သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal

ကလေးအသုံးအဆောင်ပစ္စည်းများအား ဈေးကွက်စောင့်ကြည့်စစ်ဆေး

   ကလေးအသုံးအဆောင်ပစ္စည်းများသည် မိခင်များ၏နေ့စဉ်ဘဝကို လွယ်ကူသက်သာစေရုံသာမက ကလေးသူငယ်များ၏ နေ့စဉ်ဘဝတွင်လည်း  အထောက်အကူဖြစ်စေလျက်ရှိရာ ကလေးအသုံးအဆောင်ပစ္စည်းများအား ဝယ်ယူသုံးစွဲမှုများပြားလျက်ရှိသည်။ ထိုသို့ ကလေးအသုံးအဆောင်ပစ္စည်းများဝယ်ယူသုံးစွဲရာတွင် မိဘပြည်သူများထိခိုက်နစ်နာမှုမရှိစေရန်(၁၄-၅-၂၀၂၄)ရက်နေ့၊ နံနက် (၁၀:၀၀)နာရီအချိန်တွင် ပဲခူးမြို့အတွင်းရှိ ကလေးအသုံးအဆောင်ပစ္စည်းအရောင်းဆိုင်များအား စားသုံးသူရေးရာဦးစီးဌာန၊ ပဲခူးတိုင်းဒေသကြီးဦးစီးမှူးရုံးရှိ တာဝန်ရှိသူများနှင့် ပဲခူးမြို့နယ်တာဝန်ခံတို့သည် သွားရောက်ကွင်းဆင်းစစ်ဆေးခြင်းပြုလုပ်ခဲ့ကြပါသည်။

  ထိုသို့ကွင်းဆင်းစစ်ဆေးရာ ကလေးအသုံးအဆောင်ပစ္စည်းများပေါ်တွင် စားသုံးသူကာကွယ်ရေးဥပဒေနှင့်အညီ ကုန်အညွှန်းအမှတ်အသားများအား မြန်မာဘာသာဖြင့်ဖော်ပြထားခြင်းရှိ/မရှိစစ်ဆေး၍ ပုခက်၊ လက်တွန်းလှည်း၊ လမ်းလျှောက်ကွင်းများနှင့် ကစားစရာအရုပ်များအားစစ်ဆေး၍ ကလေးများဘေးအန္တရာယ်ကင်းရှင်းစွာအသုံးပြုနိုင်ရေးအတွက် ဆိုင်ရှင်များအား ၄င်းပစ္စည်းများနှင့်စပ်လျဉ်း၍ ကုန်အညွှန်းအမှတ်အသားများကို တိကျစွာဖော်ပြနိုင်ရန်နှင့် ဘေးအန္တရာယ်ဖြစ်စေနိုင်သော သတိပေးချက်များကို မြင်သာသောအရွယ်အစားနှင့် မြင်သာသောနေရာများတွင် တိကျစွာဖော်ပြနိုင်ရေး အသိပညာပေးပြောကြားခဲ့ကြောင်းသိရှိရပါသည်။

DOCA(ပဲခူး)

အိမ်သုံးဆေးအရောင်းဆိုင်များအား ကွင်းဆင်းစစ်ဆေး

        ကုန်ဈေးနှုန်းတည်ငြိမ်စေရေးနှင့် ကုန်စည်စီးဆင်းမှုမှန်ကန်မြန်ဆန်စေရေးအတွက် ဦးဆောင်ကော်မတီ၏ ကြီးကြပ်မှုဖြင့် ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ပဲခူးမြို့ပေါ်ရှိ အိမ်သုံးဆေး‌‌ရောင်းချသောဆိုင်များနှင့် ဆေးကုမ္ပဏီများသို့ (၁၄-၅-၂၀၂၄) ရက်နေ့တွင် အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၊ စည်ပင်သာယာရေးအဖွဲ့၊ စားသုံးသူရေးရာဦးစီးဌာနတို့ပါဝင်သော ပူးပေါင်းအဖွဲ့တို့သွားရောက်၍ မြေပြင်ကွင်းဆင်းကာ ဆေးပစ္စည်းများ၏ဈေးနှုန်းများ ဖြစ်သင့်ဖြစ်ထိုက်သည်ထက် ကြီးမြင့်မှုမရှိစေရေး၊ ဆေးဝါးပြတ်လပ်မှုမရှိစေရေးနှင့် ဆေးဝါးဝယ်ယူရောင်းချမှုအခြေအနေများအားသိရှိနိုင်ရန် မြေပြင်ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခဲ့ကြကြောင်းသိရှိရပါသည်။

DOCA(ပဲခူး)

CMP စနစ်ဖြင့်လုပ်ကိုင်သည့် စက်ရုံအားကွင်းဆင်းစစ်ဆေး

        ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ပဲခူးမြို့နယ်အတွင်း CMP စနစ်ဖြင့် လုပ်ကိုင်ဆောင်ရွက်လျက်ရှိသော စက်ရုံအလုပ်ရုံများစွာရှိသည့်အနက် အလုပ်အကိုင်အခွင့်အလမ်းများစွာဖော်ဆောင်ပေးလျက်ရှိသော CMP အထည်ချုပ်စက်ရုံများစွာရှိသည့်အနက် အရုပ်အမျိုးမျိုးထုတ်လုပ်လျက်ရှိသော ANKANG PLUSH TOY Co;Ltd စက်ရုံသို့ (၁၃-၅-၂၀၂၄)ရက်နေ့တွင် ပူးပေါင်းအဖွဲ့ဖြစ်သော အလုပ်ရုံနှင့်အလုပ်သမားဦးစီးဌာန၊ စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေးဦးစီးဌာန၊ အကောက်ခွန်ဦးစီးဌာန၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာန၊ စားသုံးသူရေးရာဦးစီးဌာနတို့ပါဝင်သော ပူးပေါင်းအဖွဲ့ဖြင့် မြေပြင်ကွင်းဆင်း၍ သက်ဆိုင်ရာဌာနအလိုက် တာဝန်ရှိသူများက နှစ်စဉ်ထုတ်လုပ်မှုနှင့် စက်အင်အား၊ လူအင်အားအချိုးအစားညီမျှမှုရှိ/မရှိ စစ်ဆေးဆောင်ရွက်ခဲ့ကြကြောင်းသိရှိရပါသည်။

DOCA(ပဲခူး)

ဧရာဝတီတိုင်းဒေသကြီးအတွင်း စားသုံးသူရေးရာဦးစီးဌာနရှိ စစ်ဆေးရေးအရာရှိများ၏ ဧပြီလအတွင်း ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

     ဧရာဝတီတိုင်း‌ဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာနရှိ စစ်ဆေးရေးအရာရှိများသည် မိတ်ဖက်ဌာနဆိုင်ရာများနှင့်ပူးပေါင်း၍ ဧပြီလအတွင်း ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများပြုလုပ်ခဲ့ပါသည်။ ဧရာဝတီတိုင်းဒေသကြီး၌ ဧပြီလအတွင်း မြို့နယ်အလိုက် အထူးဈေးကွက်စောင့်ကြည့်ခြင်း  (၃၄)ကြိမ်ပြုလုပ်ခဲ့ပါသည်။ စက်သုံးဆီ၊ စားသုံးဆီနှင့် ဆေးဝါးများကို အထူးဈေးကွက်စောင့်ကြည့်ခြင်းအနေဖြင့် စောင့်ကြည့်စစ်ဆေးခဲ့ပြီး ဦးစားပေးကုန်စည် (၁၀)မျိုးနှင့် အရေးကြီးကုန်စည်၊ အိမ်သုံးဆေးဝါးအမျိုးမျိုးနှင့် ဘိလပ်မြေတို့ကိုလည်း စောင့်ကြည့်စစ်ဆေးခဲ့ကြောင်းသိရှိရသည်။

       စစ်ဆေးရေးအရာရှိများသည် မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင်၏ ထုတ်ပြန်ဖော်ပြထားသော ညွှန်ကြားချက်များအတိုင်း  လိုက်နာဆောင်ရွက်ရန်၊ ကုန်စည်နှင့်စပ်လျဉ်း၍ အာမခံချက်ပေးရာတွင် စားသုံးသူစိတ်ကျေနပ်မှုရရှိစေရေးနှင့် သတ်မှတ်အရည်အ‌သွေးပြည့်မီသော ကုန်စည်များကိုသာရောင်းချရန်၊ စားသုံးသူကာကွယ်ရေးဥပဒေပါ စီးပွားရေးလုပ်ငန်းရှင်၏တာဝန်များအကြောင်း၊ တားမြစ်ချက်များအကြောင်းနှင့် ပြစ်မှုပစ်ဒဏ်များအကြောင်းတို့ကိုအသိပညာပေးဆွေးနွေးခဲ့ပါသည်။ 

     စစ်ဆေးရေးအရာရှိများသည် ဧပြီလအတွင်း ရုံးချုပ်၏ညွှန်ကြားချက်အရ ဆေးလိပ်နှင့် ဆေးရွက်ကြီးထွက်ပစ္စည်းများကို စံသတ်မှတ်ချက်များနှင့်အညီ ထုပ်ပိုးခြင်းနှင့် ကျန်းမာရေးအသိပေးရုပ်ပုံများ၊ စာသားများပုံနှိပ်ဖော်ပြခြင်းရှိ/မရှိ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများဆောင်ရွက်ခဲ့ပြီး ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာနတွင် စစ်ဆေးရေးအရာရှိ (  ၅၉ ) ခန့်ထားဆောင်ရွက်လျက်ရှိကြောင်းသိရှိရပါသည်။

DOCA(ဧရာဝတီ)

စီးပွားရေးလုပ်ငန်းရှင်နှင့်တွေ့ဆုံဆွေးနွေး

         ကချင်ပြည်နယ်၊ စားသုံးသူရေးရာဦးစီးဌာန၊ ဗန်းမော်ခရိုင်ဦးစီးမှူးရုံးမှ ခရိုင်ဦးစီးမှူး ဦးအောင်ကျော်ဦးသည်  ၁၅.၅.၂၀၂၄ ရက်နေ့တွင် ဗန်းမော်ခရိုင်ဦးစီးမှူးရုံး၌ ဗန်းမော်မြို့ သာစည် ရပ်ကွက်ရှိ (WIN LIGHT HOTEL) လုပ်ငန်းရှင်နှင့်တွေ့ဆုံဆွေးနွေးခဲ့ပါသည်။

        ထိုသို့ဆွေးနွေးရာတွင် ခရိုင်ဦးစီးမှူး ဦးအောင်ကျော်ဦးက ၂၀၁၉စားသုံးသူကာကွယ်ရေးဥပဒေပါ စီးပွားရေးလုပ်ငန်းရှင်နှင့် ဝန်ဆောင်မှု၏ အဓိပ္ပာယ်ဖွင့်ဆိုချက်၊ စီးပွားရေးလုပ်ငန်းရှင်၏ လိုက်နာရမည့်တာဝန်များ၊ ဝန်ဆောင်မှုနှင့်စပ်လျဉ်း၍ အာမခံချက်ပေးရာတွင် စီးပွားရေး လုပ်ငန်းရှင် သည်မိမိ ဝန်ဆောင်မှုနှင့်စပ်လျဥ်း၍ အချက်အလက်များကို စားသုံးသူသိရှိစေရန် ကြိုတင် အသိပေးခြင်း၊ မှန်ကန်သောသတင်းအချက်အလက်နှင့် ပြည့်စုံသောဝန်ဆောင်မှု အဆင့်အတန်း နှင့်အညီ ပြည့်ဝစွာ ပေးခြင်း၊ စားသုံးသူ၏လိုအပ်ချက်နှင့်ကိုက်ညီမှုရှိခြင်း၊ အာမခံထားသော အချိန်ကာလအတွင်း ပြီးမြောက်အောင် ဆောင်ရွက်ပေးခြင်း၊ စားသုံးသူနှင့် သဘောတူညီထားသည့် ဝန်ဆောင်မှုတန်ဖိုး အတိုင်းပေးအပ်စေခြင်း၊ ဝန်ဆောင်မှုလုပ်ငန်းများ၏ အာမခံချက်နှင့် စပ်လျဉ်း၍ စားသုံးသူကတောင်း ဆိုနိုင်သည့်အခွင့်အရေးဖြစ်သည့် စီးပွားရေးလုပ်ငန်းရှင်သည် ဝန်ဆောင်မှု ပေးရန်ပျက်ကွက်ခဲ့မှုကြောင့် နစ်နာဆုံးရှုံးမှုဖြစ်ခဲ့လျှင် ယင်းအတွက်လျော်ကြေးပေးရန်၊ အားမခံထားသော အချိန်ကာလအတွင်းသဘောတူညီသော ဝန်ဆောင်မှုကိုမရရှိခဲ့လျှင်စားသုံသူ၏နစ်နာမှု အတွက်ကုစားခွင့်ပေးရန် စသည့် အချက်များကို ရှင်းလင်းပြောကြားပြီးစားသုံးသူ ကာကွယ်ရေး ဆိုင်ရာ လက်ကမ်းစာစောင်များဖြန့်ဝေခဲ့ပါသည်။

DOCA(ကချင်)

ရွှေညောင်မြို့ပေါ်ရှိ စားသုံးဆီအရောင်းဆိုင်များအား ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခြင်း

       ၂၀၂၄ ခုနှစ်၊ မေလ ၁၅ ရက်နေ့ ၊နေ့လယ် (၁၃:၀၀) နာရီအချိန်က စားသုံးသူရေးရာဦးစီးဌာန၊ တောင်ကြီးခရိုင်ဦးစီးမှူးရုံးမှ စစ်ဆေးရေးမှူးနှင့် ဝန်ထမ်းများသည် ပူးပေါင်းမိတ်ဖွဲ့ ဌာနဆိုင်ရာများနှင့်အတူ ရွှေညောင်မြို့ပေါ်ရှိ ဆီရောင်းချနေသော ဆီအရောင်းဆိုင်(၄)ဆိုင်သို့  သွားရောက်၍ တိုင်းဒေသကြီးဦးစီးမှူးရုံး၏ လမ်းညွှန်ချက်အရ ရည်ညွှန်းဈေးဖြင့် ရောင်းချမှု ရှိ/ မရှိ ဆီရောင်းချနေမှုများကို ကွင်းဆင်းဈေးကွက် စောင့်ကြည့်စစ်ဆေးခဲ့ပါသည်။

      ထိုသို့ ကွင်းဆင်းဈေးကွက်စောင့်ကြည့်စစ်ဆေးရာတွင်‌ တောင်ကြီးခရိုင်ဦးစီးမှူးက  ဆီရောင်းချသူလုပ်ငန်းရှင်များအား စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးဆီတင်သွင်း သိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီအနေဖြင့် ကမ္ဘာ့ဈေးနှုန်းဖြစ်ပေါ် ပြောင်းလဲမှုနှင့်အညီ ပြည်တွင်း၌ ဖြစ်သင့်ဖြစ်ထိုက်သည့် စားအုန်းဆီဈေးနှုန်းများ ဖြစ်ပေါ်စေရေး ထိန်းကျောင်း ဆောင်ရွက်လျက်ရှိပြီး ပြည်တွင်းဈေးကွက်၌ ရောင်းဝယ်ဖောက်ကားရမည့် အထိုင်ဈေး အခြေခံ လက်ကားရည်ညွှန်းဈေးနှုန်းကို ထုတ်ပြန်ပေးလျက်ရှိကြောင်း သတ်မှတ်ရည်ညွှန်းဈေးနှုန်းအပေါ် ဖြစ်သင့်ဖြစ်ထိုက်သည့် ဈေးနှုန်းဖြင့် ရောင်းချရန်ဖြစ်ကြောင်း  ပြည်တွင်းဈေးကွက်အတွင်း စားအုန်းဆီများကို ဈေးနှုန်းကစားခြင်း၊ မြှင့်တင်‌ရောင်းချခြင်း၊ သိုလှောင်ခြင်းများ ပြုလုပ်ပါက အရေးကြီး ကုန်စည်နှင့်ဝန်ဆောင်မှု ဥပဒေအရ ထိရောက်စွာ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း အသိပညာပေး ဆွေးနွေး ပြောကြားခဲ့ပါသည်။

DOCA(ရှမ်း)

 

ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

            စားသုံးသူရေးရာဦးစီးဌာန၊ မိုးညှင်းခရိုင်ဦးစီးမှူးရုံးမှ  ဦးကျော်မိုးလွင် (ဌာနခွဲစာရေး)သည် ၁၆.၅.၂၀၂၄ ရက်နေ့တွင် မိုးညှင်းမြို့၊ မြို့မရပ်ကွက်ရှိ (ပဲရစ်) ကုန်စုံဆိုင်သို့ ကုန်အညွှန်းအမှတ်အသား ဖော်ပြခြင်းနှင့် ပတ်သက်၍ စားသုံးသူကာကွယ်ရေးဥပဒေပါ ပြဌာန်းချက် များနှင့် ကိုက်ညီမှု ရှိ/မရှိ ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ပါသည်။

         ထိုသို့ ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ရာ ရွှေပဲဝါ အမှတ်တံဆိပ်ပါ ပဲဝါပေါင်မုန့်တွင် ကုန်စည်အမျိုးအစားအလိုက် သတ်မှတ်ချက်များနှင့်အညီ မြန်မာဘာသာဖြင့်ပြည့်စုံစွာဖော်ပြရမည့် ကုန်စည်၏အမျိုးအမည်၊ အရွယ်အစား၊ အရေအတွက်၊ အသားတင်ပမာဏ၊ ထားသိုသိမ်းဆည်းမှုအညွှန်း၊ ဓာတ်မတည့် ကြောင်းဖော်ပြချက်တို့ကို  ကုန်အညွှန်းအမှတ်အသား ဖော်ပြထားရှိခြင်းရှိ/မရှိ ဈေးကွက်စောင့်ကြည့် စစ်ဆေးခဲ့ရာ ကုန်အညွှန်းအမှတ်အသားပြည့်စုံစွာ ဖော်ပြထားရှိကြောင်း စစ်ဆေးတွေ့ရှိရပြီး ကုန်စုံဆိုင်ပိုင်ရှင်အား ကုန်အညွှန်းအမှတ်အသား ပြည့်စုံမှန်ကန်မှုမရှိသောကုန်စည်များကို ရောင်းချခြင်း မပြုရန် အသိပညာပေးဆွေးနွေးခဲ့ပြီး ကုန်အညွှန်းအမှတ်အသား ဖော်ပြခြင်းဆိုင်ရာ လက်ကမ်းစာစောင် များဖြန့်ဝေခဲ့ပါသည်။

DOCA(ကချင်)

ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

          စားသုံးသူရေးရာဦးစီးဌာန၊  ဗန်း‌မော်ခရိုင်ဦးစီးမှူးရုံးမှ  ခရိုင်ဦးစီးမှူး  ဦးအောင်ကျော်ဦးသည် ၁၆-၅-၂၀၂၄ ရက်နေ့ တွင်ဗန်းမော်မြို့၊ ဟန်းတဲရပ်ကွက်ရှိ ဇူးဇူစတိုးဆိုင်သို့သွားရောက်၍ ကုန်အညွှန်းအမှတ်အသား ဖော်ပြခြင်းနှင့်ပတ်သက်၍ စားသုံးသူကာကွယ်ရေးဥပဒေပါပြဌာန်းချက်များနှင့် ကိုက်ညီမှုရှိ/မရှိတို့အား  ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများဆောင်ရွက်ခဲ့ပါသည်။

         ထိုသို့ဈေးကွက်စောင့်ကြည့်စစ်ဆေးရာတွင် Omeli အမှတ်တံဆိပ်ပါ ချောကလက်ပိုင်ကိတ် တွင်ကုန်စည်အမျိုးအစားအလိုက် သတ်မှတ်ချက်နှင့်အညီ သိသာထင်ရှားစွာဖော်ပြရမည့် ကုန်စည်၏အမျိုးအမည်၊ အရွယ်အစား၊ အရည်အတွက်၊ အသာတင်ပမာဏ၊ ထားသိုသိမ်းဆည်းမှုအညွှန်း၊ ဓာတ်မည့်ကြောင်းဖော်ပြချက်တို့ကို ဖော်ပြထားခြင်းရှိ/မရှိတို့ကို ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ပြီး လုပ်ငန်းရှင်များအနေဖြင့် ကုန်အညွှန်းအမှတ်အသားဖော်ပြချက်များနှင့် ကိုက်ညီမှုရှိသည့် ကုန်စည်များကိုသာ ဈေးကွက်အတွင်းရောင်းချကြရန်ဆွေးနွေးပြောကြားခဲ့ပါသည်။

DOCA(ကချင်)

ကျိုင်းတုံမြို့နယ်ရှိ စက်သုံးဆီအရောင်းဆိုင်များအား ကွင်းဆင်းစစ်ဆေးခြင်း

      ၂၀၂၄ ခုနှစ်၊ မေလ (၁၅) ရက်နေ့၊ နံနက်(၁၁:၀၀)နာရီအချိန်တွင်  ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ စားသုံးသူရေးရာဦးစီးဌာန၊ ဒုတိယပြည်နယ်ဦးစီးမှူးရုံးမှ စစ်ဆေးရေးမှူးနှင့် ဝန်ထမ်းများသည် ရေနံထွက်ပစ္စည်းကြီးကြပ်စစ်ဆေးရေးဦးစီးဌာနနှင့်ပူးပေါင်း၍ ကျိုင်းတုံ-တောင်ကြီးလမ်း၊ ကျိုင်းတုံ-မိုင်းခတ်လမ်းပေါ်ရှိ စက်သုံးဆီအရောင်းဆိုင်များအား စက်သုံးဆီအချင်အတွယ်ပြည့်ဝမှန်ကန်မှု ရှိ/မရှိ၊ သတ်မှတ်ရည်ညွှန်းဈေးအတိုင်းရောင်းချနေမှု ရှိ/မရှိနှင့် စက်သုံးဆီလက်ကျန်အခြေအနေ တို့ကို ပူးပေါင်းကွင်းဆင်းစစ်ဆေးခြင်း ဆောင်ရွက်ခဲ့ပါသည်။

      ထိုသို့စစ်ဆေးရာတွင် ကျိုင်းတုံမြို့နယ်အတွင်းရှိ စက်သုံးဆီအရောင်းဆိုင်များတွင် စက်သုံး ဆီလက်ကျန်အနေဖြင့် စက်သုံးဆီများလုံလောက်စွာသိုလှောင်ထားရှိပြီး သတ်မှတ်ရည်ညွှန်းဈေး အတွင်းသာရောင်းချကာ အချင်အတွယ်ပြည့်ဝမှန်ကန်မှုရှိသည်ကို စစ်ဆေးတွေ့ရှိရပါသည်။ စစ်ဆေးရေးမှူးနှင့် သက်ဆိုင်ရာတာဝန်ရှိသူများသည် စက်သုံးဆီအရောင်းဆိုင်တာဝန်ခံများအား အချင်အတွယ် မှန်ကန်မှုရှိစေရေးအလေးထားရန်၊ သတ်မှတ်ရည်ညွှန်းဈေးအတွင်းသာရောင်းချရန် မှာကြား၍ စက်သုံးဆီလက်ကျန်အခြေအနေတို့အား စစ်ဆေးခြင်းများကို ပူးပေါင်းဆောင်ရွက်ခဲ့ပါ သည်။

DOCA(ရှမ်း)

ဘိုကလေးမြို့၊ သာပေါင်းကျေးရွာရှိ အောင်ရတနာဆန်စက်သို့သွားရောက်၍ ထုတ်ကုန်လုံခြုံစိတ်ချရမှုနှင့် MSMEs လုပ်ငန်းဖွံ့ဖြိုးရေး ကွင်းဆင်းဆောင်ရွက်ခြင်း

      ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ်၊ စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံနှင့်ဝန်ထမ်းတို့သည် ၂၀၂၄ခုနှစ်၊ မေလ(၉)ရက်နေ့၊ နံနက်( ၁၁:၀၀ )နာရီအချိန်တွင်   သာပေါင်းကျေးရွ၊ာ အောင်ရတနာဆန်စက်သို့သွားရောက်၍ ထုတ်ကုန်လုံခြုံစိတ်ချရမှုနှင့် MSMEs လုပ်ငန်းဖွံ့ဖြိုးရေး အတွက် ကွင်းဆင်းစိစစ်ခဲ့ကြပါသည်။

       ထိုသို့ကွင်းဆင်းခဲ့ရာတွင် အောင်ရတနာဆန်စက်မှ ကြိတ်ခွဲထုတ်လုပ်သောဆန်များ အရည်အသွေးပြည့်မီစေရေး၊ အချင်အတွယ်များမှန်ကန်ရေး၊ ဆန်စပါးဈေးကွက်ဈေးနှုန်းအခြေအနေများတည်ငြိမ်မှုရှိ/ မရှိ၊ ထုတ်ပိုးမှုစနစ်များလုံခြုံမှုရှိ/ မရှိစိစစ်ခြင်းနှင့် MSMEs လုပ်ငန်းများဖွံ့ဖြိုးတိုးတက်စေရေးအတွက်နည်းစနစ်များ၊ ခေတ်မီစက်ကိရိယာများတပ်ဆင်နိုင်ရေး၊ ထုတ်ကုန်များပိုမိုထုတ်လုပ်နိုင်မှသာ ဈေးကွက်စီးပွားရေးစနစ်ကျယ်ပြန့်လာနိုင်ပြီး မှီခိုအားထားနေရသော  အလုပ်သမားမိသားစုများအတွက်လည်း စားဝတ်နေရေးပြေလည်နိုင်ကြောင်း၊ ကြိတ်ခွဲရာမှထွက်ရှိသော စွန့်ပစ်ပစ္စည်းများကိုလည်း စနစ်တကျစွန့်ပစ်ထားခြင်းရှိ/ မရှိ ကွင်းဆင်းစိစစ်ခဲ့ကြကြောင်း သတင်းရရှိပါသည်။

DOCA(ဧရာဝတီ)

 

Pages

Subscribe to RSS - သတင်းနှင့် လှုပ်ရှားမှုများ