သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal

လက်ပံတန်းမြို့ ၌ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

    စားသုံးသူရေးရာဦးစီးဌာန၊ သာယာဝတီခရိုင် လက်ပံတန်းမြို့၌ ခရိုင်ဦးစီးမှူး၏ လမ်းညွှန်မှုဖြင့် ၁၃.၅.၂၀၂၄ ရက်နေ့၊ နံနက်(၁၀:၀၀)နာရီအချိန်တွင် မြို့မဈေးအပြင်တန်းရှိ ဆေးဆိုင်များတွင်ရောင်းချသော ဆေးပစ္စည်းများအား ကုန်အညွှန်းအမှတ်အသားများ ပြည်စုံစွာဖော်ပြခြင်းရှိ/မရှိ မြို့နယ်တာဝန်ခံဦးချစ်ကိုကိုနှင့် ဝန်ထမ်းများမှ ဈေးကွက်စောင့်ကြည့် စစ်ဆေးခဲ့ပါသည်။

    စားသုံးသူများ   တိကျမှန်ကန်ရှင်းလင်းသော သတင်းအချက်များသိရှိစေရန်၊ စားသုံးသူများ ဘေးအန္တရာယ်ကင်းရှင်းစေရန်၊ စိတ်ကျေနပ်မှုရှိစေရန်အတွက် အာမခံချက်ပေးနိုင်သည့် အရည်အသွေး မြင့်မားသော ကုန်စည် ဝန်ဆောင်မှုများဖော်ဆောင်ဖြည့်ဆည်းပေးနိုင်စေရေးနှင့် စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် စားသုံးသူကာကွယ်ရေးဥပဒေအား သိရှိလိုက်နာဆောင်ရွက်ရန် အသိပညာပေးခြင်း ကုန်စည်အမျိုးအစားအလိုက် သတ်မှတ်ချက်များနှင့်အညီ ပြည့်စုံစွာဖော်ပြခြင်း ရှိ/မရှိ ဈေးကွက် စောင့်ကြည့်စစ်ဆေးခဲ့ပြီး လက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့ပါသည်။

DOCA(ပဲခူး)

ကြို့ပင်ကောက်မြို့နယ် သစ်ဆန်းပဲကြော်လုပ်ငန်းရှင်နှင့် တွေ့ဆုံဆွေးနွေးခြင်း

     ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ စားသုံးသူရေးရာဦးစီးဌာန၊ ကြို့ပင်ကောက်မြို့နယ် ဂုမ္မာကွင်းကျေးရွာရှိ သစ်ဆန်းပဲကြော်လုပ်ငန်းရှင်နှင့်  (၁၃.၅.၂၀၂၄) ရက်နေ့၊ နံနက်(၁၀:၀၀) နာရီအချိန်တွင် ခရိုင်ဦးစီးမှူးဦးသန်းစိုး၊  စားသုံး/ထုတ်လုံတာဝန်ခံ ဒေါ်ခိုင်ခိုင်ရီ၊  ဒုကြီးကြပ်ရေးမှူး ဒေါ်အေးအေးမော်တို့သည် ပဲကြော်လုပ်ငန်းရှင် ဦးသန်းလွင်နှင့် တွေ့ဆုံ၍ စားသုံးသူကာကွယ်ရေး ဥပဒေအခန်း(၁၈)ပါ ကုန်စည်များပေါ်တွင် ကုန်အညွှန်းအမှတ်အသား‌ဖော်ပြခြင်းနှင့်စပ်လျဉ်း၍ ကုန်စည်အမျိုးအစားအလိုက် သတ်မှတ်ချက်များနှင့်အညီ ထုတ်လုပ်ဖြန့်ဖြူးရောင်းချရန်၊ ဥပဒေ အခန်း(၁၀)ပါ စီးပွားရေးလုပ်ငန်းရှင်၏တာဝန်များ ဥပဒေအခန်း(၁၁)ပါ ကုန်စည်နှင့်စပ်လျဉ်း၍ အာမခံချက်ပေးရန်နှင့် စားသုံးသူပြည်သူများအတွက် ဘေးအန္တရာယ်ကင်းရေး အထူးအလေးထား ဆောင်ရွက်ရန် အသိပညာပေး ဆွေးနွေးဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။

DOCA(ပဲခူး)

 

ဒေသထုတ်ကုန်တိုးမြင့်ဒိန်ချဉ်လုပ်ငန်းအား ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိစေရေး ကွင်းဆင်းစစ်ဆေး

    ပဲခူးတိုင်းဒေသကြီး သာယာဝတီခရိုင် ကြို့ပင်ကောက်မြို့ စက်တိုင်ကုန်းရပ်ကွက်ရှိ “တိုးမြင့်” ဒိန်ချဉ်ထုတ်လုပ်သည့် လုပ်ငန်းအား ၁၃.၅.၂၀၂၄ ရက်နေ့နံနက်ပိုင်းတွင် စားသုံးသူရေးရာဦးစီးဌာန သာယာဝတီခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် သွားရောက်ကွင်းဆင်းခြင်းပြုလုပ်ခဲ့ရာ လုပ်ငန်းရှင် ဦးမျိုးမျိုးနှင့် တွေ့ဆုံမေးမြန်းခဲ့ပါသည်။

    ကြို့ပင်ကောက်မြို့ ‌ဒေသထုတ်ကုန်တစ်ခုဖြစ်သော တိုးမြင့်ဒိန်ချဉ် ထုတ်လုပ်သည့် လုပ်ငန်းအား လုပ်ကိုင်ခဲ့သည်မှာ နှစ်(၂၀)ကျော်ရှိပြီး ယခုဆိုလျှင် ခေတ်မီစက်ပစ္စည်းများအသုံးပြု၍ ကိုယ်ပိုင်နွားခြံဖြင့် ၎င်းမှ ထွက်ရှိသောနွားနို့များနှင့် အခြားမြို့မှ နွားနို့များကို နေ့စဉ်ဝယ်ယူ အသုံးပြုပြီး တစ်နေ့လျှင် ဒိန်ချဉ်(၃၀၀)မီလီမီတာ ဘူးသေးပေါင်း (၁၀၀၀၀)နီးပါးထုတ်လုပ်နိုင်ပြီး လက်ကား တစ်ဘူးလျှင် (၉၀၀)ကျပ်ဖြင့် လက်လီ (၁၀၀၀)ကျပ် ဈေးနှုန်းဖြင့်‌ ရောင်းချပါကြောင်း၊ မြို့နယ်တွင်းသာမက  အနီးအနားမြို့များနှင့် ရန်ကုန်၊ ပဲခူး၊  ရခိုင်၊ နေပြည်တော်အစရှိသော မြို့ကြီးများသို့ တင်ပို့ရောင်းချလျက်ရှိကာ မိသားစုလုပ်အားသာမက  အပြင်အလုပ်သမား  (၁၅)ဦး ဖြင့်နေ့စဉ် ဒိန်ချဉ် ထုတ်လုပ်ရောင်းချပါကြောင်း သိရှိရပါသည်။ အမယ်သစ်အနေဖြင့် တိုးမြင့်မလိုင်ကိုလည်း ထုတ်လုပ်လျက်ရှိကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)

နတ်တလင်းမြို့နယ်၊ ရှမ်းကုန်းကျေးရွာတွင် အဂတိလိုက်စားမှု တားဆီးကာကွယ်ရေးနှင့် စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောဆွေးနွေး

    ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ နတ်တလင်းမြို့နယ်၊ ရွာသာကုန်းအုပ်စု၊ ရှမ်းကုန်း ကျေးရွာတွင်  (၁၃.၅.၂၀၂၄) ရက်နေ့၊ နေ့လယ် (၁၃:၀၀)နာရီ၌  နတ်တလင်းခရိုင် စားသုံးသူရေးရာဦးစီးဌာနနှင့် ခရိုင်ကျေးလက်ဒေသဖွံ့ဖြိုးရေးဦးစီးဌာနတို့ ပူးပေါင်း၍ အဂတိလိုက်စားမှု တားဆီးကာကွယ်ရေးနှင့် စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြော ဆွေးနွေးပွဲပြုလုပ်ခဲ့ပါသည်။

    အဆိုပါဟောပြောဆွေးနွေးပွဲတွင် စားသုံးသူရေးရာဦးစီးဌာနအနေဖြင့် တက်ရောက်လာသူများအား စားသုံးသူကာကွယ်ရေးဥပဒေအကြောင်း  စားသုံးသူများရရှိမည့် အခွင့်အရေးများနှင့်တာဝန်များ၊ စားသုံးသူနစ်နာဆုံးရှုံးမှုနှင့် စပ်လျဉ်းသည့် ကိစ္စရပ်များတွင် ရှင်းလင်းတင်ပြခွင့်နှင့် တိုင်ကြားခွင့် ရရှိနိုင်ခြင်းအကြောင်းနှင့် တိုင်ကြားနိုင်သည့် နည်လမ်းများအကြောင်း ရှင်းလင်းဆွေးနွေးခဲ့ပါသည်။ အဆိုပါ ဟောပြောဆွေးနွေးပွဲသို့ (၅၇)ဦး တက်ရောက်ခဲ့ကြောင်း  သိရှိရပါသည်။

DOCA(ပဲခူး)

 

 

Wellness Vista Pharma Co.,Ltd အား အဖွဲ့စုံဖြင့်သွားရောက်စစ်ဆေးခြင်း

       ပြည်ထောင်စုဝန်ကြီး၏ လမ်းညွှန်မှာကြားချက်အရ ရန်ကုန်တိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ အရှေ့ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ခရိုင်ဦးစီးမှူးဦးလှစိုးဦးဆောင်၍  ခရိုင်ပြည်သူ့ ကျန်းမာရေးဦးစီးဌာနမှ ဒေါက်တာယုနန္ဒာအောင်၊ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဒေါက်တာကောင်းစံ၊ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန (ရန်ကုန်)မှ ဒေါ်ဇွန်လေးနွယ်၊ မြန်မာနိုင်ငံဆေးနှင့် ဆေးလုပ်ငန်းရှင်များဆေးအသင်းမှ ‌ဦးကျော်ကျော်မြင့် (အလုပ်အမှုဆောင်)၊   မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဦးဟိန်းဇေယျာ စသည့်အဖွဲ့ဝင်များပူးပေါင်းကာ (၈-၅-၂၀၂၄) ရက်နေ့၊ နံနက် (၁၁:၃၀) နာရီအချိန်တွင်  အမှတ်(၁၉/၂၁) ကျောင်းလမ်း၊ မင်္ဂလာတောင်ညွန့်မြို့နယ်ရှိ  Wellness Vista Pharma Co.,Ltd Co., ltd မှ လုပ်ငန်းရှင် ဦးဆာဘူရောင်းနှင့်သွားရောက်တွေ့ဆုံ၍ ဆေးသိုလှောင်ရုံတွင်းရှိ ဆေးဝါးများအား စစ်ဆေးမှုပြုလုပ်ခဲ့ကြောင်းသိရှိရပါသည်။

          ဆေးသိုလှောင်ရုံအတွင်းရှိ ဆေးများမှာ လူကြီးချွဲပျော်ဆေး၊ ကလေးချွဲပျော်ဆေး၊ ကလေးနှာဆေးပျောက်ဆေး၊ ကလေးဖျားနာပျောက်ဆေးနှင့် ချောင်းဆိုးပျောက်ဆေးများ၏ ဝယ်ယူသည့်အရေအတွက်၊ သိုလှောင်ရုံပစ္စည်းလက်ကျန်၊ ဝယ်ယူသည့်နိုင်ငံ၊ သိုလှောင်သည့်နေရာ၊ ဝယ်ယူသည့်ဈေးနှုန်း၊ ရောင်းချသည့်ဈေးနှုန်း၊ ပစ္စည်းပြတ်လပ်မှုရှိ/မရှိ၊ ဖြစ်သင့်ဖြစ်ထိုက်သည့်‌ ဈေးနှုန်းထက် ဈေးနှုန်းမြှင့်တင်ရောင်းချမှုရှိ/မရှိတို့ကိုစိစစ်ခဲ့ပြီး ဈေးနှုန်းမြှင့်တင်ရောင်းချခြင်းနှင့် ‌ဆေးဝါးများကို ဈေးကစားရန်အလို့ငှာ သိုလှေင်ထားသည်ကိုစိစစ်တွေ့ရှိပါက အရေးကြီးကုန်စည်နှင့် ဝန်ဆောင်မှုဥပဒေအရ အရေးယူခံရမည်ဖြစ်ကြောင်း အသိပညာပေးပြောကြားခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(ရန်ကုန်)

သာကေတမြို့နယ်( ယုဇန )ဆိပ်ကမ်းရှိ ကမ်းရိုးတန်းသွားရေယာဉ်များအား သွားရောက်စစ်ဆေးခြင်း

         ရန်ကုန်တိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့၏ ညွှန်ကြားချက်အရ ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးသက်နိုင်ဝင်း၊ စားသုံးသူရေးရာဦးစီးဌာန၊ အရှေ့ပိုင်းခရိုင်ဦးစီးမှူးရုံးမှ လက်ထောက်ညွှန်ကြားရေးမှူးရေးမှူး ဦးလှစိုး၊ ကုန်သွယ်ရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးဝင်းကို၊ မြန်မာ့ဆိပ်ကမ်း အာဏာပိုင်မှ ကြီးကြပ်ရေးမှူး ဦးဝင်းနိုင်၊ အမှတ်(၃)ရေကြောင်းရဲကွပ်ကဲမှုအဖွဲ့ခွဲမှ ရဲမှူးအောင်ကျော်ထူးနှင့် အကောက်ခွန်ဦးစီးဌာနမှ ဦးစီးအရာရှိ ဦးမြင့်ဇော်တို့ပါဝင်သောအဖွဲ့များသည် (၁၀-၅-၂၀၂၄) ရက်နေ့၊ နံနက် (၁၀:၀၀)နာရီအချိန်တွင် သာကေတမြို့နယ် (ယုဇန) ဆိပ်ကမ်းအား သွားရောက်စစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။

          အဆိုပါ (ယုဇန) ဆိပ်ကမ်းတွင် ဆိုက်ကပ်ထားသော MV 527  ရေယာဉ်ဖြင့် ရန်ကုန်မြို့မှ ကော့သောင်းမြို့သို့ ဆန်၊ အရက်၊ စားသောက်ကုန်များကို တင်ဆောင်နေကြောင်း စစ်ဆေးတွေ့ရှိခဲ့သဖြင့် တရားဝင်ကုန်စည်များသာဖြစ်ကြောင်းနှင့်  အဆိုပါကုန်ပစ္စည်းများသည် ယုဇနကုမ္ပဏီလီမိတက်မှ ကော့သောင်းမြို့နယ်သို့ တန်ချိန်(၅၂၇)တန်တင်ပို့ခြင်းဖြစ်ကြောင်းသိရှိရပါသည်။

 DOCA(ရန်ကုန်)

Perfect Nine Nine Co.,Ltd အား အဖွဲ့စုံဖြင့်သွားရောက်စစ်ဆေးခြင်း

        ပြည်ထောင်စုဝန်ကြီး၏ လမ်းညွှန်မှာကြားချက်အရ ရန်ကုန်တိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ အရှေ့ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ခရိုင်ဦးစီးမှူးဦးလှစိုးဦးဆောင်၍ ခရိုင်ပြည်သူ့ ကျန်းမာရေးဦးစီးဌာနမှ ဒေါက်တာယုနန္ဒာအောင်၊ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဒေါက်တာကောင်းစံ၊ အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန (ရန်ကုန်) မှ ဒေါ်ဇွန်လေးနွယ်၊ မြန်မာနိုင်ငံဆေးနှင့် ဆေးလုပ်ငန်းရှင်များဆေးအသင်းမှ ‌ဦးကျော်ကျော်မြင့်(အလုပ်အမှုဆောင်)၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှဦးဟိန်းဇေယျာ စသည့်အဖွဲ့ဝင်များပူးပေါင်း၍ (၇-၅-၂၀၂၄) ရက်နေ့၊ နေ့လယ် (၁၄:၃၀) နာရီတွင်  မင်္ဂလာတောင်ညွန့် မြို့နယ်ရှိ  Perfect Nine Nine Co.,Ltd Co., ltd မှ လုပ်ငန်းရှင် ဦးကျော်ကျော်အောင်နှင့်   သွားရောက်တွေ့ဆုံ၍ ဆေးသိုလှောင်ရုံတွင်းရှိဆေးဝါးများအား စစ်ဆေးမှု ပြုလုပ်ခဲ့ကြောင်းသိရှိရပါ သည်။

           ဆေးသိုလှောင်ရုံအတွင်း ရှိ ဆေး(၄)မျိုး၏ ဝယ်ယူသည့်အရေအတွက်၊ သိုလှောင်ရုံပစ္စည်းလက်ကျန်၊ ဝယ်ယူသည့်နိုင်ငံ၊ သိုလှောင်သည့်နေရာ၊ ဝယ်ယူသည့်ဈေးနှုန်း၊ ရောင်းချသည့် ဈေးနှုန်း၊ ပစ္စည်းပြတ်လပ်မှုရှိ/မရှိ၊ ဖြစ်သင့်ဖြစ်ထိုက်သည့်‌ဈေးနှုန်းထက် ဈေးနှုန်းမြှင့်တင်ရောင်းချမှုရှိ/မရှိတို့ကိုစိစစ်ခဲ့ပြီး ဈေးနှုန်းမြှင့်တင်ရောင်းချခြင်းနှင့် ‌ဆေးဝါးများကို ဈေးကစားရန်အလို့ငှာ သိုလှောင်ထားသည်ကိုစိစစ်တွေ့ရှိပါက အရေးကြီးကုန်စည်နှင့် ဝန်ဆောင်မှုဥပဒေအရ အရေးယူခံရမည်ဖြစ်ကြောင်း အသိပညာပေးပြောကြားခဲ့မှုကို သတင်းရရှိပါသည်။

DOCA(ရန်ကုန်)

Alpha Phama & Surgial Co.,Ltd အား အဖွဲ့စုံဖြင့်သွားရောက်စစ်ဆေးခြင်း

       ပြည်ထောင်စုဝန်ကြီး၏ လမ်းညွှန်မှာကြားချက်အရ ရန်ကုန်တိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ အရှေ့ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ခရိုင်ဦးစီးမှူးဦးလှစိုးဦးဆောင်၍  ခရိုင်ပြည်သူ့ ကျန်းမာရေးဦးစီးဌာနမှ ဒေါက်တာယုနန္ဒာအောင်၊ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဒေါက်တာကောင်းစံ၊ အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန(ရန်ကုန်)မှ ဦးမင်းကိုလတ်၊ မြန်မာနိုင်ငံဆေးနှင့် ဆေးလုပ်ငန်းရှင်များဆေးအသင်းမှ ‌ဦးလှဌေး၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဦးနေမင်းအောင် စသည့်အဖွဲ့ဝင်များပူးပေါင်း၍ (၇-၅-၂၀၂၄) ရက်နေ့၊ နံနက် (၁၁:၃၀) နာရီအချိန်တွင်  မင်္ဂလာတောင်ညွန့်မြို့နယ်ရှိ  Alpha Phama & Surgial Co., ltd မှ လုပ်ငန်းရှင် ‌ဒေါက်တာသူဇာလွင်နှင့်သွားရောက်တွေ့ဆုံ၍ ဆေးသိုလှောင်ရုံတွင်းရှိ ဆေးဝါးများ အား စစ်ဆေးမှုပြုလုပ်ခဲ့ကြောင်းသိရှိရပါသည်။

          ဆေးသိုလှောင်ရုံအတွင်း စစ်ဆေးရာတွင် နှာခေါင်းပွင့်ဆေး၊ အအန်ပျောက်ဆေး စသည့် ဆေး(၂)မျိုးသာရောင်းချကြောင်း၊ အဆိုပါဆေးများဝယ်ယူသည့်အရေအတွက်၊ သိုလှောင်ရုံပစ္စည်း လက်ကျန်၊ ဝယ်ယူသည့်နိုင်ငံ၊ သိုလှောင်သည့်နေရာ၊ ဝယ်ယူသည့်ဈေးနှုန်း၊ ရောင်းချသည့်ဈေးနှုန်း၊ ပစ္စည်းပြတ်လပ်မှုရှိ/မရှိ၊ ဖြစ်သင့်ဖြစ်ထိုက်သည့်‌ဈေးနှုန်းထက် ဈေးနှုန်းမြှင့်တင်ရောင်းချမှုရှိ/မရှိတို့ကိုစိစစ်ခဲ့ပြီး ဈေးနှုန်းမြှင့်တင်ရောင်းချခြင်းနှင့် ‌ဆေးဝါးများကို ဈေးကစားရန်အလို့ငှာ သိုလှေင်ထားသည်ကိုစိစစ်တွေ့ရှိပါက အရေးကြီးကုန်စည်နှင့်ဝန်ဆောင်မှု ဥပဒေအရ အရေးယူခံရနိုင်ကြောင်း အသိပညာပေးပြောကြားခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(ရန်ကုန်)

စားသုံးဆီ ဖြန့်ခွဲမှုနှင့် စပ်လျဉ်းသည့် ညှိနှိုင်းအစည်းအဝေးသို့ Zomm Meeting ဖြင့် တတ်ရောက်

     ၂၀၂၄  ခုနှစ်၊  မေလ၊  ၁၄  ရက်နေ့၊  နံနက် (၉း၃၀) အချိန်တွင် ညွှန်ကြားရေးမှူးချုပ် ဦးဆောင်၍ စားသုံးဆီဖြန့်ခွဲမှုနှင့် စပ်လျဉ်းသည့် ညှိနှိုင်းအစည်းအဝေးသို့  တနင်္သာရီတိုင်း‌ဒေသကြီး တိုင်းဦးစီးမှူးနှင့် ဝန်ထမ်းများမှ Zomm Meeting ဖြင့် တက်ရောက်ခဲ့ပါသည်။

     ဆက်လက်၍ စားသုံးသူရေးရာဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်မှ အဖွင့်အမှာစကား ပြောကြားခဲ့ပြီး၊ ဒုတိယညွှန်ကြားရေးမှူးချုပ်မှ စားသုံးဆီဖြန့်ခွဲမှုနှင့်စပ်လျဥ်းသည့် ကိစ္စရပ်များနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားခြင်း၊ တိုင်းဒေသကြီး/ပြည်နယ်ဦးစီးမှူးများနှင့် အပြန်အလှန်ဆွေးနွေးခြင်းများ ပြုလုပ်ခဲ့ပြီး ညွှန်ကြားရေးမှူးချုပ်မှ နိဂုံးချုပ်အမှာစကားပြောကြားခဲ့ကာ ညှိနှိုင်းအစည်းအဝေးအား နေ့လယ်(၁၃း၀၀)နာရီအချိန်တွင် ရုတ်သိမ်းခဲ့ကြောင်း သိရှိရပါသည်။

DOCA(တနင်္သာရီ)

 

ထားဝယ်မြို့၊ တဂူသိမ်စျေးရှိ စားသောက်ကုန်အရောင်းဆိုင်များအား စျေးကွက်စောင့်ကြည့် စစ်ဆေးခြင်း

     ၂၀၂၄ ခုနှစ်၊ မေလ ၁၄ ရက်နေ့ ၊ နံနက် (၀၈:၀၀) နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့မှ စစ်ဆေးရေးအရာရှိနှင့် ဝန်ထမ်းများသည် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ၊ အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ စည်ပင်သာယာရေးအဖွဲ့တို့နှင့်အတူ ထားဝယ်မြို့၊ ဝဲကျွန်းရပ်၊ တဂူသိမ်စျေး အတွင်းရှိ စားသောက်ကုန်ပစ္စည်းအမျိုမျိုး အရောင်းဆိုင်များအား စျေးကွက်စောင့်ကြည့် စစ်ဆေးခြင်း ဆောင်ရွက်ခဲ့သည်။

     အဆိုပါစျေးကွက်စောင့်ကြည့်စစ်ဆေးရာတွင် စားသုံးသူပြည်သူများ‌ ဘေးအန္တရာယ်ကင်းရှင်းစွာ ဝယ်ယူသုံးစွဲနိုင်စေရေးအတွက် စျေးကွက်အတွင်း မြန်မာဘာသာနှင့် အခြားဘာသာတစ်ခုခုနှင့်ဖြစ်စေ တွဲလျက်ဖော်ပြထားသော ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံမှန်ကန်စွာပါရှိသည့် စားသောက်ကုန်ပစ္စည်းများကိုသာ ရောင်းချရန်နှင့် သက်တမ်းလွန် စားသောက်ကုန်ပစ္စည်းများ ရောင်းချနေမှု ရှိ/မရှိ စစ်ဆေးခြင်းနှင့် အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့ကြောင်း သိရှိရပါသည်။

DOCA(တနင်္သာရီ)

Pages

Subscribe to RSS - သတင်းနှင့် လှုပ်ရှားမှုများ