HighLight News

Powered by Drupal

ကျိုက်ထိုမြို့နယ်တွင် ဒစ်ဂျစ်တယ်ငွေကြေးဆိုင်ရာ အသိပညာပေး Talk Show ကျင်းပပြုလုပ်

           ၁၀.၂.၂၀၂၅ ရက်နေ့တွင် မွန်ပြည်နယ်၊ ကျိုက်ထိုခရိုင်ဦးစီးမှူး ဦးအောင်ကျော်မင်းသည် ကျိုက်ထိုမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာနခန်းမ၌ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့်ပူးပေါင်း၍ ဒစ်ဂျစ်တယ်ငွေကြေးဆိုင်ရာ အသိပညာပေး (Talk Show) ဆွေးနွေးပွဲကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။

          ထိုဆွေးနွေးပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒေါ်အေးယုဝေက (Talk Show) ပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်ကို ရှင်းလင်းဆွေးနွေးပြီး စားသုံးသူရေးရာဦးစီး ဌာနမှ ကျိုက်ထိုခရိုင်ဦးစီးမှူး ဦးအောင်ကျော်မင်းက ဒစ်ဂျစ်တယ်ငွေကြေးဆိုင်ရာ အသုံးပြုပုံ များအကြောင်းကို အကျယ်တဝင့်ရှင်းလင်းဆွေးနွေးခြင်း၊ စားသုံးသူများနစ်နာဆုံးရှုံးမှု ဖြစ်ပေါ် လာပါက စားသုံးသူရေးရာဦးစီးဌာနသို့ တိုင်ကြားနိုင်ကြောင်းနှင့် တိုင်ကြားနိုင်မည့်နေရာ၊ တိုင်ကြားနိုင်မည့်နည်းလမ်းများအကြောင်းတို့အား ကျယ်ကျယ်ပြန့်ပြန့် ဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(မွန်)

မော်လမြိုင်မြို့၊ ဈေးကြိုရပ်ကွက်တွင် အလှကုန်ပစ္စည်းများနှင့် စပ်လျဉ်း၍ ဈေးကွက်ကွင်းဆင်း

          ၁၁.၂.၂၀၂၅ ရက်နေ့ နံနက် (၁၀:၀၀) နာရီအချိန်တွင် မွန်ပြည်နယ်၊ စားသုံးသူရေးရာဦးစီး ဌာန၊ ပြည်နယ်ဦးစီးမှူးရုံး၊ ထုတ်ကုန်လုံခြုံစိတ်ချရမှုဌာနခွဲမှဝန်ထမ်းများသည် အစားအသောက် နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်စည်ပင် သာယာရေးအဖွဲ့တို့နှင့် ပူးပေါင်း၍ မော်လမြိုင်မြို့၊ ဈေးကြိုရပ်ကွက်တွင် အလှကုန်ပစ္စည်း အမျိုးမျိုးအား ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။

          ထိုသို့ ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ရာ အလှကုန်ဆိုင်များတွင် ရောင်းချနေသော Miss ရေချိုးဆပ်ပြာရည်၊ Spa (Body Lotion) ၊ Mistin (Body Lotion) ၊ Vaseline (Body Lotion) တို့တွင် မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင်၏ ညွှန်ကြားချက်အမှတ် (၂/၂၀၁၉) အရ ကုန်အညွှန်းအမှတ်အသားပြည့်စုံမှန်ကန်စွာ ဖော်ပြထားမှု ရှိ/မရှိ စစ်ဆေးခဲ့ရာ ကုန်အညွှန်း အမှတ်အသားပြည့်စုံမှန်ကန်စွာ ဖော်ပြထားသည်ကို စစ်ဆေးတွေ့ရှိခဲ့ကြောင်း သိရှိရပါသည်။

DOCA(မွန်)

စားအုန်းဆီဖြန့်ဖြူးရောင်းချနေမှုများနှင့်ပတ်သက်၍ ပြည်နယ်ဦးစီးမှူးမှ လုပ်ငန်းရှင်များနှင့်တွေ့ဆုံ

            ၁၃.၂.၂၀၂၅ ရက်နေ့ နံနက် (၁၀:၀၀) နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ မွန်ပြည်နယ်ဦးစီးမှူးသည် ပြည်နယ်ဦးစီးမှူးရုံး၊ အစည်းအဝေးခန်း၌ စားအုန်းဆီလက်ကား လက်လီ ဖြန့်ဖြူးရောင်းချသည့် လုပ်ငန်းရှင်များနှင့် တွေ့ဆုံဆွေးနွေးခဲ့ပါသည်။

            ထိုသို့ တွေ့ဆုံဆွေးနွေးရာတွင် ပြည်နယ်ဦးစီးမှူးမှ စားအုန်းဆီလက်ကား လက်လီ ဖြန့်ဖြူးရောင်းချသည့် လုပ်ငန်းရှင်များအနေဖြင့် စားအုန်းဆီများကို အရေအတွက်မှန်၊ အလေးချိန်မှန်၊ ဈေးနှုန်းမှန်ဖြင့် ပြည်သူများထံရောက်ရှိရန် ဆောင်ရွက်စေလိုကြောင်း၊ ဖြန့်ဖြူးရောင်းချပေးသည့် စားအုန်းဆီများကို အမြတ် ၂% ကို တွက်ချက်ခွင့်ပြုထားပြီး လက်ကား၊ လက်လီ အဆင့်ဆင့် ဖြန့်ဖြူးရောင်းချရာတွင် သယ်ယူခ၊ လုပ်သားခများ အပါအဝင် ရောင်းချသူမနစ်နာစေရန် ရည်ညွှန်းဈေးနှုန်းအတိုင်း ရောင်းချရမည်ဖြစ်ကြောင်း၊ စားသုံးသူ ရေးရာဦးစီးဌာနအနေဖြင့် အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာနအပါအဝင် သက်ဆိုင်ရာဌာနများ ပါဝင်သော မြေပြင်ကွင်းဆင်း စစ်ဆေးရေးအဖွဲ့ဖြင့် ပူးပေါင်း၍ စားအုန်းဆီလက်ကား၊ လက်လီ အရောင်းဆိုင်များ၌ စားအုန်းဆီများအား ဈေးနှုန်းအဆမတန်မြှင့်တင်ရောင်းချခြင်း ရှိ/မရှိ အပတ်စဉ် စစ်ဆေးဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ တက်ရောက်လာသော စားအုန်းဆီ ဖြန့်ဖြူးရောင်းချ သည့်လုပ်ငန်းရှင်များမှလည်း အခက်အခဲရှိပါက တင်ပြစေလိုကြောင်းပြောကြားခဲ့ပြီး  လုပ်ငန်းရှင်များမှ မိမိတို့အခက်အခဲများကို ပြန်လည်တင်ပြကြပြီး အစည်းအဝေးကို နံနက် (၁၁:၃၀) နာရီအချိန်တွင် ရုပ်သိမ်းခဲ့ကြောင်း သိရှိရပါသည်။

DOCA(မွန်)

ဘီးလင်းမြို့နယ်တွင် (၇၈) နှစ်မြောက်ပြည်ထောင်စုနေ့ အထိမ်းအမှတ် နိုင်ငံတော်အလံ လွှင့်တင်အလေးပြုခြင်းနှင့်ပြည်ထောင်စုနေ့သဝဏ်လွှာဖတ်ပွဲအခမ်းအနားသို့ ဘီးလင်းမြို့နယ်တာဝန်ခံတက်ရောက်

            ၁၂.၂.၂၀၂၅ ရက်နေ့ နံနက် (၅:၃၀) အချိန်တွင် မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနရုံး၌ ကျင်းပပြုလုပ်သော (၇၈) နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်း အမှတ်နိုင်ငံတော်အလံလွှင့်တင်အလေးပြုခြင်းနှင့် ပြည်ထောင်စုနေ့သဝဏ်လွှာဖတ်ပွဲ အခမ်းအနားသို့ ဘီးလင်းမြို့နယ်တာဝန်ခံ ဦးစီးမှူး ဒေါ်ဇင်ဖြူဝင်း တက်ရောက်ခဲ့ကြောင်းသိရသည်။

            ပထမဦးစွာ မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ ဦးဆောင်၍ တက်ရောက်လာကြသော ဌာနဆိုင်ရာ ဝန်ထမ်းများနှင့်အဖွဲ့အစည်းများက နိုင်ငံတော်အလံအား အလေးပြုဂုဏ်ပြုခဲ့ကြသည်။ ဆက်လက်၍ (၇၈) နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် သဝဏ်လွှာဖတ်ပွဲကို နံနက် (၇) နာရီအချိန်တွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ဆက်လက် ကျင်းပပြုလုပ်ရာ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေစည်သူ၊ သတိုးသီရိသုဓမ္မ မင်းအောင်လှိုင်မှ ပေးပို့သော (၇၈) နှစ်မြောက် ပြည်ထောင်စုနေ့ အခမ်းအနားသဝဏ်လွှာကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌ အုပ်ချုပ်ရေးမှူး ဦးစည်သူအောင်မှ ဖတ်ကြားခဲ့ကြသည်။ ထို့နောက် ၂၀၂၄ ခုနှစ် အမျိုးသားအားကစားပွဲတော်တွင် မွန်ပြည်နယ်ကိုယ်စားပြု အမျိုးသမီးပိုက်ကျော်ခြင်းပြိုင်ပွဲတွင် ပထမဆုရရှိသူ မသဇင်မိုးအား မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစည်သူအောင်မှ ဂုဏ်ပြုဆုငွေများကို ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(မွန်)

သထုံမြို့၊ ဆံတော်ရှင်မြသပိတ်စေတီတော်မြတ်ကြီး ဗုဒ္ဓပူဇနိယပွဲတော် အထိမ်းအမှတ် မြန်မာ့ရိုးရာ ထမနဲထိုးပြိုင်ပွဲသို့ သထုံခရိုင်မှူးတက်ရောက်

            ၁၁.၂.၂၀၂၅ ရက်နေ့တွင် မွန်ပြည်နယ်၊ သထုံမြို့၊ သိင်္ဂနိတ်တောင်ထိပ်ရှိ ဆံတော်ရှင် မြသပိတ်စေတီတော်မြတ်ကြီး၏ (၆၇) ကြိမ်မြောက် ဗုဒ္ဓပူဇနိယပွဲတော် အထိမ်းအမှတ်အဖြစ် မြန်မာ့ရိုးရာထမနဲထိုးပြိုင်ပွဲသို့ သထုံခရိုင်မှူးမှ တက်ရောက်ခဲ့ပါသည်။

          ရှေးဦးစွာ မြသပိတ်စေတီတော်မြတ်ကြီး ဘဏ္ဍာတော်ထိန်း ဂေါပကအဖွဲ့ဥက္ကဌ ဦးစိုးမြင့် ကပြိုင်ပွဲကျင်းပရသည့်ရည်ရွယ်ချက်နှင့် နှစ်စဉ်ပြိုင်ပွဲကျင်းပနိုင်ခဲ့မှုအခြေအနေများကို ရှင်းလင်း ပြီး အကဲဖြတ်ဒိုင်အဖွဲ့ဝင်များနှင့် တစ်ဦးချင်းမိတ်ဆက်ခဲ့သည်။

          ယင်းနောက် သထုံခရိုင်စီမံအုပ်ချုပ်ရေးဥက္ကဌ ဦးရဲနိုင်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌ ဦးဇော်မိုးစိုး၊ ခရိုင်နှင့်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ အကဲဖြတ်ဒိုင်အဖွဲ့တို့က ပြိုင်ပွဲဝင် အဖွဲ့များ၏ ပြင်ဆင်ထားရှိမှုများကို လိုက်လံစစ်ဆေးကာ ပြိုင်ပွဲအားဖွင့်လှစ်ပေးပြီး အကြိတ်အနယ်ယှဉ်ပြိုင်နေမှုတို့ကို ကြည့်ရှုအားပေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(မွန်)

သထုံခရိုင်၊ ဘီးလင်းမြို့နယ်သို့ ရန်ကုန်မြို့ရှိ စားအုန်းဆီကုမ္ပဏီများမှဆီကားများ ရောက်ရှိလာမှုအခြေအနေအား ကွင်းဆင်းစစ်ဆေးခြင်း

           မွန်ပြည်နယ်၊ စားသုံးသူရေးရာဦးစီးဌာန၊ သထုံခရိုင်၊ ဘီးလင်းမြို့နယ်တာဝန်ခံ ဦးစီးမှူး ဒေါ်ဇင်ဖြူဝင်းနှင့် ဝန်ထမ်းများသည် (၇.၂.၂၀၂၅) ရက်နေ့ နေ့လည်(၀၁:၃၀)နာရီအချိန်တွင် ဘီးလင်းမြို့နယ်ရှိ ဆီကိုယ်စားလှယ်များထံသို့ ရန်ကုန်မြို့ရှိ Kaung Hlyan New Asia ကုမ္ပဏီမှ(ယာဉ်အမှတ် 5G-4197) မော်တော်ယာဉ်ဖြင့် စားအုန်းဆီ(၂၂)ပေပါနှင့် (၈.၂.၂၀၂၅) ရက်နေ့ နံနက် (၀၈:၄၅) နာရီအချိန်တွင် (ယာဉ်အမှတ် 4G-2351) မော်တော်ယာဉ်ဖြင့် စားအုန်းဆီ(၂၉)ပေပါ စုစုပေါင်း (၅၁)ပေပါ ရောက်ရှိလာခဲ့ကြောင်း သိရှိရပါသည်။

            အဆိုပါ စားအုန်းဆီများကို သထုံခရိုင်၊ ဘီးလင်းမြို့နယ်၊ စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်တာဝန်ခံနှင့် စားအုန်းဆီများအား သတ်မှတ်ရည်ညွှန်းဈေးအတိုင်း ရောင်းချခြင်း ရှိ/မရှိ ကွင်းဆင်းစစ်ဆေး‌ရေးအဖွဲ့တို့မှ သွားရောက်စစ်ဆေးခဲ့ပြီး ခွဲတမ်းရရှိသောစားအုန်းဆီများကို ရည်ညွှန်းဈေး၊ သယ်ယူပို့ဆောင်ကုန်ကျစရိတ်နှင့် ၂%အမြတ်တို့ဖြင့် ဘီးလင်းမြို့နယ်အတွင်းရှိ ရပ်ကွက်နှင့်ကျေးရွာများရှိ လက်လီ/လက်ကားဆိုင်ခွဲများသို့ ခွဲဝေရောင်းချပေးသွားမည် ဖြစ်ကြောင်းနှင့် လက်လီ/လက်ကား ဆိုင်များအနေဖြင့်လည်း စားသုံးသူပြည်သူ့များထံသို့ ၂%အမြတ်ဖြင့်ပြန်လည်ရောင်းချနေခြင်းအား သတ်မှတ်ရည်ညွှန်းဈေးအတိုင်း ရောင်းချခြင်း ရှိ/မရှိ၊ အလေးချိန် ပြည့်/မပြည့်၊ သတ်မှတ်ခွဲတမ်းများအား ပြည့်ဝစွာရောင်းချခြင်း ရှိ/မရှိ တို့ကို ကွင်းဆင်းစစ်ဆေးရေးအဖွဲ့တို့မှ သွားရောက်စစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(မွန်)

မုဒုံမြို့နယ်၊ အ.မ.က(စက်သစ်) ကျောင်း၌ စားသုံးသူကာကွယ်ရေး အသိပညာပေး ဟောပြောပွဲကျင်းပ

           ၁၂.၂.၂၀၂၅ ရက်နေ့ နံနက် (၀၉:၃၀) နာရီအချိန်တွင် မွန်ပြည်နယ်၊ စားသုံးသူရေးရာ ဦးစီးဌာန၊ မုဒုံမြို့နယ်တာဝန်ခံ ဒုတိယဦးစီးမှူး ဦးညီလွင်အေးသည် မုဒုံမြို့နယ်၊ အ.မ.က (စက်သစ်) ကျောင်း၌ စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောပွဲ ပြုလုပ်ခဲ့ကြောင်း သိရှိရပါသည်။

          အဆိုပါ ဟောပြောပွဲတွင် ကျောင်းအုပ်ဆရာကြီးက အဖွင့်အမှာ စကားပြောကြားခဲ့ပြီး စားသုံးသူရေးရာဦးစီးဌာနမှ မုဒုံမြို့နယ်တာဝန်ခံ ဦးညီလွင်အေးက ဦးစီးဌာန၏ မျှော်မှန်းချက်၊ ရည်မှန်းချက်များ၊ ဌာနမှဆောင်ရွက်နေသည့်လုပ်ငန်းများအကြောင်းနှင့် စားသုံးသူကာကွယ် ရေးဥပဒေ ၂၀၁၉ အခန်း(၉)ပါ စားသုံးသူများ ရရှိနိုင်မည့် အခွင့်အရေးများနှင့် လိုက်နာရမည့် တာဝန်များ၊ စားသုံးသူကာကွယ်ရေး ဥပဒေအခန်း (၁၈) ပါ ကုန်စည်များတွင် ဖော်ပြရမည့် ကုန်အညွှန်းအမှတ်အသားများကို နမူနာပစ္စည်းများပြသ၍ ကျယ်ကျယ်ပြန့်ပြန့်ရှင်းလင်းပြီး ကုန်ပစ္စည်းများဝယ်ယူအသုံးပြုရာတွင် ကုန်အညွှန်းအမှတ်အသား ပြည့်စုံစွာဖော်ပြ ထားသော ကုန်စည်များကို ဝယ်ယူအသုံးပြုသင့်ကြောင်း၊ ကုန်စည်နှင့် ဝန်ဆောင်မှုကို ဝယ်ယူသုံးစွဲရာတွင် နစ်နာဆုံးရှုံးမှုများ ဖြစ်ပေါ်လာပါက အရေးဆိုခွင့် တိုင်ကြားနိုင်ခွင့်နှင့် ပြန်လည်ကုစားနိုင်ခွင့်ရှိကြောင်း၊ တိုင်ကြားရန် CICC ရုံးများ ဖွင့်လှစ်ထား ရှိပြီးဖြစ်၍ နစ်နာသည့် စားသုံးသူများမှ တိုင်ကြားနိုင်ကြောင်း၊ Facebook စာမျက်နှာ၊ DOCA Myanmar Mobile Application နှင့် Consumer Call Center (1535) တို့တွင် တိုင်ကြား နိုင်ကြောင်းတို့ကို အသေးစိတ်ရှင်းလင်း ဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

           အဆိုပါ ဟောပြောပွဲသို့ ဆရာ/ဆရာမ၊ ကျောင်းသား/ကျောင်းသူ စုစုပေါင်း (၇၆) ဦး တက်ရောက်ခဲ့ပြီး စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာပေးလက်ကမ်း စာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(မွန်)

သထုံခရိုင်၊ သထုံမြို့နယ်တွင် (၇၈) နှစ်မြောက်ပြည်ထောင်စုနေ့ အထိမ်းအမှတ် နိုင်ငံတော်အလံလွှင့်တင်အလေးပြုခြင်းနှင့်ပြည်ထောင်စုနေ့သဝဏ်လွှာဖတ်ပွဲအခမ်းအနားသို့ သထုံခရိုင်မှူးတက်ရောက်

           ၁၂.၂.၂၀၂၅ ရက်နေ့ နံနက် (၀၅:၃၀) နာရီအချိန်တွင် မွန်ပြည်နယ်၊ သထုံခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး၌ ကျင်းပပြုလုပ်သော (၇၈)နှစ်မြောက်ပြည်ထောင်စုနေ့ အထိမ်းအမှတ် နိုင်ငံတော်အလံလွှင့်တင်အလေးပြုခြင်းနှင့် ပြည်ထောင်စုနေ့သဝဏ်လွှာဖတ်ပွဲ အခမ်းအနားသို့ သထုံခရိုင်မှူး တက်ရောက်ခဲ့ကြောင်းသိရသည်။

            ပထမဦးစွာ မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ ဦးဆောင်၍ တက်ရောက်လာကြသော ဌာနဆိုင်ရာ ဝန်ထမ်းများနှင့်အဖွဲ့အစည်းများက နိုင်ငံတော်အလံအား အလေးပြုဂုဏ်ပြုခဲ့ကြသည်။ ဆက်လက်၍ (၇၈) နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် သဝဏ်လွှာဖတ်ပွဲကို နံနက် (၇) နာရီအချိန်တွင် ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၌ ကျင်းပခဲ့ရာ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေစည်သူ၊ သတိုးသီရိသုဓမ္မ မင်းအောင်လှိုင်မှ ပေးပို့သော (၇၈) နှစ်မြောက် ပြည်ထောင်စုနေ့ အခမ်းအနားသဝဏ်လွှာကို ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌ ဦးရဲနိုင်မှ ဖတ်ကြားခဲ့ကြောင်း သိရှိရပါသည်။

DOCA(မွန်)

နတ်တလင်းမြို့နယ်အ.ထ.က(ခွဲ)ရှမ်းကုန်းကျောင်းတွင်အသိပညာပေးဟောပြော

             နတ်တလင်းခရိုင်၊ နတ်တလင်းမြို့နယ်၊ ရှမ်းကုန်းကျေးရွာ၊ အ.ထ.က(ခွဲ) ရှမ်းကုန်းကျောင်း တွင် စားသုံးသူရေးရာဦးစီးဌာနနှင့်  မြို့နယ်ပြန်ဆက်ဦးစီးဌာန တို့ပူးပေါင်း၍ ဖေဖော်ဝါရီ(ပထမ) ပတ်တွင် အသိပညာပေး ဟောပြောဆွေးနွေးခြင်း ဆောင်ရွက်ခဲ့ပါသည်။

            အဆိုပါ အသိပညာပေး ဟောပြောဆွေးနွေးခြင်းကို ဆရာ/ဆရာမနှင့် ကျောင်းသား/ ကျောင်းသူ (၂၂၅) ဦးအား  နတ်တလင်းမြို့နယ် စားသုံးသူရေးရာဦးစီးဌာန မြို့နယ်တာဝန်ခံမှ စားသုံးသူကာကွယ်ရေးဥပဒေပါ  စားသုံးသူအခွင့်အရေးနှင့်တာဝန်များအကြောင်း၊ ကုန်အညွှန်း အမှတ်အသားဆိုင်ရာအကြောင်း၊ အစားအသောက်များကို ရွေးချယ်ဝယ်ယူစားသုံးတက်စေရန် အသိပညာပေး ဟောပြောဆွေးနွေးခြင်းနှင့် ကျောင်းတွင်းမုန့်ဈေးတမ်းအစားအစာ အန္တရာယ်ကင်းဝေးစေရန် ကျောင်းမုန့်ဈေးတန်းစစ်ဆေးခြင်း ဆောင်ရွက်ခဲ့ပါသည်။ မြို့နယ်ပြန်ဆက်ဦးစီးမှူးမှ ကျောင်းသား၊ ကျောင်းသူများအား အသိပညာဗဟုသုတရရှိစေမည့် စာအုပ်စာစောင်များကိုပြသ၍ ဖတ်ရှု့စေခြင်း၊ ကလေးအလုပ်သမားပပျောက်ရေး နံရံကပ် စာစောင်နှင့် အသိပညာဗဟုသုတ ကြွယ်ဝဖို့ စာအုပ်စာပေဖတ်ကြစို့ အသိပညာပေးနံရံကပ် စာစောင်များပြသခြင်းတို့ကို ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)

ဇီးကုန်းမြို့နယ် ဝက်ကော် အ.လ.က (ခွဲ) ကျောင်း၌ အသိပညာပေးဟောပြော

            နတ်တလင်းခရိုင်၊ ဇီးကုန်းမြို့နယ်၊ ဝက်ကော်ကျေးရွာ၊ ဝက်ကော် အ.လ.က (ခွဲ) ကျောင်း၌ (၁၁.၂.၂၀၂၅)ရက်နေ့တွင် စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်ပြန်ဆက်ဦးစီးဌာန တို့ ပူးပေါင်း၍ အသိပညာပေး ဆွေးနွေးဟောပြောပွဲပြုလုပ်ခဲ့ပါသည်။

         ထိုသို့ဟောပြောရာတွင် ဇီးကုန်းမြို့နယ် စားသုံးသူရေးရာဦးစီးဌာန မြို့နယ်တာဝန်ခံ ဒေါ်မြင့်မြင့်ခင်မှ စားသုံးသူကာကွယ်ရေးဥပဒေပါ စားသုံးသူအခွင့်အရေးနှင့် တာဝန်များအကြောင်း အစားအသောက်များကို ရွေးချယ်ဝယ်ယူစားသုံးတက်စေရန် အသိပညာပေးဟောပြောခဲ့ပါသည်။ မြို့နယ်ပြန်ဆက်ဦးစီးဌာနမှ ကျောင်းသား၊ကျောင်းသူများအား အသိပညာဗဟုသုတရရှိစေမည့် စာအုပ်စာစောင်များကိုပြသ၍ ဖတ်ရှု့စေခြင်း ၊ ကလေးအလုပ်သမားပပျောက်ရေး နံရံကပ် စာစောင်နှင့် အသိပညာဗဟုသုတ ကြွယ်ဝဖို့ စာအုပ်စာပေဖတ်ကြစို့ အသိပညာပေးနံရံကပ် စာစောင်များပြသခြင်း တို့ကို ဆောင်ရွက်ခဲ့ရာ ဆရာ/ဆရာမ(၉)ဦးနှင့် ကျောင်းသား/ကျောင်းသူ (၂၁၃)ဦး တက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)

Pages

Subscribe to RSS - HighLight News