
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင် ၊ဖျာပုံမြို့နယ် စားသုံးသူရေးရာဦးစီးဌာနခရိုင်ဦးစီးမှူး ဦးထွေးသိမ်း နှင့် ဝန်ထမ်းတို့သည် ၂၀၂၅ ခုနှစ်၊ ဧပြီလ ၂၈ ရက်နေ့၊ (၁၀:၀၀) နာရီအချိန်တွင် စားအုန်းဆီရောင်းချသည့် လုပ်ငန်းရှင်များအား စားသုံးသူကာကွယ်ရေး အသိပညာပေး ဟောပြောခဲ့ပါသည်။
ခရိုင်ဦးစီးမှူး ဦးထွေးသိမ်းက စားအုန်းဆီရောင်းချရာတွင် သတ်မှတ်ပမာဏ၊ သတ်မှတ်ဈေးနှုန်းတို့ဖြင့် ရောင်းချပေးရမည်ဖြစ်ကြောင်း၊ စားအုန်းဆီထုတ်ယူရရှိမှုပေါ်မူတည်၍ တလလျှင် အိမ်ထောင်စုအလိုက် ခွဲဝေရောင်းချပေးရန်နှင့် ဆီရောင်းချမှုစာရင်းများအား ဆီထုတ်စာရင်းများပြုလုပ်ထားရှိပြီး ဈေးနှုန်းမြှင့်တင်ရောင်းချခြင်းမပြုကြရန်နှင့် စီးပွားရေးလုပ်ငန်းရှင်၏ တာဝန်နှင့် တားမြစ်ချက်များအကြောင်း၊ အရေးကြီးကုန်စည်နှင့် ဝန်ဆောင်မှုဥပဒေအရ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း အသိပညာပေးဟောပြောဆွေးနွေးခဲ့သည်ဟု သတင်းရရှိပါသည်။
DOCA(ဧရာဝတီ)