သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal

“ဆေးနှင့်ဆေးပစ္စည်းဆိုင်များအား ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း”

      (၃-၅-၂၀၂၄)ရက်နေ့ ၊ နံနက်(၀၉:၃၀)နာရီအချိန်တွင် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနနှင့် စားသုံးသူရေးရာဦးစီးဌာနတို့  ပူးပေါင်း၍ ကျောက်ဆည်မြို့ပေါ်ရှိ ဆေးနှင့် ဆေးပစ္စည်းလက်လီလက်ကား အရောင်းဆိုင်များသို့ သွားရောက်၍ ကျန်းမာရေးအထောက်အကူပြုပစ္စည်းများ ၊ ဆေးဝါးများအား ဈေးကွက်စောင့်ကြည့် စစ်ဆေးခဲ့ပါသည် ။ ထို့သို့ ကွင်းဆင်းစစ်ဆေးရာတွင် ဆေးပစ္စည်းအရောင်းဆိုင်များ၌ လုပ်ငန်းလိုင်စင်ရှိ/မရှိ၊ သက်ဆိုင်ရာဌာနများမှ ထုတ်ပြန်ထားသော သုံးစွဲရန်မသင့်ဆေးဝါးများ ရောင်းချမှု ရှိ/မရှိကွင်းဆင်း စစ်ဆေးခဲ့ပါသည်။ ကျောက်ဆည်ခရိုင်၊ စားသုံးသူရေးရာဦးစီးဌာနမှဒု-ဦးစီးမှူးဦဇော်မော်ထွန်းမှ ဆေးဝါးနှင့်ဖြည့်စွက်စာများနှင့် ပတ်သက်၍ မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင်မှ ညွှန်ကြားအမှတ်(၂/၂၀၂၁၉)ဖြင့် ထုတ်ပြန်ခဲ့ပါ ကြောင်း၊ ၄င်းညွှန်ကြားချက်များတွင် ဆရာဝန်ညွှန်ကြားချက်မလိုသော အိမ်သုံးဆေးဝါး သောက်ဆေး အမျိုးမျိုး၊ ဆရာဝန်ညွှန်ကြားချက်မလိုသော အိမ်သုံးဆေးဝါးလိမ်းဆေးအမျိုးမျိုး၊ အာဟာရဖြည့်စွက်စာအမျိုးမျိုး ၊ တိုင်းရင်းဆေးအမျိုးမျိုးတို့တွင် ကုန်ပစ္စည်းအမျိုးအမည်၊ အရွယ်အစား၊ အရေအတွက်၊ အသားတင်ပမာဏ၊ ထားသိုသိမ်းဆည်းမှုအညွှန်း ၊ ဓါတ်မတည့်ကြောင်းဖော်ပြချက် ၊ ဘေးထွက်ဆိုးကျိုး၊ ကြိုတင်သတိပေးချက်စသည့် ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းဆိုင်ရာ အချက်အလက်များအား မြန်မာဘာသာဖြင့် ပြည့်စုံမှန်ကန်စွာ ဖော်ပြရန်လိုအပ်ကြောင်း ၊ စားသုံးသူကာကွယ်ရေး ဥပဒေပါ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းဆိုင်ရာ အချက်အလက်များပါဝင်မှုမရှိသော ကုန်စည်များ ရောင်းချပါက စားသုံးသူကာကွယ်ရေးဥပဒေအရ အရေးယူခံရနိုင်ကြောင်း ရှင်းလင်းပြောကြားခဲ့ပြီး မြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီဌာန၊ ကျန်းမာရေးမှူးဦးမျိုးသက်ခိုင်မှ ပဋိဇီဝ‌ဆေးယဉ်ပါးမှု ကာကွယ်ရန်အတွက် မြို့နယ်အတွင်းရှိ ဆေးဝါးလက်လီ၊ လက်ကားရောင်းချသည့် ဆေးဆိုင်များတွင် ဆရာဝန်ဆေးညွှန်းစာဖြင့် ရောင်းချခြင်းရှိ/မရှိကို ကွင်းဆင်းရခြင်းဖြစ်ကြောင်း အသေးစိတ် ရှင်းလင်းပြောကြားခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(မန္တလေး)

 

                                        

“ ဒလမြို့နယ်၌ အသင့်သောက်အချိုရည်များတွင် ကုန်အညွှန်းအမှတ်အသားပြည့်စုံစွာဖော်ပြထားခြင်းရှိ/မရှိ ကွင်းဆင်းစစ်ဆေးခြင်း ”

          ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ဒလမြို့နယ်အတွင်းရှိ စားသုံးသူပြည်သူများ စားသောက်ကုန်ပစ္စည်းအမျိုးမျိုးအား ဝယ်ယူသုံးစွဲရာတွင် ဘေးကင်းလုံခြုံစိတ်ချမှုရှိစေရန်နှင့်စနစ်တကျဝယ်ယူသုံးစွဲတတ်စေရန် ရည်ရွယ်၍ ထုတ်ကုန်များလုံခြုံစိတ်ချရမှုရှိစေရေးတို့အတွက် မေလ(၉)ရက်နေ့၊ နံနက်(၉:၀၀)နာရီ အချိန်တွင် ဒလမြို့ပေါ်ရပ်ကွက်များတွင် ရောင်းချလျက်ရှိသော အအေးနှင့်မုန့်မျိုးစုံစတိုးဆိုင်များရှိ အသင့်သောက်အချိုရည်အမျိုးမျိုးတို့တွင် သတ်မှတ်ထားသော ကုန်အညွှန်းအမှတ်အသားဖာ်ပြချက်များ ပြည့်စုံမှုရှီ/ မရှိကွင်းဆင်းစစ်ဆေးခဲ့ကြောင်းသိရှိရပါသည်။

          ထိုသို့ ကွင်းဆင်းစစ်ဆေးခဲ့ရာတွင် မြို့နယ်စည်ပင်သာယာရေးဦးစီးဌာနမှ ဈေးတာဝန်ခံနှင့်ဝန်ထမ်းများ၊ စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံ ဦးသန်းနိုင်တို့ ပူးပေါင်းအဖွဲ့သည် ဒလမြို့နယ် စွယ်တော်လမ်း၊ ကမာကဆစ်ရပ်ကွက်ရှိ မစန္ဒာကုန်စုံဆိုင်နှင့်ခရေလမ်း၊ အမှတ်(၅၄၃) ကမာကဆစ်ရပ်ကွက်ရှိ ဒေါ်ဇင်ညိုလတ် ကုန်စုံဆိုင်တို့၌ ကုန်စုံဆိုင်လုပ်ငန်းပိုင်ရှင်တို့နှင့်တွေ့ဆုံကာ အသင့်သောက်အချိုရည်အမျိုးမျိုးအား ဖြန့်ဖြူးရောင်းချရာတွင် သက်ဆိုင်ရာဌာနများမှ ညွှန်ကြားထားသော ကုန်အညွှန်းအမှတ်အသားဆိုင်ရာလိုက်နာရမည့်အချက်များ၊ မြန်မာဘာသာဖြင့်ဖြစ်စေ၊ မြန်မာဘာသာ(သို့မဟုတ်)အခြားဘာသာတစ်ခုထက်ပို၍ တွဲလျှက်ရေးသားဖော်ပြရမည့်အချက်များအား စားသုံးသူပြည်သူများဘေးအန္တရာယ်ကင်းရှင်းစေရေးအတွက် စံချိန်စံညွှန်းများနှင့်ကိုက်ညီမှုမရှိသည့်  စားသောက်ကုန်ပစ္စည်းများ၊ ကုန်အညွှန်းအမှတ်အသားပြည့်စုံစွာမပါရှိသည့် အသင့်သောက်အချိုရည်များ၊ အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန (FDA)ခွင့်ပြုချက်မရှိသော သက်တမ်းလွန်နေသောအသင့်သောက်အချိုရည်အမျိုးမျိုးနှင့်စားသောက်ကုန်ပစ္စည်းများဖြန့်ဖြူးရောင်းချခြင်း မပြုစေရန် စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာများကို အကြံပြုဆွေးနွေးခဲ့ပြီး အသင့်သောက်အချိုရည်အမျိုးမျိုးတို့တွင် ကုန်အညွှန်းအမှတ်အသားပြည့်စုံစွာဖော်ပြထားခြင်း ရှိ/မရှိ ဈေးကွက်အတွင်းကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)

“ သုံးခွမြို့နယ်၌ စားသုံးဆီ အမျိုးမျိုးတွင်ကုန်အညွှန်းအမှတ်အသားပြည့်စုံစွာဖော်ပြထားခြင်း ရှိ/မရှိ ဈေးကွက်စောင့်ကြည့် ကွင်းဆင်းစစ်ဆေးခြင်း ”

သုံးခွမြို့နယ်၊ မေလ (၉) ရက်

      ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ သုံးခွမြို့နယ်အတွင်းရှိ စည်ပင်သာယာမြို့မဈေးအတွင်း စားသုံးဆီအမျိုးမျိုး(ဗူးဆီ) ရောင်းချလျှက်ရှိသောဈေးဆိုင်များသို့ စားသုံးသူရေးရာ ဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီး ဦးစီးမှူးရုံး၏ညွှန်ကြားချက်နှင့်အညီ စားသုံးသူပြည်သူများ စားသောက်ကုန်အမျိုးမျိုးတို့အားဝယ်ယူစားသုံးရာ၌ ဘေးအန္တရာယ်ကင်းရှင်းစေရန်နှင့်လုံခြုံစိတ်ချရမှုရှိစေရေးတို့အတွက် မေလ(၉)ရက်နေ့၊ နံနက်(၁၁:၀၀)နာရီအချိန်တွင် ကုန်အညွှန်းအမှတ်အသားပြည့်စုံစွာဖော်ပြထားခြင်း ရှိ/မရှိ ဈေးကွက်စောင့်ကြည့်ကွင်းဆင်း စစ်ဆေး ခဲ့ကြောင်းသိရှိရပါသည်။

      ထိုသို့ ကွင်ဆင်းစစ်ဆေးခဲ့ရာတွင် စားသုံးသူရေးရာဦးစီးဌာနမှ သုံးခွမြို့နယ်တာဝန်ခံဒေါ်စန်းစန်းမော်နှင့် မြို့နယ်စည်ပင်သာယာရေးဦးစီးဌာနမှ ဈေးတာဝန်ခံနှင့်ဝန်ထမ်းများသည် စည်ပင်သာယာမြို့မဈေးအတွင်း၌ ကုန်ခြောက်၊ ကုန်မျိုးစုံဆိုင်များတွင် ရောင်းချလျှက်ရှိသော စားသုံးဆီအမျိုးမျိုး(ဗူးဆီ)များတွင် ကုန်အညွှန်းအမှတ်အသားဖော်ပြရမည့်အချက်များ ပြည့်စုံမှုရှိ/ မရှိ၊ သက်ဆိုင်ရာဌာနများမှညွှန်းကြားထားသောအချက်များ၊ အရည်အသွေး စံချိန် စံညွှန်းကိုက်ညီမှုမရှိသော စားသုံးဆီအမျိုးမျိုး၊ အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန(FDA) ခွင့်ပြုချက်မပါရှိသော သက်တမ်းကုန်ဆုံးနေသောစားသုံးဆီအမျိုးမျိုးအပါအဝင် အခြားသောစားသောက်ကုန်ပစ္စည်းများ ဖြန့်ဖြူးရောင်းချခြင်းများမပြုလုပ်ကြစေရန်နှင့်စားသုံး သူကာကွယ်ရေးဆိုင်ရာသိကောင်းစရာများအား အကြံပြုဆွေးနွေးခဲ့ပြီး စားသုံးဆီအမျိုးမျိုး(ဗူးဆီ)များအား ကုန်အညွှန်းအမှတ်အသားပြည့်စုံစွာဖော်ပြထားခြင်းရှိ/ မရှိ ဈေးကွက်စောင့်ကြည့်ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။

 

“ သုံးခွမြို့နယ်၌ အသင့်သောက်အချိုရည်အမျိုးမျိုးရောင်းချသည့်ဆိုင်များအား ဈေးကွက်စောင့်ကြည့် ကွင်းဆင်းစစ်ဆေးခြင်း ”

သုံးခွမြို့နယ်၊ မေလ (၁၀) ရက်

       ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ သုံးခွမြို့နယ်အတွင်းရှိ စည်ပင်သာယာမြို့မဈေးအတွင်း/ အပြင်နှင့်ရပ်ကွက်များတွင် အသင့်သောက်အချိုရည်အမျိုးမျိုးရောင်းချလျှက်ရှိသောဆိုင်များသို့ စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံး၏ညွှန်ကြားချက်နှင့်အညီ ပြည်တွင်း/ ပြည်ပမှ ထုတ်လုပ်တင်သွင်းသောကုန်စည်များနှင့်စပ်လျဉ်၍ ဘေးအန္တရာယ်ရှိ/ မရှိ စောင့်ကြည့်စစ်ဆေးခြင်းနှင့်ကုန်အညွှန်းအမှတ်အသားတွင်ဖော်ပြရမည့် အချက်များပါဝင်မှုရှိ/ မရှိ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းအား မေလ(၁၀)ရက်နေ့၊ နံနက် (၁၀:၀၀)နာရီအချိန်တွင် မိတ်ဖက်ဌာနမှတာဝန်ရှိသူများက ပူးပေါင်းဆောင်ရွက် ကွင်းဆင်းစစ်ဆေးခဲ့ကြောင်းသိရှိရပါသည်။

         အဆိုပါ ကွင်းဆင်းစစ်ဆေးမှုတွင် စားသုံးသူရေးရာဦးစီးဌာနမှ သုံးခွမြို့နယ်တာဝန်ခံဒေါ်စန်းစန်းမော်နှင့် မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ ဈေးတာဝန်ခံနှင့်ဝန်ထမ်းများသည် စည်ပင်သာယာမြို့မဈေးအတွင်း/ အပြင်နှင့်ရပ်ကွက်များရှိ ကုန်မျိုးစုံဆိုင်များမှရောင်းချနေသော အသင့်သောက်အချိုရည်အမျိုးမျိုးတွင် စားသုံးသူပြည်သူများအား ဘေးအန္တရာယ်ကင်းရှင်းစေရန်နှင့် ကုန်အညွှန်းအမှတ်အသားတွင် မြန်မာဘာသာဖြင့်ဖြစ်စေ၊ မြန်မာဘာသာနှင့်အခြားဘာသာတစ်ခု (သို့မဟုတ်) တစ်ခုထက်ပိုပြီး တွဲလျှက်ဖြစ်စေ မဖြစ်မနေဖော်ပြရမည့်အချက်များတွင် ပါဝင်မှုရှိ/ မရှိ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း၊ ဈေးကွက်အတွင်း ကုန်အညွှန်းအမှတ်အသားပြည့်စုံမှုမရှိသည့် အသင့်သောက်အချိုရည်အမျိုးမျိုးအပါအဝင် ဘေးအန္တရာယ်ရှိကုန်စည်များရောင်းချခြင်းမပြုလုပ်ကြရန် ထိုသို့ပြုလုပ်မှုအားစစ်ဆေးတွေ့ရှိပါက စားသုံးသူကာကွယ်ရေးဥပဒေနှင့်အညီ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်းသိရှိရပါသည်။

DOCA(ရန်ကုန်)

သာယာဝတီခရိုင်အတွင်းရှိမြို့နယ်များတွင် ဆေးနှင့်ဆေးပစ္စည်းဈေးနှုန်းမြင့်တက် ရောင်းချခြင်း ရှိ/ မရှိ ကွင်းဆင်းခြင်း

      ပဲခူးတိုင်းဒေသကြီး ၊သာယာဝတီခရိုင်အတွင်းရှိမြို့နယ်များတွင် အပတ်စဉ်တနင်္လာနေ့တိုင်း ဈေးကွက်အတွင်းသို့ စားသုံးသူရေးရာဦးစီးဌာနမှ ဝန်ထမ်းများသည် နိုင်ငံအတွင်းနေထိုင်ကြသော ပြည်သူများ၏ နေ့စဉ်စီးပွားရေး၊ လူမှုရေးများတွင် သက်သာချောင်ချိမှုရှိစေရေးအတွက် အလေးထား ဆောင်ရွက်လျက်ရှိရာ  သာယာဝတီခရိုင်အတွင်းရှိ မြို့နယ်များ၌ တစ်ပတ်လျှင် (၁)ကြိမ်  ဆေးနှင့်ဆေးပစ္စည်း ရောင်းချနေသည့် ဆေးဆိုင်များသို့ ကွင်းဆင်း၍ဆေးနှင့် ဆေးပစ္စည်းများအား ပုံမှန်ဈေးနှုန်းများဖြင့်ရောင်းချခြင်းရှိ/မရှိ၊ ပြတ်လပ်ခြင်းရှိ/မရှိ ၊ ဆေးပစ္စည်းများလက်ကျန် မြေပြင်အခြေအနေများနှင့် ဈေးနှုန်းမြှင့်တင်ရောင်းချမှုရှိ/မရှိတို့ကို ဈေးကွက်စောင့်ကြည့် စစ်ဆေးခြင်းများ ဆောင်ရွက်လျက်ရှိကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)

“ ခရမ်းမြို့နယ်၌ ဆေးနှင့်ဆေးပစ္စည်းများ ဈေးနှုန်းမြှင့်တင်ရောင်းချခြင်း ရှိ/မရှိ ကွင်းဆင်းစစ်ဆေးခြင်း ”

ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ ခရမ်းမြို့နယ်၌ ဆေးနှင့်ဆေးပစ္စည်းများကို ဈေးကွက်အတွင်း ဈေးနှုန်းမြှင့်တင်ရောင်းချခြင်း၊ ဈေးကစားရန်ရည်ရွယ်ချက်ဖြင့် သိုလှောင်ခြင်းများမရှိစေရေးတို့အတွက် စည်ပင်သာယာမြို့မဈေးအပြင် ရပ်ကွက်များတွင် ရောင်းချလျက်ရှိသော ဆေးဆိုင်နှင့်ဆေးစတိုးဆိုင်များအား ၂၀၂၄ခုနှစ်၊ မေလ (၉)ရက်နေ့၊ နံနက်(၁၀း၀၀)နာရီအချိန်တွင် ဆေးဆိုင်ပိုင်ရှင်လုပ်ငန်းရှင်များနှင့်သွားရောက်တွေ့ဆုံပြီး ဈေးကွက်အတွင်း ကွင်းဆင်းစစ်ဆေးခဲ့ကြောင်းသိရပါသည်။
အဆိုပါဈေးကွက်အတွင်း ကွင်းဆင်းစစ်ဆေးခဲ့ရာတွင် မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံ ဒေါ်ကျော့ကေခိုင်တို့ပူးပေါင်း၍ စည်ပင်သာယာမြို့မဈေးအပြင် အမှတ်(၃)ရပ်ကွက်၊ ဘုရားလမ်းရှိ ယွန်းနဒီဆေးဆိုင်၊ အမှတ်(၃)ရပ်ကွက်၊ (၃)လမ်းရှိ သဗ္ဗသုခဆေးဆိုင်၊ အမှတ်(၄)ရပ်ကွက်၊ ဗုဒ္ဓဟူးလမ်းရှိ ရောင်နီဆေးဆိုင်၊ အမှတ်(၅) ရပ်ကွက်၊ ကျောင်းသစ်လမ်းရှိ သော်တာထွန်းဆေးဆိုင်များမှ လုပ်ငန်းရှင်များနှင့်သွားရောက်တွေ့ဆုံပြီး ၎င်းတို့အနေဖြင့် Coronavirus Disease (COVID-19) ကာကွယ်ထိန်းချုပ်ကုသရေးဆိုင်ရာ ကျန်းမာရေးအထောက်အကူပြုပစ္စည်းများနှင့်ဆေးဝါးများ၊ အခြားရောဂါကုသရာတွင် အသုံးပြုသော လူသုံးကုန်ဆေးဝါးများကို ဖြန့်ဖြူးရောင်းချရာတွင် ဈေးနှုန်းမြှင့်တင်ရောင်းချခြင်း၊ ဈေးကစားရန်ရည်ရွယ်ချက်ဖြင့် သိုလှောင်ခြင်းများမပြုလုပ်ကြရန်၊ ၎င်းဆေးဝါးများကို အရေးကြီးကုန်စည်များအဖြစ်သတ်မှတ်ခဲ့ပြီး အဆိုပါအရေးကြီးကုန်စည်များကို ဈေးကွက်အတွင်း ဈေးနှုန်းအဆမတန်မြှင့်တင်ရောင်းချခြင်း သို့မဟုတ် ဈေးကစားရန်ရည်ရွယ်ချက်ဖြင့် မိမိတို့၏ဈေးဆိုင်များတွင် သိုလှောင်ထားခြင်းများမပြုလုပ်ကြရန် စားသုံးသူကာကွယ်ရေးဆိုင်ရာအသိပညာများဆွေးနွေးပြောကြားခဲ့ပြီး ဆေးဆိုင်များတွင် ဖြန့်ဖြူးရောင်းချနေသော ဆေးနှင့်ဆေးပစ္စည်းဈေးနှုန်းများအား မေးမြန်းစုံစမ်းခဲ့ကာ ဈေးကွက်အတွင်း ကွင်းဆင်းစစ်ဆေးခဲ့ကြောင်းသိရှိရပါသည်။
DOCA(ရန်ကုန်)

ဒေါပုံမြို့နယ်အတွင်း စားအုန်းဆီရောင်းချသည့် အရောင်းဆိုင်များအား ကွင်းဆင်းစစ်ဆေးခြင်း

     စားသုံးသူရေးရာဦးစီးဌာန၊ အရှေ့ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ဦးမြသန်းနိုင် (ဒု-လက်ထောက်ကြီးကြပ်ရေးမှူး)နှင့် ဦးသိန်းထွန်း(ဌာနခွဲစာရေး)တို့သည် ( ၁၅-၅-၂၀၂၄) ရက်နေ့၊ နေ့လယ် (၁၄း၀၀) နာရီအချိန်တွင် ဒေါပုံမြို့နယ်အတွင်း စားအုန်းဆီရောင်းချသည့်အရောင်းဆိုင်များတွင် စားအုန်းဆီများ သတ်မှတ်ရည်ညွှန်းဈေးနှုန်းဖြင့် ရောင်းချမှုရှိ/ မရှိကို ကွင်းဆင်းစစ်ဆေးခဲ့ကြောင်းသိရှိရပါသည်။

           ဈေးကွက်အတွင်းရှိ စားအုန်းဆီရောင်းချပေးနေသည့် လက်လီ/ လက်ကားဖြန့်ဖြူးရောင်းချသူလုပ်ငန်းရှင် ဦးအောင်ကျော်နှင့်တွေ့ဆုံပြီး ဆီခွဲတမ်းရရှိမှု/တစ်ဆင့်ပြန်လည်ခွဲဝေပေးမှု/ လက်လီဖြန့်ဖြူးရောင်းချသည့် ဈေးနှုန်းများကိုမေးမြန်းခဲ့ပြီး အခြေခံလက်ကားရည်ညွှန်းဈေးနှုန်းများအတိုင်း ရောင်းချကြရန်၊ စားအုန်းဆီများအား ဈေးကစားရန်ရည်ရွယ်ချက်ဖြင့် သိုလှောင်ခြင်းများမပြုကြရန်၊ သိုလှောင်ထားရှိကြောင်းတွေ့ရှိပါက အရေးကြီးကုန်စည်နှင့်ဝန်ဆောင်မှုဥပဒေ (၅)အရ အနည်းဆုံး ထောင်ဒဏ် (၆)လမှ အများဆုံး‌ထောင်ဒဏ် (၃) နှစ်အထိချမှတ်နိုင်သည့်အပြင် ကျပ်ငါးသိန်းထက်မပိုသော ငွေဒဏ်လည်းချမှတ်ခံရနိုင်မည်ဖြစ်ကြောင်း၊ စားသုံးသူကာကွယ်ရေးဥပဒေတွင်ပါရှိသည့် အခန်း(၁၀)၊ ဥပဒေပုဒ်မ(၂၁)တွင်ဖော်ပြထားသည့် စီးပွားရေးလုပ်ငန်းရှင်၏တာဝန်များ အကြောင်းကို အသိပညာပေးပြောကြားခဲ့ကြောင်းနှင့် စားသုံးသူပြည်သူတစ်ဦးလျှင် (၁)ပိဿာနှုန်းစီရောင်းချပေးခဲ့ကြောင်းသိရှိရပါသည်။

DOCA(ရန်ကုန်)

San La Min Co., ltd အား ဌာနဆိုင်ရာများဖြင့် သွားရောက်စစ်ဆေးခြင်း

       ပြည်ထောင်စုဝန်ကြီး၏ လမ်းညွှန်မှာကြားချက်အရ ရန်ကုန်တိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ အရှေ့ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ခရိုင်ဦးစီးမှူး ဦးလှစိုး ဦးဆောင်၍  မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဒေါက်တာစုစုလွင်၊ အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန (ရန်ကုန်)မှ ဒေါက်တာကိုကိုအောင်၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဒေါ်ဆုလတ်ဝင်းတို့ပူးပေါင်း၍ (၁၃-၅-၂၀၂၄)ရက်နေ့၊ နေ့လယ် (၁၄:၃၀) နာရီအချိန်တွင်  အမှတ်(၇၇၀, ပထမထပ်)(က+ခ) ရှု့ခင်းသာမြို့ပတ်လမ်း၊(အရှေ့)သာကေတမြို့နယ်ရှိ  San La Min Co., ltd မှ ‌မန်နေဂျာ ဦးကျော်မိုးအောင်နှင့်သွားရောက်တွေ့ဆုံ၍ ဆေးသိုလှောင်ရုံတွင်းရှိဆေးဝါးများအား စစ်ဆေးမှုပြုလုပ်ခဲ့ကြောင်းသိရှိရပါသည်။

      ဆေးသိုလှောင်ရုံအတွင်းစစ်ဆေးရာတွင် အားဆေး၊ သံဓာတ်အားဆေး၊ ယားနာလိမ်းဆေး၊ အမျိုးသမီးသုံးအားဆေး၊ ဟော်မုန်းအားဆေး စသည့်ဆေးများယူသည့်အရေအတွက်၊ သိုလှောင်ရုံပစ္စည်းလက်ကျန်၊ ဝယ်ယူသည့်နိုင်ငံ၊ သိုလှောင်သည့်နေရာ၊ ဝယ်ယူသည့်ဈေးနှုန်း၊ ရောင်းချသည့်ဈေးနှုန်း၊ ပစ္စည်းပြတ်လပ်မှုရှိ/မရှိ၊ ဖြစ်သင့်ဖြစ်ထိုက်သည့်‌ဈေးနှုန်းထက် ဈေးနှုန်းမြှင့်တင်ရောင်းချမှုရှိ/ မရှိတို့ကိုစိစစ်ခဲ့ပြီး ဆေးဝါးများမှာ လက်ကျန်နည်းပြီး လိုင်စင်လျှောက်ထားသည်မှာ ပြန်မကျသေးကြောင်း သတင်းရရှိပါသည်။

DOCA(ရန်ကုန်)

 

Tay Za Aung Co., ltd အား ဌာနဆိုင်ရာများဖြင့် သွားရောက်စစ်ဆေးခြင်း

          ပြည်ထောင်စုဝန်ကြီး၏ လမ်းညွှန်မှာကြားချက်အရ ရန်ကုန်တိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ အရှေ့ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ခရိုင်ဦးစီးမှူး ဦးလှစိုး ဦးဆောင်၍  မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဒေါက်တာစုစုလွင်၊ အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန(ရန်ကုန်)မှ ဒေါက်တာကိုကိုအောင်၊   မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဒေါ်ဆုလတ်ဝင်းတို့ပူးပေါင်း၍ (၁၃-၅-၂၀၂၄) ရက်နေ့၊ နေ့လယ် (၁၃:၃၀) နာရီအချိန်တွင်  အမှတ်(၇၇၀)(က+ခ) ရှုခင်းသာမြို့ပတ်လမ်း၊ (အရှေ့)သာကေတမြို့နယ်ရှိ  Tay Za Aung Co., ltd  မှ ‌မန်နေဂျာ ဦးကျော်မိုးအောင်နှင့်သွားရောက်တွေ့ဆုံ၍ ဆေးသိုလှောင်ရုံတွင်းရှိဆေးဝါးများအား စစ်ဆေးမှုပြုလုပ်ခဲ့ကြောင်းသိရှိရပါသည်။

         ဆေးသိုလှောင်ရုံအတွင်းစစ်ဆေးရာတွင် မျက်စဉ်းဆေးတစ်မျိုးသာရှိပြီး အဆိုပါဆေးဝယ်ယူသည့်အရေအတွက်၊ သိုလှောင်ရုံပစ္စည်းလက်ကျန်၊ ဝယ်ယူသည့်နိုင်ငံ၊ သိုလှောင်သည့်နေရာ၊ ဝယ်ယူသည့်ဈေးနှုန်း၊ ရောင်းချသည့်ဈေးနှုန်း၊ ပစ္စည်းပြတ်လပ်မှုရှိ/မရှိ၊ ဖြစ်သင့်ဖြစ်ထိုက်သည့်‌ဈေးနှုန်းထက် ဈေးနှုန်းမြှင့်တင်ရောင်းချမှုရှိ/ မရှိ တို့ကိုစိစစ်ခဲ့ပြီး တချို့ဆေးဝါးများမှာ လိုင်စင်လျှောက်ထားဆဲဖြစ်ကြောင်း သတင်းရရှိပါသည်။

DOCA(ရန်ကုန်)

လက်ပံတန်းမြို့ ကုန်စုံဆိုင်များအား ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

   စားသုံးသူရေးရာဦးစီးဌာန၊ သာယာဝတီခရိုင် လက်ပံတန်းမြို့၌ ခရိုင်ဦးစီးမှူး၏ လမ်းညွှန်မှုဖြင့် ၁၃.၅.၂၀၂၄ ရက်နေ့၊နံနက်(၁၀:၀၀)နာရီအချိန်တွင် မြို့မဈေးအပြင်တန်းရှိ ချစ်ပုလဲကုန်စုံဆိုင်၌ ကုန်ပစ္စည်းများအား ကုန်အညွှန်းအမှတ်အသားများ ပြည်စုံစွာဖော်ပြခြင်း ရှိ/မရှိကို စားသုံး/ ထုတ်လုံ တာဝန်ခံ ဒေါ်ခိုင်ခိုင်ရီ၊ သတင်းနည်းတာဝန်ခံဒေါ်ကြည်ကြည်ချို၊  မြို့နယ် တာဝန်ခံဦးချစ်ကိုကိုနှင့် ဝန်ထမ်းများမှ ဈေးကွက်စောင့်ကြည့် စစ်ဆေးခဲ့ပါသည်။

    စားသုံးသူများ   တိကျမှန်ကန်ရှင်းလင်းသော သတင်းအချက်အလက်များသိရှိစေရန်၊ စားသုံးသူများ ဘေးအန္တရာယ်ကင်းရှင်းစေရန်၊ စိတ်ကျေနပ်မှုရှိစေရန်အတွက် အာမခံချက်ပေးနိုင်သည့် အရည်အသွေးမြင့်မားသော ကုန်စည် ဝန်ဆောင်မှုများ ဖော်ဆောင်ဖြည့်ဆည်းပေးနိုင်စေရေး နှင့် စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် စားသုံးသူကာကွယ်ရေးဥပဒေအား သိရှိလိုက်နာ ဆောင်ရွက်ရန် အသိပညာပေးခြင်း၊ ကုန်စည်အမျိုးအစားအလိုက် သတ်မှတ်ချက်များ နှင့်အညီ ပြည့်စုံစွာဖော်ပြခြင်း ရှိ/မရှိ ဈေးကွက် စောင့်ကြည့်စစ်ဆေးခဲ့ပြီး လက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့ပါသည်။

DOCA(ပဲခူး)

 

Pages

Subscribe to RSS - သတင်းနှင့် လှုပ်ရှားမှုများ