HighLight News

Powered by Drupal

စာထား အခြေခံပညာမူလတန်း၌ စားသုံးသူကာကွယ်ရေးဆိုင်ရာအသိပညာပေးဟောပြောခြင်း

    စားသုံးသူရေးရာဦးစီးဌာန၊ မိုးညှင်းခရိုင်ဦးစီးမှူးရုံးမှ ဦးဝင်းသိန်းဦး(ရုံးအုပ်)သည် (၂၅-၁-၂၀၂၄) ရက်နေ့တွင် မိုးညှင်းမြို့နယ်၊ အင်းကုန်းကျေးရွာအုပ်စု၊ စာထား အခြေခံပညာမူလတန်းကျောင်း၌ စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြောပွဲဆောင်ရွက်ခဲ့ပါသည်။

    စားားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြောရာ၌ စားသုံးသူဆိုသည်မှာ ကုန်စည် သို့မဟုတ် ဝန်ဆောင်မှုကို ရောင်းဝယ်မှုပြုရန် သို့မဟုတ် အသက်မွေးဝမ်းကြောင်းပြုရန်မဟုတ်ဘဲ ကိုယ်တိုင်သုံးစွဲမှုအတွက်သော်လည်းကောင်း၊ အခြားသူအတွက်သော်လည်းကောင်း ရည်ရွယ်၍ဝယ်ယူခြင်း၊ အသုံးပြုခြင်း၊ ရယူခြင်း၊ ကုန်စည်ချေးငှားခြင်းပြုလုပ်သူများ သို့မဟုတ် ပေးကမ်းထောက်ပံ့ခြင်းခံရသူများကိုဆိုလိုကြောင်း၊ စားသုံးသူ၏အခွင့်အရေး(၈)ချက်နှင့် တာဝန်(၄)ချက်၊ အချိုရည်အမျိုးမျိုးတို့တွင် တားမြစ်ထားသော အန္တရာယ်ရှိသည့်ဓာတုဆိုးဆေးများအကြောင်း၊ တချို့သောမုန့်မျိုးစုံတို့တွင် မပုပ်မသိုးအောင် အထားခံသည့် ဖေါ်မလင်ဟုခေါ်သော တာရှည်အထားခံဆေး၏ ဘေးအန္တရာယ်များအကြောင်း၊ ပလပ်စတစ်နှင့် ပလပ်စတစ်ဖော့ဘူးများကို တာရှည်အသုံးပြုပါက ဖြစ်ပေါ်လာနိုင်သော ဘေးအန္တရာယ်များအကြောင်းတို့ကို ရုပ်ပုံကားချပ်နှင့် နမူနာပစ္စည်းများဖြင့်လည်းကောင်း ခင်းကျင်းပြသကာ အသိပညာပေးဟောပြောခဲ့ပြီး စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာပေးလက်ကမ်းစာစောင်များဖြန့်ဝေခဲ့ပါသည်။ အဆိုပါအသိပညာပေးဟောပြောပွဲသို့ ကျောင်းသား/ ကျောင်းသူ(၃၉)ဦးနှင့် ဆရာမ(၄)ဦး၊ စုစုပေါင်း (၄၃)ဦးတက်ရာက်ခဲ့ကြောင်းသိရှိရပါသည်။

DOCA(ကချင်)

မိုးညှင်းမြို့ရှိ ကုန်စုံဆိုင်အား ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

    စားသုံးသူရေးရာဦးစီးဌာန၊ မိုးညှင်းခရိုင်ဦးစီးမှူးရုံးမှ စစ်ဆေးရေးမှူး ဦးကျော်မိုးလွင်သည် (၂၅-၁-၂၀၂၄) ရက်နေ့တွင် မိုးညှင်းမြို့၊ နားခါရပ်ကွက်ရှိ ဦးမြစိန် (ကုန်စုံဆိုင်) သို့သွားရောက်ကာ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့်ပတ်သက်၍ စားသုံးသူကာကွယ်ရေးဥပဒေပါ ပြဋ္ဌာန်းချက်များနှင့်ကိုက်ညီခြင်းရှိ/မရှိ ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ပါသည်။

     အဆိုပါ ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ရာတွင် ပုစွန်နှစ်ကောင် (အဆင့်မြင့်စားအုန်းဆီ) အမှတ်တံဆိပ်ပါ စားသုံးဆီအမျိုးမျိုးတို့တွင် ကုန်စည်အမျိုးအစားအလိုက် သတ်မှတ်ချက်များနှင့်အညီ မြန်မာဘာသာဖြင့် ပြည့်စုံစွာဖော်ပြရမည့် ကုန်စည်၏အမျိုးအမည်၊ အရွယ်အစား၊ အရေအတွက်၊ အသားတင်ပမာဏ၊ ထားသိုသိမ်းဆည်းမှုအညွှန်း စသည့်ကုန်အညွှန်းအမှတ်အသားများ ဖော်ပြထားရှိခြင်းရှိ/မရှိ ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ရာ ကုန်အညွှန်းအမှတ်အသားပြည့်စုံစွာဖော်ပြထားရှိကြောင်းစစ်ဆေးတွေ့ရှိရပြီး ကုန်စုံဆိုင်ပိုင်ရှင်အား ကုန်အညွှန်းအမှတ်အသားပြည့်စုံမှန်ကန်မှုရှိသော ကုန်စည်များကိုသာရောင်းချရန်နှင့် မြန်မာနိုင်ငံစားသုံးသူကော်မရှင်ကထုတ်ပြန်ထားသော စီးပွားရေးလုပ်ငန်းရှင်များလိုက်နာဆောင်ရွက်ရမည့် ညွှန်ကြားချက်အမှတ် (၂/၂၀၂၁) ကို အသိပညာပေးဆွေးနွေးခဲ့ပြီးနောက် ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းဆိုင်ရာ အသိပညာပေးလက်ကမ်းစာစောင်များဖြန့်ဝေပေးခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(ကချင်)

မြစ်ကြီးနားမြို့၊ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၌ စားသုံးသူကာကွယ်ရေးအသိပညာပေး Talk Show ပြုလုပ်ဆောင်ရွက်

    စားသုံးသူရေးရာဦးစီးဌာန၊ မြစ်ကြီးနားခရိုင်ဦးစီးမှူးရုံးမှ ဦးဘောမ်ဇုန်း(ရုံးအုပ်) သည် (၂၅-၁-၂၀၂၄) ရက်နေ့တွင် မြစ်ကြီးနားမြို့၊ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန၌ စားသုံးသူကာကွယ်ရေးအသိပညာပေး Talk Show ဆောင်ရွက်ခဲ့ပါသည်။

    ပထမဦးစွာ မြစ်ကြီးနားခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ခရိုင်ဦးစီးမှူးက Talk Show ပြုလုပ်ရခြင်း၏ရည်ရွယ်ချက်ကိုရှင်းလင်းဆွေးနွေးခဲ့ပြီး စားသုံးသူရေးရာဦးစီးဌာန၊ မြစ်ကြီးနားခရိုင်ဦးစီးမှူးရုံးမှ ဦးဘောမ်ဇုန်း(ရုံးအုပ်)က ၂၀၁၉ စားသုံးသူကာကွယ်ရေးဥပဒေတွင်ပြဋ္ဌာန်းထားသည့် စားသုံးသူ၏အခွင့်အရေးနှင့်တာဝန်များ၊ ကုန်စည်နှင့် စပ်လျဉ်း၍ အာမခံပေးထားမှုအပေါ် စားသုံးသူကတောင်းဆိုနိုင်သည့် အခွင့်အရေးများ၊ ဝန်ဆောင်မှုလုပ်ငန်းများ၏ အာမခံပေးထားမှုအပေါ် စားသုံးသူကတောင်းဆိုနိုင်သည့်အခွင့်အရေးများ၊ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းဆိုင်ရာပြဋ္ဌာန်းချက်များ၊ စားသုံးသူနစ်နာဆုံးရှုံးမှုနှင့်စပ်လျဥ်း၍ တိုင်ကြားနိုင်သည့်လူပုဂ္ဂိုလ်၊ တိုင်ကြားနိုင်သည့်နေရာ၊ Websit နှင့် Consumer Call Center တို့သို့ဖုန်းခေါ်ဆို၍လည်းတိုင်ကြားနိုင်ကြောင်း အကျယ်တဝင့်ဆွေးနွေးခဲ့မှုကိုသိရှိရပါသည်။

DOCA(ကချင်)

ဘိုကလေးမြို့၊ နယ်စပ်ဒေသတိုင်းရင်းသားလူငယ်များဖွံ့ဖြိုးရေးသင်တန်းကျောင်းတွင် စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြောခြင်း

     ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ်၊ စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံနှင့်ဝန်ထမ်းတို့သည် ၂၀၂၄ခုနှစ်၊ ဇန်နဝါရီလ(၂၃)ရက်နေ့၊ နံနက်(၁၀:၀၀)နာရီအချိန်တွင် ဘိုးကလေးမြို့ ၊ နယ်စပ်ဒေသတိုင်းရင်းသားလူငယ်များဖွံ့ဖြိုးရေးသင်တန်းကျောင်း၌ စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြောပွဲဆောင်ရွက်ခဲ့ပါသည်။

    အဆိုပါဟောပြောဆွေးနွေးပွဲတွင် စားသုံးသူကာကွယ်ရေးဥပဒေနှင့်ပတ်သက်၍  စားသုံးသူကာကွယ်ရေးဆိုင်ရာအကြောင်းအရာများ၊ စားသုံးသူများလုံခြုံစိတ်ချရမှုရှိစေရေးအတွက် စားသုံးသူအခွင့်အရေးနှင့် စားသုံးသူများအကျိုးစီးပွားကာကွယ်ရေးဆောင်ရွက်ချက်များ၊ စားသုံးသူများအနေဖြင့် ကုန်ပစ္စည်းနှင့်ဝန်ဆောင်မှုများကိုဝယ်ယူခြင်းမပြုမီ  သတိပြုဆောင်ရွက်ရမည်အချက်များ၊  ကုန်စည်နှင့်စပ်လျဉ်း၍ အာမခံမှုပေးထားမှုအပေါ် စာသုံးသူကတောင်းဆိုနိုင်သည့် အခွင့်အရေးများ၊ မည်သည့်စီးပွားရေးလုပ်ငန်းရှင်မဆို   ကုန်အညွှန်းအမှတ်အသား  ဖော်ပြခြင်းနှင့်စပ်လျဉ်း၍  ကုန်စည်အမျိုးအစားအလိုက် သက်မှတ်ချက်များနှင့် အညီသိသာထင်ရှားစွာဖော်ပြရမည့်အချက်များ၊ ဥပဒေပုဒ်မ ( ၄၁ )၊ ပုဒ်မခွဲ ( ခ ) နှင့် ( ဆ ) တို့ပါ ကုန်အညွှန်း အမှတ်အသား‌ဖော်ပြရာတွင် မြန်မာဘာသာဖြင့်ဖြစ်စေ၊  မြန်မာဘာသာနှင့်အခြားဘာသာတစ်ခု သို့မဟုတ်  တစ်ခုထက်ပို၍ တွဲလျက်ဖြစ်စေ ဖော်ပြထားသည့်ကုန်ပစ္စည်းများ၊ သတိထား ရွေးချယ်ချယ်ရမည့်အချက်များ၊ ဓာတုဆိုးဆေး၊ တာရှည်ခံဆေး၊ ပိုးသတ်ဆေးများအသုံးပြုခြင်းကြောင့် ဖြစ်ပေါ်တက်သည့် ဘေးအန္တရာယ်များအကြောင်း အသိပေးဟောပြောဆွေးနွေးပြီး မိမိတို့စားသုံးသူရေးရာဦးစီးဌာနအနေဖြင့်လည်း  ကုန်စည်နှင့်ဝန်ဆောင်မှုများလုံခြုံစိတ်ချရမှုရှိစေရေး အသိပညာပေးခြင်း၊ ဘေးအန္တရာယ်ရှိသောကုန်စည်နှင့်ဝန်ဆောင်မှုများကို ဈေးကွက်အတွင်းမှ  ပြန်လည်သိမ်းဆည်းစေရေး၊ တားမြစ်ရေးများကို အခါမလပ်ကြိုးစားအားထုတ် ဈေးကွက်စောင့်ကြည့်စစ်‌ဆေးခြင်းများပြုလုပ်လျက်ရှိကြောင်းဟောပြောခဲ့ပြီး အခမ်းအနားသို့ ဆရာ/ဆရာမ(၁၆)ဦးနှင့် ကျောင်းသား/ကျောင်းသူ (၁၃၀)ဦး၊ စုစုပေါင်း (၁၄၆) ဦးတက်ရောက်ခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(ဧရာဝတီ)

ဒေးဒရဲမြို့ရှိ ဆန်းလှဝေဆန်စက်အား ထုတ်ကုန်လုံခြုံစိတ်ချရမှုနှင့် MSMEs လုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေး ကွင်းဆင်းဆောင်ရွက်ခြင်း

      ဧရာဝတီတိုင်းဒေသကြီး၊ ဒေးဒရဲမြို့နယ်၊ စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံနှင့်ဝန်ထမ်းတို့သည် ၂၀၂၄ခုနှစ်၊ ဇန်နဝါရီ(၂၄)ရက်နေ့၊ နံနက်(၁၁:၀၀)နာရီအချိန်တွင် ဘုရားကလေး ကွင်းကျေးရွာရှိ ဆန်းလှဝေဆန်စက်သို့သွားရောက်၍ ထုတ်ကုန်လုံခြုံစိတ်ချရမှုနှင့် MSMEs လုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးအတွက်  ကွင်းဆင်းစိစစ်ခဲ့ကြပါသည်။

      ထိုသို့ကွင်းဆင်းစိစစ်ခဲ့ရာတွင် ဆန်စပါးဈေးကွက်အခြေအနေများတည်ငြိမ်မှုရှိ/မရှိ၊ ကုန်သွယ်မှုဖွံ့ဖြိုးတိုးတက်ရေး၊ ဆန်စပါးအရည်အသွေးထုတ်လုပ်မှုပြည့်မီစေရေး၊ အချင်အတွယ်   ပြည့်မီစေရေး၊ ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိစေရေးနှင့် MSMEs လုပ်ငန်းဖွံ့ဖြိုးတိုးတက်မှုကြောင့်    ထုတ်ကုန်များပိုမိုထုတ်လုပ်နိုင်ခြင်း၊ ထုတ်ကုန်များပိုမိုထုတ်လုပ်နိုင်လေ အလုပ်သမားမိသားစုများအတွက် စားဝတ်နေရေးပြေလည်စေနိုင်ခြင်း၊ စွန့်ပစ်ပစ္စည်းများနှင့်ပတ်သက်၍ စနစ်တကျစွန့်ပစ် နိုင်ခြင်းရှိ/မရှိ ကွင်းဆင်းစိစစ်ခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(ဧရာဝတီ)

ကျိုက်လတ်မြို့နယ်၊ ရေယာဉ်ပိုင်ရှင်များအသင်းနှင့်တွေ့ဆုံဆွေးနွေးခြင်း

     ကျိုက်လတ်မြို့နယ်၊ စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံနှင့်ဝန်ထမ်းတို့သည် ရေယာဉ်ပိုင်ရှင်များအသင်းနှင့် ( ၂၄-၁-၂၀၂၄ ) ရက်နေ့၊  နံနက် ( ၁၁:၀၀ ) နာရီအချိန်တွင်  အမှတ် (၃)  ရပ်ကွက်၊ အောင်မြင့်မိုရ်ဈေးရှိ ရေယာဉ်ပိုင်ရှင်များအသင်းရုံး၌ တွေ့ဆုံဆွေးနွေးခဲ့ပါသည်။

   ဆွေးနွေးပွဲတွင် အသင်းဥက္ကဋ္ဌ ဦးအောင်ဇော်က ရေယာဉ်ပိုင်ရှင်များအသင်းကို (၂၅-၃-၁၉၉၄) ရက်နေ့တွင် စတင်ဖွဲ့စည်းခဲ့ပြီး အလုပ်အမှုဆောင်(၇)ဦး၊ အသင်းသား (၈၄၇)ဦးဖြင့် ဖွဲ့စည်းခဲ့ပြီး ယခုအခါ အသစ်ပြန်လည်ဖွဲ့စည်းခဲ့ရာ အလုပ်အမှုဆောင် ( ၇ ) ဦး၊ အသင်းသား (၁၀၀)ဦးတို့ပါဝင်သော   အသင်း၌ အသင်းဥက္ကဋ္ဌအဖြစ် ဦးအောင်ဇော်က ပြန်လည်တာဝန်ယူဆောင်ရွက်ခဲ့ကြောင်း၊ ယခုအချိန်တွင် ရေယာဉ်လိုင်စင်သက်တမ်းကုန်သောလိုင်စင်များကို သက်တမ်းတိုးပေးခြင်း၊ လိုင်စင်မဲ့များအား လိုင်စင်ပြုလုပ်ပေးခြင်း၊  ရေယာဉ်ကြံခိုင်မှု၊ ကုန်စည်တင်ဆောင်မှု၊ ရေယာဉ်လိုင်းပိုင်မရှိသော ရေယာဉ်များအားလိုင်းပိုင်ရရှိရေး၊  ရေယာဉ်လမ်းကြောင်းတူညီသော ရေယာဉ်များအား အသင်းဖွဲ့စည်းနိုင်ရေး၊ ရေယာဉ်များတွင် မဖြစ်မနေထားရှိရမည့် မီးသတ်ဆေးဘူး၊ သက်ကယ်ဘောကွင်းများ၊ သက်ကယ်ဝတ်စုံများရရှိနိုင်ရေး၊  ရေယာဉ်အသင်းများအနေဖြင့် ရှေ့ဆက်လက်၍ မြို့နယ်ဌာနဆိုင်ရာများနှင့်ပူးပေါင်း၍ ကျေးရွာများအထိ ရေယာဉ်လုပ်ငန်းရှင်များနှင့်တွေ့ဆုံ၍ အသိပညာပေးဟောပြောမှုများဆောင်ရွက်သွားမည်ဖြစ်ကြောင်း တွေ့ဆုံဆွေးနွေးခဲ့ပြီး မြို့နယ်တာဝန်ခံက ဝန်ဆောင်မှုနှင့်စပ်လျဉ်း၍ စားသုံးသူကာကွယ်ရေးဆိုင်ရာဥပဒေများကို ရှင်းလင်းပြောကြားခဲ့ကြောင်းသိရှိရပါသည်။

DOCA(ဧရာဝတီ)

“သာစည်မြို့နယ်အတွင်း တရားမဝင်ဆေးဝါးများရောင်ချမှုမရှိစေရေး စျေးကွက်‌စောင့်ကြည့်စစ်ဆေးခြင်း”

    စားသုံးသူရေးရာဦးစီးဌာန၊ မန္တလေးတိုင်း‌ဒေသကြီး၊ မိတ္ထီလာခရိုင်ဦးစီးမှူးရုံး၊ ခရိုင်ဦးစီးမှူး၏ လမ်းညွှန်မှုဖြင့် သာစည်မြို့နယ်တာဝန်ခံနှင့်ဝန်ထမ်းများသည် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာ၊ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့တို့ပူးပေါင်း၍ ၂၀၂၄ခုနှစ်၊ ဇန်နဝါလ ၂၂ရက်နေ့၊ နံနက် (၁၀:၀၀) နာရီအချိန်တွင် သာစည်မြို့ပေါ်ရှိ ဆေးဆိုင် (၁၀) ဆိုင်၌ တရားဝင်မှတ်ပုံထားခြင်းမရှိသော တရားမဝင်ဆေးဝါးများအား  စျေးကွက်အတွင်း ‌ရောင်းချခြင်းရှိ/မရှိ စျေးကွက်စောင့်ကြည့်ကွင်းဆင်းစစ်ဆေးခဲ့ပါသည်။

  ထိုသို့ စျေးကွက်စောင့်ကြည့်စစ်ဆေးရာတွင် ဆေးဝါးအရောင်းဆိုင်များ၌ တရားမဝင်ဆေးဝါးများကို ရောင်းချမှုမရှိကြောင်းတွေ့ရှိရပြီး မြို့နယ်တာဝန်ခံက တရားမဝင်ဆေးဝါးများ၊ သက်တမ်းလွန်ဆေးဝါးများကို ရောင်းချမှုမပြုလုပ်ကြရန် ဆေးနှင့်ဆေးဝါးများရောင်းချရာတွင် သက်ဆိုင်ရာဌာန၏ သတ်မှတ်ထားသည့် စည်းမျဉ်းစည်းကမ်းများကို လိုက်နာဆောင်ရွက်ရန် လိုအပ်ကြောင်း ပြောကြားခဲ့မှုကိုသိရပါသည်။

DOCA(မန္တလေး)

အစိုးရနည်းပညာအထက်တန်းကျောင်းတွင် စားသုံးသူကာကွယ်ရေးအသိပညာပေးခြင်း”

    ၂၀၂၄ခုနှစ်၊ ဇန်နဝါရီလ (၂၃) ရက်နေ့၊ နံနက် (၁၀း၀၀) နာရီအချိန်တွင် မိတ္ထီလာခရိုင်၊ စားသုံးသူရေးရာဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဦးဇော်မင်းနှင့်ဝန်ထမ်းများသည် မိတ္ထီလာမြို့၊ အစိုးရနည်းပညာအထက်တန်းကျောင်း၌  “စားသုံးသူကာကွယ်ရေးအကြောင်းသိကောင်းစရာများ” ခေါင်းစဥ်ဖြင့် အသိပညာပေးဟောပြောဆွေးနွေးခဲ့ပါသည်။ ဆွေးနွေးပွဲတွင် အစိုးရနည်းပညာ အထက်တန်းကျောင်းရှိ ကျောင်းအုပ်ဆရာကြီးနှင့် ဆရာ/ဆရာမကြီးများ၊ ကျောင်းသား/ကျောင်းသူစုစုပေါင်း (၉၂) ဦးတက်ရောက်ခဲ့ပါသည်။

   အဆိုပါဟောပြောဆွေးနွေးပွဲတွင် မိတ္ထီလာခရိုင်၊ စားသုံးသူရေးရာဦးစီးဌာန၊ ခရိုင်ဦးစီးမှူး ဦးဇော်မင်းက စားသုံးသူကာကွယ်ရေးဥပဒေပြဋ္ဌာန်းရသည့်ရည်ရွယ်ချက်၊ စားသုံးသူအခွင့်အရေးနှင့်တာ၀န်များ၊ လုပ်ငန်းရှင်၏တာ၀န်များ၊ ကုန်စည်နှင့်ပတ်သက်၍ အာမခံချက်ပေးခြင်း၊ ကုန်စည်နှင့်စပ်လျဉ်း၍ အာမခံထားမှုအ‌ပေါ် စားသုံးသူကတောင်းဆိုနိုင်သည့်အခွင့်အရေး၊ ၀န်ဆောင်မှုနှင့်စပ်လျဉ်း၍ အာမခံချက်ပေးခြင်း၊ ၀န်ဆောင်မှုနှင့်စပ်လျဉ်း၍ အာမခံထားမှုအ‌ပေါ်  စားသုံးသူကတောင်းဆိုနိုင်သည့် အခွင့်အရေးများနှင့် ဥပဒေအရ စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် စားသုံးသူပြည်သူများ နေ့စဉ်ဝယ်ယူသုံးစွဲနေသော ကုန်စည်များနှင့်ပတ်သက်သည့် သတင်းအချက်အလက်များကို ရိုးရှင်းမှန်ကန်စွာဖော်ပြရန်တာဝန်ရှိကြောင်း၊ လုပ်ငန်းရှင်များအနေဖြင့် ထုတ်လုပ်သောကုန်စည်များပေါ်တွင် ဥပဒေပါ ကုန်အညွှန်းအမှတ်အသားများနှင့်စပ်လျဉ်း၍ လိုက်နာရမည့်အချက်များကို လိုက်နာခြင်းမရှိပါက အရေးယူဆောင်ရွက်နိုင်မည့် ပြစ်မှုပြစ်ဒဏ်များအကြောင်း ရှင်းလင်းဆွေးနွေးခဲ့ပြီး  စားသုံးသူနစ်နာဆုံးရှုံးမှုဖြစ်ပေါ်ခဲ့လျှင် စားသုံးသူသတင်းပြန်ကြားရေးနှင့်တိုင်ကြားမှုလက်ခံဆောင်ရွက်ရေးစင်တာ (CICC) သို့ လူကိုယ်တိုင်ဖြစ်စေ၊ စာဖြင့်ဖြစ်စေ တိုင်ကြားနိုင်ကြောင်း၊ စားသုံးသူရေးရာဦးစီးဌာန၏ Website ဖြစ်သော www. doca. gov. mm ၌လည်းတိုင်ကြားနိုင်ကြောင်း၊ စားသုံးသူရေးရာဦးစီးဌာန၏ DOCA Myanmar Application အား playstore တွင် download ရယူ၍ ထို Application မှတစ်ဆင့်လည်းတိုင်ကြားနိုင်ကြောင်း၊ Hotline Number (1535) ကိုလည်းတိုင်ကြားနိုင်ကြောင်း ရှင်းလင်းဟောပြောနွေးခဲ့ပါသည်။ မိတ္ထီလာမြို့၊ အစိုးရနည်းပညာအထက်တန်းကျောင်း၊ စာပေဌာနမှူး ဆရာကြီးဦးမိုးဇော်ထွန်းက ယခုကဲ့သို့ လာရောက်ဟောပြောသည့်အတွက် ဆရာ/ဆရာမကြီးများနှင့် ကျောင်းသား/ကျောင်းသူများအနေဖြင့် အသိပညာဗဟုသုတများစွာရရှိသည့်အတွက် ကျေးဇူးတင်စကားပြောခဲ့ပြီး ဟောပြောပွဲကို နံနက် (၁၁:၃၀) နာရီအချိန်တွင် ရုပ်သိမ်းခဲ့ကြောင်းသိရှိရပါသည်။

DOCA(မန္တလေး)                

                                     

ကျောက်ပန်းတောင်းမြို့နယ်၊ ကြံစို့ကျေးရွာ၊ အခြေခံပညာအလယ်တန်းကျောင်းတွင် အသိပညာပေးဟောပြောပွဲကျင်းပပြုလုပ်

     မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင်၊ ကျောက်ပန်းတောင်းမြို့နယ်၊ ကြံစို့ကျေးရွာရှိ အခြေခံပညာအလယ်တန်းကျောင်း၌ (၂၄-၁-၂၀၂၄)ရက်နေ့၊ နံနက် (၀၉:၃၀) နာရီအချိန်တွင် မြို့နယ်စားသုံးသူရေးရာဦးစီးဌာနမှ ကျောင်းသား/ကျောင်းသူများ၊ ဆရာ/ဆရာမများ၊ ကျောင်းသားမိဘများအား စားသုံးသူကာကွယ်ရေးအသိပညာများဟောပြောပွဲဆွေးနွေးခဲ့ပါသည်။

    အဆိုပါဟောပြောဆွေးနွေးပွဲတွင် ကြံစို့ကျေးရွာ၊ အခြေခံပညာအလယ်တန်းကျောင်းမှ ကျောင်းအုပ်ဆရာမကြီး ဒေါ်နှင်းနှင်းအိက အဖွင့်အမှာစကားပြောကြားခဲ့ပြီး စားသုံးသူရေးရာ ဦးစီးဌာန၊ ကျောက်ပန်းတောင်းမြို့နယ်တာဝန်ခံ ဒေါ်မြသန္တာထွန်းက စားသုံးသူကာကွယ်ရေးဥပဒေပါ စားသုံးသူများ၏အခွင့်အရေးများ၊ စားသုံးသူများလိုက်နာရမည့်တာဝန်များ၊ စီးပွားရေးလုပ်ငန်းရှင်များ၏တာဝန်များ၊ တားမြစ်ချက်မျာနှင့် စားသုံးသူကာကွယ်ရေးဥပဒေ အခန်း(၁၈)၊ ပုဒ်မ(၄၁)ပါအချက်များ၊ စားသုံးသူများနစ်နာဆုံးရှုံးမှုများရှိလာပါက တိုင်းဒေသကြီး/ ပြည်နယ်နှင့်ခရိုင်ရုံးများတွင်ဖွင့်လှစ်ထားသော စားသုံးသူသတင်းပြန်ကြားရေးနှင့်တိုင်ကြားမှုလက်ခံဆောင်ရွက်ရေးစင်တာ (CICC) ရုံးများတွင် တိုင်ကြားနိုင်ခြင်း၊ Online မှလည်းတိုင်ကြားနိုင်ခြင်း၊ Consumer Call Center No. (1535) သို့လည်း ရုံးချိန်အတွင်း ဆက်သွယ်မေးမြန်းဆောင်ရွက်နိုင်ကြောင်း၊ မိမိတို့စားသုံးသူရေးရာဦးစီးဌာန၏ Website တွင်လည်း တိုင်ကြားနိုင်ကြောင်းနှင့် ဦးစီးဌာနအကြောင်း၊ ဌာန၏လုပ်ငန်းဆောင်ရွက်ချက်များ၊ ကုန်သွယ်မှုသတင်းများ၊ ကွင်းဆင်းဆောင်ရွက်မှုသတင်းများနှင့် ဥပဒေအကြောင်းအရာများကိုလည်း ဝင်ရောက်ကြည့်ရှုလေ့လာနိုင်ကြောင်း၊ ဆိုးဆေးနှင့်ဆိုးဆေးအန္တရာယ်အကြောင်း စသည်ဖြင့် အကျယ်တဝင့်ဆွေးနွေးခဲ့ပြီး၊ ဆက်လက်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူးက ကလေးအလုပ်သမားပပျောက်ရေးခေါင်းစဉ်ဖြင့် အသိပညာပေးဟောပြောခြင်း၊ ဒုတိယဦးစီးမှူး ဒေါ်သဲဖြူက စာဖတ်ချိန်မြှင့်တင်ရေးခေါင်းစဉ်ဖြင့် အသိပညာပေးခြင်း၊ ဒုတိယဦးစီးမှူး ဒေါ်ခင်မေဦးက လူကုန်ကူးမှုဆိုင်ရာနှင့်ပတ်သက်၍ အသိပညာပေးဟောပြောဆွေးနွေးခဲ့ကြပြီး၊ ကျောင်းအကျိုးတော်ဆောင်တစ်ဦးကလည်း ယခုကဲ့သို့ အသိပညာများလာရောက်ဟောပြောဆွေးနွေးပေးပါသော စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံနှင့်ဝန်ထမ်းများ၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူးနှင့်ဝန်ထမ်းများ၊ ကျောင်းအုပ်ဆရာမကြီးနှင့်ဆရာ/ဆရာမများ၊ ကျောင်းသား/ကျောင်းသူများအားလုံးကို ကျေးဇူးတင်ရှိပါကြောင်းပြောကြားခဲ့ပါသည်။ ဟောပြောဆွေးနွေးပွဲသို့ ဆရာ/ဆရာမများ၊ ကျောင်းသား/ကျောင်းသူများ၊ ကျောင်းအကျိုးတော်ဆောင်များနှင့် ကျောင်းသားမိဘများ၊ စုစုပေါင်း (၁၉၅)ဦးတက်ရောက်ခဲ့ပြီး  နံနက် (၁၀:၁၅) နာရီအချိန်တွင် ဆွေးနွေးပွဲပြီးစီးခဲ့ကြောင်းသိရှိရပါသည်။

DOCA(မန္တလေး)

ငါန်းဇွန်မြို့ပေါ်ရှိ ဆေးဆိုင်များအား ကွင်းဆင်းစစ်ဆေး

  စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ ငါန်းဇွန်မြို့နယ်တာဝန်ခံသည် မြို့နယ်ကျန်းမာရေးဦးစီးဌာနဦးဆောင်၍ မန္တလေးတိုင်းဒေသကြီး၊ အစားအသောက်နှင့်ဆေးဝါးကြီးကြပ်ကွက်ကဲရေးကော်မတီ၏ ညွှန်ကြားချက်ဖြင့် ဈေးကွက်များအတွင်း ဆေးဝါးမှတ်ပုံတင်ရရှိပြီးသော ဆေးဝါးများနှင့် Brand Name ဆင်တူသောမြန်မာနိုင်ငံဆေးဝါးမှတ်ပုံတင်အမှတ်မပါရှိဘဲ တရားမဝင်တင်သွင်းထားသည့်ဆေးဝါးများကို ရောင်းချနေမှုများရှိ/မရှိနှင့် အများပြည်သူများအနေဖြင့် ဘေးန္တရာယ်ကင်းရှင်းသော ဆေးဝါးများသုံးစွဲနိုင်ရေးတို့အတွက် (၂၃-၁-၂၀၂၄) ရက်နေ့၊ နံနက် (၁၀:၀၀) နာရီအချိန်တွင် မြို့ပေါ်ရှိ ဆေးဝါးရောင်းချသောဆိုင်များသို့ သက်ဆိုင်ရာဌာနများနှင့်အတူ ပူးပေါင်းပါဝင်ကွင်းဆင်း၍ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများဆောင်ရွက်ခဲ့ကြပါသည်။

     ကွင်းဆင်းဆောင်ရွက်ရာတွင် တာဝန်ရှိသူများသည် ဆေးဝါးရောင်းချသောဆိုင်များအနေဖြင့် အများပြည်သူ၏ အသက်နှင့်ကျန်မာရေးအတွက် လွန်စွာအရေးကြီးသည့်အတွက် ဆေးဝါးများနှင့်ပတ်သက်၍ သိရှိနားလည်ထားရန်နှင့် သက်ဆိုင်ရာဌာနများက သောက်သုံးရန်နှင့် သုံးစွဲရန်မသင့်ဟုသတ်မှတ်ထုတ်ပြန်ထားသော ဆေးဝါးများကိုလည်းရောင်းချခြင်းများမပြုလုပ်ကြရန်၊ ထုတ်ပြန်ချက်များကိုလည်း သက်ဆိုင်ရာဌာနများက နည်းလမ်းပေါင်းစုံဖြင့် အများပြည်သူနှင့် လုပ်ငန်းရှင်များပါမကျန်သိရှိနားလည်စေရန် ထုတ်ပြန်ပေးလျက်ရှိရာ ၎င်းထုတ်ပြန်ချက် များကိုလည်း အစဉ်တစိုက်စောင့်ကြည့်လေ့လာလိုက်နာကြရန်လိုအပ်ကြောင်း၊ စံမညီဆေးဝါးများ၊ သက်တမ်းလွန်ဆေးဝါးများ၊ သက်ဆိုင်ဌာန၏ ထောက်ခံချက်မပါသောဆေးဝါးများ၊ ကုန်အညွှန်းအမှတ်အသားပြည့်စုံစွာမပါဝင်သော ဆေးဝါးများကိုလည်းရောင်းချခြင်းမပြုကြရန်နှင့် လုပ်ငန်းရှင်များအနေဖြင့် စီးပွားရေးကျင့်ဝတ်စည်းကမ်းများနှင့်အညီ၊ သတ်မှတ်ပြဋ္ဌာန်းထားသောဥပဒေများနှင့်အညီ လိုက်နာဆောင်ရွက်သွားကြရန်နှင့် လိုက်နာမှုများမရှိပါက သက်ဆိုင်ရာဌာနများ၏ ဥပဒေများနှင့်အညီ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း အသိပေး ဆွေးနွေးမှုများဆောင်ရွက်ခဲ့ပါသည်။

   အဆိုပါကွင်းဆင်းစစ်ဆေးမှုတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာ၊ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ မြို့နယ်စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ မြို့နယ်ရဲတပ်ဖွဲ့  စသည့်ဌာနဆိုင်ရာများမှ တာဝန်ရှိသူများပူးပေါင်းပါဝင်ခဲ့ကြောင်းသိရှိရပါသည်။

DOCA(မန္တလေး)

                                     

Pages

Subscribe to RSS - HighLight News