Terminal-M ရှိ Ocean Super Center သို့ ကွင်းဆင်းစစ်ဆေးခြင်း

စားသုံးသူရေးရာဦးစီးဌာန၊ မြောက်ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ဒေါ်နီလာဝင်း၊ ဦးစီးမှူးပါ(၄)ဦးတို့သည် (၁၄.၈.၂၀၂၅)ရက်နေ့ နေ့လယ်(၁၂:၄၅)နာရီအချိန်တွင် အမှတ်(၁၉၆)၊ အမှတ်(၃)လမ်းမကြီး၊ မင်္ဂလာဒုံမြို့နယ် Terminal-M ရှိ Ocean Super Center ၌ ဆန်အရောင်းဆိုင်အား ကွင်းဆင်းစစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ပါသည်။
ထိုသို့ကွင်းဆင်းစစ်ဆေးဆောင်ရွက်ရာတွင် Ocean Super Center မှ တာဝန်ခံနှင့်တွေ့ဆုံကာ စားသုံးသူရေးရာဦးစီးဌာနက လစဉ်ထုတ်ပြန်လျက်ရှိသည့် ဆန်အမျိုးအစားအလိုက် သင့်တင့်မျှတသော ဈေးနှုန်း၊ ဈေးကွက် သတ်မှတ်ရည်ညွှန်းဈေးအတိုင်း ပြည်တွင်းဆန်ဈေးကွက်အတွင်း ပစ္စည်းမှန်၊ ဈေးနှုန်းမှန်၊ အရည်အသွေးမှန်၊ အလေးချိန်မှန် အရောင်းအဝယ်မှန်စွာဖြင့် စနစ်တကျ ဖြန့်ဖြူးရောင်းချရန် အသိပညာပေးဆွေးနွေးခဲ့ပြီး ဆန်အမျိုးအစားများသည် Meizan၊ Ayeyar၊ City Selection စသည့်အမှတ်တံဆိပ်ပါ (Kg)အလေးချိန်ဖြင့် စသည့်ဆန်များကို သတ်မှတ်ရည်ညွှန်းဈေးအတိုင်း ရောင်းချလျက်ရှိကြောင်း သိရှိရပါသည်။
DOCA (ရန်ကုန်)









