သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal

အင်္ဂပူမြို့နယ် စည်ပင်သာယာဈေးအတွင်း Signal သွားတိုက်ဆေးများအား ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

စားသုံးသူရေးရာဦးစီးဌာန၊ အင်္ဂပူမြို့နယ်တာဝန်ခံနှင့်ဝန်ထမ်းများသည်မိတ်ဘက်ဌာနဆိုင်ရာ များနှင့်ပူးပေါင်း၍ (၂၃.၆.၂၀၂၅)ရက်နေ့၊ နံနက်(၈:၃၀)အချိန်တွင် အင်္ဂပူမြို့မစည် ပင်သာယာဈေး အတွင်းရှိ စတိုးဆိုင် နှင့် ကုန်မျိုးစုံဆိုင်များတွင် ရောင်းချသော Signal သွားတိုက်ဆေးများအား ထုတ်ကုန်လုံခြုံ စိတ်ချရမှုရှိစေရေး ဈေးကွက် စောင့်ကြည့်စစ်ဆေးခြင်းကို ဆောင်ရွက်ခဲ့ပါသည်။ ထိုသို့ကွင်းဆင်းစစ်ဆေးခဲ့ရာတွင် စားသုံးသူမိဘပြည်သူများ ဘေးအန္တရာယ် ကင်းရှင်းစေရန် အတွက် ဈေးကွက်အတွင်းရောင်းချနေသော ကုန်စည်များပေါ်တွင် ကုန် စည်အမျိုးအစားကိုလိုက်၍ ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံမှန်ကန်စွာ ဖော်ပြခြင်းရှိ/မရှိတို့ကို စစ်ဆေးခဲ့ပြီး၊ Unilever EAC Myanmar Co.,Ltd အမှတ်တံဆိပ်ပုံစံတူ “ Signal သွားတိုက်ဆေးဗူးအတုများ” ရောင်းချမှုရှိ /မရှိ ကွာခြားမှုဖော်ပြချက်များနှင့် ကိုက်ညှိ စစ်ဆေးကာ ဈေးကွက်အတွင်း တုပရာင်းချသော ကုန် စည်များ ရောင်းချမှုမရှိကြောင်းသိရှိရပါသည်။ မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင်မှထုတ် ပြန် ကြော်ငြာထားသော ညွှန်ကြားချက်အမှတ် (၂/၂၀၁၉)နှင့်အညီ မြန်မာဘာသာဖြင့် ပြည်စုံစွာ ဖော်ပြထားသော ကုန်စည်များကိုသာရောင်းချရန်နှင့် စားသုံးသူကာကွယ်ရေးဥပဒေပါ စီးပွားရေး လုပ်ငန်းရှင်၏ တာဝန်များအကြောင်း၊ တားမြစ်ချက်များနှင့် ပြစ်မှုပစ်ဒဏ် များအကြောင်း စသည်တို့ ကို အသိပညာပေးပြောကြားခဲ့ပြီး၊ အရောင်းဆိုင်(၅)ဆိုင်အား ဈေးကွက်စောင့်ကြည့် စစ်ဆေးခြင်း များ ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။ DOCA (ဧရာဝတီ)

ကြံခင်းမြို့နယ် စားအုန်းဆီအရောင်းဆိုင်များအား ကွင်းဆင်းစစ်ဆေးခြင်း

စားသုံးသူရေးရာဦးစီးဌာန၊ ကြံခင်းမြို့နယ်တာဝန်ခံသည် မိတ်ဘက်ဌာနဆိုင်ရာများနှင့် ပူးပေါင်း၍(၂၃.၆.၂၀၂၅)ရက်နေ့၊နံနက်(၀၈:၃၀)အချိန်တွင် ကြံခင်းမြို့နယ်၊ ရွာသစ်ရပ်ကွက်၊ ဘုရား ကြီးလမ်းနှင့် သိပ္ပံလမ်းရှိ စားအုန်းဆီအရောင်းဆိုင်များအား ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းကို ဆောင်ရွက်ခဲ့ပါသည်။ ထိုသို့ကွင်းဆင်းစစ်ဆေးခဲ့ရာတွင် စားအုန်းဆီရောင်းချသော လက်လီဆိုင်များအနေဖြင့် ဆီ ဖြန့်ဖြူးသူ ကိုယ်စားလှယ်ထံမှခွဲဝေရရှိသည့် စားအုန်းဆီများကို (၂%) အမြတ်၊ သယ်ယူစရိတ်ပေါင်း ၍ သတ်မှတ်ရည်ညွှန်းဈေးဖြင့် ရောင်းချကြောင်း စိစစ်တွေ့ရှိရပါသည်။ စားအုန်းဆီလိုအပ်ချက် အပေါ် ဝယ်ယူရောင်းချသည့် ဗူးသွပ်ဆီများ၊ ရောနှောဆီများ ရောင်းချမရှိကြောင်းလည်း တွေ့ရှိ ရပါသည်။ စားသုံးဆီ ရောင်းချသောလုပ်ငန်းရှင်များအနေဖြင့် ဈေးနှုန်းမြှင့်တင်ရောင်းချမှုမရှိစေရေး၊ဈေးကွက်အတွင်းဈေးနှုန်းမြှင့်တင်ရောင်းချခြင်းများတွေ့ရှိပါက စီးပွားရေးနှင့်ကူးသန်းရောင်းဝယ် ရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော အရေး ကြီးကုန်စည်နှင့်ဝန်ဆောင်မှုဥပဒေပါ ပြစ်မှုပြစ်ဒဏ်များအရ အရေးယူဆောင်ရွက်နိုင် သည့် အကြောင်း စသည်တို့ကို အသိပညာပေးပြောကြားခဲ့ပြီး၊ စားအုန်းဆီ အရောင်းဆိုင် (၅)ဆိုင်အားဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။ DOCA (ဧရာဝတီ)

ပန်းတနော်မြို့ပေါ်ရှိ စိုက်ပျိုးရေး သုံးကိရိယာ၊ စိုက်ပျိုးရေးဆေးဝါးနှင့် ဓါတ်မြေဩဇာ ဆိုင်များအား ဈေးကွက်စောင့်ကြည့်စစ်ဆေး

ဓနုဖြူမြို့နယ် ရှိ စားသောက်ဆိုင်များအား ဝန်ဆောင်မှု လုပ်ငန်းများနှင့် စက်သုံးဆီ ဆိုင်များအား ကွင်းဆင်းစစ်ဆေးခြင်း

ညောင်တုန်းမြို့ ပေါ်ရှိ သောက်ရေသန့်စက်ရုံများအား ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိစေရေး ကွင်းဆင်းစစ်ဆေးဆောင်ရွက်

ညောင်တုန်းမြို့နယ်ရှိ အခြေခံပညာအထက်တန်းကျောင်းအား စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောခြင်း

မြောင်းမြခရိုင်၊ လပွတ္တာမြို့နယ် စားသုံးသူပြည်သူများအား စားသုံးသူကာကွယ်ရေးအသိပညာပေးTalk Show ပြုလုပ်

မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ် မြို့နယ်တာဝန်ခံရုံး၌ ကုန်မျိုးစုံလုပ်ငန်းရှင်များအား စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောပွဲပြုလုပ်

မြောင်းမြခရိုင်၊ မော်ကျွန်းမြို့နယ်အတွင်းရှိ ကုန်မျိုးစုံရောင်းချသည့်ဆိုင်များတွင်Signal သွားတိုက်ဆေးအတုများ ရောင်းချခြင်းရှိ/ မရှိ ကွင်းဆင်းစစ်ဆေးခြင်း

Pages

Subscribe to RSS - သတင်းနှင့် လှုပ်ရှားမှုများ