HighLight News

Powered by Drupal

စားအုန်းဆီသတ်မှတ်ဈေးနှုန်းထက် ပိုမိုရောင်းချမှုမရှိစေရေးနှင့် ရပ်ကွက်များ၌ စားအုန်းဆီ ရောင်းချပေးနေမှုအား ကွင်းဆင်းစစ်ဆေး

    မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့အနေဖြင့် မကွေးတိုင်းဒေသကြီးအတွင်း မြို့နယ်အသီးသီးရှိ ဈေးဆိုင်များ၌ စားအုန်းဆီများ သတ်မှတ်ဈေးနှုန်းထက် ပိုမိုရောင်းချမှုမရှိစေရေးအတွက် ခရိုင်/ မြို့နယ် စိစစ်ဖော်ထုတ်ကြပ်မတ်ရေးအဖွဲ့ ဖွဲ့စည်းတာဝန်ပေးအပ်လာခြင်းကြောင့် (၉-၉-၂၀၂၃)ရက်‌နေ့၊ နံနက် (၀၉:၀၀)နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးမှူး၊ မကွေးခရိုင်ဦးစီးမှူး၊ မကွေးခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ခရိုင်ဦးစီးမှူး၊ မြို့နယ်ရဲတပ်ဖွဲ့မှူး၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့အမှုဆောင်အရာရှိတို့ပါဝင်သော ပူးပေါင်းအဖွဲ့ဖြင့် မကွေးမြို့ရှိ စားသုံးဆီ လက်လီ/ လက်ကားဖြန့်ဖြူးရောင်းချသော ဦးသန်းဇော်၊ ဒေါ်စန်းနွဲ့၊ ဒေါ်‌အေးအေးသင်းတို့၏ ဆီအရောင်းဆိုင်များ၌ လက်လီရောင်းချသည့်ဈေးနှုန်း၊ လက်ကားဖြန့်ဖြူးသည့်ဈေးနှုန်းများသည် သတ်မှတ်ဈေးနှုန်းထက်ပိုမိုရောင်းချမှုရှိ/ မရှိ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်းသိရှိရပါသည်။

     မကွေးတိုင်းဆီကုန်သည်နှင့်ဆီလုပ်ငန်းရှင်များအသင်း၏  ကူညီပံ့ပိုးမှုဖြင့် ပြည်သူများအား စားအုန်းဆီတစ်ပိဿာလျှင် ကျပ်(၄၅၀၀)ဖြင့် ဈေးနှုန်းသက်သာစွာရောင်းချပေးနေသာ ဆုံရပ်ကွက်၊ ဓမ္မာရုံ၌ အိမ်ထောင်စု (၅၅၀) စုအတွက် ဆီ (၅၅၀)ပိဿာ၊ မင်းကံကြီးရပ်ကွက်၊ အုပ်ချုပ်ရေးမှူးရုံးရှေ့၌ အိမ်ထောင်စု (၁၁၀၀)စုအတွက် ဆီ(၁၁၀၀)ပိဿာနှင့် အောင်မင်္ဂလာရပ်ကွက်၊ အုပ်ချုပ်ရေးမှူးရုံးရှေ့၌ အိမ်ထောင်စု (၁၁၀၀)စုအတွက် ဆီ(၅၅၀)ပိဿာ၊ စုစုပေါင်းအိမ်ထောင်စု (၂၇၅၀)စုအတွက် စားအုန်းဆီ (၂၂၀၀)ပိဿာရောင်းချပေးနေမှုအား အလေးချိန်ပြည့်ဝမှန်ကန်မှုရှိစေရေး၊ ရောင်းချရာတွင် စနစ်တကျရှိစေရေး ကွင်းဆင်းကြီးကြပ်ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(မကွေး)

ဆိပ်ဖြူမြို့၌ စားသုံးသူများဘေးကင်းလုံခြုံမှုရှိစေရေး ဈေးကွက်စောင့်ကြည့်စစ်ဆေး

   စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်ဦးစီးမှူးရုံးမှ ဆိပ်ဖြူမြို့နယ်တာဝန်ခံ ဒေါ်မြင့်မြင့်သန်း၊ ဒေါ်တင်မာရီ ဒု-ဦးစီးမှူးသည် စားသုံးသူများဘေးကင်းလုံခြုံမှုရှိစေရေးအတွက် မိတ်ဖက်ဌာနဖြစ်သော မြို့နယ်စည်ပင်သာယာရေး အဖွဲ့၏ဦးဆောင်မှုဖြင့် (၆-၉-၂၀၂၃)ရက်နေ့၊ နံနက်(၁၀:၀၀)နာရီအချိန်တွင် ဆိပ်ဖြူမြို့၊ ပတ္တမြားဈေးအတွင်း/အပြင်နှင့် အနောက်ပိုင်းရပ်ကွက်ရှိ စားသောက်ကုန်ရောင်းချသည့် ဈေးဆိုင်(၁၂)ဆိုင်၌ မကွေးတိုင်းဒေသကြီး၊ အစားအသာက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန (FDA)မှ တိုင်းတာဝန်ခံ ဒေါက်တာ စိုင်းမင်းသူထွန်းဦးဆောင်သောအဖွဲ့သည် ဈေးကွက်အတွင်း ရောင်းချလျက်ရှိသောကုန်ပစ္စည်း(၂၄)မျိုးအား နမူနာကောက်ယူပြီး ဓာတ်ခွဲစစ်ဆေးချက်တွေ့ရှိမှုအရ စားသုံးရန်မသင့်သော စားသောက်ကုန်ပစ္စည်း(၅)မျိုးတွေ့ရှိခဲ့ပါသည်။

     မကွေးတိုင်းဒေသကြီး၊ အစားအသာက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာနမှ အကြောင်းကြားချက်အရ (၈-၉-၂၀၂၃)ရက်နေ့၊ နံနက်(၁၀:၀၀)နာရီအချိန်တွင် ပတ္တမြားဈေးအတွင်းရှိ ဈေးဆိုင်များ၌ ရောင်းချခြင်းရှိ/ မရှိ မြို့နယ်စည်ပင်ဦးဆောင်မှုဖြင့် ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ပါသည်။

    ထိုသို့စစ်ဆေးရာ၌ စားသုံးရန်မသင့်သည့်ပစ္စည်း(၅)မျိုးဖြစ်သည့် အရောင်တင်မှုန့်(၁၀)ကျပ်သား၊ မလိုင်ခဲ(၇၅)ထုပ်၊ ပဲပြား(၇)ခဲ၊ ပဲသွေး(၁၀)ခဲ၊ ဒံပေါက်သုံးအမှုန့်အနီ(၉၀)ထုပ်၊ အဝါ(၇)ထုပ်တို့ကို ဆိပ်ဖြူမြို့၊ ပတ္တမြားဈေးရှိ ကုန်စုံဆိုင်ပေါ်တွင် ရောင်းချဖြန့်ဖြူးနေသည်ကိုတွေ့ရှိရပြီး စားသုံးသူများအတွက် ဘေးကင်းလုံခြုံမှုမရှိသောကုန်စည်များကို ဈေးကွက်အတွင်းမှ အမြန်ဆုံးပပျောက်စေရေး  မြို့နယ်စည်ပင်အဖွဲ့က ဦးဆောင်သိမ်းဆည်းခဲ့ပြီး စားသုံးရန်မသင့်သည့်ပစ္စည်း(၅)မျိုးကိုဖျက်ဆီးခဲ့ပါသည်။

   ထုတ်လုပ်ရောင်းချဖြန့်ဖြူးရောင်းဝယ်ဖောက်ကားသော ဈေးဆိုင်ပိုင်ရှင်များကိုလည်း စားသုံးသူကာကွယ်ရေးဥပဒေ ၂၀၁၉တွင်ပါရှိသော စီးပွားရေးလုပ်ငန်းရှင်တာဝန်များ၊ အခန်း(၁၈)ကုန်အညွှန်းအမှတ်အသားဆိုင်ရာ ပြဋ္ဌာန်းချက်များနှင့် ပုဒ်မ ၄၁၊ ပုဒ်မခွဲ (ခ)နှင့်(ဆ)တို့အရ ကုန်အညွှန်းအမှတ်အသားများဖော်ပြရာတွင် မြန်မာဘာသာနှင့်ဖြစ်စေ၊ မြန်မာဘာသာနှင့် အခြားဘာသာတစ်ခု (သို့မဟုတ်) တစ်ခုထက်ပို၍တွဲလျက်ဖြစ်စေ ရေးသားဖော်ပြခြင်းပါရှိသောကုန်စည်များကိုသာ ‌စားသုံးသူများဘေးကင်းလုံခြုံမှုရှိစေရေးအတွက် ရောင်းချဖြန့်ဖြူးရမည်ဖြစ်ကြောင်း အသေးစိတ်ရှင်းလင်းဆွေးနွေးခဲ့ပြီး ဒုတိယအကြိမ်တွင် ထပ်မံစစ်ဆေးတွေ့ရှိပါက အရေးယူခံရမည်ဖြစ်ကြောင်းသိရှိစေရန်နှင့် အရေးယူမှုအနေဖြင့် ရောင်းချဖြန့်ဖြူးသူတို့မှာ သိရှိနားလည်ကြောင်း ဝန်ခံကတိလက်မှတ်ရေးထိုးစေခဲ့ကြောင်းသိရှိရပါသည်။

 DOCA(မကွေး)

 

သင်တန်းသား၊ သင်တန်းသူများသိရှိရယူနိုင်စေဖို့ ပညာရေးဒီဂရီကောလိပ်သို့ အသိပညာပေးကြပါစို့

    စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ တိုင်းဒေသကြီးဦးစီးမှူး၏ လမ်းညွှန်မှုဖြင့် ပခုက္ကူခရိုင်ဦးစီးမှူးရုံးမှ ခရိုင်ဦးစီးမှူး ဦးဝေဠုအောင်၊ ဒု-ခရိုင်ဦးစီးမှူးနှင့်ဝန်ထမ်းများသည် (၆-၉-၂၀၂၃)ရက်နေ့၊ နေ့လယ်(၁၄:၀၀)နာရီအချိန်တွင် ပညာရေးဒီဂရီကောလိပ်မှ ဖိတ်ကြားချက်အရ မဟာသရေစည်သူ-ဦးဘခန်းမဆောင်၌ ဆရာ၊ ဆရာမ(၂၄)ဦး၊ သင်တန်းသား၊ သင်တန်းသူ(၅၂၆)ဦး၊ စုစုပေါင်း(၅၅၀)ဦးတို့အား စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြောခဲ့ပါသည်။

    ခရိုင်ဦးစီးမှူးမှ ဆွေးနွေးရာတွင် ဌာန၏သမိုင်းကြောင်းနှင့် လုပ်ငန်းဆောင်ရွက်ချက်များ၊ စားသုံးသူကာကွယ်ရေးဥပဒေပါ အကြောင်းအရာများ၊ ကုန်အညွှန်းအမှတ်အသားဖော်ပြချက်များ၊ ဌာန၏လက်ရှိဆောင်ရွက်နေသောလုပ်ငန်းတာဝန်များနှင့် ဆက်လက်ဆောင်ရွက်မည့်လုပ်ငန်းစဉ်များ၊ ကုန်စည်နှင့်ဝန်ဆောင်မှုများကိုအသုံးပြုရာတွင် နစ်နာဆုံးရှုံးများဖြစ်ပေါ်လာပါက တိုင်ကြားနိုင်သည့်နည်းလမ်းများ၊ စားသုံးသူရေးရာကိစ္စများကို စုံစမ်းမေးမြန်းရန်အတွက် Consumer Call Center (၁၅၃၅) ဖွင့်လှစ်ထားကြောင်း၊ စားသုံးသူကာကွယ်ရေးအသိပညာပေးလုပ်ငန်းများကို စဉ်ဆက်မပြတ်ဆောင်ရွက်ပေးလျက်ရှိပါကြောင်းနှင့် မူပိုင်ခွင့်အကြောင်း သိကောင်းစရာတို့ကို  Power Point ဖြင့် အသေးစိတ်ရှင်းလင်းဆွေးနွေးပါသည်။

   ဆက်လက်၍ စားသုံးသူရေးရာဌာနခွဲတာဝန်ခံ ဒေါ်နွယ်နွယ်အေးက စားသုံးသူရေးရာဦးစီးဌာနသည် ပြည်သူ့အတွက် အကျိုးပြုသောဌာနတစ်ခုဖြစ်ကြောင်း၊ ဦးစီးဌာန၏ဆောင်ပုဒ်ဖြစ်သော စားသုံးသူအခွင့်အရေးဦးစားပေးရန်မှာ အလွန်အရေးကြီးသောကြောင့် ယခုကဲ့သို့ လာရောက်အသိပညာပေးရခြင်းဖြစ်ကြောင်း၊ ဘေးအန္တရာယ်ကင်းရှင်းစွာအသုံးပြုခွင့်ရရှိရန်အတွက် စားသုံးသူကာကွယ်ရေးဥပဒေ အခန်း(၁၈)ပါ ကုန်အညွှန်းအမှတ်အသားဖော်ပြချက်(၈)ချက်ကို သတိပြုဝယ်ယူစားသုံးရန်နှင့် ဌာနမှဝန်ထမ်းများကလည်း လုပ်ငန်းရှင်များဆီသို့သွားရောက်၍ အသိပညာပေးလျက်ရှိပြီး ဈေးကွက်အတွင်း၌လည်း စဉ်ဆက်မပြတ်စောင့်ကြည့်စစ်ဆေးလျက်ရှိကြောင်း၊  သတင်းအချက်အလက်ပြည့်စုံစွာရရှိစေလိုကြောင်း၊ စိတ်ကြိုက်ရွေးချယ်ဝယ်ယူခွင့်လည်းရှိကြောင်း၊ ကုန်စည်နှင့်ဝန်ဆောင်မှုများကိုရယူအသုံးပြုရာတွင် စိတ်ကျေနပ်မှုမရှိလျှင် ဌာနသို့လာရောက်တိုင်ကြားလာမှသာ ကုစားခွင့်များရရှိမည်ဖြစ်ကြောင်း၊ သင်တန်းသူ၊ သင်တန်းသားများအနေဖြင့် လူတော်လူကောင်းများဖြစ်စေရန်အတွက် အတတ်ပညာရော အသိပညာပါ ရရှိရန်လိုအပ်ကြောင်း၊ ယခုဟောပြောဆွေးနွေးပွဲမှရရှိသော အသိပညာဗဟုသုတတို့ကို မိမိကိုယ်တိုင်လိုက်နာကျင့်သုံး၍ အများအကျိုးအတွက် ပြန်လည်မျှဝေစေလိုကြောင်း၊ သို့မှသာ နောင်အနာဂတ်တွင် သာယာပျော်ရွှင်သော အနာဂတ်ဘဝများသို့ ရောက်ရှိနိုင်မည်ဖြစ်ကြောင်း အသိပညာပေးဆွေးနွေးခဲ့ပြီးနောက် ကျန်းမာပျော်ရွှင်နိုင်ပါစေကြောင်းလည်းဆုမွန်ခြွေကာ တက်ရောက်လာသည့်သင်တန်းသား၊ သင်တန်းသူများ၏ သိရှိလိုသည်တို့ကို ခရိုင်ဦးစီးမှူးအနေဖြင့် ပြန်လည်ဖြေကြားပေးခဲ့ပြီး စားသုံးသူကာကွယ်ရေးဥပဒေစာအုပ်နှင့် လက်ကမ်းစာစောင်များဖြန့်ဝေခဲ့ကြောင်းသိရှိရပါသည်။

DOCA(မကွေး)

ဗန်းမော်ခရိုင်ဦးစီးမှူးရုံး၌ စားအုန်းဆီဖြန့်ဖြူးရောင်းချနေသော စီးပွားရေးလုပ်ငန်းရှင်နှင့်တွေ့ဆုံဆွေးနွေး

   ကချင်ပြည်နယ်၊   စားသုံးသူရေးရာဦးစီးဌာန၊      ဗန်းမော်ခရိုင်ဦးစီးမှူးရုံးမှ     ခရိုင်ဦးစီးမှူး ဦးအောင်ကျော်ဦးသည် (၁၂-၉-၂၀၂၃) ရက်နေ့တွင်  ဗန်းမော်ခရိုင်ဦးစီးမှူးရုံး၌ စားအုန်းဆီဖြန့်ဖြူးရောင်းချသော စီးပွားရေးလုပ်ငန်းရှင်(၂)ဦးနှင့်တွေ့ဆုံဆွေးနွေးခဲ့ပါသည်။

    ထိုသို့ဆွေးနွေးရာတွင် ခရိုင်ဦးစီးမှူးက စားသုံးသူကာကွယ်ရေးဥပဒေ ၂၀၁၉ပါ စီးပွားရေးလုပ်ငန်းရှင်၏တာဝန်များ၊ အခန်း(၁၈)ပါ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့်စပ်လျဉ်း၍  ကုန်စည်အမျိုးအစားအလိုက် သတ်မှတ်ချက်နှင့်အညီ သိသာထင်ရှားစွာဖော်ပြရမည့်အချက်များ၊ ကုန်အညွှန်းအမှတ်အသားဖော်ပြချက်နှင့်စပ်လျဉ်း၍ စားသုံးဆီဖြန့်ဖြူးရောင်းချရာတွင် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၏ ညွှန်ကြားချက်အမှတ်(၁/၂၀၂၁) ကို တိတိကျကျလိုက်နာဆောင်ရွက်သွားရန်၊ စီးပွားရေးလုပ်ငန်းရှင်သည် ကုန်စည်နှင့်စပ်လျဥ်း၍ စားသုံးသူလက်ခံသုံးစွဲနိုင်သောအရည်အသွေးရှိခြင်း၊ ကုန်စည်၏အရည်အသွေး၊ အချိန်အတွယ်ပမာဏနှင့် အလေးချိန်မှန်ကန်မှုရှိခြင်း၊ ဘေးအန္တရာယ်ကင်းရှင်းစေခြင်း၊ သုံးစွဲသူ၏လိုအပ်ချက်အတွက် သင့်လျော်မှုရှိခြင်း စသည့်အာမခံချက်များကိုပေးအပ်ရမည်ဖြစ်ကြောင်း ရှင်းလင်းဆွေးနွေးပြောကြားခဲ့ပြီး စားသုံသူကာကွယ်ရေးဆိုင်ရာလက်ကမ်းစာစောင်များဖြန့်ဝေခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(ကချင်)

ဗန်းမော်မြို၊ ဆန်စပါးကုန်သည်များအသင်းရုံးတွင် စီးပွားရေးလုပ်ငန်းရှင်များအား စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြောပွဲပြုလုပ်

    ကချင်ပြည်နယ်၊ စားသုံးသူရေးရာဦးစီးဌာန၊ ဗန်းမော်ခရိုင်ဦးစီးမှူးရုံးမှ ခရိုင်ဦးစီးမှူး ဦးအောင်ကျော်ဦးသည် (၁၁-၉-၂၀၂၃) ရက်နေ့တွင် ဗန်းမော်မြို့၊ ဆန်စပါး ကုန်သည်များအသင်းရုံးတွင် ဆန်၊ ပဲ၊ ပြောင်း၊ နှမ်းရောင်းဝယ်သည့် စီပွားရေးလုပ်ငန်းရှင်(၁၀)ဦးအား စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြောဆွေးနွေးခဲ့ပါသည်။

   ထိုသို့ဟောပြောဆွေးနွေးရာတွင် ခရိုင်ဦးစီးမှူးက စားသုံးသူကာကွယ်ရေးဥပဒေပေါ်ပေါက်လာပုံ၊ စားသုံးသူရေးရာဦးစီးဌာန၏ လက်ရှိဆောင်ရွက်နေသောလုပ်ငန်းများ၊ ရှေ့ဆက်လက်ဆောင်ရွက်ရမည့်လုပ်ငန်းစဉ်များ၊ စားသုံးသူကာကွယ်ရေးဥပဒေ ၂၀၁၉ပါ စီးပွားရေးလုပ်ငန်းရှင်၏အဓိပ္ပါယ်ဖွင့်ဆိုချက်၊ စီးပွားရေးလုပ်ငန်းရှင်များ၏ လိုက်နာရမည့်တာဝန်များ၊ ကုန်စည်၊ ဝန်ဆောင်မှုနှင့်စပ်လျဥ်း၍ ဖော်ပြရမည့်အာမခံချက်များ၊ ကုန်စည် သို့မဟုတ် ဝန်ဆောင်မှုအပေါ် တာဝန်ရှိမှု၊ တားမြစ်ချက်များနှင့် ပြစ်မှုပြစ်ဒဏ်များအကြောင်းတို့ကို အကျယ်တဝင့်ရှင်လင်းပြောကြားဆွေးနွေးခဲ့ပါသည်။ ထို့နောက် ဆန်၊ ပဲ၊ ပြောင်း၊ နှမ်းရောင်းဝယ်သည့်စီပွားရေးလုပ်ငန်းရှင်များက သိရှိလိုသည်များကိုမေးမြန်းဆွေးနွေးခဲ့ကြရာ ခရိုင်ဦးစီးမှူးအနေဖြင့်လည်း ပြန်လည်ဖြေကြားရှင်းလင်းဆွေးနွေးခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(ကချင်)

ဗန်းမော်မြို့ရှိ ဈေးပစ္စည်းဆိုင်နှင့် စတိုးဆိုင်များကို ဈေးကွက်စောင့်ကြည့်စစ်ဆေး

     စားသုံးသူရေးရာဦးစီးဌာန၊ ဗန်းမော်ခရိုင်ဦးစီးမှူးရုံးမှ  ဒေါ်နှောင်းနှောင်းဝင်း (ဒု-ဦးစီးမှူး) သည် ခရိုင်အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ အသေးစားစက်မှုလက်မှုဦးစီးဌာနတို့နှင့်ပူးပေါင်း၍( ၁၂-၉-၂၀၂၃ )ရက်နေ့တွင် ဗန်းမော်မြို့ရှိ ဆေးပစ္စည်းအရောင်းဆိုင်နှင့် စတိုးဆိုင်(၆)ဆိုင်တို့ကို ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ကြပါသည်။

  ထိုသို့ဈေးကွက်စောင့်ကြည့်စစ်ဆေးရာတွင် စားသုံးသူပြည်သူများဘေးအန္တရာယ်ကင်းရှင်းစေရန်အတွက် ဈေးကွက်အတွင်းဖြန့်ဖြူးရောင်းချနေသော ကလေးအာဟာရဖော်စပ်ဖြည့်စွက်စာအမျိုးမျိုးပေါ်တွင် စားသုံးသူကာကွယ်ရေးဥပဒေ ၂၀၁၉ပါ ပြဋ္ဌာန်းချက်များနှင့်အညီ ကုန်အညွှန်းအမှတ်အသားပြည့်စုံစွာဖော်ပြထားခြင်းရှိ/ မရှိ၊ ကလေးအာဟာရဖော်စပ်ဖြည့်စွက်စာအမျိုးမျိုး၏ ကုန်အညွှန်းအမှတ်အသားအဖြစ် မြန်မာဘာသာဖြင့် မဖြစ်မနေဖော်ပြရမည့်အချက်များ ပြည့်စုံစွာဖော်ပြထားရှိမှုရှိ/ မရှိ၊ သက်ဆိုင်ရာဌာနများ၏ထောက်ခံချက်များဖော်ပြထားမှုရှိ/ မရှိတို့ကို ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ပြီး ကလေးအာဟာရဖြည့်စွက်စာအမျိုးမျိုးရောင်းချနေသော စီးပွားရေးလုပ်ငန်းရှင်များအား စားသုံးသူကာကွယ်ရေးဥပဒေပါ စီးပွားရေးလုပ်ငန်းရှင်များ၏လိုက်နာရမည့်တာဝန်များ၊ ကုန်အညွှန်းအမှတ်အသားဖော်ပြထားခြင်းနှင့်စပ်လျဥ်း၍ ဖော်ပြရမည့်အချက်များ၊ တားမြစ်ချက်များနှင့် ပြစ်မှုပြစ်ဒဏ်များအကြောင်းတို့ကိုပါ အသိပညာပေးဟောပြောဆွေးနွေးခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(ကချင်)

စားသုံးသူရေးရာဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီးတိုင်းဦးစီးမှူးရုံးတွင် မိုးရာသီစားသုံးသီးနှံများ စိုက်ပျိုးလျက်ရှိ

   ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးမှူးရုံးဝန်းအတွင်း တိုင်းဦးစီးမှူး၏လမ်းညွှန်မှုနှင့်အတူ ဒု-တိုင်းဦးစီးမှူးဦးဆောင်၍ မိုးရာသီစားသုံးသီးနှံဆယ်မျိုးဆယ်ပေါင်စိုက်ခင်းပြုလုပ်၍ ကန်စွန်းရွက်၊ ချဉ်ပေါင်ရွက်၊ ခရမ်း၊ မုန်လာ၊ ရုံးပတီ၊ ဥကန်စွန်း၊ စပါးလင်၊ ဂွေးတောက်အပြင် သခွားနှင့် ဘူးစိုက်ခင်းများလည်း မိုးဦးကျရာသီမှစတင်၍ စိုက်ပျိုးခဲ့ပါသည်။

  ထိုသို့ စိုက်ပျိုးထားသောစိုက်ခင်းများကို ဒု-တိုင်းဦးစီးမှူးက (၁) ပတ်လျှင်တစ်ကြိမ် ကြည့်ရှုစစ်ဆေးလျက်ရှိပြီး စိုက်ပျိုးသီးနှံများအောင်မြင်ဖြစ်ထွန်းရန်အတွက် သဘာဝမြေသြဇာများထည့်သွင်းစိုက်ပျိုး‌ကာ စိုက်ပျိုးထွက်ရှိလာမည့်သီးနှံများမှာ ကျန်းမာရေးနှင့်ညီညွတ်မှုရှိပြီး ဝန်ထမ်းများလည်း ဘေးအန္တရာယ်ကင်းရှင်းစွာစားသုံးနိုင်မည်ဖြစ်သည့်အပြင် တစ်ဖက်တစ်လမ်းမှ ငွေကြေးကုန်ကျမှုသက်သာမည်ဖြစ်ကြောင်း၊ ထို့ပြင် စိုက်ပျိုးထွက်ရှိလာသောသီးနှံများကိုလည်း ဝန်ထမ်းများမျှဝေစားသုံးနိုင်ရန်အတွက် ဆောင်ရွက်သွားမည်ဖြစ်ကြောင်းသိရှိရပါသည်။

DOCA(ဧရာဝတီ)

 

 

အမ်းမြို့နယ်တွင် စားသုံးသူကာကွယ်ရေးဆိုင်ရာအသိပညာပေး Talk Show ကျင်းပပြုလုပ်

    ရခိုင်ပြည်နယ်၊ စားသုံးသူရေးရာဦးစီးဌာန၊ အမ်းမြို့နယ်တာဝန်ခံ ဦးမောင်ကျော်မြင့် (ဦးစီးအရာရှိ )  သည်   ၂၀၂၃ခုနှစ်၊  စက်တင်ဘာလ  (၁၃)  ရက်နေ့၊  နေ့လယ် (၁၃:၃၀) နာရီအချိန်တွင်   ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့်ပူးပေါင်း၍  စားသုံးသူကာကွယ်ရေး    (TalkShow) အစီအစဉ်ကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးရှိ လူထုအခြေပြုဗဟိုဌာန (Community  Center) ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။

      အဆိုပါ   ဆွေးနွေးပွဲတွင်  ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန  မှ  ဒေါ်ခင်မျိုးတင် (ဒု-ဦးစီးမှူး)က အဖွင့်အမှာစကားပြောကြားပြီး အမ်းမြို့နယ်တာဝန်ခံ ဦးမောင်ကျော်မြင့်က ဆောင်ရွက်လျက်ရှိသည့် စားသုံးသူကာကွယ်ရေးဆိုင်ရာများနှင့် ပြည်တွင်းကုန်သွယ်မှုဖွံ့ဖြိုးရေးဆိုင်ရာများကို အများပြည်သူများရှိရာသို့သွားရောက်ကွင်းဆင်း၍ အသိပညာပေးခြင်းဆောင်ရွက်လျက်ရှိသကဲ့သို့ စားသုံးသူကာကွယ်ရေးဥပဒေ၊ နည်းဥပဒေများပြဋ္ဌာန်းထားရှိမှုအကြောင်း၊ စားသုံးသူကာကွယ်ရေးဥပဒေပါ အကြောင်းအရာများ၊ စားသုံးသူအခွင့်အရေး(၈)ချက်နှင့် တာဝန်(၄)ချက်တို့ကိုချပြဆွေးနွေးခြင်း၊ စီးပွားရေးလုပ်ငန်းရှင်များ၏တာဝန်များ၊ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့်စပ်လျဉ်း၍ ကုန်စည်အမျိုးအစားအလိုက် သတ်မှတ်ချက်များနှင့်အညီ ဖော်ပြရမည့်အချက်များ၊ စားသုံးသူများအနေဖြင့် ကုန်စည်ဝန်ဆောင်မှုနှင့်ပတ်သတ်၍ နစ်နာဆုံးရှုံးမှုများဖြစ်ပေါ်လာပါက ဌာနမှဖွင့်လှစ်ထားရှိသည့် စားသုံးသူသတင်းပြန်ကြားရေးနှင့်တိုင်ကြားမှုလက်ခံဆောင်ရွက်ရေးစင်တာ(CICC) များဖွင့်လှစ်ထားရှိမှု၊ ဌာန၏ Website ဖြစ်သည့် www.doca.gov.mm နှင့် Doca Myanmar Mobile Application တွင် ဝင်ရောက်လေ့လာနိုင်ရေးနှင့် တိုင်ကြားနိုင်သည့်နည်းလမ်းများ၊ မိမိတို့ဌာနအနေဖြင့် “စားသုံးသူအခွင့်အရေးဦးစားပေး” ဆိုသည့်ဆောင်ပုဒ်နှင့်အညီ စားသုံးသူပြည်သူများလုံခြုံစိတ်ချရမှုရှိစေရေး အကောင်အထည်ဖော်ဆောင်ရွက်နေမှုများကို အသိပညာပေးရှင်းလင်းဆွေးနွေးခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(ရခိုင်)                                                                                                                                                                                                                                                            

မင်းရပ်ရပ်ကွက်ရှိ ကုန်စုံဆိုင်များအား ဈေးကွက်စောင့်ကြည့်စစ်ဆေး

   စားသုံးသူရေးရာဦးစီးဌာန၊ မြစ်ကြီးနားခရိုင်ဦးစီးမှူးရုံးမှ  ဦးတင်မောင်ထွန်း (ရုံးအုပ်) သည် (၁၄-၉-၂၀၂၃) ရက်နေ့တွင် မြစ်ကြီးနားမြို့၊ မင်းရပ်ရပ်ကွက်အတွင်းရှိ လက်လီ/ လက်ကားဖြန့်ဖြူးရောင်းချသော ကုန်စုံဆိုင်များသို့သွားရောက်၍ စားသုံးသူများဘေးအန္တရာယ်ကင်းရှင်းပြီး ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိစေရေး၊ ဘေးအန္တရာယ်ရှိသောကုန်စည်များ ဈေးကွက်အတွင်းမှပပျောက်စေရေးနှင့် စားသုံးသူကာကွယ်ရေးဥပဒေပါ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့်ပတ်သက်၍ ကိုက်ညီမှုရှိ/မရှိ ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ပါသည်။

   ထိုသို့ ဈေးကွက်စောင့်ကြည့်စစ်ဆေးရာတွင် Me Mo Bakery အမှတ်တံဆိပ် (မီမိုအုန်းယိုပေါင်မုန့်)နှင့် Pepsi အမှတ်တံဆိပ် (ကိုလာအချိုရည်)တို့၌ ညွှန်ကြားချက်အမှတ် (၂/၂၀၁၉)အရ ကုန်စည်ပေါ်တွင် မြန်မာဘာသာဖြင့်ဖော်ပြရမည့် အမျိုးအမည်၊ အရွယ်အစား၊ အရေအတွက်နှင့် အသားတင်ပမာဏ၊ ထားသိုသိမ်းဆည်းမှုအညွှန်း၊ ဓာတ်မတည့်ကြောင်းဖော်ပြချက်များ ပြည့်စုံစွာဖော်ပြပါရှိကြောင်း စစ်‌ဆေးတွေ့ရှိရပြီး ကုန်စုံဆိုင်ပိုင်ရှင်အား ကုန်အညွှန်းအမှတ်အသားပြည့်စုံမှုမရှိသည့်ကုန်စည်များ ဈေးကွက်အတွင်း ရောင်းချမှုမပြုရန်ဆွေးနွေးခဲ့ပြီး ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းဆိုင်ရာ လက်ကမ်းစာစောင်များဖြန့်ဝေခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(ကချင်)

ပခုက္ကူမြို့၊ အထက်တန်းကျောင်း၌ ကုန်အညွှန်းအမှတ်အသားရွေးချယ်တတ်စေရေး ကျောင်းသား/ ကျောင်းသူများအား အသိပညာပေး

   စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ တိုင်းဒေသကြီးဦးစီးမှူး၏ လမ်းညွှန်မှု၊ ပခုက္ကူခရိုင်ဦးစီးမှူး၏ ကြီးကြပ်မှုဖြင့် (၁၁-၉-၂၀၂၃) ရက်နေ့၊ နံနက် (၉:၀၀)နာရီအချိန်တွင် ပခုက္ကူမြို့၊ အမှတ် (၁၁)ရပ်ကွက်ရှိ အမှတ်(၂)အခြေခံပညာ အထက်တန်းကျောင်း၌ အသိပညာပေးဟောပြောပွဲပြုလုပ်ခဲ့ရာ ကျောင်းသား/ ကျောင်းသူ (၂၁၃) ဦးနှင့် ဆရာ/ ဆရာမ (၇) ဦး စုစုပေါင်း (၂၂၀) ဦးတက်ရောက်ခဲ့ကြပါသည်။

    ဟောပြောပွဲတွင် အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းအုပ်ဆရာမကြီးက ကြိုဆိုနှုတ်ခွန်းဆက်စကားပြောကြားခဲ့ပြီး ဦးစီးမှူး ဒေါ်ကြည်ကြည်စိုးက ဌာန၏သမိုင်းကြောင်းနှင့် ယခုဌာန၏ ဆောင်ရွက်နေသည့်လုပ်ငန်းများအကြောင်း၊ ဒုတိယဦးစီးမှူး ဒေါ်ဝါဝါကြည်က စားသုံးသူကာကွယ်ရေးဥပဒေ၊ အခန်း(၉)ပါ စားသုံးသူများရရှိသည့်အခွင့်အရေး (၈) ချက်နှင့်  စားသုံးသူများလိုက်နာရမည့်တာဝန် (၄)ချက်အကြောင်း၊ ယခုကဲ့သို့သိရှိမှသာ မိမိတို့ရရှိမည့်အခွင့်အရေးများကိုတောင်းခံနိုင်မည်ဖြစ်ကြောင်း၊ စားသုံးသူများအနေဖြင့် လိုက်နာရမည့်တာဝန်များကိုလည်း တိတိကျကျလိုက်နာရန်လိုအပ်ကြောင်း၊ ဒုတိယဦးစီးမှူး ဒေါ်ပပရွှေက စားသုံးသူကာကွယ်ရေးဥပဒေ အခန်း(၁၈)ပါ ကုန်အညွှန်းအမှတ်အသားများတွင် ထည့်သွင်းဖော်ပြရမည့် အချက်(၈)ချက်အကြောင်း၊ ယခုကဲ့သို့ ကုန်အညွှန်းအမှတ်အသားများမပါလျှင် ဝယ်ယူစားသောက်ခြင်းမပြုစေချင်ကြောင်း၊ ကုန်အညွှန်းအမှတ်အသားများပြည့်စုံမှသာ သုံးစွဲစေချင်ကြောင်း၊ စားသုံးသူမိဘပြည်သူများအနေဖြင့် တိကျစွာလိုက်နာဆောင်ရွက်ရန်လိုအပ်ကြောင်းများကို ရှင်းလင်းပြောကြားခဲ့ပါသည်။

    ဆက်လက်၍ ဦးစီးမှူး ဒေါ်ကြည်ကြည်စိုးက မိဘပြည်သူများအနေဖြင့် အခွင့်အရေးများကိုသိရှိပြီး နစ်နာဆုံးရှုံးမှုရှိခဲ့လျှင် တိုင်ကြားနိုင်ရန် စားသုံးသူသတင်းပြန်ကြားရေးနှင့်တိုင်ကြားမှုလက်ခံဆောင်ရွက်ရေးစင်တာ “CICC” ရုံးများတွင် တိုင်ကြားနိုင်ကြောင်း၊ ထို့ပြင် Facebook စာမျက်နှာတွင်လည်းကောင်း၊ DOCA Myanmar Application တွင်လည်းကောင်း၊ Consumer Call Center ဖွင့်လှစ်ထားသည့် (1535) တွင်လည်းကောင်း တိုင်ကြားနိုင်ကြောင်းများနှင့် တိုင်ကြားနိုင်သူများအကြောင်းကိုလည်း ကျယ်ကျယ်ပြန့်ပြန့်ရှင်းလင်းဆွေးနွေးခဲ့ပါသည်။ တက်ရောက်လာကြသည့် ကျောင်းသား/ သူများနှင့် ဆရာ/ မများက သိရှိလိုသည်များကိုမေးမြန်းခဲ့ရာ ပြန်လည်ဖြေကြားခဲ့ပြီး လက်ကမ်းစာစောင်များလည်းဖြန့်ဝေခဲ့ပါသည်။ ဟောပြောပွဲအပြီးတွင် ကျောင်းမုန့်ဈေးဆိုင်၌ စားသုံးရန်မသင့်သည့်အစားအသောက်များရောင်းချခြင်းရှိ/ မရှိကိုလည်း ကျောင်းအုပ်ဆရာမကြီးနှင့်အတူ စစ်ဆေးခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(မကွေး)

Pages

Subscribe to RSS - HighLight News