
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့ရှိ စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းတို့သည် ၂၀၂၅ ခုနှစ်၊ မေလ (၈) ရက်နေ့တွင် သမက်ပြေကျေးရွာရှိ ဦးနေလင်းသန့် ပိုင်ဆိုင်သော ထွန်းဇဗ္ဘူဆန်စက်သို့ ထုတ်ကုန်လုံခြုံစိတ်ချမှု့နှင့် MSMEs လုပ်ငန်းများဖွံ့ဖြိုးရေးကွင်းဆင်းစစ်ဆေးခြင်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့ကွင်းဆင်းစိစစ်ရာတွင် ထုတ်ကုန်လုံခြုံစိတ်ချမှု ရှိစေရန် ဆန်စက်ကြိတ်ခွဲရာမှ ထွက်ရှိသော ထုတ်ကုန်များ အရည်အသွေး ပြည့်မှီစေရေး၊ ထုတ်ပိုးမှု အခြေအနေများ၊ ဆန်၊စပါးဈေးနှုန်းဈေးကွက်အခြေအနေများ သိုလှောင်ရုံ မှတ်ပုံတင်ခြင်းကိစ္စ၊ မှတ်ပုံတင်သက်တမ်းတိုးခြင်းကိစ္စ၊ သိုရုံဆန်စပါးလက်ကျန် အခြေအနေ တို့ကို စားသုံးသူရေးရာဦးစီးဌာန၊ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဌာန၊ စက်မှုကြီးကြပ်ဌာန၊ ဆန်စက်အသင်းတို့မှ ပူးပေါင်းကွင်းဆင်းစိစစ်ခဲ့ကြပါသည်။
DOCA(ဧရာဝတီ)