သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal

ကန့်ဘလူမြို့နယ်တွင် စားသုံးသူအသိပညာပေးဟောပြောပွဲဆောင်ရွက်

    စစ်ကိုင်းတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ ကန့်ဘလူမြို့နယ်တာဝန်ခံရုံးသည် စားသုံးသူကာကွယ်ရေးလုပ်ငန်းများကို တိုင်းဒေသကြီးဦးစီးမှူး၏ လမ်းညွှန်မှု၊ ခရိုင်ဦးစီးမှူး၏ ကြီးကြပ်မှုတို့ဖြင့် စားသုံးသူအသိပေးဟောပြောပွဲများကို လစဉ်ဆောင်ရွက်လျက်ရှိကြောင်းသိရသည်။

     စားသုံးသူကာကွယ်ရေးအကြောင်း သိမှတ်ဖွယ်ရာများကို ကျယ်ကျယ်ပြန့်ပြန့်သိရှိစေရန်  ၂၀၂၄ခုနှစ်၊ မေလ ၁၄ ရက်နေ့တွင် ကန့်ဘလူမြို့နယ်တာဝန်ခံ ဦးမျိုးဝင်းသန်းနှင့် အငယ်တန်းစာရေး ဒေါ်အိမွန်ကျော်တို့သည် ကန့်ဘလူမြို့မဈေးရှိ ကုန်မျိုးစုံရောင်းချသည့်လုပ်ငန်းရှင်များအား စီးပွားရေးလုပ်ငန်းရှင်၏တာဝန်များကို ဟောပြောဆွေးနွေးခဲ့ပြီး စားသုံးသူ၏အခွင့်အရေးများကိုသိရှိနားလည်ပြီး လေးစားလိုက်နာရမည်ဖြစ်ကြောင်း၊ ပြည်သူတိုင်းသည် စားသုံးသူဖြစ်သည်၊ စားသုံးသူတိုင်းမှာ စားသုံးသူအခွင့်အရေးရှိသည်" ဆိုသည့်အတိုင်း စားသုံးသူအခွင့်အရေးနှင့်စပ်လျဉ်း၍ နစ်နာဆုံးရှုံးမှုရှိခဲ့လျှင် တိုင်ကြားနိုင်သည့်နည်းလမ်းများ စသည်တို့ကို အသိပညာပေးဟောပြောခဲ့ပြီး စားသုံးသူအသိပညာပေးလက်ကမ်းစာစောင်များဖြန့်ဝေပေးခဲ့ကြောင်းသိရှိရပါသည်။

DOCA(စစ်ကိုင်း)

ကန့်ဘလူမြို့နယ်တွင် မုန့်မျိုးစုံလုပ်ငန်းရှင်နှင့်တွေ့ဆုံဆွေးနွေး

      ၂၀၂၄ခုနှစ်၊ မေလ ၁၅ရက်နေ့တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ ကန့်ဘလူမြို့နယ်တာဝန်ခံ ဦးမျိုးဝင်းသန်းနှင့် အငယ်တန်းစာရေး ဒေါ်အိမွန်ကျော်တို့သည် ကန့်ဘလူမြို့၊ အမှတ်(၃)ရပ်ကွက်ရှိ “မြသဇင်” မွေးနေ့ကိတ်နှင့်မုန့်မျိုးစုံလုပ်ငန်းသို့သွားရောက်ကွင်းဆင်း၍ လုပ်ငန်းရှင်နှင့်တွေ့ဆုံခဲ့ကြောင်းသိရသည်။

     ထိုသို့တွေ့ဆုံခဲ့ရာ ကန့်ဘလူမြို့၊ အမှတ်(၃)ရပ်ကွက်ရှိ “မြသဇင်” မွေးနေ့ကိတ်နှင့်မုန့်မျိုးစုံလုပ်ငန်းသည် မိသားစုတစ်နိုင်တစ်ပိုင်ထုတ်လုပ်နေသော အသေးစားလုပ်ငန်းတစ်ခုဖြစ်ပြီး မြို့ပေါ်၌သာဖြန့်ဖြူးရောင်းချလျက်ရှိကြောင်း၊ လုပ်ငန်းရှင်မှာ ၎င်းအနေဖြင့် “မြသဇင်” မုန့်များပေါ်တွင် ကုန်အညွှန်းအမှတ်အသားများကို စားသုံးသူကာကွယ်ရေးဥပဒေနှင့်အညီ ထည့်သွင်းလိုကြောင်း တင်ပြလာရာ လိုအပ်သည်များကို ကူညီဆောင်ရွက်ပေးခဲ့ကြောင်း၊ အထက်အဆင့်ဆင့်သို့တင်ပြ၍ အတည်ပြုချက်ရရှိပါက အကြောင်းပြန်ကြားပေးမည်ဖြစ်ကြောင်း၊    စီးပွားရေးလုပ်ငန်းရှင်၏တာဝန်များကို သိရှိနားလည်းထားရန်လိုအပ်ကြောင်း၊ မိမိတို့ထုတ်လုပ်သော ကုန်စည်များသည် စံချိန်စံညွှန်းပြည့်မီသော၊ ဘေးအန္တရာယ်ကင်းရှင်းသော၊ ကုန်အညွှန်းအမှတ်အသားပြည့်စုံစွာဖော်ပြထားသော ကုန်စည်များဖြစ်စေရန် အမြဲအလေးထားဆောင်ရွက်သွားရန်လိုအပ်ကြောင်း ဆွေးနွေးပြောကြားခဲ့ပြီး မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင်၏ ညွှန်ကြားချက်အမှတ်(၂/၂၀၁၉)ပါ လက်ကမ်းစာစောင်များဖြန့်ဝေပေးခဲ့ကြောင်းသိရှိရပါသည်။

DOCA(စစ်ကိုင်း)

         

ကန့်ဘလူခရိုင်ရှိ အိမ်ဆောက်ပစ္စည်းနှင့် ဘိလပ်မြေရောင်းချသည့်ဆိုင်များအား ကွင်းဆင်းစစ်ဆေး

      စစ်ကိုင်းတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ ကန့်ဘလူခရိုင်ဦးစီးမှူးရုံးသည် စားသုံးသူကာကွယ်ရေးလုပ်ငန်းများအပြင် ဈေးကွက်စီးပွားရေးစနစ်နှင့်အညီ ပုဂ္ဂလိကအခန်းကဏ္ဍဖွံ့ဖြိုးတိုးတက်အောင် အားပေးမြှင့်တင်ဆောင်ရွက်လျက်ရှိပြီး ကုန်သွယ်မှုလုပ်ငန်းလုပ်ငန်းများ လျင်မြန်ချောမွေ့စေရေးအတွက် သက်ဆိုင်ရာအဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်းသိရသည်။

   ၂၀၂၄ခုနှစ်၊ မေလ ၁၄ရက်နေ့တွင် ကန့်ဘလူမြို့နယ်တာဝန်ခံ ဦးမျိုးဝင်းသန်းသည် ကန့်ဘလူမြို့ပေါ်ရှိ အိမ်ဆောက်ပစ္စည်းရောင်းချသည့်ဆိုင်များသို့သွားရောက်၍ အပတ်စဉ်ကွင်းဆင်းစစ်ဆေးခြင်းဆောင်ရွက်လျက်ရှိရာ ဘိလပ်မြေဝယ်ယူရရှိမှုအခြေအနေနှင့် ဈေးနှုန်းဈေးကွက်အခြေအနေတို့ကို ဆွေးနွေးမေးမြန်းခဲ့ရာ ဆောက်လုပ်ရေးလုပ်ငန်းသုံးပစ္စည်းများနှင့် ဘိလပ်မြေတို့ကို မန္တလေးမြို့မှ အများဆုံးဝယ်ယူရောင်းချလျက်ရှိကြောင်း၊ ဈေးနှုန်းအနေဖြင့် “CROWN” အမှတ်တံဆိပ် ဘိလပ်မြေ‌တစ်အိတ်လျှင် ၁၆၀၀၀ကျပ်နှင့် “ကြံ့နှစ်ကောင်” အမှတ်တံဆိပ် ဘိလပ်မြေဈေးနှုန်းမှာ တစ်အိတ်လျှင် ကျပ်၁၄၀၀၀မှ ကျပ်၁၄၅၀၀တို့ဖြင့် ရောင်းချပေးလျက်ရှိကြောင်းသိရှိရပြီး ယခင်အပတ်ဈေးနှုန်းအောက် အနည်းငယ်ကျဆင်းလျက်ရှိကြောင်း လုပ်ငန်းရှင်ထံမှသိရှိရပါသည်။

DOCA(စစ်ကိုင်း)

ဧရာဝတီတိုင်းဒေသကြီး စားသုံးသူရေးရာဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ်ဦးဆောင်သည့် စားအုန်းဆီဖြန့်ခွဲရောင်းချမှု အစည်းအဝေးတက်ရောက်

    ဧရာဝတီတိုင်းဒေသကြီး စားသုံးသူရေးရာဦးစီးဌာနမှ ရုံးအမှတ်(၃) စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ အစည်းအဝေးခန်းမတွင် မေလ(၁၄)ရက်နေ့၊ နံနက်(၀၉:၃၀)နာရီတွင် ညွှန်ကြားရေးမှူးချုပ်က အဖွင့်အမှာစကားပြောကြားခဲ့ရာ တိုင်းဒေသကြီး/ပြည်နယ်အလိုက် သက်ဆိုင် ရာ စားအုန်းဆီများ ဆောင်ရွက်နေမှုကို  တိုင်းဒေသကြီးအစိုးရအဖွဲ့၏ လမ်းညွှန်ချက်နှင့်အညီ သတ်မှတ်နှုန်းထား ရောင်းချခြင်းရှိ/မရှိစိစစ်ဆောင်ရွက် ကြပ်မတ်သွားရန်ပြောကြားခဲ့ပါသည်။

     အဆိုပါအစည်းအဝေးကို ဧရာဝတီတိုင်းဒေသကြီးဦးစီးမှူးရုံးမှ Virtual  ဖြင့်တက်ရောက်၍ တိုင်းဒေသကြီးဦးစီးမှူးဦးဇေယျာဆွေမှ စားအုန်းဆီဖြန့်ဖြူးခြင်းနှင့်ပတ်သက်၍ ဆွေးနွေးပြောကြားခဲ့ရာ တိုင်းဒေသကြီး/ ပြည်နယ် အသီးသီးမှလည်း ဆွေးနွေးတင်ပြခဲ့ပြီး ဒုတိယညွှန်ကြားရေးမှူးချုပ်မှ ပြန်လည်ရှင်းလင်းဆွေးနွေးခဲ့ပြီးနောက်  ညွှန်ကြားရေးမှူးချုပ်က နိဂုံးချုပ်အမှာ စကားပြောကြားခဲ့ကြောင်း သိရပါသည်။

DOCA(ဧရာဝတီ)

ရွှေဘိုမြို့ပေါ်ရှိ ကုန်စုံဆိုင်များအား ဈေးကွက်စောင့်ကြည့်စစ်ဆေး

   စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ ရွှေဘိုခရိုင်ဦးစီးမှူးရုံးအနေဖြင့် စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြောပွဲများ၊  စီးပွားရေးလုပ်ငန်းရှင်များနှင့်တွေ့ဆုံပြီး ဥပဒေ၊ အမိန့်နှင့် ညွှန်ကြားချက်များ ရှင်းလင်းဆွေးနွေးခြင်းများဆောင်ရွက်လျက်ရှိသည့်အပြင် ထုတ်ကုန်များလုံခြုံစိတ်ချရမှုရှိစေရေးနှင့် ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံစွာထည့်သွင်းဖော်ပြရေးအတွက် ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများကို လစဉ်ဆောင်ရွက်လျက်ရှိရာ (၁၅-၅-၂၀၂၄)ရက်နေ့၊  နံနက်(၁၁:၃၀)နာရီအချိန်တွင် ရွှေဘိုခရိုင်စားသုံးသူရေးရာဦးစီးဌာနမှ ဒု-ခရိုင်ဦးစီးမှူးဦးဆောင်၍ ရွှေဘိုမြို့နယ်တာဝန်ခံ၊ စားသုံးသူရေးရာဌာနခွဲတာဝန်ခံနှင့် ထုတ်ကုန်လုံခြုံစိတ်ချရမှုဌာနခွဲတာဝန်ခံတို့သည် ရွှေဘိုမြို့၊ အမှတ်(၁၀)ရပ်ကွက်အတွင်းရှိ ကုန်မျိုးစုံရောင်းဝယ်ရေးဆိုင်တွင် ရောင်းချသောသောက်ရေသန့်များအား ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ကြပါသည်။

       ထိုသို့ဈေးကွက်စောင့်ကြည့်စစ်ဆေးရာတွင် ဒု-ခရိုင်ဦးစီးမှူးက စားသုံးသူကာကွယ်ရေးဥပဒေပါ စားသုံးသူအခွင့်အရေးနှင့် စီးပွားရေးလုပ်ငန်းရှင်၏တာဝန်များ၊ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းအကြောင်းများ၊ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့်စပ်လျဉ်း၍ မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေး ကော်မရှင်၏ ညွှန်ကြားချက်အမှတ် (၂/၂၀၁၉)ပါအကြောင်းများ၊ သောက်ရေသန့်များတွင် ကုန်စည်၏အမျိုးအမည်၊ အရွယ်အစား၊ အရေအတွက်နှင့် အသားတင်ပမာဏ၊ ထားသိုသိမ်းဆည်းမှုအညွှန်းတို့ကို မြန်မာဘာသာဖြင့်ဖြစ်စေ၊ မြန်မာဘာသာနှင့် အခြားဘာသာတစ်ခု (သို့မဟုတ်) တစ်ခုထက်ပို၍တွဲလျက်ဖြစ်စေ ဖော်ပြရန်လိုအပ်ကြောင်းနှင့် အကျိုးစီးပွားနစ်နာဆုံးရှုံးမှုများရှိပါက တိုင်ကြားနိုင်ကြောင်းနှင့် တိုင်ကြားနိုင်သည့်နေရာများ၊ ဌာနနှင့်သက်ဆိုင်သော အကြောင်းများကို မေးမြန်းစုံစမ်းနိုင်သည့် Concumer Call Center အကြောင်းများကို  အသိပညာပေးဆွေးနွေးခဲ့ပြီး စားသုံးသူကာကွယ်ရေးအသိပညာပေး လက်ကမ်းစာစောင်များဖြန့်ဝေပေးခဲ့ကြောင်း သတင်းရရှိပါသည်။

 

DOCA(စစ်ကိုင်း)

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီးနှင့်အဖွဲ့အား တွေ့ဆုံပွဲ အခမ်းအနားသို့ တက်ရောက်

    ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့သည် မေလ(၁၀)ရက်နေ့ ညနေပိုင်းတွင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဗိုလ်ဗိုလ်ကျော်၊ စိုက်ပျိုးရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်၊ ကြေးတိုင်နှင့်မြေစာရင်းဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်နှင့်တာဝန်ရှိသူများအား တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ(၁)တွင် တွေ့ဆုံခဲ့သည်။

     ထိုသို့တွေ့ဆုံရာတွင် စိုက်ပျိုးရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်က နိုင်ငံ့စီးပွား မြှင့်တင်ရေး ရန်ပုံငွေဖြင့် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနမှ ဆောင်ရွက်လျက်ရှိသည့် နွေစပါး၊ မိုးစပါးစီမံကိန်း၊ ဆီထွက်သီးနှံ (မြေပဲ၊ နှမ်း၊ နေကြာ) စီမံကိန်းနှင့် မွေးမြူရေးစီမံကိန်းများ၊ စီမံကိန်း ရည်ရွယ်ချက်နှင့် လုပ်ငန်းစဉ်များ၊ ဆောင်ရွက်ရမည့် နည်းလမ်းနှင့်တာဝန်များ၊ နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေမှ စိုက်ပျိုးရေး၊ မွေမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၏ အရင်းမပျောက် မတည်ငွေဖြင့် မွေးမြူရေးလုပ်ငန်းများ အကောင်အထည် ဖော်ဆောင်ရွက်ခြင်းဆိုင်ရာ စီမံကိန်းနှင့် ရည်ရွယ်ချက်များအားလည်းကောင်း၊ ကြေးတိုင်နှင့်မြေစာရင်းဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်က လယ်ယာမြေ အခြားနည်း အသုံးပြုခြင်း ကိစ္စရပ်များအားလည်းကောင်း၊ တိုင်းဒေသကြီးလုံခြုံရေး နှင့်နယ်စပ်ရေးရာ ဝန်ကြီးက နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် ဆောင်ရွက်သည့် စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်းများနှင့်စပ်လျဉ်း၍လည်းကောင်း ရှင်းလင်းပြောကြားခဲ့ပြီးနောက် ဧရာဝတီတိုင်းဒေသကြီး စားသုံးသူရေးရာဦးစီးဌာနနှင့် တိုင်းအဆင့်/ဌာနဆိုင်ရာများလည်း တက်ရောက်ခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(ဧရာဝတီ)

 

ဧရာဝတီတိုင်းဒေသကြီး စားသုံးသူရေးရာဦးစီးဌာန တိုင်ဦးစီးမှူး ပုသိမ်စက်မှုစီမံကိန်းရုံး သွားရောက်

    ဧရာဝတီတိုင်းဒေသကြီး စားသုံးသူရေးရာဦးစီးဌာန တိုင်းဦးစီးမှူး ဦးဇေယျာဆွေနှင့် သတင်းဌာနခွဲမှူးတို့သည် မေလ ၁၄ရက်နေ့ ပုသိမ်ခရိုင်၊ ကန်ကြီးထောင့်မြို့နယ် အုတ်စီကုန်းကျေးရွာ ဧရာဟင်္သာကုမ္ပဏီပိုင် ပုသိမ်စက်မှုစီမံကိန်းရုံးသို့ သွားရောက်၍ ဒုဥက္ကဋ္ဌ ဦးစည်သူစိုးနှင့် တွေ့ဆုံခဲ့ပါသည်၊၊

    ဧရာဟင်္သာကုမ္ပဏီ ဒုက္ကဋ္ဌဦးစည်သူစိုးမှ ပုသိမ်စက်မှုစီမံကိန်းနယ်မြေတွင် ဆန်စက်၊ အထည်ချုပ်စက်ရုံနှင့် အခြားထပ်မံတည်ဆောက်မည့် စီမံကိန်းလုပ်ငန်းများ Ayeyarwaddy International Industrial Part ကမ်းရိုးတန်းသွား (အထွေထွေဆိပ်ကမ်း)မှ ယခင်က ဘင်္ဂလားဒေ့ရှ်နိုင်ငံနှင့် ထိုင်းနိုင်ငံသို့ ဆန်နှင့်မြန်မာ့အစေ့ထုတ်ပြောင်းတင်ပို့မှုများ ဧရာဝတီတိုင်းဒေသကြီး ဒေသထွက်ကုန်များအား ပြည်ပသို့တိုက်ရိုက်တင်ပို့နိုင်ရေး ရှေ့လုပ်ငန်းစဉ်များနှင့်ပတ်သက်၍ ရှင်းလင်းဆွေးနွေးခဲ့ပါသည်၊၊

DOCA(ဧရာဝတီ)

ထုတ်ကုန်များလုံခြုံစိတ်ချရမှုရှိစေရေး ဈေးကွက်စောင့်ကြည့်စစ်ဆေး

    စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ ရွှေဘိုခရိုင်ဦးစီးမှူးရုံးအနေဖြင့် စားသုံးသူကာကွယ်ရေးအသိပညာပေး  ဟောပြောပွဲများ၊  စီးပွားရေးလုပ်ငန်းရှင်များနှင့်တွေ့ဆုံပြီး ဥပဒေ၊ အမိန့်နှင့် ညွှန်ကြားချက်များကို ရှင်းလင်းဆွေးနွေးခြင်းများဆောင်ရွက်လျက်ရှိသည့်အပြင် ထုတ်ကုန်များလုံခြုံစိတ်ချရမှုရှိစေရေးနှင့် ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံစွာထည့်သွင်းဖော်ပြရေးအတွက် ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများကို လစဉ်ဆောင်ရွက်လျက်ရှိရာ (၁၅-၅-၂၀၂၄)ရက်နေ့၊  နံနက်(၁၀:၃၀)နာရီအချိန်တွင် ရွှေဘိုခရိုင်စားသုံးသူရေးရာဦးစီးဌာနမှ ဒု-ခရိုင်ဦးစီးမှူးဦးဆောင်၍ ရွှေဘိုမြို့နယ်တာဝန်ခံ၊ စားသုံးသူရေးရာဌာနခွဲတာဝန်ခံနှင့် ထုတ်ကုန်လုံခြုံစိတ်ချရမှုဌာနခွဲတာဝန်ခံတို့သည် ရွှေဘိုမြို့၊ အမှတ်(၁၀)ရပ်ကွက်အတွင်းရှိ ကုန်မျိုးစုံရောင်းဝယ်ရေးဆိုင်တွင် ရောင်းချသော စားသုံးဆီအမှတ်တံဆိပ်အမျိုးမျိုးအား ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ကြပါသည်။

    ထိုသို့ဈေးကွက်စောင့်ကြည့်စစ်ဆေးရာတွင် ဒု-ခရိုင်ဦးစီးမှူးက စားသုံးသူကာကွယ်ရေးဥပဒေပါ စားသုံးသူအခွင့်အရေး(၈)ချက်နှင့် စီးပွားရေးလုပ်ငန်းရှင်၏တာဝန်များ၊ အခန်း(၁၈)ပါ  ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းအကြောင်းများ၊ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့်စပ်လျဉ်း၍ မြန်မာနိုင်ငံ စားသုံးသူကာကွယ်ရေးကော်မရှင်၏ ညွှန်ကြားချက်အမှတ်(၂/၂၀၁၉)ပါအကြောင်းများ၊ စားသုံးဆီအမျိုးမျိုးတွင် အရွယ်အစား၊ အရေအတွက်နှင့် အသားတင်ပမာဏ၊ ထားသိုသိမ်းဆည်းမှုအညွှန်းတို့ကို မြန်မာဘာသာဖြင့်ဖြစ်စေ၊ မြန်မာဘာသာနှင့် အခြားဘာသာတစ်ခု (သို့မဟုတ်) တစ်ခုထက်ပို၍တွဲလျက်ဖြစ်စေဖော်ပြရန်လိုအပ်ကြောင်းနှင့် အမျိုးအမည်ကိုဖော်ပြရာတွင်လည်း ပင်ရင်းပါဝင်ပစ္စည်းကိုအခြေခံသော အမျိုးအမည်ကို မြန်မာဘာသာဖြင့် ဖော်ပြရမည်ဖြစ်ပြီး အသားတင်ပမာဏကိုဖော်ပြရာတွင်လည်း မြန်မာ့အလေးချိန်ယူနစ်ဖြစ်သော ပိဿာ၊ ကျပ်သားတို့ဖြင့် ဖော်ပြရမည်ဖြစ်ကြောင်းတို့ကို အသိပညာပေးဆွေးနွေးခဲ့ပြီး စားသုံးသူကာကွယ်ရေးအသိပညာပေးလက်ကမ်းစာစောင်များဖြန့်ဝေပေးခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)

 

စားသုံးဆီ ဖြန့်ခွဲမှုနှင့်စပ်လျဉ်းသည့် ညှိနှိုင်းအစည်းအဝေးသို့ Zomm Meeting ဖြင့်တတ်ရောက်

      ၂၀၂၄ခုနှစ်၊  မေလ  ၁၆  ရက်နေ့၊  နံနက် (၀၉း၃၀)နာရီအချိန်တွင် ညွှန်ကြားရေးမှူးချုပ်ဦးဆောင်၍ စားသုံးဆီဖြန့်ခွဲမှုနှင့်စပ်လျဉ်းသည့် ညှိနှိုင်းအစည်းအဝေးသို့  တနင်္သာရီတိုင်း‌ဒေသကြီး တိုင်းဦးစီးမှူးက  Zoom Meeting ဖြင့် တတ်ရောက်ခဲ့ပါသည်။

   ဆက်လက်၍ စားသုံးသူရေးရာဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်နှင့် ဒုတိယညွှန်ကြားရေးမှူးချုပ်တို့က စားသုံးဆီဖြန့်ခွဲမှုနှင့်စပ်လျဥ်းသည့် ကိစ္စရပ်များနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားခြင်း၊ တိုင်းဒေသကြီး/ ပြည်နယ်ဦးစီးမှူးများနှင့် အပြန်အလှန်ဆွေးနွေးခြင်းများပြုလုပ်ခဲ့ပြီး ညွှန်ကြားရေးမှူးချုပ်က နိဂုံးချုပ်အမှာစကားပြောကြားခဲ့ကာ ညှိနှိုင်းအစည်းအဝေးအား နေ့လယ်(၁၂း၃၀) နာရီအချိန်တွင် ရုပ်သိမ်းခဲ့ကြောင်းသိရှိရပါသည်။

DOCA(တနင်္သာရီ)

ထားဝယ်မြို့ပေါ်ရှိ ဆေးဆိုင်များအား စျေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

       ၂၀၂၄ခုနှစ် ၊ မေလ(၁၆)ရက်နေ့၊ နံနက်(၁၀း၀၀)နာရီအချိန်တွင် တနင်္သာရီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးမှူးရုံးမှ စစ်ဆေးရေးအရာရှိနှင့် ဝန်ထမ်းများသည် မိတ်ဖက်ဌာနများဖြစ်ကြသော ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၊ စည်ပင်သာယာရေးအဖွဲ့တို့နှင့်ပူးပေါင်း၍ ထားဝယ်မြို့ပေါ်ရှိ ဆေးဆိုင်များအား စျေးကွက်စောင့်ကြည့်စစ်ဆေးခြင်းဆောင်ရွက်ခဲ့သည်။

    ထိုသို့ဆောင်ရွက်ရာတွင် စားသုံးသူပြည်သူများ ဘေးအန္တရာယ်ကင်းရှင်းစေရေးအတွက် မြန်မာနိုင်ငံဆေးဝါးမှတ်ပုံတင်အမှတ်မပါရှိသည့် တရားမဝင် ဆေးဝါးများနှင့် Online ပေါ်မှတစ်ဆင့် ဖြန့်ချိရောင်းချနေသော တရားမဝင်ဆေးဝါးများရောင်းချနေမှုရှိ/ မရှိစစ်ဆေးခြင်း၊ သက်တမ်းကုန်လွန်သော ဆေးဝါးများနှင့် ဆေးပစ္စည်းများရောင်းချနေမှုရှိ/ မရှိ စစ်ဆေးခြင်းများဆောင်ရွက်ခဲ့ကြောင်းသိရှိရပါသည်။

DOCA(တနင်္သာရီ)

Pages

Subscribe to RSS - သတင်းနှင့် လှုပ်ရှားမှုများ