HighLight News

Powered by Drupal

မကွေးမြို့နယ်၊ တပ်ကုန်းကျေးရွာ၌ စနစ်ကျလယ်ယာမြေ(စံပြကွက်များ) အဆင့်မြှင့်တင်ခြင်းလုပ်ငန်းအကောင်အထည်ဖော်ဆောင်ရွက်

  မြန်မာနိုင်ငံသည် စိုက်ပျိုး‌ရေးကိုအဓိကအားထားသည့် နိုင်ငံဖြစ်သည်နှင့်အညီ မကွေးတိုင်းဒေသကြီးတွင်လည်း ပဲမျိုးစုံ၊ နှမ်း၊ ဆီထွက်သီးနှံ၊ ဟင်းသီးဟင်းရွက်၊ စားဖိုဆောင်သုံးသီးနှံများကို အဓိကထားစိုက်ပျိုးလျက်ရှိပါသည်။ ယခင်စိုက်ပျိုးသည့် မြေများအပြင် မြေယာများလည်း ထပ်မံဖော်ထုတ် စိုက်ပျိုးလျက်ရှိပါသည်။ ယခုအခါတွင်လည်း မကွေးခရိုင်၊ မကွေးမြို့၊ တပ်ကုန်းကျေးရွာ၊ စနစ်ကျလယ်ယာမြေ (စံပြကွက်)များ အဆင့်မြှင့်တင်ခြင်းလုပ်ငန်းသည် မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ မကွေးမြို့နယ်၊ ဧရာဝတီမြစ်အရှေ့ဘက်ကမ်းတွင် တည်ရှိပါသည်။ လယ်ယာမြေအဆင့်မြှင့်တင်ခြင်းလုပ်ငန်းကို (၅-၅-၂၀၂၃)ရက်နေ့တွင် စတင်ဆောင်ရွက်ခဲ့ပြီး (၂၅-၇-၂၀၂၃)ရက်နေ့တွင် ဆောင်ရွက်ပြီးစီးခဲ့ပါသည်။ လယ်ယာအဆင့်မြှင့်တင်ခြင်းလုပ်ငန်းကို ဆောင်ရွက်ပြီးပါက စိုက်ပျိုးရေးကိုအခြေခံသည့် ကျေးရွာဖြစ်သဖြင့် မိုးစပါးရာသီချိန်အမီ စိုက်ပျိုးနိုင်ရန်စီမံကိန်းဖြစ်ပါသည်။

လုပ်ငန်းစီမံကိန်းဖြစ်ပေါ်လာပုံ

  မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ မကွေးမြို့နယ်သည်ပူပြင်းခြောက်သွေ့ပြီး အလယ်ပိုင်းမိုးနည်းရေရှားဒေသတွင်ပါဝင်၍ နှစ်စဉ်ပျမ်းမျှမိုးရေချိန် (၂၉)လက်မခန့်သာရရှိပါသည်။ နှစ်စဉ် သီးနှံစိုက်ပျိုးရာတွင် သဘာဝမိုးရေကိုသာ အဓိကမှီခိုအားထားစိုက်ပျိုးနေရသဖြင့် တစ်နှစ်လျှင် စပါးနှင့် အခြားသီးနှံ(၂)သီးသာစိုက်ပျိုးနိုင်ခဲ့ပါသည်။ လယ်ယာမြေများတိုးချဲ့ဖော်ထုတ်ပြီး တိုင်းဒေသကြီးသည် ရေရရှိရေးနည်းလမ်း(၆)သွယ်အနက် တစ်ခုဖြစ်သော မြစ်ချောင်းများမှရေကိုစုပ်တင်၍  စိုက်ပျိုးရေပေးဝေနိုင်ရေးအတွက် စနစ်ကျလယ်ယာမြေ(စံပြကွက်များ)အဆင့်မြှင့်တင်ခြင်းလုပ်ငန်းစီမံကိန်းကို အကောင်အထည်ဖော်ဆောင်ရွက်ရခြင်းဖြစ်ပါသည်။

လုပ်ငန်းစီမံကိန်း၏ ရည်ရွယ်ချက်

    တပ်ကုန်းကျေးရွာ စနစ်ကျလယ်ယာ(စံပြကွက်)များအဆင့်မြှင့်တင်ခြင်းလုပ်ငန်းဆောင်ရွက်ခြင်းကြောင့် မကွေးမြို့နယ်၊ တပ်ကုန်းကျေးရွာအုပ်စုဒေသရှိ စနစ်ကျလယ်ယာမြေစံပြကွက်များတွင် စပါးနှင့် အခြားသီးနှံများ သီးထပ်သီးညှပ်တိုးချဲ့စိုက်ပျိုးကာ  သီးထပ်စွမ်းအားနှင့် သီးနှံအထွက်နှုန်းများတိုးတက်လာစေရန်၊ ဒေသဝမ်းစာဖူလုံရေးနှင့် ဒေသစိမ်းလန်းစိုပြေစေရေးအတွက် အထောက်အကူပြုစေနိုင်ရုံသာမက ဒေသအတွင်းတောင်သူတစ်ဦးချင်း၏ ဝင်ငွေများတိုးတက်လာစေရန် ရည်ရွယ်ပါသည်။

  စနစ်ကျလယ်ယာ(စံပြကွက်)များ အဆင့်မြှင့်တင်ခြင်းလုပ်ငန်းကို စက်မှုလယ်ယာဦးစီးဌာန၊ အင်ဂျင်နီယာပိုင်းဆိုင်ရာစူးစမ်းလေ့လာခြင်းနှင့် မြေပြင်တိုင်းတာခြင်းလုပ်ငန်းများကို ၂၀၂၃ခုနှစ်၊ မေလ(၅)ရက်နေ့တွင် စတင်ဆောင်ရွက်ခဲ့ပြီး သက်ဆိုင်ရာဌာနများ‌၏ပေါင်းစပ်ညှိနှိုင်းမှုဖြင့် လယ်ယာမြေ (၁၆၄) ဧက ဖော်ထုတ်ဆောင်ရွက်ခြင်းအား (၂၀၂၃-၂၀၂၄) ဘဏ္ဍာနှစ်တွင် စီမံကိန်းလုပ်ငန်းများဆောင်ရွက်ပြီးစီးမည်ဖြစ်ပါသည်။ ယခုနှစ် မိုးစပါးစိုက်ပျိုးရာသီတွင် မိုးစပါးများကိုး စတင်စိုက်ပျိုးသွားမည်ဖြစ်ပါသည်။ 

  နိုင်ငံတော်၏ စီးပွားရေးဦးတည်ချက်(၄)ရပ်အနက် ပထမဦးတည်ချက်ဖြစ်သည့် စိုက်ပျိုးရေးကဏ္ဍ၏ အဓိကလုပ်ငန်းဖြစ်သော စနစ်ကျလယ်ယာ(စံပြကွက်)များ အဆင့်မြှင့်တင်ခြင်းလုပ်ငန်းအား စက်မှုလယ်ယာဦးစီးဌာနမှ ဝန်ထမ်းများ၏ အားသွန်ခွန်စိုက်ကြိုးပမ်းမှုနှင့် ပေါင်းစပ်ညှိနှိုင်းမှု၊ တိုင်း/ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့များ၊ ဒေသခံပြည်သူများ၏ ဝိုင်းဝန်းပံ့ပိုးကူညီမှုတို့ဖြင့် လုပ်ငန်းဆောင်ရွက်သွားမည်ဖြစ်ပြီး နိုင်ငံတော်အကြီးအကဲ၏ လမ်းညွှန်မှုဖြင့် အကွက်ဖော်မြေညှိထားသော လယ်ယာမြေများတွင် ပိုမိုကောင်းမွန်စွာစိုက်ပျိုး၍ ဆောင်ရွက်သွားမည်ဖြစ်ပါသည်။

  စနစ်ကျလယ်ယာမြေ (စံပြကွက်များ) အဆင့်မြှင့်တင်ခြင်းလုပ်ငန်းဆောင်ရွက်ပြီးစီးမှုနှင့်အတူ စိုက်ပျိုးသီးနှံများအား ရေသွင်းစိုက်ပျိုးစေခြင်းဖြင့် ယခင်(၂)သီးသာစိုက်ပျိုးရာမှ တစ်နှစ်ပတ်လုံး (၃)သီး ပိုမိုတိုးချဲ့၍စိုက်ပျိုးနိုင်ပြီး သီးထပ်စွမ်းအား၊ သီးနှံအထွက်နှုန်းများလည်းတိုးတက်လာခြင်း၊ ဒေသ စိမ်းလန်းစိုပြေရေးအတွက် အထောက်အကူပြုစေခြင်း၊ စီးပွားရေးနှင့် ကျန်းမာရေးတိုးတက်ကောင်းမွန်လာစေခြင်း စသည့်အကျိုးအမြတ်များကို ဒေသခံပြည်သူများနှင့် တောင်သူလယ်သမားများရရှိခံစားနိုင်ခြင်းတို့ကြောင့် နိုင်ငံတော်အတွက် အကျိုးဖြစ်ထွန်းစေမည့် လုပ်ငန်းစီမံကိန်းတစ်ခုဖြစ်ပါကြောင်း လေ့လာတင်ပြအပ်ပါသည်။

DOCA(မကွေး)

ဧရာဝတီတိုင်းဒေသကြီး၊ အိမ်ခြံမြေဝန်ဆောင်မှုအသင်း အလုပ်အမှုဆောင် ရွေးချယ်တင်မြှောက်ပွဲအခမ်းအနားပြုလုပ်

    ဧရာဝတီတိုင်းဒေသကြီး၊ အိမ်ခြံမြေဝန်ဆောင်မှုအသင်း (၂၀၂၃-၂၀၂၄) အလုပ်အမှုဆောင်ရွေးချယ်တင်မြှောက်ပွဲအခမ်းအနားကို ပုသိမ်မြို့၊ မဟာဗန္ဓုလလမ်း  JJ Restaurant ၌ ဩဂုတ်လ (၂၉) ရက်နေ့တွင် ကျင်းပပြုလုပ်ခဲ့ပါသည်။

    မြန်မာနိုင်ငံအိမ်ခြံမြေဝန်ဆောင်မှုအသင်း(ရန်ကုန်)မှ ဗဟိုဥက္ကဋ္ဌကြီး ဦးခင်မောင်သန်းက အဖွင့်အမှာစကားပြောကြား၍ အစီအစဉ်အရ ဧရာဝတီတိုင်းဒေသကြီး၊ အိမ်ခြံမြေဝန်ဆောင်မှုအသင်းဥက္ကဋ္ဌကြီး ဦးသန့်ဇင်နှင့် CEC/EC အဖွဲ့ဝင်ဟောင်းများနုတ်ထွက်ကြောင်းကြေညာခဲ့ပြီး (၂၀၂၃-၂၀၂၆) အိမ်ခြံမြေဝန်ဆောင်မှုအသင်းအတွက် အမှုဆောင်သစ်များရွေးချယ်ခြင်းကို အသင်းဝင်အားလုံးက ပွင့်လင်းမြင်သာစွာ မိမိတာဝန်ထမ်းဆောင်နိုင်သည့်နေရာကို မိမိကိုယ်တိုင်ဆန္ဒအရ အဆိုပြုတင်သွင်း၍ အသင်းသားများ၏ သဘောထားဆန္ဒနှင့်အညီ CEC/EC များရွေးချယ်ခဲ့ပါသည်။

    ဆက်လက်၍ မြန်မာနိုင်ငံအိမ်ခြံမြေဝန်ဆောင်မှုအသင်း (ဧရာဝတီတိုင်းဒေသကြီး) အသင်းကို အသင်းသားအားလုံး၏ သဘောထားဆန္ဒနှင့်အညီ ယခင်ဥက္ကဋ္ဌဟောင်း ဦးသန့်ဇင်အား (၂၀၂၃-၂၀၂၆) သက်တမ်းအတွက် အသင်းအဖွဲ့စည်းမျဉ်းစည်းကမ်းများနှင့်အညီ ဥက္ကဋ္ဌအဖြစ် ပြန်လည်ရွေးချယ်ခဲ့ကြောင်းသိရပါသည်၊၊

DOCA(ဧရာဝတီ)

 

ဧရာဝတီတိုင်းဒေသကြီး၊ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ သစ်အခြေခံပရိဘောဂသင်တန်းဖွင့်ပွဲပြုလုပ်

    ဧရာဝတီတိုင်းဒေသကြီး၊ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှကြီးမှူး၍ ၂၀၂၃ခုနှစ်၊ စက်တင်ဘာလ ၁ရက်နေ့၊ နံနက် (၁၀:၀၀) နာရီအချိန်တွင် ကန်ကြီးထောင့်မြို့နယ်၊ ဝါးဒူးကျေးရွာအုပ်စု၊ အနောက်စုကြီးကျေးရွာတွင် အသေးစားကုန်ထုတ်လုပ်ငန်းများဖန်တီးပေးနိုင်ရေးနှင့် ကျေးလက်နေမိသားစုများ ဝင်ငွေတိုးပွားလာစေရန် သစ်အခြေခံပရိဘောဂသင်တန်းဖွင့်ပွဲအခမ်းအနားကျင်းပပြုလုပ်ခဲ့ပါသည်၊၊

    အဆိုပါသင်တန်းဖွင့်ပွဲအခမ်းအနားကို ဧရာဝတီတိုင်းဒေသကြီး၊ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ တိုင်းဦးစီးမှူး ဦးအောင်ဖြိုး၊ ဒုတိယညွှန်ကြားရေးမှူး ဒေါ်မဥ္ဇူဝင်း၊ တိုင်းကျေးလက်ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးနေထက်ရှိန်၊ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်သဥ္ဇာညွှန့်၊ ပြည်တွင်းအခွန်များဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဦးခွန်စောလွင်၊ စားသုံးသူရေးရာဦးစီးဌာနမှ ဒု-ဦးစီးမှူး ဦးလေးလွင်၊ စီမံကိန်းအဖွဲ့ဝင်များ၊ ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် ဖိတ်ကြားထားသူများ၊ သင်တန်းသားများ၊ စုစုပေါင်း ၅၀ဦးခန့်တက်ရောက်ခဲ့ကြကြောင်း သတင်းရရှိပါသည်၊၊

DOCA(ဧရာဝတီ)

                                     

ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာနတွင် တိုင်းဒေသကြီးဦးစီးမှူးရုံးတွင် ဝန်ထမ်းထုဒါဘာအစည်းအဝေးပြုလုပ်

     ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာနတွင် တိုင်းဒေသကြီးဦးစီးမှူးရုံးတွင် ဩဂုတ်လ (၃၀) ရက်နေ့၊ နံနက် (၁၀:၀၀) နာရီအချိန်တွင် ဝန်ထမ်းထုဒါဘာအစည်းအဝေးပြုလုပ်ရာ ဒုတိယညွှန်ကြားရေးမှူး ဦးစိုးဦးက အဖွင့်အမှာစကားပြောကြား၍ ဌာနခွဲအလိုက်လုပ်ငန်းဆောင်ရွက်မှုနှင့်ပတ်သက်၍ လိုအပ်သည်များကိုပြောကြားခဲ့ပါသည်။

    ဆက်လက်၍ သက်ဆိုင်ရာဌာနခွဲများမှလည်း ဌာနတစ်ခုချင်းအလိုက် ဩဂုတ်လအတွင်း ဆောင်ရွက်ခဲ့သောလုပ်ငန်းများ၊ ဆောင်ရွက်ပြီးစီးမှု၊ ဆောင်ရွက်ရန်ကျန်ရှိသောလုပ်ငန်းများနှင့် ဆောင်ရွက်နေသောလုပ်ငန်းများကို ရှင်းလင်းတင်ပြခဲ့ပြီး ဒုတိယညွှန်ကြားရေးမှူးက နိဂုံးချုပ်အမှာစကားပြောကြားခဲ့ကြောင်းသိရှိရပါသည်။

DOCA(ဧရာဝတီ)

၂၀၂၃ခုနှစ် မိုးစပါးအတွက် သွင်းအားစုများပေးသွင်းနိုင်ရေး စာချုပ်ချုပ်ပွဲကျင်းပ

    ဧရာဝတီတိုင်းဒေသကြီးအတွင်း နိုင်ငံ့စီးပွားမြှင့်တင်ရေးရံပုံငွေ (၈၆) ဘီလီယံဖြင့် ၂၀၂၃ခုနှစ်၊ မိုးစပါးစိုက်ဧက ၄သိန်းကျော်အတွက် သက်ဆိုင်ရာကုမ္ပဏီများ၊ ဝယ်ယူကြိတ်ခွဲတင်ပို့သူများမှ ကျပ်၂၀၀၀၀၀နှုန်းနှင့်ညီမျှသော သွင်းအားစုများပေးအပ်စာချုပ်ချုပ်ဆိုပွဲအခမ်းအနားကို တိုင်းဒေသကြီးအစိုးရရုံးခန်းအတွင်းရှိ ဧရာရွှေဝါခန်းမ၌ (၃-၉-၂၀၂၃) ရက်နေ့တွင် ကျင်းပခဲ့ပါသည်၊၊ အဆိုပါအခမ်းအနားသို့ တိုင်းအဆင့်လုပ်ငန်းကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ၊ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီးနှင့်အဖွဲ့ဝင်များ၊ သက်ဆိုင်ရာခရိုင်အုပ်ချုပ်ရေးမျူးများ၊ သွင်းအားစုထောက်ပံ့သည့် Company များမှ တာဝန်ရှိသူများ၊ မြို့နယ်စိုက်ပျိုးရေးမန်နေဂျာများ၊ စုစုပေါင်း (၁၂၉) ဦးတက်ရောက်ခဲ့ကြပါသည်၊၊

     အဆိုပါ အခမ်းအနားတွင် တို်ငးကြီးကြပ်မှုကော်မတီဥက္ကဋ္ဌက ၂၀၂၃ခုနှစ်၊ မိုးစပါးများ အထွက်နှုန်းပိုမိုစေရေးအတွက်သွင်းအားစုများ အချိန်မီထောက်ပံ့ပေးခြင်းဖြစ်ကြောင်း၊ တာဝန်ရှိသူအဆင့်ဆင့်ကလည်းကြီးကြပ်ရန်လိုအပ်ကြောင်း၊ ဆုံးရှုံးမှုမဖြစ်ပေါ်စေရေး အကျယ်တဝင့်မှာကြားပြီး တိုင်းစိုက်ပျိုးရေးဦးစီးမှူးက စာချုပ်ချုပ်ဆိုရာတွင် လိုအပ်‌သောခိုင်လုံသည့်အထောက်အထားများ ပေးအပ်ရမည်ဖြစ်ကြောင်းနှင့် အထောက်အထားပြည့်စုံမှုရှိသော သွင်းအားစုဖြန့်ဖြူးပေးသည့် Company များအားစိစစ်၍ ပထမအကြိမ်စာချုပ်ချုပ်ဆိုပေးခဲ့ကြောင်း သတင်းရရှိပါသည်၊၊

DOCA(ဧရာဝတီ)

                            

“ရွှေချယ်ရီ” သောက်ရေသန့်ထုတ်လုပ်ရေးစက်ရုံအား ထုတ်ကုန်များလုံခြုံစိတ်ချရမှုရှိစေရေး ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းနှင့် စီးပွားရေးလုပ်ငန်းရှင်နှင့်တွေ့ဆုံဆွေးနွေးခြင်း

   ၂၀၂၃ခုနှစ်၊ စက်တင်ဘာလ (၄) ရက်နေ့၊ နေ့လယ် (၁၃:၀၀) နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ ဒုတိယပြည်နယ်ဦးစီးမှူးရုံးမှ စစ်ဆေးရေးမှူးနှင့်တာဝန်ရှိသူများသည် ခရိုင်အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာနနှင့်ပူးပေါင်း၍ ကတ်တောင်အုပ်စု၊ ကတ်ကျောင်းကျေးရွာအတွင်းရှိ “ရွှေချယ်ရီ” အမှတ်တံဆိပ် သောက်ရေသန့်ထုတ်လုပ်ရေးစက်ရုံအား ထုတ်ကုန်များလုံခြုံစိတ်ချရမှုရှိစေရေးနှင့် ကုန်အညွှန်းအမှတ်အသားပြည့်စုံစွာဖော်ပြပါရှိရေးတို့နှင့်ပတ်သက်၍ ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ပြီး သောက်ရေသန့်ထုတ်လုပ်သည့် စီးပွားရေးလုပ်ငန်းရှင်နှင့်လည်း တွေ့ဆုံဆွေးနွေးခဲ့ပါသည်။

    ထိုသို့ ဈေးကွက်စောင့်ကြည့်စစ်ဆေးရာတွင် “ရွှေချယ်ရီ”  အမှတ်တံဆိပ် သောက်ရေသန့်ထုတ်လုပ်ရေးလုပ်ငန်းအနေဖြင့် သက်ဆိုင်ရာဌာန၏ ထောက်ခံချက်များပါရှိပြီး ကုန်အညွှန်းအမှတ်အသားပြည့်စုံစွာဖော်ပြထားသည်ကိုတွေ့ရှိရပါသည်။

    ဆက်လက်၍ စစ်ဆေးရေးမှူးနှင့်တာဝန်ရှိသူများသည် စားသုံးသူကာကွယ်ရေးဥပဒေ အခန်း (၁၀)ပါ “စီးပွားရေးလုပ်ငန်းရှင်၏တာဝန်များ”ကို သိရှိလိုက်နာဆောင်ရွက်စေရန် အသိပညာပေးဆွေးနွေးခြင်းလုပ်ငန်းဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။   

DOCA(ရှမ်း)

 

ဘားအံမြို့ရှိ အခြေခံပညာအထက်တန်းကျောင်း အ.ထ.က - ၃ တွင် စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာပေးဟောပြော

    စားသုံးသူရေးရာဦးစီးဌာန၊ ကရင်ပြည်နယ်ဦးစီးမှူးရုံးမှ ဦးစီးအရာရှိ၊ ဦးမျိုးဝင်းနိုင်နှင့်ဝန်ထမ်းများသည် (၄-၉-၂၀၂၃) ရက်နေ့၊ နံနက် (၀၉:၃၀) နာရီအချိန်တွင် အမှတ်(၅)ရပ်ကွက်၊ ဗိုလ်ချုပ်လမ်း၊ ဘားအံမြို့ရှိ အခြေခံပညာအထက်တန်းကျောင်း အ.ထ.က - ၃ အစည်းဝေးခန်းမတွင် ကျောင်းသား၊ ကျောင်းသူ၊ ဆရာ၊ ဆရာမများကို စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာပေးဟောပြောခဲ့ကြောင်းသိရှိရသည်။

    အဆိုပါဟောပြောပွဲတွင် စားသုံးသူရေးရာဦးစီးဌာန၊ ဦးစီးအရာရှိ၊ ဦးမျိုးဝင်းနိုင်က ကျောင်းသား၊ ကျောင်းသူ၊ ဆရာ၊ ဆရာမများကို အစားအသောက်များဝယ်ယူစားသုံးရာတွင် စနစ်တကျရွေးချယ်ဝယ်ယူစားသုံးတက်စေရန်အတွက် ညွှန်ကြားချက်အမှတ် ၂/၂၀၁၉ တွင် ထုတ်ပြန်ထားသော ကုန်အညွှန်းအမှတ်အသားဖော်ပြရာ၌  မြန်မာဘာသာဖြင့် အသေးစိတ်ဖော်ပြရမည့်အချက်များကို နမူနာမုန့်ထုပ်များဖြင့် လက်တွေ့သရုပ်ပြရှင်းလင်းဆွေးနွေးပြောကြားခဲ့ပြီး၊ ဆက်လက်၍ စားသုံးသူရေးရာဦးစီးဌာန၊ အကြီးတန်းစာရေး၊ ဒေါ်စုနွေးသီရိမောင်က  စားသုံးသူကာကွယ်ရေးဥပဒေ ၂၀၁၉ အခန်း(၉)တွင်ပါဝင်သော စားသုံးသူအခွင့်အရေးနှင့် တာဝန်များအကြောင်းကို အသေးစိတ်ရှင်းလင်းဆွေးနွေးပြောကြားခဲ့ပါသည်။

     ဟောပြောပွဲတွင် Grade -8, Grade -9, Grade -10, Grade -11, Grade -12 မှ ကျောင်းသား၊ ကျောင်းသူ ၂၅၀ဦးနှင့် ဆရာ၊ ဆရာမ ၂၈ဦး၊ စုစုပေါင်း ၂၇၈ဦးတက်ရောက်ခဲ့ကြပြီး တက်ရောက်လာသူများကို လက်ကမ်းစာစောင်များဖြန့်ဝေခဲ့ကြကာ ဟောပြောပွဲကို နံနက် (၁၁:၀၀) နာရီအချိန်တွင် ရုပ်သိမ်းခဲ့ကြောင်း သတင်းရရှိပါသည်။

 DOCA(ကရင်)

ချောက်မြို့၌ ဆေးဆိုင်များနှင့် ကုန်စုံဆိုင်များအား ကွင်းဆင်းစစ်ဆေး

    မကွေးတိုင်းဒေသကြီး၊ ချောက်ခရိုင်၊ ချောက်မြို့၌ ပုဂ္ဂလိကဆေးဆိုင်များ၌ သက်တမ်းလွန်ဆေးဝါးရောင်းချခြင်းရှိ/မရှိနှင့် စားသုံးသူဘေးအန္တရာယ်ကင်းရှင်းစေရေးအတွက် ကုန်စုံဆိုင်များအား (၃၁-၉-၂၀၂၃)ရက်နေ့၊ နံနက်(၀၉:၃၀)နာရီအချိန်တွင် ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခဲ့ကြောင်းသိရသည်။

    ပုဂ္ဂလိကဆေးဆိုင်များအား သက်တမ်းလွန်ဆေးဝါးများရောင်းချခြင်းရှိ/မရှိ၊ (FDA)က ကန့်သတ်ထားသော ဆေးဝါးများရောင်းချခြင်းရှိ/မရှိနှင့် ကုန်စုံဆိုင်များ၌ စားသောက်ကုန်များတွင် ကုန်အညွှန်းများတပ်ဆင်မှုရှိ/မရှိ၊ သက်တမ်းလွန်စားသောက်ကုန်များရောင်းချခြင်းရှိ/မရှိ  စစ်ဆေးခဲ့ခြင်းဖြစ်ပြီး စျေးကွက်အတွင်းရောင်းချနေသော စားသောက်ကုန်ပစ္စည်းများ၊ လူသုံးကုန်ပစ္စည်းများအား ဝယ်ယူသုံးစွဲကြသော စားသုံးသူပြည်သူများအနေဖြင့် ဘေးဥပဒ်ကင်းရှင်းစွာသုံးစွဲနိုင်စေရေး၊ သတင်းအချက်အလက်များ ပြည့်စုံမှန်ကန်စွာဖော်ပြထားသော အရည်အသွေးပြည့်မီသော ကုန်ပစ္စည်းများကိုသာဝယ်ယူသုံးစွဲနိုင်စေရေး၊ မြန်မာနိုင်ငံအစားအသောက်နှင့်ဆေးဝါးကွပ်ကဲ‌‌ရေးဥပဒေနှင့်ညီညွတ်သော ကုန်ပစ္စည်းများကိုသာရောင်းချနိုင်စေရေး၊ ရောင်းချသည့်စျေးဆိုင်လုပ်ငန်းရှင်များအနေဖြင့်လည်း ဌာနဆိုင်ရာများ၏ တည်ဆဲဥပဒေနှင့်ညီညွတ်သော ကုန်ပစ္စည်းများကိုသာရောင်းချစေရေး ကွင်းဆင်းစစ်ဆေးမှုများဆောင်ရွက်ခဲ့ပါသည်။

  ထိုသို့ စစ်ဆေးခြင်းကို မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးစစ်ငြိမ်းအေး၊ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ မြို့နယ်ဆရာဝန်ကြီး ဒေါက်တာမျိုးသက်ဦး၊ မြို့နယ်ရဲစခန်းမှ ဒု-ရဲမှူး သန့်ဇင်ထူး၊ မြို့နယ်စားသုံးသူရေးရာတာဝန်ခံ ဒေါ်မြတ်မြတ်မိုး၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ ဦးစီးအရာရှိ ဒေါ်လတ်လတ်ဌေး၊ မြို့နယ်မီးသတ်ဦးစီးဌာနမှ ဒု-ဦးစီးမှူး ဦးဇင်မျိုးသန့်၊ ပြည်တွင်းအခွန်ဦးစီးဌာနမှ ဒု-ဦးစီးမှူး ဒေါ်တင်မာဦး ပူးပေါင်းအဖွဲ့ဖြင့် စစ်ဆေးခဲ့ခြင်းဖြစ်ကြောင်းသိရှိရပါသည်။

DOCA(မကွေး)

 

 

မြိတ်မြို့၊ ငြိမ်းချမ်းရေးရပ်၊ အခြေခံပညာမူလတန်းလွန်ကျောင်း၌ စားသုံးသူကာကွယ်ရေးဆိုင်ရာအသိပညာပေးဟောပြော

  တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်စားသုံးသူရေးရာဦးစီးဌာနမှ ခေတ္တခရိုင်ဦးစီးမှူးနှင့် ဝန်ထမ်းများဦး‌ဆောင်၍ ခရိုင်အသေးစားစက်မှုူလက်မှုလုပ်ငန်းဦးစီးဌာနတို့နှင့်အတူ ၂၀၂၃ခုနှစ်၊ စက်တင်ဘာလ(၅)ရက်နေ့၊ နံနက်(၁၀း၀၀)နာရီအချိန်တွင် ငြိမ်းချမ်းရေးရပ်၊ အခြေခံပညာမူလတန်းလွန်ကျောင်းရှိ ကျောင်းသား/ကျောင်းသူများအား ဘေးအန္တရာယ်ကင်းရှင်းသောအစားအသောက်များ ရွေးချယ်ဝယ်ယူစားသုံး‌နိုင်စေရေးရည်ရွယ်၍ စားသုံးသူကာကွယ်ရေးဆိုင်ရာ သိကောင်းစရာများဟောပြောခဲ့ပါသည်။

   အဆိုပါ ဟောပြောပွဲတွင်  ခရိုင်ဦးစီးမှူးက စားသုံသူများတွင် စားသုံးသူအခွင့်အရေး(၈)ချက်ရှိကြောင်း၊ စားသုံးသူနစ်နာမှုဖြစ်ပါက တိုင်ကြားနိုင်ကြောင်း၊ အစားအသောက်ဝယ်ယူရာတွင် ကုန်အညွှန်းအမှတ်အသားပါရှိသော စားသောက်ကုန်များဝယ်ယူသင့်ကြောင်း၊ ကုန်အညွှန်းအမှတ်အသားမပါရှိပါက ဘေးအန္တရာယ်ဖြစ်စေနိုင်ကြောင်းနှင့် အစားအသောက်များကို သက်တမ်းမကုန်ဆုံးမီ စားသုံးသင့်ကြောင်း ရှင်းလင်းပြောကြားပြီး  ခရိုင်အသေးစားစက်မှုူလက်မှုလုပ်ငန်းဦးစီးဌာနက အစားအသောက်သုံးစွဲရာတွင် ပြုလုပ်သင့်သောအချက်များအကြောင်း၊ သဘာဝရိုးရာစားသောက်ကုန်နှင့် လက်မှုပစ္စည်းသင်တန်းများဖွင့်လှစ်ပေးနေကြောင်းနှင့် အစားအသောက်များတွင် စားသုံးရန် /သုံးစွဲရန်သင့်ခွင့်ပြုချက်ထုတ်ပေးနေကြောင်းပြောကြားခဲ့ပါသည်။ ဟောပြောပွဲအပြီးတွင် ကျောင်း သူ/သားများအတွက် ဘေးအန္တရာယ်ကင်းရှင်းစွာသုံးစွဲနိုင်ရေး ကျောင်းမုန့်စျေးတန်းအား ကွင်းဆင်းစစ်ဆေးခဲ့ပြီး ဟောပြောပွဲသို့ ဆရာ/မ၊ ကျောင်းသား/သူစုစုပေါင်း (၁၀၀)ဦးတက်ရောက်ခဲ့ကြကြောင်းသိရှိရပါသည်။

DOCA(တနင်္သာရီ)

ညောင်ဦးမြို့နယ်တွင် စီးပွားရေးလုပ်ငန်းရှင်များနှင့်တွေ့ဆုံဆွေးနွေး

    မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင်၊ စားသုံးသူရေးရာဦးစီးဌာန၊ ခရိုင်ဦးစီးမှူးရုံးမှဦးဆောင်၍ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ စက်မှုကြီးကြပ်ရေးနှင့်စစ်ဆေးရေးဦးစီးဌာန၊ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန၊ စက်မှုကြီးကြပ်ရေးနှင့်စစ်ဆေးရေးဦးစီးဌာနတို့ပူးပေါင်း၍ (၂၂-၈-၂၀၂၃)ရက်နေ့၊ နေ့လယ် (၁၃:၀၀) နာရီအချိန်တွင် ပုဂံမြို့ရှိ ဓမ္မရာဇာဘုရားတွင်လည်းကောင်း၊ နေ့လယ် (၁၅:၀၀) နာရီအချိန်တွင် လောကနန္ဒာဘုရားတွင်လည်းကောင်း ပုဂံဒေသထွက် လက်ဆောင်ပစ္စည်းထုတ်လုပ်ရောင်းချသော စီးပွားရေးလုပ်ငန်းရှင်များနှင့်တွေ့ဆုံ၍ အသိပညာပေးဟောပြောဆွေးနွေးမှုများဆောင်ရွက်ခဲ့ကြပါသည်။

  တွေ့ဆုံဆွေးနွေးမှုတွင် ရှေးဦးစွာ စားသုံးသူရေးရာဦးစီးဌာန၊ ညောင်ဦးခရိုင်ဦးစီးမှူးရုံးမှ ဦးစီးအရာရှိ ဦးသန်းစိုးက စားသုံးသူကာကွယ်ရေးဥပဒေပါ စားသုံးသူ၏အဓိပ္ပါယ်၊ စီးပွားရေးလုပ်ငန်းရှင်၏အဓိပ္ပါယ်နှင့်တာဝန်များ၊ တာမြစ်ချက်များကိုလည်းကောင်း၊ ကုန်အညွှန်းအမှတ်အသားများအကြောင်းအားလည်းကောင်း၊ မိမိတို့သည် စီးပွားရေးလုပ်ငန်းရှင်များဖြစ်သည့်အတွက် စီးပွားရေးကျင့်ဝတ်စည်းကမ်းများနှင့်အညီ လုပ်ဆောင်ကြရန်လိုအပ်ပါကြောင်း၊ မိမိအကျိုးစီးပွားအတွက်သာကြည့်ပြီး စားသုံးသူများထိခိုက်နစ်နာစေသည့် အပြုအမူ၊ လုပ်ဆောင်မှုများကို ရှောင်ကျဉ်ရမည်ဖြစ်ပါကြောင်း၊ စားသုံးသူအပေါ် စိတ်စေတနာအပြည့်အဝထားရန်နှင့် မိမိတို့၏စိတ်စေတနာအလျောက် ပြန်လည်အကျိုးသက်ရောက်လာမည်ာဖြစ်ပါကြောင်း၊ မိမိတို့၏ ပုဂံ၊ ညောင်ဦးဒေသသည် ကမ္ဘာ့အမွေအနစ်ဝင် ရှေးဟောင်းအထင်ကရနေရာဒေသတစ်ခုဖြစ်သည့်အတွက် ပြည်တွင်းပြည်ပခရီးသွားများ အချိန်နှင့်အမျှ အမြဲမပြတ်လာရောက်လျက်ရှိပြီး ခရီးသွားများအနေဖြင့်လည်း လာရောက်လည်ပတ်ကြပြီး မိမိအိမ်၊ မိမိဒေသသို့ပြန်သည့်အခါ ပုဂံ၊ ညောင်ဦးဒေသ၏ ဒေသထွက်အစားအစာနှင့် အသုံးအဆောင်ပစ္စည်းများကို အမှတ်တရအနေဖြင့်သော်လည်းကောင်း၊ မြတ်နိုးကြိုက်နှစ်သက်၍သော်လည်းကောင်း ဝယ်ယူကြ၍ စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် မိမိတို့၏ အရပ်ဒေသဂုဏ်၊ မိမိထုတ်လုပ်သည့်ကုန်စည်၏အရည်အသွေးနှင့် နာမည်ဂုဏ်သတင်းကောင်းမွန်ခိုင်မာရန်လိုပါကြောင်း၊ သို့မှသာပြည်တွင်းတွင်သာမက နိုင်ငံတကာသို့လည်း ထိုးဖောက်နိုင်မည်ဖြစ်ပါကြောင်း၊  စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် ကုန်စည်များထုတ်လုပ်ရောင်းဝယ်ရာတွင် သက်ဆိုင်ရာဌာနများ၏ ဥပဒေပါပြဋ္ဌာန်းချက်များ၊ သတ်မှတ်ချက်များ၊ ထောက်ခံချက်များ သိရှိနားလည်ထားရမည်ာဖြစ်ပြီး စည်းကမ်းချက်များအတိုင်း လိုက်နာဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်း စသည်ဖြင့် အသိပေးဟောပြောဆွေးနွေးခဲ့ပါသည်။

     ဆက်လက်၍ သက်ဆိုင်ရာဌာနများမှ ပုဂံဒေသထွက် ယွန်းထည်နှင့်ပုန်းရည်ကြီးများ နိုင်ငံတကာသို့ ထိုးဖောက်ရောင်းချနိုင်ရေး ကြိုးပမ်းဆောင်ရွက်ရန်နှင့် ကုန်ထုတ်လုပ်မှုမြှင့်တင်နိုင်ရေး၊ ပုဂံဒေသထွက်ပစ္စည်းများအား နိုင်ငံတကာခရီးသွား ကျယ်ပြန့်စွာသိရှိဝယ်ယူအသုံးပြုနိုင်ရေးအတွက် အားပေးမြှင့်တင်ဆောင်ရွက်ရေးတို့ကို ဟောပြောဆွေးနွေးခဲ့ကြပါသည်။ အဆိုပါဟောပြောဆွေးနွေးမှုတွင် ဓမ္မရာဇာဘုရား၌ ဘုရားအတွင်းအပြင်ရှိ ဈေးဆိုင်များမှ ဈေးရောင်းချသူများ၊ လုပ်ငန်းရှင်များ၊း စုစုပေါင်း (၄၅)ဦး၊ လောကနန္ဒာဘုရား၌ ဘုရားအတွင်းအပြင်ရှိ ဈေးဆိုင်များမှ ဈေးရောင်းချသူများ၊ လုပ်ငန်းရှင်များ၊ စုစုပေါင်း(၄၀)ဦး စသည်ဖြင့် အသီးသီးတက်ရောက်ခဲ့ကြကြောင်းနှင့် ဟောပြောဆွေးနွေးမှုများအပြီးတွင် ပူးပေါင်းအဖွဲ့သည် ဘုရားများ၏ အတွင်းအပြင်ရှိ ပုဂံဒေသထွက်လက်ဆောင်ပစ္စည်းရောင်းချသောဆိုင်များသို့ ထုတ်ကုန်များလုံခြုံစိတ်ချရမှုရှိစေရေး ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(မန္တလေး)

 

Pages

Subscribe to RSS - HighLight News