HighLight News

Powered by Drupal

လှိုင်သာယာမြို့နယ်တွင် အွန်လိုင်းမှတ်ပုံတင်လျှေက်ထားခြင်းနှင့်စပ်လျဉ်း၍ မြေပြင်ကွင်းဆင်းစစ်ဆေး

         (၁၆.၉.၂၀၂၅)ရက်နေ့ နံနက်(၁၁:၂၀) နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ မြောက်ပိုင်းခရိုင် ဦးစီးမှူးရုံးမှ ဒေါ်နီလာဝင်း၊ ဦးစီးမှူးပါ(၃)ဦး၊ အမှတ်(၇၆/၄၀၂)၊ ကျန်စစ်သားအိမ်ရာ၊ ရာဇကုမ္မာလမ်း၊ လှိုင်သာယာမြို့နယ်ရှိ Kaung Thit Air Con Sale& Service လုပ်ငန်းအား အွန်လိုင်းမှတ်ပုံတင်ခြင်းနှင့်စပ်လျဉ်း၍ မြေပြင်ကွင်းဆင်းစစ်ဆေးခဲ့ပါသည်။

        ထိုသို့ကွင်းဆင်းစစ်ဆေးခဲ့ရာ အွန်လိုင်းစနစ်ဖြင့် ရောင်းချနေသော လုပ်ငန်းရှင်များသို့ မှတ်ပုံတင်လက်မှတ်လျှောက်ထားသူနှင့်စပ်လျဉ်း၍ မြေပြင်ကွင်းဆင်းဆောင်ရွက်ရာတွင် လျှောက်လွှာပုံစံတွင် ဖြည့်သွင်းထားသည့်လိပ်စာအတိုင်း လုပ်ငန်းအမှန်တကယ်တည်ရှိခြင်းရှိ/ မရှိ၊ မှတ်ပုံတင်လက်မှတ်လျှောက်ထားစဉ်က ရောင်းချရန်တင်ပြထားသော ကုန်စည် (သို့)ဝန်ဆောင်မှုအမျိုးအစား၊ စာရင်းအတိုင်းမြေပြင်တွင် အမှန်တကယ်ရောင်းချနေသော စာရင်းကိုက်ညီမှုရှိ/ မရှိတို့ကို စစ်ဆေးခဲ့ပြီး စားသုံးသူကာကွယ်ရေးဥပဒေပါ ကုန်စည်ပေါ်တွင် ဖော်ပြပါရှိရမည့်ကုန်အညွှန်းအမှတ်အသားဖော်ပြမှုတို့ကို ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။

DOCA (ရန်ကုန်)

                                                                                                        

အွန်လိုင်းရောင်းဝယ်မှုလုပ်ငန်းအား မြေပြင်ကွင်းဆင်းစစ်ဆေးခြင်း

          (16.9.၂၀၂၅)ရက်နေ့ နံနက်(၁၀:30)နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ မြောက်ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ဒေါ်နီလာဝင်း၊ ဦးစီးမှူးပါ(3)ဦးတို့သည် ရွှေပြည်သာမြို့နယ်ရှိ ထက်မြတ်အောင် အမည်ဖြင့် Online လုပ်ငန်းသို့ မှတ်ပုံတင်လျှောက်ထားရာတွင် ဖော်ပြထားသောအချက်များနှင့် မြေပြင်အချက်အလက်များ ကိုက်ညီမှုရှိ/ မရှိ ကွင်းဆင်းစစ်ဆေးခြင်း ဆောင်ရွက်ခဲ့ပါသည်။

          ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် အမှတ်(၅/၂/၆၁/ခ)၊ ပိတောက်လမ်း၊ အမှတ်(၅)ရပ်ကွက်၊ ရွှေပြည်သာမြို့နယ်ရှိ “ထက်မြတ်အောင်” အမည်ဖြင့် Online  စနစ်ဖြင့် အိမ်ခြံမြေအကျိုးဆောင်အား မှတ်ပုံတင်လက်မှတ်လျှောက်ထားမှုနှင့် စပ်လျဉ်း၍ မြေပြင်ကွင်းဆင်းဆောင်ရွက်ရာတွင် လျှောက်လွှာပုံစံတွင် ဖြည့်သွင်းထားသည့် လိပ်စာအတိုင်း လုပ်ငန်းအမှန်တစ်ကယ် တည်ရှိခြင်းရှိ/ မရှိနှင့် ရောင်းချရန်တင်ပြထားသော ကုန်စည်(သို့မဟုတ်) ဝန်ဆောင်မှုအမျိုး အစားစာရင်းအတိုင်း မြေပြင်တွင် အမှန်တကယ်ရောင်းချနေသော စာရင်းကိုက်ညီမှုရှိ/ မရှိတို့ကို စစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။

DOCA (ရန်ကုန်)

                                                                                                        

DW အွန်လိုင်းရှော့သို့ အွန်လိုင်းမှတ်ပုံတင် မြေပြင်စစ်ဆေးခြင်း

          စားသုံးသူရေးရာဦးစီးဌာန၊ မြောက်ပိုင်းခရိုင်ဦးစီးမှူးရုံးမှ စစ်ဆေးရေးအရာရှိများသည် (16.9.၂၀၂၅)ရက်နေ့ နံနက်(၀၉:4၅)နာရီအချိန်တွင် မင်္ဂလာဒုံမြို့နယ်၊ အမှတ်(၆၃၆)၊ (၂၁)လမ်း၊ ရွှေနံ့သာစံပြကျေးရွာတွင် DWအမည်ဖြင့် Online မှတ်ပုံတင်ထားရှိသည့်လုပ်ငန်းအား မြေပြင်စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ပါသည်။

          ထိုသို့ဆောင်ရွက်ရာတွင် စစ်ဆေးရေးအရာရှိမှ အွန်လိုင်းမှတ်ပုံတင်စနစ်တွင် မှတ်ပုံတင်ထားရှိသည့်အချက်အလက်များ မြေပြင်စစ်ဆေးရာတွင် ကိုက်ညီမှုရှိ/ မရှိနှင့် အခြားလိုအပ်သည့်အချက်အလက်များ ပြည့်စုံမှန်ကန်မှုရှိ/ မရှိနှင့် စားသုံးသူကာကွယ်ရေးဥပဒေပါ စီးပွားရေးလုပ်ငန်းရှင်များ လိုက်နာရမည့်တာဝန်များအကြောင်း ရှင်းလင်းဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

DOCA (ရန်ကုန်)

                                                                                                        

လှိုင်သာယာမြို့နယ်ရှိ Super One တွင် ရောင်းချနေသော စားသုံးဆီဘူးများတွင် ကုန်အညွှန်းအမှတ်အသားပြည့်စုံမှုရှိ/ မရှိကွင်းဆင်းစစ်ဆေး

        စားသုံးသူရေးရာဦးစီးဌာန၊ မြောက်ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ဒေါ်နီလာဝင်း၊ ဦးစီးမှူးပါ (၃)ဦးတို့သည် (၁၅.၉.၂၀၂၅)ရက်နေ့ နေ့လယ်(၁၃:၀၀)နာရီအချိန်တွင် အမှတ်(၁၂၅၉)၊ ရန်ကုန်-ပုသိမ်လမ်း၊ နဝဒေးအိမ်ရာ၊ လှိုင်သာယာမြို့နယ်ရှိ Super One တွင် ရောင်းချနေသော စားသုံးဆီဘူးများတွင် ကုန်အညွှန်းအမှတ်အသားပြည့်စုံမှုရှိ/ မရှိ ကွင်းဆင်းစစ်ဆေးခဲ့ပါသည်။

          ထိုသို့ကွင်းဆင်းစစ်ဆေးဆောင်ရွက်ရာတွင် ဒေါ်နီလာဝင်း၊ ဦးစီးမှူးမှ Super One တွင် ရောင်းချနေသော စားသုံးဆီဘူးများတွင် ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်း ပြည့်စုံမှုရှိ/ မရှိ စစ်ဆေးခဲ့ပြီး Super One မှ တာဝန်ခံဒေါ်မြတ်သက်မွန်အား စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် ကုန်စည်အမျိုးအစားအလိုက် သတ်မှတ်ထားသည့်ဥပဒေညွှန်ကြားချက်များအား လိုက်နာဆောင်ရွက်ရန် ဈေးကွက်အတွင်းရောင်းချနေသော ကုန်စည်များတွင် ကုန်အညွှန်းအမှတ်အသားဖော်ပြချက် ပြည့်စုံမှုရှိ/ မရှိအား ဌာနအနေဖြင့် ဈေးကွက်စောင့်ကြည့်စစ်ဆေးမှုများ စဉ်ဆက်မပြတ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရှိရပါသည်။

DOCA (ရန်ကုန်)

                                                                                                        

ဈေးကွက်အတွင်း ရောင်းချနေသော စားသုံးဆီအမျိုးမျိုးအား ကွင်းဆင်းစစ်ဆေးခြင်း

          (၁၅.၉.၂၀၂၅)ရက်နေ့ နံနက်(၁၀:၀၀)နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ မြောက်ပိုင်း ခရိုင်ဦးစီးမှူးရုံးမှ ဒေါ်နီလာဝင်း၊ ဦးစီးမှူးပါ (၄)ဦးတို့သည် အမှတ်(၁၉၆)၊ အမှတ်(၃)လမ်းမကြီး၊ မင်္ဂလာဒုံမြို့နယ်ရှိ Teminal-M (Ocean Super Center)သို့ စားသုံးဆီအမျိုးမျိုးရောင်းချနေခြင်းအား ကွင်းဆင်းစစ်ဆေးခဲ့ပါသည်။

         ထိုသို့စစ်ဆေးခဲ့ရာတွင် တာဝန်ခံမှ ပူးပေါင်းပါဝင်လျက် စားသုံးဆီအမျိုးမျိုးဖြစ်သော ရွှေအုံ၊ အမေထွား၊ Meizan၊ ဧရာဝတီ၊ ရန်ကုန်၊ ငွေသဇင်မင်း၊ ရွှေ၊ လူကြီးကတော်တို့တွင် ကုန်စည်တွင် ဖော်ပြရမည့်ကုန်အညွှန်းအမှတ်အသားများဖြစ်သော အမျိုးအမည်၊ အရွယ်အစား၊ အရေအတွက်၊ အသားတင်ပမာဏ၊ ထားသိုသိမ်းဆည်းမှုအညွှန်းများနှင့်ပိဿာ/ကျပ်သားတို့ကို မြန်မာဘာသာဖြင့် ဖော်ပြထားပြီး သက်ဆိုင်ရာဌာနများ၏ ထောက်ခံချက်များပါရှိကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)

Denko 3 စက်သုံးဆီ အရောင်းဆိုင်အားကွင်းဆင်းစစ်ဆေးခြင်း

         (၁၅-၉-၂၀၂၅) ရက်နေ့၊ နံနက်(၁၁:၃၀)နာရီအချိန်တွင် ရန်ကုန်အရှေ့ပိုင်းခရိုင်စားသုံးသူရေး ရာဦးစီးမှူးရုံးမှ) ဦးရန်နိုင်ထွန်း (အကြီးတန်းစာရေး)သည် (၂၇)ရပ်ကွက်၊ ဘုရင့်နောင်လမ်း, မြောက်ဒဂုံမြို့နယ် စက်သုံးဆီအရောင်းဆိုင်သို့သွားရောက်၍ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရပါသည်။

          အဆိုပါ အရောင်းဆိုင်တွင် (၁၅-၉-၂၀၂၅) ရက်နေ့၊ ရောင်းဈေးတစ်လီတာလျှင် (92-၂၉၂၅ ကျပ်)၊ (95-၂၉၉၅ ကျပ်)၊ (HSD-၂၅၇၅ကျပ်)၊ (PHSD-၃၁၇၅ကျပ်)တို့ဖြင့် ရောင်းချနေကြောင်းတွေ့ရှိရပြီး၊ စက်သုံးဆီများသက်မှတ်ရည်ညွှန်းဈေးဖြင့်ရောင်းချခြင်း၊ ဆီဝင်ရောက်မှုနှင့်ဆီလက်ကျန်အခြေအနေများ၊ အလေးချိန်မှန်ကန်မှုရှိ/ မရှိတို့အားစစ်ဆေးခဲ့ပြီး၊ သဘာဝဘေးအန္တရာယ် ကာကွယ်ရေးအတွက် မီးသတ်ဆေးဘူးများ၊ ရေစုပ်စက်၊ ရေပိုက်များကောင်းမွန်စွာထားရှိခြင်းရှိ/ မရှိစစ်ဆေးခဲ့ကြကြောင်း သတင်းရရှိပါသည်။

DOCA(ရန်ကုန်)

ညောင်ဦးမြို့ရှိ ဆန်/စပါး သိုလှောင်ရုံများတစ်နှစ်ပြည့် သက်တမ်းတိုးနိုင်ရေးနှင့် ရ/ထုတ်/ကျန် စာရင်းများရေးသွင်းနိုင်ရေး ကွင်းဆင်း

           မြန်မာဆန်စပါးအွန်လိုင်း(MyRO)ကို စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာနနှင့် မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်တို့ ပူးပေါင်းဆောင်ရွက်လျက်ရှိပြီး (MyRO)တွင် မှတ်ပုံတင်သက်တမ်း တစ်နှစ်ပြည့်မြောက်ပြီးသော သိုလှောင်ရုံများ သက်တမ်းပြန်လည်တိုးနိုင်ရေးနှင့် www.myro.com.mm တွင် လစဉ်လဆန်း(၁)ရက်နေ့မှ(၇)ရက်နေ့အတွင်း သိုလှောင်ရုံလုပ်ငန်းရှင်များအနေဖြင့် မိမိတို့သိုလှောင်ရုံများ၏ ကုန်ရ/ကုန်ထုတ်/ကုန်လက်ကျန် အခြေအနေများကို ထည့်သွင်းပေးနိုင်ရေး ညောင်ဦးခရိုင်ဦးစီးမှူးရုံးအနေဖြင့် ကြပ်မတ်ဆောင်ရွက်လျက်ရှိပါသည်။

          ညောင်ဦးမြို့နယ်တွင် လက်ရှိအချိန်ထိ (MyRO)တွင် မှတ်ပုံတင်ထားသော ဆန်သိုလှောင်ရုံ အလုံး (၁၀)ရှိပြီး ယခင်နှစ် ဇူလိုင်လ၌ (MyRO)မှတ်ပုံတင်ထားသော ဆန်သိုလှောင်ရုံများသည် တစ်နှစ်ပြည့် မြောက်ပြီးသည့်အတွက် သက်တမ်းတိုးဆောင်ရွက်နိုင်ရေးအတွက် လုပ်ငန်းရှင်များအား ဖုန်းဖြင့်ချိတ်ဆက်၍သော်လည်းကောင်း၊ လုပ်ငန်းခွင်များသို့ကွင်းဆင်း၍သော်လည်းကောင်း ကြပ်မတ်လှုပ်ဆော်ဆောင်ရွက်လျက်ရှိရာ(၁၀.၉.၂၀၂၅)ရက်နေ့၊ နေ့လယ် (၁၅:၃၀) နာရီအချိန်တွင် ညောင်ဦးမြို့ရှိ ‘‘သူ့စိတ်ကြိုက်’’ ဆန်ရောင်းဝယ်ရေးဆိုင်သို့ ကွင်းဆင်း၍ တစ်နှစ်ပြည့်သိုလှောင်ရုံများ သက်တမ်းတိုးနိုင်ရေးနှင့် လစဉ်လဆန်း(၁)ရက်နေ့မှ(၇)ရက်နေ့အတွင်း သိုလှောင်ရုံများ၏ ကုန်ရ/ ကုန်ထုတ်/ကုန်လက်ကျန် အခြေအနေများအား မပျက်မကွက်ထည့်သွင်းပေးရန်နှင့် လိုက်နာမှုမရှိပါက စီမံခန့်ခွဲရေးနည်း လမ်းအရအရေးယူမှုများ ဆောင်ရွက်သွားရန် ဌာနမှလမ်းညွှန်မှုများရှိသဖြင့် လိုက်နာဆောင်ရွက်ရန် လိုအပ်ပါကြောင်းနှင့် ဆောင်ရွက်ရာတွင် အခက်အခဲရှိပါက မိမိတို့ရုံးသို့ လာရောက်အကူအညီတောင်းနိုင်ပါကြောင်း ရှင်းလင်းဆွေးနွေးအသိပညာပေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(မန္တလေး)

MyRO တစ်နှစ်ပြည့် သက်တမ်းတိုးနိုင်ရေးနှင့် ရ/ထုတ်/ကျန် စာရင်းများရေးသွင်းနိုင်ရေး ကွင်းဆင်း

           မြန်မာဆန်စပါးအွန်လိုင်း(MyRO)ကို စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာနနှင့် မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်တို့ ပူးပေါင်းဆောင်ရွက်လျက်ရှိပြီး (MyRO)တွင် မှတ်ပုံတင်သက်တမ်း တစ်နှစ်ပြည့်မြောက်ပြီးသော သိုလှောင်ရုံများ သက်တမ်းပြန်လည်တိုးနိုင်ရေးနှင့် www.myro.com.mm တွင် လစဉ်လဆန်း(၁)ရက်နေ့မှ(၇)ရက်နေ့အတွင်း သိုလှောင်ရုံလုပ်ငန်းရှင်များအနေဖြင့် မိမိတို့သိုလှောင်ရုံများ၏ ကုန်ရ/ကုန်ထုတ်/ကုန်လက်ကျန် အခြေအနေများကို ထည့်သွင်းပေးနိုင်ရေး ညောင်ဦးခရိုင်ဦးစီးမှူးရုံးအနေဖြင့် ကြပ်မတ်ဆောင်ရွက်လျက်ရှိပါသည်။

          ညောင်ဦးမြို့နယ်တွင် လက်ရှိအချိန်ထိ (MyRO)တွင် မှတ်ပုံတင်ထားသော ဆန်သိုလှောင်ရုံ အလုံး (၁၀)ရှိပြီး ယခင်နှစ် ဇူလိုင်လ၌ (MyRO)မှတ်ပုံတင်ထားသော ဆန်သိုလှောင်ရုံများသည် တစ်နှစ်ပြည့်မြောက်ပြီးသည့်အတွက် သက်တမ်းတိုးဆောင်ရွက်နိုင်ရေးအတွက် လုပ်ငန်းရှင်များအား ဖုန်းဖြင့်ချိတ်ဆက်၍သော်လည်းကောင်း၊ လုပ်ငန်းခွင်များသို့ကွင်းဆင်း၍သော်လည်းကောင်း ကြပ်မတ်လှုပ်ဆော်ဆောင်ရွက်လျက်ရှိရာ(၁၀.၉.၂၀၂၅)ရက်နေ့၊ နေ့လယ် (၁၄:၃၀) နာရီအချိန်တွင် ညောင်ဦးမြို့ရှိ ‘‘မြရွှေစင်’’ ဆန်ရောင်းဝယ်ရေးဆိုင်သို့ ကွင်းဆင်း၍ တစ်နှစ်ပြည့်သိုလှောင်ရုံများ သက်တမ်းတိုးနိုင် ရေးနှင့် လစဉ်လဆန်း(၁)ရက်နေ့မှ(၇)ရက်နေ့အတွင်း သိုလှောင်ရုံများ၏ ကုန်ရ/ ကုန်ထုတ်/ကုန်လက်ကျန် အခြေအနေများအား မပျက်မကွက်ထည့်သွင်းပေးရန်နှင့် လိုက်နာမှုမရှိပါက စီမံခန့်ခွဲရေးနည်း လမ်းအရအရေးယူမှုများ ဆောင်ရွက်သွားရန် ဌာနမှလမ်းညွှန်မှုများရှိသဖြင့် လိုက်နာဆောင်ရွက်ရန် လိုအပ်ပါကြောင်းနှင့် ဆောင်ရွက်ရာတွင် အခက်အခဲရှိပါက မိမိတို့ရုံးသို့ လာရောက်အကူအညီတောင်းနိုင်ပါကြောင်း ရှင်းလင်းဆွေးနွေးအသိပညာပေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(မန္တလေး)

ဆန်/စပါး သိုလှောင်ရုံများတစ်နှစ်ပြည့် သက်တမ်းတိုးနိုင်ရေးနှင့် ရ/ထုတ်/ကျန် စာရင်းများရေးသွင်းနိုင်ရေး ကွင်းဆင်း

          မြန်မာဆန်စပါးအွန်လိုင်း(MyRO)ကို စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာနနှင့် မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်တို့ ပူးပေါင်းဆောင်ရွက်လျက်ရှိပြီး (MyRO)တွင် မှတ်ပုံတင်သက်တမ်း တစ်နှစ်ပြည့်မြောက်ပြီးသော သိုလှောင်ရုံများ သက်တမ်းပြန်လည်တိုးနိုင်ရေးနှင့် www.myro.com.mm တွင် လစဉ်လဆန်း(၁)ရက်နေ့မှ(၇)ရက်နေ့အတွင်း သိုလှောင်ရုံလုပ်ငန်းရှင်များအနေဖြင့် မိမိတို့သိုလှောင်ရုံများ၏ ကုန်ရ/ကုန်ထုတ်/ကုန်လက်ကျန် အခြေအနေများကို ထည့်သွင်းပေးနိုင်ရေး ညောင်ဦးခရိုင်ဦးစီးမှူးရုံးအနေဖြင့် ကြပ်မတ်ဆောင်ရွက်လျက်ရှိပါသည်။

          ညောင်ဦးမြို့နယ်တွင် လက်ရှိအချိန်ထိ (MyRO)တွင် မှတ်ပုံတင်ထားသော ဆန်သိုလှောင်ရုံ အလုံး (၁၀)ရှိပြီး ယခင်နှစ် ဇူလိုင်လ၌ (MyRO)မှတ်ပုံတင်ထားသော ဆန်သိုလှောင်ရုံများသည် တစ်နှစ်ပြည့်မြောက်ပြီးသည့်အတွက် သက်တမ်းတိုးဆောင်ရွက်နိုင်ရေးအတွက် လုပ်ငန်းရှင်များအား ဖုန်းဖြင့်ချိတ်ဆက်၍သော်လည်းကောင်း၊ လုပ်ငန်းခွင်များသို့ကွင်းဆင်း၍သော်လည်းကောင်း ကြပ်မတ်လှုပ်ဆော်ဆောင်ရွက်လျက်ရှိရာ(၁၀.၉.၂၀၂၅)ရက်နေ့၊ နေ့လယ် (၁၃:၃၀) နာရီအချိန်တွင် ညောင်ဦးမြို့ရှိ ‘‘ဝင်းစတား’’ ဆန်ရောင်းဝယ်ရေးဆိုင်သို့ ကွင်းဆင်း၍ တစ်နှစ်ပြည့်သိုလှောင်ရုံများ သက်တမ်းတိုးနိုင်ရေးနှင့် လစဉ်လဆန်း(၁)ရက်နေ့မှ(၇)ရက်နေ့အတွင်း သိုလှောင်ရုံများ၏ ကုန်ရ/ ကုန်ထုတ်/ကုန်လက် ကျန် အခြေအနေများအား မပျက်မကွက်ထည့်သွင်းပေးရန်နှင့် လိုက်နာမှုမရှိပါက စီမံခန့်ခွဲရေးနည်း လမ်းအရအရေးယူမှုများ ဆောင်ရွက်သွားရန် ဌာနမှလမ်းညွှန်မှုများရှိသဖြင့် လိုက်နာဆောင်ရွက်ရန် လိုအပ်ပါကြောင်းနှင့် ဆောင်ရွက်ရာတွင် အခက်အခဲရှိပါက မိမိတို့ရုံးသို့ လာရောက်အကူအညီတောင်းနိုင်ပါကြောင်း ရှင်းလင်းဆွေးနွေးအသိပညာပေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(မန္တလေး)

ညောင်ဦးမြို့ရှိ ပဲကြော်လုပ်ငန်းအား ဈေးကွက်မရောက်မီ ထုတ်ကုန်များလုံခြုံစိတ်ချရမှုရှိစေရေး ကွင်းဆင်း

          စားသုံးသူရေးရာဦးစီးဌာနအနေဖြင့် MSME လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး၊ ထုတ်ကုန်များလုံခြုံစိတ်ချရမှုရှိစေရေးနှင့် ဥပဒေများနှင့်အညီထုတ်လုပ်နိုင်စေရေးအတွက်  ဈေးကွက်မရောက်မီနှင့် ဈေးကွက်ရောက်ပြီး ကုန်စည်များအား ဈေးကွက်စောင့်ကြည့် စစ်ဆေးခြင်းများကို စဉ်ဆက်မပြတ်ဆောင်ရွက်လျက်ရှိရာ ညောင်ဦးခရိုင်တာဝန်ခံ ဦးတင်မျိုးခိုင်(ဦးစီးအရာရှိ)သည် စက်မှုကြီးကြပ်စစ်ဆေးရေး ဦးစီးဌာနမှ တာဝန်ရှိသူများနှင့်အတူ ၁၀.၉.၂၀၂၅) ရက်နေ့၊ နံနက် (၀၈:၃၀) နာရီအချိန်တွင် ညောင်ဦးမြို့  အမှတ်(၃)နယ်မြေရပ်ကွက်ရှိ “လျှမ်းလျှမ်းတောက်’’ အမှတ်တံဆိပ် ပဲကြော်လုပ်ငန်းခွင် သို့ကွင်းဆင်းခဲ့ပါသည်။

           ခရိုင်တာဝန်ခံမှ လုပ်ငန်းရှင်များအနေဖြင့် လုပ်ငန်းခွင်တွင်အဓိကထုတ်လုပ်သော ကုန်ကြမ်းပစ္စည်းများမှာ အရည်အသွေးကောင်းမွန်မှုရှိရန်နှင့် မိမိတို့ထုတ်လုပ်သောကုန်ပစ္စည်းများကို သန့်ရှင်းသပ်ရပ်စွာဖြင့်ထုတ်လုပ်၍ ကျန်းမာရေးနှင့်ညီညွတ်ရန် အထူးအလေးထားလုပ်ဆောင်ရန်လိုအပ်ပါကြောင်း၊ ကုန်စည်နှင့်သက်ဆိုင်သည့် ထည့်သွင်းဖော်ပြရမည့် ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံစွာပါရှိရမည်ဖြစ်ပါကြောင်း၊ စားသုံးသူများဘေးအန္တရာယ်ကင်းရှင်းစွာ စားသုံးနိုင်စေရေးနှင့် သက်ဆိုင်ရာ ဌာနများ၏ ပြဌာန်းချက်များကိုလည်း လိုက်နာဆောင်ရွက်ရန်လိုအပ်ပါကြောင်း၊ ဥပဒေပါ ပြဌာန်းချက်များနှင့်အညီ လိုက်နာဆောင်ရွက်ခြင်းဖြင့် အရည်အသွေးမြင့်မားသော ထုတ်ကုန်ပစ္စည်းများထုတ်လုပ်လာနိုင်ပြီး မိမိ၏အမှတ်တံဆိပ်ကုန်ပစ္စည်းမှာလည်း ဈေးကွက်ခိုင်မာမှုရှိလာမှာဖြစ်ပါကြောင်း၊ မိမိတို့ဌာနအနေဖြင့် ကုန်စည်များထုတ်လုပ်ရောင်းချရာတွင် ဈေးကွက်မရောက်မီနှင့် ဈေးကွက်ရောက်ပြီး အခြေအနေများ၌လည်း ဈေးကွက်စောင့်ကြည့် စစ်ဆေးလျက်ရှိပြီး စားသုံးသူများ ဘေးအန္တရာယ်ကင်းရှင်းရေးတို့အတွက် အာမခံချက်ရှိပြီး အရည်အသွေးမြင့်မားသည့် ကုန်စည်များဖော်ဆောင်ဖြည့်ဆည်းပေးရာတွင် ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းသည် အဓိကအခန်းကဏ္ဍတွင် ပါဝင်နေသည့်အတွက် စားသုံးသူများ လုံခြုံစိတ်ချရမှုရှိစေရန် ပူးပေါင်းဆောင်ရွက်ကြရမည်ဖြစ်ပြီး လုပ်ငန်းရှင်များအနေဖြင့်လည်း မိမိတို့၏ကုန်စည်များ ဈေးကွက်အတွင်း ရေရှည်တည်တံ့နိုင်စေရေးအတွက် စားသုံးသူများ၏ လိုအပ်ချက်ကို စိတ်စေတနာထား၍ မှန်ကန်သောဖြည့်ဆည်းမှုများဆောင်ရွက်ပေးကြရန် လိုအပ်ပါ ကြောင်းနှင့် MSME လုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေးကို အားပေးဆောင်ရွက်လျက်ရှိပါကြောင်း၊ လုပ်ငန်းသုံးစားအုန်းဆီများကိုလည်း လုပ်ငန်းခွင်များတွင် မှန်ကန်စွာသုံးစွဲရမည်ဖြစ်ပါကြောင်း အသိပညာပေး၍ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းကို ဆောင်ရွက်ခဲ့ကြောင်းနှင့် ဆက်လက်၍လည်း ဒေသအတွင်းရှိ MSME လုပ်ငန်းခွင်များသို့ စဉ်ဆက်မပြတ်ကွင်းဆင်းစိစစ်မှုများ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရှိရပါသည်။

DOCA(မန္တလေး)   

Pages

Subscribe to RSS - HighLight News