HighLight News

Powered by Drupal

မင်းလှမြို့မဈေးအတွင်း ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

     ပဲခူးတိုင်းဒေသကြီး၊  စားသုံးသူရေးရာဦးစီးဌာ၊ တိုင်းဒေသကြီးဦးစီးမှူး၏ လမ်းညွှန်မှုဖြင့် သာယာဝတီခရိုင်ဦးစီးမှူးက   ကြီးကြပ်၍  ခရိုင်ဦးစီးမှူးရုံးမှ ဝန်ထမ်းများသည် ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မင်းလှမြို့၊ စည်ပင်သာယာမြို့မဈေးအတွင်း/အပြင်ရှိ ကုန်စုံဆိုင်များနှင့် ဈေးကွက်အတွင်းသို့သွားရောက်ကာ ဆီများရောင်းချနေမှုအခြေအနေများကိုသိရှိရန် ကွင်းဆင်းစစ်ဆေးဆောင်ရွက်လျက်ရှိပါသည်။

     ထိုသို့စစ်ဆေးရာတွင် သာယာဝတီခရိုင်ဦးစီးမှူးရုံးမှ ခရိုင်ဦးစီးမှူး၊ ဒု-ခရိုင်ဦးစီးမှူး၊ သတင်း/နည်းဌာနခွဲတာဝန်ခံ၊ စားသုံး/ထုတ်လုံဌာနခွဲတာဝန်ခံ၊ ငွေစာရင်းဌာနခွဲမှ ဝန်ထမ်းတို့သည် (၂၂-၁- ၂၀၂၄) ရက်နေ့တွင် မင်းလှမြို့ဈေးအတွင်း ရောင်းချလျက်ရှိသော ဒေါ်စိုးစိုးကုန်စုံဆိုင်နှင့် အခြားကုန်စုံဆိုင်လုပ်ငန်းရှင်များအား စားအုံးဆီခွဲတမ်းရရှိမှု၊ ရောင်းချမှုအခြေအနေ၊ သတ်မှတ်ဈေးနှုန်းနှင့်အညီ ရောင်းချမှုရှိ/မရှိ၊ အလေးချိန်၊ အချင်အတွယ်မှန်ကန်မှုရှိ/မရှိ၊  စားအုံးဆီကို အရောဆီပြုလုပ်၍ ဈေးနှုန်းမြှင့်တင်ရောင်းချမှုမရှိစေရေးတို့ကို သတိပေးပြောကြားခဲ့ပါသည်။ ဆိုင်ပေါ်တွင် တင်ရောင်းထားသော ပါကင်ဘူးတံဆိပ်ပါ စားဆီများ၏ ဈေးနှုန်း/ဈေးကွက်အခြေအနေနှင့် ကုန်အညွှန်းအမှတ်အသားပြည့်စုံမှုရှိ/မရှိ ရောင်းချနေမှုအား ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ကြောင်းသိရှိရပါသည်။

DOCA(ပဲခူး)

လက်ပံတန်းမြို့ ၌ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

    စားသုံးသူရေးရာဦးစီးဌာန၊ သာယာဝတီခရိုင်၊ ခရိုင်ဦးစီးမှူး၏ လမ်းညွှန်မှုဖြင့် (၂၃-၁-၂၀၂၄) ရက်နေ့၊ နံနက်(၁၀:၀၀)နာရီအချိန်တွင် လက်ပံတန်းမြို့၊ မြို့မဈေးအပြင်တန်းဘက် စန္ဒာမြိုင်ဆေးဆိုင်ရှိ ဆေးပစ္စည်းများ၌ ကုန်အညွှန်းအမှတ်အသားများပြည်စုံစွာဖော်ပြခြင်းရှိ/မရှိကို မြို့နယ်တာဝန်ခံ ဦးချစ်ကိုကိုနှင့် ဝန်ထမ်းများက ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ကြပါသည်။ စစ်ဆေးရာတွင် စားသုံးသူများအနေဖြင့်  တိကျမှန်ကန်ရှင်းလင်းသော သတင်းအချက်များသိရှိစေရန်၊ စားသုံးသူများဘေးအန္တရာယ်ကင်းရှင်းစေရန်နှင့် စိတ်ကျေနပ်မှုရရှိစေရန်တို့အတွက် အာမခံချက်ပေးနိုင်သည့် အရည်အသွေးမြင့်မားသော ကုန်စည်နှင့် ဝန်ဆောင်မှုများဖော်ဆောင်ဖြည့်ဆည်းပေးနိုင်စေရေး စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် စားသုံးသူကာကွယ်ရေးဥပဒေကိုသိရှိလိုက်နာဆောင်ရွက်ရန်လိုအပ်ကြောင်း၊ ၎င်းအပြင် ကုန်စည်အမျိုးအစားအလိုက် ကုန်အညွှန်းအမှတ်အသားများကို သတ်မှတ်ချက်များနှင့်အညီ ပြည့်စုံစွာဖော်ပြခြင်းရှိ/မရှိ ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ပြီးနောက် စားသုံးသူအသိပညာပေးလက်ကမ်းစာစောင်များဖြန့်ဝေပေးခဲ့ကြောင်းသိရှိရပါသည်။

DOCA(ပဲခူး)

လက်ပံတန်းမြို့နယ်တွင် ကွင်းဆင်းပညာပေးဆွေးနွေး

     ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ လက်ပံတန်းမြို့နယ်၊ စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်တာဝန်ခံ ဦးချစ်ကိုကိုသည် စိုက်ပျိုးရေး၊ စည်ပင်၊ အခွန်ဦးစီးဌာနတို့ပါဝင်သော ပူးပေါင်းအဖွဲ့ဝင်များနှင့် (၂၃-၁-၂၀၂၄) ရက်နေ့၊ နံနက်(၁၀း၀၀) နာရီအချိန်တွင်  သိုက်ဝါးချောင်းကျေးရွာအုပ်စု၊ ဂွေးတောက်ကွင်းကျေးရွာအုပ်စု၊ မကျီးကွင်းကျေးရွာအုပ်စုများသို့ သွားရောက်ကွင်းဆင်းလေ့လာခဲ့ပါသည်။

     ထိုသို့ကွင်းဆင်းရာ၌ စပါး၊ ပဲ၊ ပြောင်း၊ နှမ်း၊ မြေပဲသီးနှံများစိုက်ပျိုးမှုတွင် ပန်းတိုင်အထွက်နှုန်းပြည့်မီရေးအတွက်  အထွက်ကောင်းမျိုးကောင်း၊ မျိုးသန့်များရွေးချယ်စိုက်ပျိုးရန်နှင့် စပါးစိုက်ပျိုးရာတွင် မျိုးစေ့ကြဲပက်စိုက်ပျိုးခြင်းမပြုလုပ်ဘဲ အစေ့ချတိုက်ရိုက်စိုက်ပျိုးနည်းဖြင့်လည်းကောင်း၊ ပျိုးထောင်၍ လက်စိုက် (သို့မဟုတ်) ကောက်စိုက်စက်များဖြင့် စိုက်ပျိုးရန် လည်းကောင်း တွေ့ဆုံဆွေးနွေးခဲ့ပြီးနောက်း ပျိုးထောင်စိုက်ပျိုးနေမှုအခြေအနေများနှင့်  စိမ်းစိုမြေဩဇ ာ(ပိုက်ဆံလျှော်) မျိုးစေ့ထုတ စိုက်ကွင်းသို့သွားရောက်၍ ကွင်းဆင်းလေ့လာခဲ့ကြောင်းသိရှိရပါသည်။

DOCA(ပဲခူး)

တောင်ငူခရိုင်ဦးစီးမှူးသည် တောင်ငူမြို့မှ ဆန်စက်လုပ်ငန်းရှင်များနှင့်တွေ့ဆုံ

      စားသုံးသူရေးရာဦးစီးဌာန၊ တောင်ငူခရိုင်ဦးစီးမှူး ဦးမျိုးအောင်သည် ၂၀၂၄ခုနှစ်၊ ဇန်နဝါရီလ ၂၃ရက်နေ့၊ နေ့လယ်ပိုင်းအချိန်တွင်  ခရိုင်ဦးစီးမှူးရုံး၌ တောင်ငူမြို့ရှိ ဆန်စက်လုပ်ငန်းရှင်များနှင့်တွေ့ဆုံခဲ့ပါသည်။

      ဆွေးနွေးပွဲတွင် ခရိုင်ဦးစီးမှူးက တိုင်းဒေသကြီးအစိုးရအဖွဲ့အနေဖြင့် တက္ကသိုလ်၊ ကောလိပ်၊ သိပ္ပံများသို့ သက်သောသောနှုန်းထားဖြင့် ဆန်နှင့် စားသုံးဆီများကိုရောင်းချပေးရန် လမ်းညွှန်ထားကြောင်း၊ ယခုလဆန်းမှစ၍ အပတ်စဉ် အင်္ဂါနေ့တိုင်း ရောင်းချပေးလျက်ရှိကြောင်း၊ သို့ဖြစ်ပါ၍ ဆန်များကို သင့်လျော်သောဈေးနှုန်းဖြင့် ရောင်းချပေးနိုင်ရန် ဆန်စက်လုပ်ငန်းရှင်များနှင့် တွေ့ဆုံဆွေးနွေးခြင်းဖြစ်ကြောင်း ပဏာမရှင်းလင်းပြောကြားခဲ့ပြီးနောက် ဆန်စက်လုပ်ငန်းရှင်များနှင့် သက်သာနှုန်းထားဖြင့် ဆန်များရောင်းချနိုင်ရေးကို ဆွေးနွေးခဲ့ကြောင်းသိရှိရပါသည်။

      တွေ့ဆုံဆွေးနွေးပွဲသို့ ပဲခူးတိုင်းဒေသကြီး၊ ဆန်စပါးဒေသကော်မတီ ၂ (တောင်ငူခရိုင်) ဥက္ကဋ္ဌ၊ ပြည်သူ့မေတ္တာဆန်စက်လုပ်ငန်းရှင် ဦးကျော်စိုးမိုးနှင့် ဆန်စက်လုပ်ငန်းရှင် ၉ဦးတက်ရောက်ခဲ့ကြောင်းသိရပါသည်။

DOCA(ပဲခူး)

ပုသိမ်မြို့နယ်အတွင်းရောင်းချနေသည့် အချိုရည်ဆိုင်အား ကွင်းဆင်းစစ်ဆေး

   ပုသိမ်ခရိုင်၊ ပုသိမ်မြို့နယ်တာဝန်ခံသည် မြို့နယ်စည်ပင်သာယာရေးအဖွဲ့နှင့်အတူ မင်းကြီးလမ်းရှိ ဆူမိုစတိုးဆိုင်တွင်ရောင်းချနေသော အချိုရည်မျိုးစုံများအား စားသုံးသူများ ဘေးဥပဒ်အန္တရာယ်မဖြစ်စေရေးနှင့် ကုန်အညွှန်းအမှတ်အသားပြည့်စုံမှုမရှိသောကုန်စည်များ ဈေးကွက်အတွင်းမှ ပပျောက်စေရန်ရည်ရွယ်၍ စားသုံးသူရေးရာဦးစီးဌာနက ဦးဆောင်၍ စည်ပင်သာယာရေးအဖွဲ့နှင့်အတူ ၂၀၂၄ခုနှစ်၊ ဇန်နဝါရီလ (၁၅)ရက်နေ့၊ နံနက် (၁၀း၀၀) နာရီအချိန်၌ ကွင်းဆင်းစစ်ဆေးခဲ့ကြပါသည်။

  အဆိုပါအချိုရည်ဆိုင်အတွင်းရှိ အချိုရည်မျိုးစုံ၌ ကုန်အညွှန်းအမှတ်အသားကိုက်ညီမှုရှိ/မရှိ ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ရာ ကုန်အညွှန်းအမှတ်အသားကိုက်ညီမှု ရှိကြောင်းစိစစ်တွေ့ရှိရပြီး လုပ်ငန်းရှင်များအား ကုန်အညွှန်းအမှတ်အသားပြည့်စုံမှုမရှိသောကုန်စည်များ၊ မြန်မာဘာသာဖြင့်ဖော်ပြထားခြင်းမရှိသော ကုန်စည်များမှာ ထုတ်ကုန်လုံခြုံစိတ်ချရမှုမရှိသဖြင့် မရောင်းချရန် အသိပညာပေးပြောကြားခဲ့ပြီးနောက် စားသုံးသူကာကွယ်ရေးဥပဒေပါ ညွှန်ကြားချက်အမှတ် (၂/၂၀၁၉) ပါအတိုင်း သတ်မှတ်ချက်နှင့်အညီ ဆောင်ရွက်နိုင်ရန်အတွက် စားသုံးသူအသိပညာပေးလက်ကမ်းစာစောင်များဖြန့်ဝေပေးခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(ဧရာဝတီ)

ပုသိမ်ခရိုင်၊ ငပုတောမြို့နယ်ရှိ လုပ်ငန်းရှင်နှင့်အသိပညာပေးဆွေးနွေးခြင်း

    စားသုံးသူရေးရာဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငပုတောမြို့နယ်တာဝန်ခံရုံးမှ မြို့နယ်တာဝန်ခံသည် စားသုံးသူဘေးအန္တရာယ်ကင်းရှင်းစွာသုံးစွဲနိုင်ရေးရည်ရွယ်၍ ၂၀၂၄ခုနှစ်၊ ဇန်နဝါရီလ (၂၃)ရက်နေ့၊ နံနက် (၁၀း၀၀) နာရီအချိန်တွင် ငပုတောမြို့နယ်တာဝန်ခံရုံး၌ နေလမင်းရေသန့်လုပ်ငန်းရှင်နှင့်တွေ့ဆုံဆွေးနွေးအသိပညာပေးခဲ့ပါသည်။

 ထိုသို့ဆွေးနွေးရာတွင် စားသုံးသူရေးရာဦးစီးဌာန၊ ပုသိမ်ခရိုင်၊ ငပုတောမြို့နယ်တာဝန်ခံက မည်သည့်စီးပွားရေးလုပ်ငန်းရှင်မဆို ကုန်စည်များပေါ်တွင် ကုန်အညွှန်းအမှတ်အသားပြည့်စုံစွာဖော်ပြရန်နှင့် (၂၀၁၉) စားသုံးသူကာကွယ်ရေးဥပဒေပါ ပြဋ္ဌာန်းချက်များနှင့်အညီ ထုတ်လုပ်ခြင်းရောင်းချခြင်းများပြုလုပ်ကြရန်အလို့ငှာ ကုန်စည်များ၌ ကုန်အညွှန်းအမှတ်အသားပြည့်စုံမှုရှိ/မရှိ စစ်ဆေးခဲ့ပြီးနောက် စားသုံးသူကာကွယ်ရေးဆိုင်ရာအသိပညာများဟောပြောဆွေးနွေးခဲ့ကြောင်းသိရှိရပါသည်။

DOCA(ဧရာဝတီ)

ကျုံပျော်မြို့နယ်တာဝန်ခံရုံး၌ မုန့်လုပ်ငန်းရှင်နှင့်အသိပညာပေးဆွေးနွေးခြင်း

      စားသုံးသူရေးရာဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကျုံပျော်မြို့နယ်တာဝန်ခံရုံးမှ မြို့နယ်တာဝန်ခံသည် စားသုံးသူဘေးအန္တရာယ်ကင်းရှင်းစွာသုံးစွဲနိုင်ရေးရည်ရွယ်၍ ၂၀၂၄ခုနှစ်၊ ဇန်နဝါရီလ (၂၂)ရက်နေ့၊ နံနက် (၁၁း၀၀) နာရီအချိန်တွင် မြို့နယ်တာဝန်ခံရုံး၌ ကျုံပျော်မြို့နယ်၊ ကျုံတနီးရွာရှိ မုန့်လုပ်ငန်းရှင်နှင့်တွေ့ဆုံဆွေးနွေးအသိပညာပေးခဲ့ပါသည်။

    ထိုသို့ဆွေးနွေးရာတွင် စားသုံးသူရေးရာဦးစီးဌာန၊ ပုသိမ်ခရိုင်၊ ကျုံပျော်မြို့နယ်တာဝန်ခံက မည်သည့်စီးပွားရေးလုပ်ငန်းရှင်မဆို ကုန်စည်များပေါ်တွင် ကုန်အညွှန်းအမှတ်အသားပြည့်စုံစွာဖော်ပြရန်နှင့် (၂၀၁၉) စားသုံးသူကာကွယ်ရေးဥပဒေပါ ပြဋ္ဌာန်းချက်များနှင့်အညီ ထုတ်လုပ်ရောင်းချခြင်းများပြုလုပ်ကြရန်အလို့ငှာ ကုန်စည်များတွင် ကုန်အညွှန်းအမှတ်အသားပြည့်စုံမှုရှိ/မရှိ စစ်ဆေးခဲ့ပြီးနောက် စားသုံးသူကာကွယ်ရေးဆိုင်ရာအသိပညာများဟောပြောဆွေးနွေးခဲ့ကြောင်းသိရှိရပါသည်။

DOCA(ဧရာဝတီ)

ရေကျော် City Mark ရှိ ကုန်စည်များအား ကွင်းဆင်းစစ်ဆေးခြင်း

    စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူး၏ ညွှန်ကြားချက်အရ အရှေ့ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ဝန်ထမ်းများသည် ပုဇွန်တောင်မြို့နယ်၊ ရေကျော် City Mark သို့ (၂၃-၁-၂၀၂၄) ရက်နေ့တွင် သွားရောက်၍ မြေပြင်ကွင်းဆင်းစစ်ဆေးမှုများဆောင်ရွက်ခဲ့ကြောင်းသိရှိရပါသည်။

     အဆိုပါကွင်းဆင်းစစ်ဆေးမှုများကို ဒေါ်အေးအေးမော် (ဌာနခွဲစာရေး) နှင့်အတူ ဝန်ထမ်း (၂)ဦးသည် ရေကျော် City Mark ရှိ တာဝန်ရှိသူများနှင့်တွေ့ဆုံ၍ City Mark အတွင်းရောင်းချနေသော စားသုံးဆီအမျိုးမျိုးနှင့် ကလေးတစ်ကိုယ်ရည်သုံးပစ္စည်းများဖြစ်သော Baby Mild, KoDoMo, Annaku, စသည့်အမှတ်တံဆိပ်များရှိသည့် ရေချိုးဆပ်ပြာ၊ ပေါင်ဒါ၊ ခေါင်းလျော်ရည်၊ Lotion, Cream, Diaper စသည့်ပစ္စည်းများကို စစ်ဆေးရာတွင် စားသုံးသူကာကွယ်ရေးဥပဒေပါ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းဆိုင်ရာ ပြဋ္ဌာန်းချက်များနှင့်အညီ ရေးသားဖော်ပြထား သည်ကိုတွေ့ရှိရပြီး သက်ဆိုင်ရာတာဝန်ခံများကိုလည်း City Mark အတွင်းရောင်းချမည့် ကုန်စည်များနှင့်ပတ်သက်၍ စားသုံးသူကာကွယ်ရေးဥပဒေ၊ နည်းဥပဒေ၊ လုပ်ထုံးလုပ်နည်းများနှင့် ကိုက်ညီမှုရှိသော ကုန်စည်များကိုသာရောင်းချရန်လိုအပ်ကြောင်း အသိပညာပေးပြောကြားခဲ့မှုကိုသိရှိရပါသည်။

DOCA(ရန်ကုန်)

MAKRO ရှိ ကုန်စည်များအား ကွင်းဆင်းစစ်ဆေးခြင်း

     စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူး၏ ညွှန်ကြားချက်အရ အရှေ့ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ဝန်ထမ်းများသည် မင်္ဂလာတောင်ညွန့်မြို့နယ်၊ MAKRO သို့ (၂၂-၁-၂၀၂၄) ရက်နေ့တွင် သွားရောက်၍ မြေပြင်ကွင်းဆင်းစစ်ဆေးမှုများဆောင်ရွက်ခဲ့ကြောင်းသိရှိရပါသည်။

     အဆိုပါကွင်းဆင်းစစ်ဆေးမှူများကို ဦးနေလင်း (ဒုကြီးကြပ်ရေးမှူး) နှင့်အတူ ဝန်ထမ်း(၃)ဦးသည် MAKRO ၏ တာဝန်ရှိသူများနှင့်တွေ့ဆုံ၍ MAKRO အတွင်းရောင်းချနေသော စားသုံးဆီအမျိုးမျိုးနှင့် ကလေးတစ်ကိုယ်ရည်သုံးပစ္စည်းများဖြစ်သော Baby Mild, KoDoMo, Annaku, စသည့်အမှတ်တံဆိပ်များရှိသည့် ရေချိုးဆပ်ပြာ၊ ပေါင်ဒါ၊ ခေါင်းလျော်ရည်၊ Lotion, Cream, Diaper စသည့်ပစ္စည်းများကိုစစ်ဆေးရာတွင် စားသုံးသူကာကွယ်ရေးဥပဒေပါ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းဆိုင်ရာ ပြဋ္ဌာန်းချက်များနှင့်အညီ ရေးသားဖော်ပြထားသည်ကိုတွေ့ရှိရပြီး သက်ဆိုင်ရာတာဝန်ခံများကိုလည်း MAKRO အတွင်းရောင်းချမည့် ကုန်စည်များနှင့်ပတ်သက်ပြီး စားသုံးသူကာကွယ်ရေးဥပဒေ၊ နည်းဥပဒေ၊ လုပ်ထုံးလုပ်နည်းများနှင့်ကိုက်ညီမှုရှိသော ကုန်စည်များ၊ ကုန်ညွှန်းအမှတ်အသားပြည့်စုံစွာပါရှိသော ကုန်ပစ္စည်းများကိုသာရောင်းချရန်လိုအပ်ကြောင်း အသိပညာပေးပြောကြားခဲ့မှုကိုသိရှိရပါသည်။

DOCA(ရန်ကုန်)

ရန်ကုန်အရှေ့ပိုင်းခရိုင်အတွင်းရှိ စားအုန်းဆီဆိုင်များအား ကွင်းဆင်းစစ်ဆေးခြင်း

     စားသုံးသူရေးရာဦးစီးဌာန၊ အရှေ့ပိုင်းခရိုင်၊ မြို့နယ်များအတွင်းရှိ မြို့နယ်စည်ပင်သာယာဈေးများတွင်ရောင်းချနေသော စားအုန်းဆီအရောင်းဆိုင်များ၌ ပြည်သူများအနေဖြင့် စားအုန်းဆီများကို တန်းစီတိုးဝယ်နေခြင်းရှိ/မရှိ မြေပြင်ကွင်းဆင်းစစ်ဆေးမှုများကို (၂၃-၁-၂၀၂၄) ရက်နေ့တွင် မင်္ဂလာတောင်ညွန့်မြိုနယ်ရှိ တောင်ညွှန့်ဈေးနှင့် သိမ်ဖြူဈေး၊ ပုဇွန်တောင်မြို့နယ်ရှိ ပုဇွန်တောင်ဈေးနှင့် ရေကျော်ဈေး၊ ဗိုလ်တထောင်မြို့နယ်ရှိ ဘိုကလေးဈေးနှင့် ဒေါပုံမြို့နယ်၊ ဒေါပုံဈေးတို့ရှိ စားအုန်းဆီရောင်းချနေသောဆိုင်များသို့ အရှေ့ပိုင်းခရိုင်ဦးစီးမှူးရုံးမှ မြိုနယ်တာဝန်ခံ ဝန်ထမ်းများက သက်ဆိုင်ရာဈေးစည်ပင်တာဝန်ခံများနှင့်ပူးပေါင်း၍ မြေပြင်စစ်ဆေးမှုများသွားရောက်ဆောင်ရွက်ခဲ့ရာ ပြည်သူများအနေဖြင့် ပုံမှန်သာဝယ်ယူလျက်ရှိပြီး တန်းဆီတိုးဝယ်နေမှုမျိုးမရှိကြောင်းတွေ့ရှိရပါသည်။ ယခုအခါ ဈေးကွက်အတွင်း စားအုန်းဆီရောင်းချမှုအနေဖြင့် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားအုန်းဆီတင်သွင်း/သိုလှောင်/ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီ၏ အပတ်စဉ်ထုတ်ပြန်သည့် အခြေခံလက်ကားရည်ညွှန်းဈေးနှုန်းအပေါ် သက်ဆိုင်ရာမြို့နယ်စားသုံးဆီဖြန့်ဖြူးရောင်းချမှုကြီးကြပ်ရေးအဖွဲ့၏ ကြီးကြပ်မှုဖြင့် ထုတ်ယူသည့်ကိုယ်စားလှယ်များကလည်း ဈေးကွက်အတွင်း ဈေးနှုန်းအဆမတန်ရောင်းချမှုများမတွေ့ရှိရဘဲ ထိုက်သင့်သည့်အမြတ်ဖြင့်သာ ရောင်းချလျက်ရှိနေကြကြောင်းတွေ့ရှိရပါသည်။

DOCA(ရန်ကုန်)

Pages

Subscribe to RSS - HighLight News