ရွက်ခြင်း

စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန်အရှေ့ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ဒေါ်သိင်္ဂီဇံ (အကြီးတန်းစာ ရေး)နှင့်ဝန်ထမ်းများသည် (၃.၇.၂၀၂၅) ရက်နေ့ ၊ နေ့လယ်(၁၂:၀၀) နာရီအချိန်တွင် ပုဇွန်တောင် မြို့နယ်၊ အမှတ်-၂၇-ကုန်ဈေးတန်းလမ်း (၆)ရပ်ကွက်အတွင်းရှိ ဆန်လက်လီရောင်းချနေသော ထွန်းတောက် (ဆန်ရောင်းဝယ်ရေးဆိုင်) အား သွားရောက်၍ ဆန်ရောင်းချမှု ကွင်းဆင်းစစ်ဆေးမှု များဆောင်ရွက်ခဲ့ကြကြောင်း သိရှိရပါသည်။ ထိုသို့ ကွင်းဆင်းအသိပညာပေးရာတွင် ဆန်ဆိုင်ရှိ ရောင်းချနေသော ဆန်များသည် (ရွှေဘို ပေါ်ဆန်း)၊ ပေါ်ဆန်း(လတ်) ၊ပေါ်ဆန်း(ရိုးရိုး) ၊ ဧရာမင်း(သီးထပ်) ၊(ရက် ၉၀) ၊ ဧည့်မထ(ရိုးရိုး) စသည့် ဆန်များ၏(၁ပြည်) ဈေးနှုန်းများကို စစ်ဆေးရာ သတ်မှတ်ရည်ညွှန်းဈေးအတိုင်း ရောင်းချလျက်ရှိကြောင်း တွေ့ရှိရပြီး ၊ ဆန်ဈေးနှုန်းကြီးမြှင့်မှုမဖြစ်ပေါ်စေရေးအတွက် ဈေးကစားရန်အလို့ငှာ ဆန်များ သိုလှောင်ထားခြင်းမပြုရန်၊ သတ်မှတ်ထားသောဈေးနှုန်းများအတိုင်း ရောင်းချသွားရန်၊ လိုက်နာမှုမရှိပါက ဥပဒေအရ အရေးယူခံရမှာဖြစ်ကြောင်း အသိပညာပေးပြောကြားခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။ DOCA(ရန်ကုန်)

“သုံးခွမြို့နယ်တွင် အိမ်သုံးလျှပ်စစ်ပစ္စည်းအမျိုးမျိုးရောင်းချသောဆိုင်များသို့ဈေးကွက် စောင့်ကြည့်စစ်ဆေးခြင်း”

ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ သုံးခွမြို့နယ် စည်ပင်သာယာမြို့မဈေးအတွင်း/ အပြင်ရှိ အိမ်သုံးလျှပ်စစ်ပစ္စည်းအမျိုးမျိုး ရောင်းချသောဆိုင်များသို့ စားသုံးသူများ အသုံးပြုလျက် ရှိသည့် ကုန်စည်နှင့် ဝန်ဆောင်မှုများ ဘေးအန္တရာယ်ကင်းရှင်းစေရေးအတွက် ကုန်စည်ပေါ်တွင် ကုန်အညွှန်းအမှတ်အသားများ ဖော်ပြထားခြင်းရှိ/မရှိ ဈေးကွက်စောင့်ကြည့် စစ်ဆေးခြင်းအား ဇူလိုင်လ(၃)ရက်နေ့၊ နံနက်(၁၀:၀၀)နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာနနှင့် မြို့နယ်စည် ပင်သာယာရေးအဖွဲ့တို့ ပူးပေါင်း၍ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။ ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် စည်ပင်သာယာမြို့မဈေး အတွင်း/အပြင်ရှိ အိမ်သုံးလျှပ်စစ်ပစ္စည်း အမျိုးမျိုးရောင်းချသော ဆိုင်များတွင် ကုန်စည်များ၌ ကုန်အညွှန်းအမှတ် အသားများအား မြန်မာဘာသာဖြင့်သော်လည်းကောင်း၊ မြန်မာဘာသာနှင့် အခြားဘာသာတစ်ခု (သို့မဟုတ်) တစ်ခုထက်ပို၍ တွဲလျက်ဖြစ်စေ မဖြစ်မနေဖော်ပြရမည့်အချက်များ ပါဝင်မှုရှိ/မရှိ ဈေးကွက်စောင့်ကြည့် စစ်ဆေးခြင်း၊ ကုန်အညွှန်းအမှတ်အသား ပြည့်စုံမှုမရှိသည့် အိမ်သုံး လျှပ်စစ်ပစ္စည်းအမျိုးမျိုးတို့အား ရောင်းချခြင်းမပြုလုပ်ကြရန်၊ ထိုသို့ ပြုလုပ်ပါက စားသုံးသူကာကွယ်ရေးဥပဒေနှင့် အညီ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း အသိပညာပေးကွင်းဆင်း စစ်ဆေးဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။ DOCA(ရန်ကုန်)

“ ခရမ်းမြို့နယ်၌အစားအသောက်ရောင်းချသောထမင်းဆိုင်ပိုင်ရှင်များအားစားသုံးသူကာကွယ် ရေးအသိပညာပေးဟောပြောခြင်း ”

ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ ခရမ်းမြို့နယ် စည်ပင်သာယာရေးအဖွဲ့ရုံးတွင် ဇူလိုင်လ(၃)ရက်နေ့၊ နံနက်(၀၉:၃၀)နာရီအချိန်တွင် အစားအသောက်ရောင်းချသော ထမင်းဆိုင် ပိုင်ရှင်များအား စားသုံးသူရေးရာဦးစီးဌာန၊ ခရမ်းမြို့နယ် တာဝန်ခံ ဒေါ်ကျော့ကေခိုင်က စားသုံး သူကာကွယ်ရေး အသိပညာပေး ဟောပြောခဲ့ကြောင်း သိရှိရပါသည်။ ထိုသို့ အသိပညာပေး ဟောပြောရာတွင် စားသုံးသူကာကွယ်ဥပဒေ ပြဌာန်းထားရှိမှု၊ ဥပဒေတွင် ပြဌာန်းထားသော စားသုံးသူများ၏ အခွင့်အရေးများ၊ စီးပွားရေးလုပ်ငန်းရှင်များ၏ တာဝန်များအား ရှင်းလင်းပြီး စားသောက်ဆိုင် လုပ်ငန်းလုပ်ကိုင်သော သူများသည် လုပ်ငန်းရှင် များဖြစ်သလို စားသုံးသူများလည်း ဖြစ်သည့်အတွက် စားသုံးသူအခွင့်အရေး ဦးစားပေးဆိုသည့် ဆောင်ပုဒ်နှင့်အညီ စားသုံးသူများ ဘေးအန္တရာယ်ကင်းရှင်း၍ လုံခြုံစိတ်ချရသော အစား အသောက်များ ရရှိစေရန်အတွက် မိမိတို့ဆိုင်များတွင် ရောင်းချသော အစားအသောက်များ သန့်ရှင်းမှုရှိစေရေး၊ လုပ်သားများ တစ်ကိုယ်ရည်သန့်ရှင်းပြီး ကျန်းမာရေးကောင်းမွန်သူများ ဖြစ် စေရန်နှင့် ဝန်ဆောင်မှုများ ပေးရာတွင်လည်း စားသုံးသူများ စိတ်ကျေနပ်မှု ရရှိစေရန် အလေး ထားဆောင်ရွက်ကြရန်နှင့် မိမိတို့၏ စားဖွယ်စုံများကို Online မှရောင်းချနေမှုများ ရှိခဲ့လျှင်လည်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ကုန်သွယ်ရေးဦးစီးဌာန၏ www.ecom.gov. mm တွင် အွန်လိုင်းမှတ်ပုံတင် ဆောင်ရွက်ထားကြရန်တို့အား အသိပေးခဲ့ပြီး လိုင်းမှတစ်ဆင့် ဈေးဝယ်လျှင်လည်း စားသုံးသူရေးရာဦးစီးဌာန၏ Call Center No.1535 သို့ မည်သည့်ဖုန်းဖြင့် မဆို ဆက်သွယ်တိုင်ကြားနိုင်ပြီး စားသုံးသူရေးရာဦးစီးဌာန၏ လုပ်ငန်းဆောင်ရွက်မှုများကိုလည်း လေ့လာလိုပါက www.doca.gov.mm သို့ ဝင်ရောက်လေ့လာဖတ်ရှု့နိုင်ပါကြောင်း အသိပညာ ပေးခဲ့ပြီး ဟောပြောပွဲသို့ လုပ်ငန်းရှင်(၃၀)ဦးခန့် ဝင်ရောက်ခဲ့ကြောင်း သိရှိရပါသည်။ DOCA(ရန်ကုန်)

“ကော့မှူးမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနအစည်းအဝေးခန်းမ၌လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပခြင်း ”

ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ကော့မှူးမြို့နယ်၌ လုပ်ငန်းညှိနှိုင်း အစည်း အဝေးကို အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးအခန်းမတွင် ဇူလိုင်လ(၁) ရက်နေ့၊ နေ့လယ်(၁၃:၀၀)နာရီအချိန်တွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။ အဆိုပါ အစည်းအဝေးတွင် သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှု ဆိုင်ရာကိစ္စရပ်များနှင့် ပတ်သတ်၍ ကြိုတင်စီမံဆောင်ရွက်ထားရှိရန်ကိစ္စများ၊ ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ခြင်းအား ဥပဒေ ညွှန်ကြားချက်များအတိုင်း ဆောင်ရွက်၍ အဂတိကင်းရှင်းစေရေးကိစ္စများ ရွေးကောက်ပွဲ ဆိုင်ရာ လူဦးရေစာရင်းတိကျမှန်ကန်စွာ ပြုစုသွားရန်နှင့် သက်ဆိုင်ရာဌာနများနှင့် ပေါင်းစပ် ဆောင်ရွက်ရန်ကိစ္စများ၊ လုံခြုံရေးဆိုင်ရာကိစ္စရပ်များနှင့် ထူးခြားဖြစ်စဉ်များရှိပါက အချိန်နှင့် တပြေးညီတင်ပြရန် ကိစ္စရပ်များအား ရှင်းလင်းဆွေးနွေးပြောကြားခဲ့ပြီး အစည်းအဝေးသို့ တွံတေးခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌနှင့်အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ရပ်/ကျေးအုပ်ချုပ်ရေးမှူး စာရေးများ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများတက်ရောက်ခဲ့ကြောင်း သိရှိရသည်။ ၎င်းအစည်းအဝေးတွင် တွံတေးခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌ ဦးညွှန့်နွယ်မှ စစ်မှုထမ်းဆင့်ခေါ်ခြင်းဆိုင်ရာ ကိစ္စရပ်များ၊ လူဦးရေးစာရင်းများအား အချိန်နှင့် တပြေးညီ ပုံမှန် ပြုစုသွားရန် ကိစ္စရပ်များ၊ လယ်ယာမြေအသုံးပြုမှုနှင့် စိုက်ပျိုးရေးဆိုင်ရာ ကိစ္စရပ်များ၊ သဘာဝ ဘေးကာကွယ်ရေးနှင့် မြို့(၃)မိုင်ပတ်လည် သစ်ပင်စိုက်ပျိုးခြင်း/လေကာပင်များ ပျိုးထောင်ခြင်း ကိစ္စရပ်များအား လမ်းညွှန်မှာကြားပြီး မြို့နယ်စိုက်ကြပ်အဖွဲ့ဝင်များမှာ သက်ဆိုင်ရာများအား ရှင်းလင်းဆွေးနွေးခဲ့ပြီး အစည်းအဝေးပြီးမြောက်ခဲ့ကြောင်း သိရှိရပါသည်။ DOCA(ရန်ကုန်)

Pages

Subscribe to RSS - HighLight News