သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal

ဆန်သိုလှောင်ခြင်း၊ ဖြန့်ဖြူးရောင်းချမှုရှိ/ မရှိ ဆက်စပ်ဌာနများနှင့် ကွင်းဆင်းစစ်ဆေးခြင်း

          စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီးဦးစီးမှုးရုံး၏ညွှန်ကြားချက်အရ ဆန်အပါအဝင်အခြေခံစားကုန်ပစ္စည်းများ ပြတ်လပ်မှုမရှိစေရေး ဈေးနှုန်းကြီးမြင့်မှုမရှိစေရန်အတွက် ဆန်ဈေးနှုန်းများမြှင့် တက်လျှက်ရှိသည့်အတွက် ဈေးနှုန်းမြှင့်တင်ရောင်းချခြင်း၊ သိုလှောင်ခြင်း၊ ဖြန့်ဖြူးရောင်းချမှုရှိ/ မရှိ ဆက်စပ်ဌာနများပါဝင်သော အဖွဲ့စုံဖြင့် ဆန်ဂိုဒေါင်နှင့် ဆန်ဆိုင်ကြီးများ အများအပြားရှိသော မရမ်းကုန်းမြို့နယ် ဘုရင့်နောင်ကုန်စည်ဒိုင်အတွင်းသို့ ၉.၅.၂၀၂၄ ရက်နေ့ နံနက်(၁၀:၀၀) နာရီအချိန်တွင် အနောက်ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ခရိုင်မှူးဦးဆောင်သောအဖွဲ့သည် သွားရောက်၍ ကွင်းဆင်းစစ်ဆေးခဲ့ပါသည်။ ထိုသို့ ကွင်း ဆင်းရာတွင် ဘုရင့်နောင်ကုန်စည်ဒိုင်အတွင်းရှိ ဇမ္ဗူကျော်ဆန်ပွဲရုံ၊ အောင်စင်္ကြာဆန်ပွဲရုံ၊ ကောင်းဆန်ပွဲ ရုံ၊ ရွှေပိတောက်ဆန်ပွဲရုံ၊ ရွှေရောင်ပြန်ပွဲရုံတို့တွင် ဆန်ရောင်းချနေမှုများအားကွင်းဆင်းခဲ့ပါသည်။ ဆန်ပွဲရုံ များ၏ဝယ်ယူသောတိုင်းနယ်ပြည်နယ်များ စစ်ကိုင်းတိုင်း၊ ဧရာဝတီတိုင်းမှ ဖျာပုံပေါ်ဆန်း၊ မြောင်းမြပေါ် ဆန်း၊ ဧရာဝတီတိုင်းမှ ဧရာဝတီပေါ်ဆန်း၊ ဆင်းသုခ၊ သီးထပ်၊ ရန်ကုန်တိုင်းမှ ရက်(၉၀) ၊ အညာသားဆန် များအားပုံမှန်ရောင်းချလျှက်ရှိကြောင်းသိရှိရပါသည်။

DOCA(ရန်ကုန်)

လှိုင်မြို့နယ်၊ မရမ်းကုန်းမြို့နယ်ရှိ အသင့်သောက်အချိုရည်များတွင် ကုန်အညွှန်းအမှတ်အသားပြည့်စုံစွာဖော်ပြထားခြင်းရှိ/မရှိ ကွင်းဆင်းစစ်ဆေးခြင်း

    စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံး၏ညွှန်ကြားချက်အရ လှိုင်မြို့နယ်၊ မရမ်းကုန်းမြို့နယ်အတွင်းရှိဒေသခံပြည်သူများ စားသောက်ကုန်အမျိုးမျိုးတို့အားဝယ်ယူသုံးစွဲရာတွင် အစားအစာဘေးကင်းလုံခြုံမှုရှိစေရန်နှင့် စနစ်တကျဝယ်ယူစားသုံးရန်ရည်ရွယ်၍ ထုတ်ကုန်များလုံခြုံ စိတ်ချရမှုရှိစေရေးတို့အတွက် မေလ(၃) ရက်နေ့ နံနက်(၁၀:၀၀) နာရီအချိန်တွင် လှိုင်မြို့နယ် လှိုင်ရတနာဈေးနှင့် မရမ်းကုန်းမြို့နယ် မြဂန္ဓမာဈေးတို့တွင် အသင့်သောက်အချိုရည်အမျိုးမျိုးနှင့် စားသုံးဆီအမျိုးမျိုး တို့တွင် သတ်မှတ်ထားသော ကုန်အညွှန်းအမှတ်အသား ပြည့်စုံစွာဖော်ပြထားခြင်း ရှိ/မရှိကွင်းဆင်းစစ်ဆေး ခဲ့ပါသည်။ ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် ဈေးတာဝန်ခံနှင့် ဝန်ထမ်းများ၊ စားသုံးသူရေးရာဦးစီးဌာနမှ စစ် ဆေးရေးမှူးနှင့် မြို့နယ်တာဝန်ခံတို့ပူးပေါင်း၍ လှိုင်မြို့နယ် လှိုင်ရတနာဈေးနှင့် မရမ်းကုန်းမြို့နယ် မြဂန္ဓမာဈေးတို့တွင် အသင့်သောက်အချိုရည်အမျိုးမျိုးတို့နှင့် စားသုံးဆီအမျိုးမျိုးတို့အားရောင်းချရာတွင် သက်ဆိုင်ရာဌာနများမှ ညွှန်ကြားထားသော ကုန်အညွှန်းအမှတ်အသားဆိုင်ရာ လိုက်နာရမည့်အချက်များ မြန်မာဘာသာဖြင့်သော်လည်းကောင်း၊ မြန်မာဘာသာနှင့် အခြားဘာသာတစ်ခု(သို့) တစ်ခုထက်ပို၍ တွဲလျက်ရေးသားဖော်ပြရမည့်အချက်များ စံချိန်စံညွှန်းကိုက်ညီမှုမရှိသော အစားအသောက်များ၊(FDA)၏ခွင့် ပြုချက်မရှိသော စားသောက်ကုန်နှင့် သက်တမ်းကုန်းဆုံးသော အသင့်သောက်အချိုရည်အမျိုးမျိုးနှင့် စားသောက်ကုန်ပစ္စည်းများဖြန့်ဖြူးရောင်းချခြင်းမပြုလုပ်ရန် စားသုံးသူကာကွယ်ရေးဆိုင်ရာသိကောင်းစရာများကို ဆွေးနွေးခဲ့ပြီး အသင့်သောက်အချိုရည်အမျိုးမျိုးတို့တွင် ကုန်အညွှန်းအမှတ်အသား ပြည့်စုံစွာဖော်ပြထားခြင်းရှိ/ မရှိကွင်းဆင်းစစ်ဆေးခဲ့ကြောင်းသိရှိရပါသည်။

DOCA(ရန်ကုန်)

“ ကော့မှူးမြို့နယ်၌ စားသုံးဆီအမျိုးမျိုးရောင်းချနေမှုအခြေအနေ ကွင်းဆင်းစစ်ဆေးခြင်း ”

            စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီးဦးစီးမှုးရုံး၏ညွန်ကြားချက်အရ ကော့မှူးမြို့နယ်အတွင်းရှိ ဒေသခံပြည်သူများအနေဖြင့် စားသုံးဆီအမျိုးမျိုးဝယ်ယူသုံးစွဲရာ၌ ဘေးအန္တရာယ်ကင်းရှင်းစေရန်နှင့် ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိစေရန်ရည်ရွယ်၍ ၂၀၂၄ခုနှစ်၊မေလ(၁၁) ရက်နေ့၊ နံနက်(၁၀:၃၀)အချိန်တွင် စည်ပင်သာယာမြို့မဈေးအတွင်း/ အပြင်ရှိ ကုန်ခြောက်ဆိုင်များသို့ စားသုံးဆီအမျိုးမျိုးရောင်းချနေမှုအခြေအနေအား ဈေးကွက်အတွင်းကွင်းဆင်းစစ်ဆေးခဲ့ကြောင်းသိရှိရပါသည်။

          ထိုသို့ကွင်းဆင်းစစ်ဆေးခဲ့ရာတွင် မြို့နယ်စည်ပင်သာယာရေးဦးစီးဌာနမှ ဈေးတာဝန်ခံနှင့် ဝန်ထမ်းများ၊ မြို့နယ်ကျန်းမာရေးဦးစီးဌာနမှဝန်ထမ်းများ၊ မြို့နယ်စာသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံတို့ပူးပေါင်းအဖွဲ့သည် ကော့မှူးမြို့နယ် စည်ပင်သာယာမြို့မဈေးအတွင်း/ အပြင်တွင် ဖြန့်ဖြူးရောင်းချလျှက်ရှိသော ကုန်ခြောက်ဆိုင်များသို့ စားသုံးဆီအမျိုးမျိုးတို့အား ကုန်အညွှန်းအမှတ်အသား ပြည့်စုံစွာဖော်ပြထားခြင်းရှိ/ မရှိ စစ်ဆေးခဲ့ရာတွင် အမေထွား၊ သဘာဝမြေပဲဆီအမျိုးမျိုးတို့၌ အမျိုးအမည်၊ အရွယ်အစား၊ အရေအတွက်၊ အသားတင်ပမာဏ၊ သုံးစွဲပုံနည်းလမ်း၊ ထားသိုသိမ်းဆည်းမှုအညွှန်းတို့အား ပြည့်စုံစွာဖော်ပြထားသည်ကို တွေ့ရှိခဲ့ပြီး ယင်းကဲ့သို့ ကုန်အညွှန်းအမှတ်အသားပြည့်စုံစွာဖော်ပြထားသော စားသုံးဆီအမျိုးမျိုးတို့ကိုသာ မိမိတို့၏ဈေးဆိုင်တွင် ဖြန့်ဖြူးရောင်းချကြရန်နှင့် တရားမဝင်လမ်းကြောင်းမှ တင်သွင်းဖြန့်ဖြူးနေသော ပြည်ပမှစားသုံးဆီများအား ဝယ်ယူဖြန့်ဖြူးရောင်းချခြင်းများမပြုလုပ်ကြရန် အစား အသောက်နှင့်ဆေးဝါကွပ်ကဲရေးဦးစီးဌာန(FDA)၏ခွင့်ပြချက်မပါသောစားသုံးဆီများအား မိမိတို့၏ ဈေးဆိုင်များတွင် ဝယ်ယူဖြန့်ဖြူးရောင်းချခြင်းများပြုလုပ်ကြရန် စားသုံးသူကာကွယ်ရေးအသိပညာပေးပြောကြားခဲ့ပြီး ဈေးကွက်အတွင်းစားသုံးဆီအမျိုးမျိုးရောင်းချနေမှုအခြေအနေအား ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)

တလုတ္ထော်မြို့နှင့်ဇရပ်ကွင်းကျေးရွာတွင် သစ်စိမ်းမြေဩဇာမျိုးစေ့ပေးအပ်ပြီးကြဲပက်ပွဲ ကျင်းပ

         စားသုံးသူရေးရာဦးစီးဌာန၊ ဟင်္သာတခရိုင်ဦးစီးမှူးနှင့် မြို့နယ်တာဝန်ခံသည် (၁၃.၅.၂၀၂၄) ရက်နေ့ နံနက်(၀၇:၀၀) အချိန်တွင်  ဟင်္သာတခရိုင် စိုက်-တိုး-မြှင့်-အဖွဲ့၊ မြို့နယ်စိုက်-တိုးမြှင့် အဖွဲ့ဝင်များ၊ တလုတ္ထော်မြို့ အုပ်ချုပ်ရေးမှူး၊ တလုတ္ထော်တိုက်နယ်ရှိကျေးရွာအုပ်ချုပ်ရေးမှူး များနှင့်အတူ တလုတ္ထော် မြို့နှင့်ဇရပ်ကွင်းကျေးရွာအုပ်စု၌ ဟင်္သာတခရိုင်/မြို့နယ် စိုက်တိုးမြှင့်ကော်မတီမှ ကျင်းပပြုလုပ်သော ၂၀၂၄-၂၀၂၅ခုနှစ် မိုးစပါးရာသီ မြေဆီလွှာဖွံ့ဖြိုးတိုးတက်ရေးအတွက် “သစ်စိမ်းမြေဩဇာ(ပိုက်ဆံလျှော်) မျိုးစေ့ပေးအပ်ပွဲနှင့် ကြဲပက်ပွဲ” အခမ်းအနားသို့ တက်ရောက်ခဲ့ပါသည်။

          အဆိုပါ အခမ်းအနားကို ဟင်္သာတမြို့နယ် ၊ တလုတ္ထော်မြို့ ၊အမှတ်(၂) ရပ်ကွက်ရှိ တောင်သူဦးမောင်ရှင်၏ လယ်မြေ(၆.၀၀)ဧကနှင့် ဇရပ်ကွင်းကျေးရွာအုပ်စု၊ သင်္ဃန်းတောကျေးရွာရှိ တောင်သူ ဒေါ်အေးအေးညိမ်း၏ လယ်မြေ(၅.၀၀)ဧက တွင် ကျင်းပပြုလုပ်ခဲ့ပြီး၊ နံနက်(၁၁:၀၀) နာရီအချိန်တွင် ရုတ်သိမ်းခဲ့ကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)

 

ဟင်္သာတမြို့ သူနာပြုသင်တန်းကျောင်းတွင် စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြောပွဲ

          စားသုံးသူရေးရာဦးစီးဌာန၊ ဟင်္သာတခရိုင်ဦးစီးမှူးနှင့်အဖွဲ့သည်  ဟင်္သာတခရိုင်၊ ပန်းပဲတန်း ရပ်ကွက်၊ ရွှေမြင်တင်လမ်းရှိ သူနာပြုသင်တန်းကျောင်းခန်းမတွင် ဆရာမများနှင့် သင်တန်းသား/သူ (၂၈၀) ဦးအား (၁၂.၅.၂၀၂၄) ရက်နေ့ နေ့လယ်(၁၃:၃၀)အချိန်တွင် စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောခြင်းများကို ဆောင်ရွက်ခဲ့ပါသည်။

          ဟောပြောပွဲတွင် ဟင်္သာတခရိုင်ဦးစီးမှူး ဦးဇော်မင်းက စားသုံးသူရေးရာဦးစီးဌာန၏ လက်ရှိ ဆောင်ရွက်နေသော စားသုံးသူကာကွယ်ရေးဆိုင်ရာလုပ်ငန်းတာဝန်များအကြောင်း၊ ဟောပြောပွဲပြု လုပ်ရခြင်းနှင့် စပ်လျဉ်း၍ ရှင်းလင်းဆွေးနွေးခဲ့ပြီး၊ ဆက်လက်၍ ဒု-ခရိုင်ဦးစီးမှူး ဦးမောင်မောင်မြတ်ခိုင် က စားသုံးသူရေးရာဦးစီးဌာန၏ သမိုင်းအကျဉ်း၊ မျှော်မှန်းချက်၊ ရည်မှန်းချက်များအကြောင်း၊ စားသုံးသူကာကွယ်ရေးဥပဒေပါ စားသုံးသူ၏ အဓိပ္ပါယ်ဖွင့်ဆိုချက်၊ စားသုံးသူအခွင့်အရေးနှင့် တာဝန်များ၊ စားသုံးသူများသည် ကုန်စည်ကို ရွေးချယ်ဝယ်ယူတတ်စေရန်၊ ကုန်အညွှန်းအမှတ်အသားနှင့် စပ်လျဉ်း၍ ဖော်ပြပါရှိသည့် အချက်အလက်များကို သေချာစွာ စိစစ်ဝယ်ယူနိုင်ရန်၊ အစားအသောက်နှင့် ကုန်စည်တွေပေါ်မှာ ဖော်ပြရမည့် ကုန်အညွှန်းအမှတ် အသားများအကြောင်း၊ ဝယ်ယူအသုံးပြုခဲ့သော ကုန်စည်နှင့် ဝန်ဆောင်မှုများကြောင့် နစ်နာ ဆုံးရှုံးမှုများ ဖြစ်ပေါ်လာပါက ပြောဆိုတင်ပြ တိုင်ကြားခွင့်နှင့် ပြန်လည်ကုစားနိုင်ခွင့်များ အကြောင်း၊  ပြစ်မှုနှင့် ပြစ်ဒဏ်များအကြောင်းနှင့် စားသုံး သူသတင်းပြန်ကြားရေးနှင့် တိုင်ကြား မှုလက်ခံဆောင်ရွက်ရေးစင်တာ (Consumer Information and Complaint Center) CICC ဖွင့်လှစ်ထားရှိမှုအခြေအနေကိုလည်ကောင်း၊ စားသုံးသူရေးရာဦးစီးဌာန၏ လုပ်ငန်း ဆောင်ရွက် ချက်များအကြောင်း သိရှိလိုပါက www.doca.gov.mm Website တွင် ဝင်ရောက် လေ့လာနိုင်ကြောင်းနှင့် Consumer Call Center 1535 သို့ ဆက်သွယ်မေးမြန်းနိုင် ကြောင်းကိုလည်းကောင်းစသည်တို့ကို အသိပညာပေးဟောပြောဆွေးနွေးခဲ့ပြီး၊ စားသုံးသူကာကွယ် ရေးဆိုင်ရာ လက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့ကြောင်း သိရှိရပါသည်။

 DOCA(ဧရာဝတီ)

“ ကော့မှူးမြို့နယ်၌ စားအုန်းဆီ လက်လီ၊ လက်ကားရောင်းချလျှက်ရှိ‌သော စားအုန်းဆီကိုယ်စားလှယ်ဆိုင်များတွင် စားအုန်းဆီရောင်းချနေမှုအား ကွင်းဆင်းစစ်ဆေးခြင်း ”

            ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ကော့မှူးမြို့နယ်အတွင်းရှိ ရပ်ကွက်ကျေးရွာများတွင် လက်လီ၊ လက်ကားရောင်းချလျှက်ရှိသော စားအုန်းဆီကိုယ်စားလှယ်ဆိုင်များတွင် ဖြန့်ဖြူးရောင်းချလျှက်ရှိသောစားအုန်းဆီဆိုင်များကို ညွှန်ကြားချက်နှင့်အညီ စားသုံးသူပြည်သူများ ဈေးနှုန်းတည်ငြိမ်စွာဖြင့် အလွယ်တကူဝယ်ယူရရှိနိုင်ရန် ဖြန့်ဖြူးရောင်းချခြင်းရှိ/ မရှိ မေလ(၁၀)ရက်နေ့၊ နံနက်(၉:၃၀)အချိန်တွင် တာဝန်ရှိသူများက ကွင်းဆင်းစစ်ဆေးခဲ့ကြောင်းသိရှိရပါသည်။

          ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဒုတိယ မြို့နယ်အုပ်ချုပ်ရေးမှူးဦးစည်သူနှင့်ဝန်ထမ်းများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့မှခေတ္တမြို့နယ်မှူး ဦးသောင်းရွှေနှင့်တပ်ဖွဲ့ဝင်များ၊ မြို့နယ်စည်ပင်သာယာရေးဦးစီးဌာနမှအမှုဆောင်အရာရှိ ဦးတင်ထွန်းအောင်နှင့်ဝန်ထမ်းများ၊ စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံ ဦးတင်မင်းတို့ပူးပေါင်းအဖွဲ့သည် ဘုရားလမ်းရပ်ကွက်ရှိ၊ စားအုန်းဆီအရောင်းကိုယ်စားလှယ် ဒေါ်အေးငြိမ်းမြတ်၊ လက်ခိုက်ကျေးရွာသဲကုန်းပိုင်းမှ ဒေါ်မေဇင်ဦး၊ ဆပုဂံကျေးရွာရှိ ဒေါ်မော်မော်နိုင် စားအုန်းဆီအရောင်းဆိုင်များတွင် စားသုံးသူပြည်သူများဈေးနှုန်းမှန်ကန်စွာဖြင့် စားအုန်းဆီများကို အခက်အခဲမရှိဝယ်ယူစားသုံးနိုင်ရေးအတွက် ဖြန့်ဖြူးရောင်းချပေးနေသည့်အခြေအနေများအား စားအုန်းဆီကိုယ်စားလှယ်များအနေဖြင့် အပတ်စဉ်သတ်မှတ်ရည်ညွှန်းဈေးအပေါ် သယ်ယူစရိတ်ပါ (၂)ရာခိုင်နှုန်းထက်မပိုသောဈေးနှုန်းဖြင့်သာ ဖြန့်ဖြူးရောင်းချကြရန်နှင့်ဈေးနှုန်းမြှင့်တင်ရောင်းချခြင်း၊ မသမာသောရည်ရွယ်ချက်ဖြင့် အခြားဆီများဖြင့်ရောနှောရောင်းချခြင်း၊ သိုလှောင်ထားခြင်း များမပြုလုပ်ကြရန် စားသုံးသူကာကွယ်ရေးအသိပညာပေး ဆွေးနွေးပြောကြားခဲ့ပြီး စားအုန်းဆီကိုယ်စားလှယ်ဆိုင်များအနေဖြင့် လက်လီ၊ လက်ကားစားအုန်းဆီဖြန့်ဖြူးရောင်းချနေမှုအခြေအနေအား ကွင်းဆင်းစစ်ဆေးခဲ့ကြောင်းသိရှိရပါသည်။

DOCA(ရန်ကုန်)

“ တွံတေးမြို့နယ်၌ စားသုံးဆီအမျိုးမျိုးတို့တွင် ကုန်အညွှန်းအမှတ်အသားပြည့်စုံစွာ ဖော်ပြထားခြင်းရှိ/ မရှိကွင်းဆင်းစစ်ဆေးခြင်း ”

          စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံး၏ညွှန်ကြားချက်အရ တွံတေးမြို့နယ်အတွင်းရှိ စားသုံးသူပြည်သူများအနေဖြင့် စားသုံးဆီအမျိုးမျိုးတို့အား ဝယ်ယူသုံးစွဲရာတွင် ဘေးကင်းလုံခြုံစိတ်ချရမှုရှိစေရန်နှင့် စနစ်တကျဝယ်ယူသုံးစွဲတတ်စေရန်ရည်ရွယ်၍ ထုတ်ကုန်များလုံခြုံစိတ်ချရမှုရှိစေရေးတို့အတွက် မေလ(၁၃)ရက်နေ့၊ နံနက်(၈:၃၀)အချိန်နာရီတွင် တွံတေးမြို့နယ် စည်ပင်သာယာဈေးတွင် ရောင်းချလျှက်ရှိသောကုန်စုံဆိုင်များရှိ စားသုံးဆီအမျိုးမျိုးတို့တွင် သတ်မှတ်ထား‌သော ကုန်အညွှန်းအမှတ်အသားပြည့်စုံစွာဖော်ပြထားခြင်းရှိ/ မရှိ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်းသိရှိရပါသည်။

          ထိုသို့ ကွင်းဆင်းစစ်ဆေးခဲ့ရာတွင် မြို့နယ်စည်ပင်သာယာရေးဦးစီးဌာနမှ ဈေးတာဝန်ခံနှင့် ဝန်ထမ်းများ၊ စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံ ဦးအာကာမင်းတို့ပူးပေါင်းအဖွဲ့သည် တွံတေးမြို့နယ်စည်ပင်သာယာဈေးအတွင်းရှိကုန်စုံဆိုင်များ၌ လုပ်ငန်းပိုင်ရှင်ဆိုင်ရှင်များနှင့်တွေ့ဆုံကာ စားသုံးဆီအမျိုးမျိုးအား ဖြန့်ဖြူးရောင်းချရာတွင် သက်ဆိုင်ရာဌာနများမှညွှန်ကြားထားသော ကုန်အညွှန်းအမှတ်အသားဆိုင်ရာ လိုက်နာရမည့်အချက်များ၊ မြန်မာဘာသာဖြင့်ဖြစ်စေ၊ မြန်မာဘာသာ (သို့မဟုတ်)အခြားဘာသာတစ်ခုထက်ပိုပြီး တွဲလျှက်ရေးသားဖော်ပြရမည့်အချက်များ၊ စားသုံးသူပြည်သူများဘေးအန္တရာယ်ကင်းရှင်းစေရေးအတွက် စံချိန်စံညွှန်းများနှင့်ကိုက်ညီမှုမရှိသည့် စားသုံးဆီများ၊အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန (FDA)၏ ခွင့်ပြချက်မပါရှိသော၊ သက်တမ်းကုန်ဆုံးသော စားသုံးဆီအမျိုးမျိုးနှင့် စားသောက်ကုန်ပစ္စည်းများ ဖြန့်ဖြူးရောင်းချခြင်းမပြုစေရန် စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာများကို အကြံပြုဆွေးနွေးခဲ့ပြီး စားသုံးဆီအမျိုးမျိုးတို့တွင် ကုန်အညွှန်းအမှတ်အသားပြည့်စုံစွာဖော်ပြထားခြင်းရှိ/ မရှိဈေးကွက်အတွင်းကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)

ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

    စားသုံးသူရေးရာဦးစီးဌာန၊ မိုးညှင်းခရိုင်ဦးစီးမှူးရုံးမှ စစ်ဆေးရေးမှူး ဦးကျော်မိုးလွင်သည် ၁၆.၅.၂၀၂၄ ရက်နေ့တွင် မိုးညှင်းမြို့၊ မိုးဒါးစုရပ်ကွက်ရှိ ဦးအုန်းငွေ (ကုန်စုံဆိုင်)သို့ ကုန်အညွှန်းအမှတ်အသား ဖော်ပြခြင်းနှင့် ပတ်သက်၍ စားသုံးသူကာကွယ်ရေးဥပဒေပါ ပြဌာန်းချက်များနှင့် ကိုက်ညီခြင်း ရှိ/မရှိ ဈေးကွက်စောင့်ကြည့် စစ်ဆေးခဲ့ပါသည်။

   ထိုသို့ ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ရာ Mr.Good  အမှတ်တံဆိပ်ပါ ကြက်ဥပူတင်းပေါင်မုန့်တွင် ကုန်စည်အမျိုးအစားအလိုက် သတ်မှတ်ချက်များနှင့်အညီ မြန်မာဘာသာဖြင့် ပြည့်စုံစွာ ဖော်ပြရမည့် ကုန်စည်၏ အမျိုးအမည်၊ အရွယ်အစား၊ အရေအတွက်၊ အသားတင်ပမာဏ၊ သုံးစွဲပုံနည်းလမ်းတို့ကို မဖြစ်မနေဖော်ပြရမည်ဖြစ်ပြီး ကုန်အညွှန်းအမှတ်အသား ဖော်ပြထားရှိခြင်းရှိ/မရှိ ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ရာ ကုန်အညွှန်း အမှတ်အသားပြည့်စုံစွာ ဖော်ပြထားရှိကြောင်း စစ်ဆေးတွေ့ရှိရပြီး ကုန်စုံဆိုင်ပိုင်ရှင်အား ကုန်အညွှန်း အမှတ်အသား ပြည့်စုံမှန်ကန်မှုမရှိသော ကုန်စည်များကို ရောင်းချခြင်းမပြုရန် အသိပညာပေး ဆွေးနွေးခဲ့ပြီး ကုန်အညွှန်းအမှတ်အသား ဖော်ပြခြင်းဆိုင်ရာ လက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့ပါသည်။

DOCA(ကချင်)

 

 

ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

         စားသုံးသူရေးရာဦးစီးဌာန၊ ဗန်းမော်ခရိုင်ဦးစီးမှူးရုံးမှ ခရိုင်ဦးစီးမှူး ဦးအောင်ကျော်ဦးသည် ၁၅.၅.၂၀၂၄ ရက်နေ့တွင် ဗန်းမော်မြို့၊ မင်းကုန်းရပ်ကွက်ရှိ ဦးဂျော်နီ(ကုန်စုံဆိုင်)သို့ သွားရောက်၍ စားသုံးသူများဘေးအန္တရာယ် ကင်းရှင်းပြီး ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိစေရေး၊ ဘေးအန္တရာယ်ရှိသော ကုန်စည်များဈေးကွက်အတွင်းမှ ပပျောက်စေရေးနှင့် စားသုံးသူကာကွယ်ရေးဥပဒေပါ ကုန်အညွှန်းအမှတ်အသား ဖော်ပြခြင်းနှင့်ပတ်သက်၍ ကိုက်ညီမှုရှိ/မရှိ ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ပါသည်။

     ထိုသို့ ဈေးကွက်စောင့်ကြည့်စစ်ဆေးရာတွင် EL Dorada  အမှတ်တံဆိပ်ပါ ထောပတ်ကိတ်တွင် ညွှန်ကြားချက်အမှတ် (၂/၂၀၁၉)အရ ကုန်စည်ပေါ်တွင် မြန်မာဘာသာဖြင့် ဖော်ပြရမည့် အမျိုးအမည်၊ အရွယ်အစား၊ အရေအတွက်၊ အသားတင်ပမာဏ၊ ထားသိုသိမ်းဆည်မှုအညွှန်းနှင့် ဓါတ်မတည့်ကြောင်းဖော်ပြချက်တို့ပြည့်စုံစွာ ဖော်ပြပါရှိကြောင်း စစ်‌ဆေးတွေ့ရှိရပြီး ကုန်စုံဆိုင်ပိုင်ရှင်အား ကုန်အညွှန်းအမှတ်အသားပြည့်စုံမှုမရှိသည့် ကုန်စည်များ ဈေးကွက်အတွင်း ရောင်းချခြင်းမပြုရန် အသိပညာပေး ဆွေးနွေးခဲ့ပြီး ကုန်အညွှန်း အမှတ်အသား ဖော်ပြခြင်းဆိုင်ရာ လက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့ပါသည်။

DOCA(ကချင်)

 

တနင်္သာရီတိုင်း‌ဒေသကြီးဝန်ထမ်းများ ဝန်ထမ်းစွမ်းဆောင်ရည်မြှင့်တင်ရေး(အမှုထမ်း) သင်တန်း (၂/၂၀၂၄) သင်တန်းဆင်းပွဲအခမ်းအနား

    ၂၀၂၄ ခုနှစ်၊ မေလ(၁၅)ရက်နေ့၊ နံနက်(၀၉း၁၅)နာရီအချိန်တွင် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ ရုံးအမှတ်(၅၂) အစည်းအဝေးခန်းမတွင် ဝန်ထမ်းစွမ်းဆောင်ရည်မြှင့်တင်ရေး(အမှုထမ်း)သင်တန်း(၂/၂၀၂၄)သင်တန်းဆင်းပွဲအခမ်းနားကို ကျင်းပ ပြုလုပ်ခဲ့ပါသည်။

     အဆိုပါ သင်တန်းဆင်းပွဲအခမ်းအနားတွင် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးမှ သင်တန်းသား/သူများအား  သင်တန်းဆင်းအမှာစကား ပြောကြားခဲ့ပါသည်။ ဆက်လက်၍ စားသုံးသူရေးရာဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်မှ ထူးချွန်သင်တန်းသား/သူများအား ဆုများချီးမြှင့်ခြင်း၊  ရုံးချုပ်ဌာနခွဲများမှ သင်တန်းသား/သူ (၃၇)  ဦး ၊တိုင်းဒေသကြီး/ပြည်နယ်များမှ သင်တန်းသား/သူ (၁၁၃)ဦးတို့အား သင်တန်းဆင်းလက်မှတ်များအား ပေးအပ်ခဲ့ကာ သင်တန်းဆင်း အခမ်းအနားကို နံနက်(၀၉း၄၅)အချိန်တွင် ရုတ်သိမ်းခဲ့ကြောင်း သိရှိရပါသည်။ 

DOCA(တနင်္သာရီ)

Pages

Subscribe to RSS - သတင်းနှင့် လှုပ်ရှားမှုများ