သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal

Asia Health & Wealth Co., ltd အား အဖွဲ့စုံဖြင့် သွားရောက်စစ်ဆေးခြင်း

         ပြည်ထောင်စုဝန်ကြီး၏ လမ်းညွှန်မှာကြားချက်အရ ရန်ကုန်တိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ အရှေ့ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ခရိုင်ဦးစီးမှူးဦးလှစိုးဦးဆောင်၍  ခရိုင်ပြည်သူ့ ကျန်းမာရေးဦးစီးဌာနမှ ဒေါက်တာယုနန္ဒာအောင်၊ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဒေါက်တာကောင်းစံ၊ အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန(ရန်ကုန်)မှ ဦးမင်းကိုလတ်၊ မြန်မာနိုင်ငံဆေးနှင့်ဆေးလုပ်ငန်းရှင်များဆေးအသင်းမှ ‌ဒေါက်တာခိုင်သက်ဦး၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဦးအောင်နိုင်ဝင်း စသည့်အဖွဲ့ဝင်များပူးပေါင်း၍ (၇-၅-၂၀၂၄) ရက်နေ့၊ နံနက် (၁၀:၃၀) နာရီအချိန်တွင်  မင်္ဂလာတောင်ညွန့်မြို့နယ်ရှိ  Asia Health & Wealth Co., ltd မှ လုပ်ငန်းရှင် ‌ဒေါက်တာသန်းဆင့်နှင့်သွားရောက်တွေ့ဆုံ၍ ဆေးသိုလှောင်ရုံတွင်းရှိ ဆေးဝါးများအား စစ်ဆေးမှုပြုလုပ်ခဲ့ကြောင်းသိရှိရပါသည်။

           ဆေးသိုလှောင်ရုံအတွင်းစစ်ဆေးရာတွင် Albrel (Human Albumin Solution BP/EP) ‌ဆေးတစ်မျိုးသာရှိပြီး အဆိုပါဆေးဝယ်ယူသည့်အရေအတွက်၊ သိုလှောင်ရုံပစ္စည်းလက်ကျန်၊ ဝယ်ယူသည့်နိုင်ငံ၊ သိုလှောင်သည့်နေရာ၊ ဝယ်ယူသည့်ဈေးနှုန်း၊ ရောင်းချသည့်ဈေးနှုန်း၊ ပစ္စည်းပြတ်လပ်မှုရှိ/မရှိ၊ ဖြစ်သင့်ဖြစ်ထိုက်သည့်‌ဈေးနှုန်းထက် ဈေးနှုန်းမြှင့်တင်ရောင်းချမှုရှိ/ မရှိတို့ကို စိစစ်ခဲ့ပြီး တချို့ဆေးဝါးများမှာ လိုင်စင်လျှောက်ထားဆဲဖြစ်ကြောင်း သတင်းရရှိပါသည်။

DOCA(ရန်ကုန်)

လူသုံးကုန်၊ စားသောက်ကုန်ဖြန့်ဖြူးသည့် ကုမ္ပဏီများအား ဈေးကွက်စစ်ဆေးခြင်း

      ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ကလောခရိုင်၊ အောင်ပန်းမြို့ရှိ လူသုံးကုန်နှင့် စားသောက်ကုန် ဖြန့်ဖြူးသည့် ကုမ္ပဏီများသို့ (၁၃.၅.၂၀၂၄) ရက်နေ့တွင် စားသုံးသူရေးရာဦးစီးဌာန၊ ကလောခရိုင် ဦးစီးမှူးရုံးမှ စစ်ဆေးရေးမှူးများနှင့် ဝန်ထမ်းများသည်လူသုံးကုန်ဖြန့်ဖြူးသည့် ကုမ္ပဏီများတွင် ဈေးကွက်စစ်ဆေးမှုအရ မြန်မာဘာသာကုန်အညွှန်းအမှတ်အသားဖော်ပြခြင်း၊ ထုတ်ကုန်လုံခြုံစိတ် ချရမှုရှိစေရေး လမ်းညွှန်ချက်များအပေါ် ကုမ္ပဏီလုပ်ငန်းရှင်များမှ လိုက်နာလာသည်ကိုတွေ့ရှိရပါ သည်။

     စားသောက်ကုန်ဖြန့်ဖြူးသည့် ကုမ္ပဏီများသို့ သွားရောက်စစ်ဆေးရာတွင် စားသောက်ကုန် တော်တော်များများ မြန်မာဘာသာဖြင့် ကုန်အညွှန်းအမှတ်အသား၊ စားသုံးသူကာကွယ်ရေးဥပဒေနှင့်အညီ ရောင်းချနေသော်လည်း တချို့စားသောက်ကုန်ပစ္စည်းများတွင် မြန်မာဘာသာကုန်ညွှန်းအမှတ်အသားမပါရှိသည့် ကုန်စည်များကိုလည်း စစ်ဆေးတွေ့ရှိရပါသည်။ ထိုသို့ မြန်မာဘာသာကုန် ညွှန်းအမှတ်အသားမပါသည့် ကုန်စည်များအား ဈေးကွက်တွင် မရောင်းချရန်နှင့် စားသုံးသူကာ ကွယ်ရေးဥပဒေနှင့် အညီရောင်းချဖြန့်ဖြူးနိုင်ရေး ပညာပေးဆွေးနွေးခဲ့ပါကြောင်း သိရှိရပါသည်။

DOCA(ရှမ်း)

ကော့သောင်းမြို့ စာဖတ်သူပြည်သူများအား စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောခြင်း

        တနင်္သရီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန ကော့သောင်းခရိုင်ဦးစီးမှူးရုံးမှ ဒေါ်မြသီတာ (ဦးစီးအရာရှိ) သည် ၂၀၂၄ ခုနှစ် မေလ ၁၃ရက်နေ့ နံနက် (၉:၀၀)နာရီ အချိန်တွင် ကော့သောင်းခရိုင်ပြန် ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးတွင် စာဖတ်သူပြည်သူများအား စားသုံးသူကာကွယ်ရေး အသိပညာပေး ဟောပြောခြင်းကို ဆောင်ရွက်ခဲ့ပါသည်။

          အဆိုပါဟောပြောဆွေးနွေးပွဲတွင် ကော့သောင်းခရိုင် စားသုံးသူရေးရာဦးစီးဌာန ဒေါ်မြသီတာ (ဦးစီး အရာရှိ)မှ စားသုံးသူကာကွယ်ရေးဥပဒေ အကြောင်းများထဲမှ စားသုံးသူအခွင့်အရေးများ၊ ကုန်စည်၊ ဝန်ဆောင်မှုနှင့်စပ်လျဉ်း၍ အာမခံပေးထားမှုအပေါ် စားသုံးသူကတောင်းဆိုနိုင်သည့် အခွင့်အရေးများ၊ ကုန် အညွှန်းအမှတ်အသားနှင့် စပ်လျဉ်းသည့်ကိစ္စများအကြောင်း၊ ကုန်စည် ဝန်ဆောင်မှုနှင့် စပ်လျဉ်း၍ စားသုံး များ နစ်နာမှုရှိပါက အရေးဆိုတိုင်ကြားနိုင်သည့် Call Center 1535 သို့ဆက်သွယ်မေးမြန်း တိုင်ကြားနိုင်ပြီး ဖြစ်‌ကြောင်း ဟောပြောခဲ့သည်ဟု သတင်းရရှိပါသည်။

DOCA(တနင်္သာရီ)

ပို့ကုန်သွင်းကုန် လုပ်ငန်းမှတ်ပုံတင် လျှောက်ထားလာမှုအပေါ်သွားရောက်စစ်ဆေးခြင်း

        ကုန်သွယ်ရေးဦးစီးဌာနတွင် ပို့ကုန်သွင်းကုန် လုပ်ငန်းရှင်မှတ်ပုံတင်အသစ် လျှောက်ထားလာသော တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းမြို့ အမှတ် (၄၇)၊ ဗိုလ်ချူပ်လမ်း၊ သီရီမြိုင်ရပ်ကွက် KAWTHAUNG STAR TRADING CO.LTD ကုမ္မဏီ တည်ထောင်မှုနှင့် ပတ်သက်၍ အမှန်တကယ် လုပ်ငန်းဆောင်ရွက်မှု ရှိ/မရှိ သတ်မှတ်ပုံံစံများနှင့် အတူ (၁၂.၅.၂၀၂၄) ရက်နေ့ နံနက် (၉:၀၀) အချိန်တွင် စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာန၊ ကော့သောင်းခရိုင် ကုန်သွယ်ရေးဦးစီးဌာန နှင့် စားသုံးသူရေးရာဦးစီးဌာနတို့ သွားရောက်၍ စနစ်တကျမြေပြင်ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(တနင်္သာရီ)

ကော့သောင်းမြို့ စာဖတ်သူပြည်သူများအား စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောခြင်း

         တနင်္သရီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန ကော့သောင်းခရိုင်ဦးစီးမှူးရုံးမှ ဒေါ်မြသီတာ (ဦးစီးအရာရှိ) သည် ၂၀၂၄ ခုနှစ် မေလ ၁၃ရက်နေ့ နံနက် (၉:၀၀)နာရီ အချိန်တွင် ကော့သောင်းခရိုင်ပြန် ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးတွင် စာဖတ်သူပြည်သူများအား စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောခြင်းကို ဆောင်ရွက်ခဲ့ပါသည်။

          အဆိုပါဟောပြောဆွေးနွေးပွဲတွင် ကော့သောင်းခရိုင် စားသုံးသူရေးရာဦးစီးဌာန ဒေါ်မြသီတာ (ဦးစီးအရာရှိ)မှ စားသုံးသူကာကွယ်ရေးဥပဒေ အကြောင်းများထဲမှ စားသုံးသူအခွင့်အရေးများ၊ ကုန်စည်၊ ဝန်ဆောင်မှုနှင့် စပ်လျဉ်း၍ အာမခံပေးထားမှုအပေါ် စားသုံးသူကတောင်းဆိုနိုင်သည့် အခွင့်အရေးများ၊ ကုန် အညွှန်းအမှတ်အသားနှင့် စပ်လျဉ်းသည့်ကိစ္စများအကြောင်း၊ ကုန်စည်ဝန်ဆောင်မှုနှင့်စပ်လျဉ်း၍ စားသုံးများ နစ်နာမှုရှိပါက အရေးဆိုတိုင်ကြားနိုင်သည့် Call Center 1535 သို့ဆက်သွယ်မေးမြန်း တိုင်ကြားနိုင်ပြီး ဖြစ်‌ကြောင်း ဟောပြောခဲ့သည်ဟု သတင်းရရှိပါသည်။

DOCA(တနင်္သာရီ)

ဘားအံမြို့ပေါ်များရှိ ဆန်အရောင်းဆိုင်များသို့ ကွင်းဆင်းစစ်ဆေး

     စားသုံးသူရေးရာဦးစီးဌာန၊ကရင်ပြည်နယ်ဦးစီးမှူးရုံးမှ ဦးမျိုုးဝင်းနိုင် (ဦးစီးအရာရှိ)ပါ ဝန်ထမ်းများသည် ဆက်စပ်အဖွဲ့များဖြစ်သော ကရင်ပြည်နယ်ဆန်ကုန်သည်များအသင်း၊ ကရင်ပြည်နယ် ဆန်စက်လုပ်ငန်းရှင်များအသင်းနှင့် ပေါင်းစပ်၍ ၉.၅.၂၀၂၄ ရက်နေ့၊နံနက်(၁၀:၀၀) နာရီအချိန်တွင် ဘားအံမြို့ပေါ်ရှိ ဆန်ဆိုင်ကြီးများအား ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

      ထိုသို့ကွင်းဆင်းစစ်ဆေးဆောင်ရွက်ရာတွင် လက်လီ/လက်ကား ရောင်းချလျက်ရှိသော ဆန်ဆိုင်ကြီးများ၏ ဆန်စီးဝင်စီးထွက်မှုအခြေအနေ၊ ရောင်းဝယ်ဖောက်ကားမှု၊ သိုလှောင်ရောင်းချမှု ၊ ဈေးနှုန်း/ ဈေးကွက်ဖြစ်ပေါ်မှု၊ ဝယ်လိုအား၊ဈေးကွက်လက်ကျန်၊ တွက်ခြေကိုက်မှု အကျိုးအမြတ်အခြေအနေများကို  ကွင်းဆင်းစိစစ်ခဲ့ကြသည်။

       စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာနသည် ဆန်အပါအဝင် အခြေခံစားကုန်ပစ္စည်းများ ဈေးကွက်ပြတ်လပ်မှုမရှိစေရေး၊ ဈေးနှုန်းကြီးမြင့်မှုမရှိစေရေးနှင့် ဈေးနှုန်းတည်ငြိမ်စေရေးအတွက် ကြပ်မတ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

DOCA(ကရင်)

ဆောက်လုပ်ရေးလုပ်ငန်းသုံး ဘိလပ်မြေများ ပြတ်လပ်မှုရှိ/မရှိ ကွင်းဆင်းစစ်ဆေး

          ၂၀၂၄ခုနှစ်၊ မေလ(၁၄)ရက်နေ့၊ မွန်းလွဲ(၁၃း၀၀)အချိန်တွင် မြိတ်ခရိုင်စားသုံးသူရေးရာဦးစီး ဌာနနှင့် မြို့နယ်စည်ပင်သာယာရေးအဖွဲ့တို့မှ မြိတ်မြို့ပေါ်ရှိ ဆောက်လုပ်ရေးလုပ်ငန်းသုံး ဘိလပ်မြေ များအား ပစ္စည်းပြတ်လပ်မှုရှိ/ မရှိ ကွင်းဆင်းစစ်ဆေးခဲ့ကြပါသည်။

ကွင်းဆင်းစစ်ဆေးမှုအရ မြိတ်မြို့ပေါ်ရှိ ဘိလပ်မြေအရောင်းဆိုင်များတွင် ဘိလပ်မြေ လိုအပ်သလိုဝယ်ယူရရှိနိုင်ပြီး ဘိလပ်မြေများပြတ်လပ်မှုမရှိကြောင်း သတင်းရရှိပါသည်။

DOCA(တနင်္သာရီ)

မြိတ်မြို့တွင် ကုန်စျေးနှုန်းတည်ငြိမ်စေရေး ကွင်းဆင်းစစ်ဆေး

        ၂၀၂၄ခုနှစ်၊ မေလ(၁၄)ရက်နေ့၊ နံနက် (၈း၃၀)အချိန်တွင် ခရိုင်စားသုံးသူရေးရာဦးစီးဌာန၊  ခရိုင်အထူးစုံစမ်းစစ်ဆေးရေးအဖွဲ့၊ ဗဟိုစာရင်းအင်းဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့တို့ ပါဝင်သော မြိတ်ခရိုင်ကုန်စျေးနှုန်းတည်ငြိမ်ရေးအဖွဲ့ဝင်များသည် မြိတ်မြို့၊ တပ်ပြင်ရပ်၊ စည်ပင် သာယာစျေးရှိ ဟင်းသီးဟင်းရွက်၊ အသားငါး အရောင်းဆိုင်များသို့သွားရောက်၍ စျေးနှုန်းမြှင့်တင် ရောင်းချမှုမရှိစေရေး ကွင်းဆင်းစစ်ဆေးခဲ့ကြပါသည်။

       ဟင်းသီးဟင်းရွက်၊ အသားငါးအရောင်းဆိုင်များအား ကွင်းဆင်းစစ်ဆေးရာတွင် သန့်ရှင်းလတ်ဆတ်မှုနှင့် အလေးချိန်မှန်ကန်စွာဖြင့်ရောင်းချစေရေးနှင့် ဒေသတွင်းဖြစ်သင့်ဖြစ်ထိုက်သော စျေးနှုန်း များဖြင့် ရောင်းချစေရေး ပြောကြားခဲ့ကြောင်း သတင်းရရှိခဲ့ပါသည်။

DOCA(တနင်္သာရီ)

ဆန်သိုလှောင်ရုံနှင့် ဆန်ဆိုင်ကြီးများအား အဖွဲ့စုံဖြင့် ကွင်းဆင်းစစ်ဆေးခြင်း

          စားသုံးသူရေးရာဦးစီးဌာန၊ မြောက်ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ဦးအောင်တင်စိုး၊ ခရိုင်ဦးစီးမှူးပါ (၃)ဦး၊ ဘုရင့်နောင်ဈေးစည်ပင်ဌာနမှ ဦးမင်းထူး(ပုံသေ)၊ မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်မှ ဦးညီညီပိုင်ထက်(အလုပ်အမှုဆောင်)တို့ပူးပေါင်းပါဝင်လျက် ၉.၅.၂၀၂၄ ရက်နေ့၊ နံနက် (၁၀:၅၀)နာရီအချိန်မှစ၍ ဘုရင့်နောင်ဈေးကြီးအတွင်းရှိ ဆန်ဆိုင်များ၊ ဆန်သိုလှောင်ရုံများသို့သွားရောက်ကာ ကွင်းဆင်းစစ်ဆေးခြင်းလုပ်ငန်းများဆောင်ရွက်ခဲ့ပါသည်။

          ထိုသို့ဆောင်ရွက်ရခြင်းမှာ ဆန်အပါအဝင် အခြေခံစားသောက်ကုန်ပစ္စည်းများပြတ်လပ်မှုမရှိစေရေး၊ ဈေးနှုန်းကြီးမြင့်မှုမရှိစေရေးနှင့် ဈေးနှုန်းများတည်ငြိမ်စေရေးအတွက် ကြပ်မတ် ဆောင်ရွက်စေရန်အတွက် ဆန်ဆိုင်များအနေဖြင့် ဈေးနှုန်းမြှင့်တင်ရောင်းချခြင်း၊ သိုလှောင်ခြင်း၊ ဖြန့်ဖြူးရောင်းချခြင်းရှိ/မရှိ ဘုရင့်နောင်ဈေးကြီးအတွင်းရှိ ဆန်သိုလှောင်ရုံနှင့်ဆန်ဆိုင်ကြီးများဖြစ်သော သီရိပွဲရုံ၊ ချမ်းသာအောင်ပွဲရုံ၊ ငွေပဒေသာဆန်ဆိုင်၊ ဦးဝင်းနိုင်ဆန်ဆိုင်၊ ကမ္ဘာကျော်ပွဲရုံနှင့် အောင်မြတ်ကျော်ပွဲရုံတို့ကို ကွင်းဆင်းစစ်ဆေးခဲ့ကြောင်းသိပါသည်။

DOCA(ရန်ကုန်)

မုဒုံမြို့နယ်ရှိ ဆေးဆိုင်များတွင် Prescription Only Medicine (POM)ဆေးဝါးများ ဆေးညွှန်းစာမပါပဲ ရောင်းချနေမှု မရှိစေရေး ကွင်းဆင်းစစ်ဆေးခြင်း

    မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ မုဒုံမြို့နယ်တွင် ပြည်သူများ ပဋိဇီဝဆေးယဉ်ပါးမှုအန္တရာယ်ကာကွယ်နိုင်ရေးအတွက် ဆေးဝါးအရောင်းဆိုင်များတွင် ဆရာဝန်ဆေးညွှန်းစာဖြင့် ရောင်းချရန် လိုအပ်သည့်(POM)ဆေးဝါးများကို ဆေးညွှန်းစာမပါပဲ ရောင်းချနေမှု ရှိ/မရှိအား မြို့နယ်ကျန်းမာရေးဦးစီးဌာန၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ စည်ပင်သာယာရေးအဖွဲ့တို့ ပူးပေါင်း၍ ၁၃.၅.၂၀၂၄ ရက်နေ့တွင် လိုက်လံကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။

      ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် မြို့နယ်ကျန်းမာရေးဦးစီးမှူးမှ မုဒုံမြို့နယ်ရှိ ဆေးဝါးဆိုင်များ၌ သတ်မှတ်လိုင်စင် စည်းကမ်းများနှင့်အညီ ရောင်းချရန်နှင့် ဆရာဝန်ဆေးညွှန်းစာပါမှသာ ရောင်းချရမည့် (POM)ဆေးဝါးများအား ဆေးညွှန်းစာမပါပဲ ရောင်းချနေခြင်းရှိ/မရှိကို လိုက်လံစစ်ဆေးခဲ့ရာ မုဒုံမြို့နယ်ရှိ ဆေးဝါးဆိုင်များတွင် အဆိုပါ (POM)ဆေးဝါးများအား ဆရာဝန်ဆေးညွှန်းစာမပါပဲ ရောင်းချနေခြင်း မရှိကြောင်း သိရှိရသည်။

DOCA(မွန်)

 

Pages

Subscribe to RSS - သတင်းနှင့် လှုပ်ရှားမှုများ