သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal

ညောင်တုန်း လှိုင်ပညာခန်းမတွင် ဘာသာရပ်စွမ်းရည်မြှင့်သင်တန်း ဆရာ/ဆရာမများအား စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောခြင်း

    ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ်၊ အခြေခံပညာ အထက်တန်း ကျောင်း(အ.ထ.က-၁) လှိုင်ပညာ ခန်းမ ၌ (၁.၄.၂၀၂၄)ရက်နေ့ နံနက်(၀၉:၃၀)နာရီက စားသုံးသူရေးရာဦးစီးဌာနမှ ညောင်တုန်းမြို့နယ်ဦးစီးမှူးဦးအောင်လွင်က စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

    ရှေးဦးစွာ ကျောင်းအုပ်ဆရာမကြီးမှ အဖွင့်အမှာစကားပြောကြားပြီး စားသုံးသူရေးရာဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးအောင်လွင်မှ ဟောပြောပွဲပြုလုပ်ရခြင်း၏ရည်ရွယ်ချက်များအား ရှင်းလင်းပြောကြားခဲ့ပြီး စားသုံးသူအခွင့်အရေး၊ အကျိုးစီးပွားနှင့် သက်ဆိုင်သော အကြောင်းအရာများ၊ စားသုံးသူများ၏အခွင့်အရေးနှင့် ပတ်သက်သောအကြောင်းအရာများ၊ စားသုံးရန်မသင့်သော အန္တရာယ်ရှိ စားသောက်ကုန်၊ အလှကုန်များအကြောင်း၊ ဘေးအန္တရာယ်ရှိသော ကုန်စည် သို့မဟုတ် ဝန်ဆောင်မှုမှာ သက်ဆိုင်ရာ အစိုးရဌာန၊ အစိုးရအဖွဲ့အစည်းများက စားသုံးရန် သို့မဟုတ် အသုံးပြုရန် မသင့်ဟု သတ်မှတ်ထုတ်ပြန်ထားသော ကုန်စည်/ ဝန်ဆောင်မှု အကြောင်းကို အသိပညာ ပေးဟောပြောခဲ့ကြောင်း သိရသည်။

    အဆိုပါဟောပြောပွဲသို့ စားသုံးသူရေးရာဦးစီးဌာန မြို့နယ်ဦးစီးမှူးနှင့်ဝန်ထမ်းများ၊ ဆရာ၊ ဆရာမများ၊ ကျောင်းသား​၊ ကျောင်းသူများ (၁၂၀၀)ဦး တက်ရောက်ခဲ့ကြကြောင်း သိရသည်။

DOCA(ဧရာဝတီ)

ဆန်စက်လုပ်ငန်းရှင်များအား စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောခြင်း

    (၂၀.၃.၂၀၂၄)ရက်နေ့၊ နံနက် (၁၁:၃၀) အချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ ညောင်တုန်းမြို့နယ် ဦးစီးမှူးရုံးမှ မြို့နယ်ဦးစီးမှူးဦးအောင်လွင်နှင့် ဝန်ထမ်းများသည် ညောင်တုန်းမြို့နယ်ဦးစီးမှူးရုံးတွင် ညောင်တုန်းမြို့နယ် ဆန်စက်လုပ်ငန်း ရှင်(၇)ဦးအား ဖိတ်ကြား၍ လုပ်ငန်းရှင် အသိပညာပေးဆွေးနွေးမှု ပြုလုပ်ခဲ့ပါသည်။

    လုပ်ငန်းရှင် ဆွေးနွေးပွဲတွင် ဆန်စက်လုပ်ငန်းရှင်များအား စားသုံးသူရေးရာဦးစီးဌာနသည် “ပြည်တွင်း ကုန်သွယ်မှုဖွံ့ဖြိုးရေးနှင့် စားသုံးသူကာကွယ်ရေးလုပ်ငန်း များဖြင့် နိုင်ငံ့စီးပွားရေးဖွံ့ ဖြိုးတိုးတက်စေရန်” ဆိုသည့် ဆောင်ပုဒ်နှင့်အညီ ဆန်စက်လုပ်ငန်းရှင်များအားဒေသတွင် စပါးဝယ်ယူမှု၊ ကြိတ်ခွဲမှု၊ ထုတ်လုပ် တင်ပို့မှု စပါး၊ ဆန်ဈေးနှုန်း၊ ဈေးကွက် အခြေအနေများ၊ ဆန်စက်ဖွံ့ဖြိုးရေး လုပ်ငန်းများအကြောင်း၊ ဆန်စီးဝင်/စီးထွက် အခြေအနေများရှိပါက နေ့စဉ်စာရင်းပြုစုထားကြရန် ဆွေးနွေးကြပြီး  စားသုံးသူကာ ကွယ်ရေးဥပဒေ အခန်း(၁၀)ပါ စီးပွားရေးလုပ်ငန်းရှင်၏ တာဝန်များကိုလည်း လေးစားလိုက်နာ ကြရမည် ဖြစ်ပါကြောင်း၊ စီးပွားရေးလုပ်ငန်း ရှင်များ အနေဖြင့် ကုန်အညွှန်းအမှတ်အသား ဖော်ပြရာတွင် သတ်မှတ်ချက် များနှင့်အညီ ဆောင်ရွက်ရမည်ဖြစ်ကြောင်းနှင့် မိမိတို့ဌာန၏ အတည်ပြုချက်ရယူ နိုင်ကြောင်း  စားသုံးသူကာကွယ်ရေးလုပ်ငန်းစဉ်နှင့် ပတ်သက်၍ စီးပွားရေးလုပ် ငန်းရှင်များအသေးစိတ် သိရှိလိုပါက Consumer Call Center 1535 သို့ ဆက်သွယ်မေးမြန်းနိုင််ပြီး၊ လုပ်ငန်းရှင်များက သိရှိလိုသည်များမေးမြန်းခဲ့ပြီး အပြန်အလှန်ဆွေးနွေးခဲ့ကြောင်း သိရပါသည်။

DOCA(ဧရာဝတီ)

 

ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ် စားသုံးသူရေးရာဦးစီးဌာန မြို့နယ်တာဝန်ခံမှ စားသုံးသူအသိပညာပေး Talk Show ပြုလုပ်

     ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ် စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံ ဦးထွန်းမင်းလတ် သည် ဧပြီလ ၁ ရက်နေ့ နံနက် ၁၀: ၀၀ နာရီ တွင် ပြန်ကြားရေးဝန်ကြီးဌာန ၊ ပြန်ကြားရေးနှင့် ပြည့်သူ့ဆက်ဆံရေးဦးစီးဌာနတို့ ပူးပေါင်း၍ online မှ စားသုံးသူပြည်သူများအား စားသုံးသူရေးရာ အသိပညာပေး Talk Show အစီအစဉ်ပြုလုပ်ခဲ့ပါသည်၊၊

    အဆိုပါ Talk Show တွင် မြို့နယ်တာဝန်ခံ ဦးထွန်းမင်းလတ်က စားသုံးသူကာကွယ်ရေး ဥပဒေတွင် ကုန်အညွှန်းအမှတ်အသား ဖော်ပြခြင်းနှင့်စပ်လျဉ်း၍ စားသုံးသူကာကွယ်ရေး ဥပဒေအခန်း (၁၈) တွင် ဖော်ပြထားပြီး မြန်မာနိုင်ငံ စားသုံးသူကာကွယ်ရေးကော်မရှင်မှလည်း ကုန်စည်တွေအပေါ်မှာ ကုန်အညွှန်းအမှတ်အသား ဖော်ပြခြင်းကို မဖြစ်မနေထည့်သွင်းရန် ညွှန်ကြားစာများလည်း ထုတ်ပြန်ထားကြောင်း ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့် စပ်လျဉ်းပြီး ကုန်စည်အမျိုးအစား အလိုက်သက်ဆိုင်ရာ ကုန်စည်အပေါ်မှာ မြန်မာဘာသာ သို့မဟုတ် မြန်မာဘာသာနှင့် အခြားဘာသာ တစ်ခုဖြစ်စေ တစ်ခုထက်ပို၍ တွဲလျက်ဖြစ်စေ ဖော်ပြရမှာဖြစ်ပြီး စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် သတ်မှတ်ထားသော ညွှန်ကြားချက်များကို လိုက်နာဆောင်ရွက် သွားရမှာဖြစ်ကြောင်း ကုန်အညွှန်း အမှတ်အသား ဖော်ပြခြင်းနှင့်စပ်လျဉ်း၍ စားသုံးသူကာကွယ်ရေး ဥပဒေပါအချက်များအား အသိပညာပေး ဆွေးနွေးပြောကြားခဲ့ပါသည်၊၊

DOCA(ဧရာဝတီ)

ပုသိမ်ခရိုင်၊ စားသုံးသူရေးရာဦးစီးဌာန ခရိုင်ဦးစီးမှူး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Talk Show အစီအစဉ်ပြုလုပ်

    ပုသိမ်ခရိုင် စားသုံးသူရေးရာဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးတင်စိုးလှိုင်သည် ဧပြီလ ၁ ရက်နေ့ နံနက်ပိုင်း ပုသိမ်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတွင် ပြန်ကြားရေးဝန်ကြီးဌာန ပြန်ကြားရေးနှင့်ပြည့်သူ့ဆက်ဆံရေးဦးစီးဌာနတို့ ပူးပေါင်း၍ online မှ စားသုံးသူပြည်သူများအား စားသုံးသူရေးရာအသိပညာပေး Talk Show အစီအစဉ်ပြုလုပ်ခဲ့ပါသည်၊၊

    ခရိုင်ဦးစီးမှူးဦးတင်စိုးလှိုင်က Talk Show အစီအစဉ်တွင် စားသုံးသူရေးရာဦးစီးဌာနမှ မတ်လအတွင်းဆောင်ရွက်ခဲ့သည့် လုပ်ငန်းရှင်များနှင်ပတ်သက်၍ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း (၉)ကြိမ်၊ လုပ်ငန်းရှင်တွေ့ဆုံခြင်း (၈)ကြိမ်၊ လုပ်ငန်းရှင်အသိပညာပေး (၉)ကြိမ်၊ ပြည်သူ အသိပညာပေး(၉)ကြိမ်၊ မြို့နယ်အလိုက် Talk Show အစီအစဉ်တင်ဆက်ခြင်း (၃)ကြိမ်၊ ကုန်အညွှန်း အမှတ်အသားစိစစ်ထုတ်ပေးခြင်း (၃)ကြိမ် စသည်တို့နှင့် ပြည်တွင်းကုန်သွယ်မှုမြှင့်တင်ရေး လုပ်ငန်းများပါ ဆောင်ရွက်လျက်ရှိကြောင်းပြည်တွင်းကုန်သွယ်မှု မြှင့်တင်ရေးလု်ပငန်းများအနေဖြင့် နေ့စဉ်အခြေခံစားသောက်ကုန်ဈေးနှုန်းများစာရင်း ၊ ဘိလပ်မြေဈေးနှုန်း၊ ပဲမျိုးစုံ တစ်ဧကအထွက်နှုန်း အတွက် တစ်ဧကကုန်ကျစရိတ် တောင်သူအကျိုးအမြတ်ရရှိယူများတွက်ချက်၍ ရုံးချုပ်သို့ တင်ပြ ဆောင်ရွက်လျက်ရှိပြီး ပြည်တွင်းကုန်သွယ်မှုမြှင့်တင်နိုင်ရေးအတွက် သက်ဆိုင်ရာဌာနများ အသင်းအဖွဲ့များ ပူးပေါင်းဆောင်ရွက်ကြောင်း ပြောကြားခဲ့ပါသည်၊၊

DOCA(ဧရာဝတီ)

 

ပုသိမ်မြို့ စားသုံးသူရေးရာဦးစီးဌာန တိုင်းဦးစီးမှူးရုံးအစည်းအဝေးခန်းမတွင် ဆီစက်လုပ်ငန်းများ ချေးငွေဆိုင်ရာ အစည်းအဝေးပြုလုပ်

     ပုသိမ်မြို့စားသုံးသူရေးရာဦးစီးဌာန တိုင်းဦးစီးမှူးရုံးအစည်းအဝေးခန်းမတွင် ဧပြီလ ၅ ရက်နေ့ နံနက်ပိုင်းတိုင်းအတွင်း ဆီစက်လုပ်ငန်းများဖွံ့ဖြိုးရေးချေးငွေဆိုင်ရာရှင်းလင်းပွဲ ကျင်းပပြုလုပ်ရာ စက်မှုကြီးကြပ်ရေးနှင့်စစ်ဆေးရေးဦးစီးဌာန ညွှန်ကြားရေးမှူးဦးညွှန့်နွယ် ၊ စားသုံးသူရေးရာဦးစီးဌာန ဒုတိုင်းဦးစီးမှူး ဦးထွန်းထွန်း၊ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်တိုင်းမန်နေဂျာ မြန်မာ့စီးပွားရေးဘဏ်မန်နေဂျာ အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန တိုင်းဦးစီးမှူး တိုင်းဆီစက်လုပ်ငန်းရှင်များအသင်းဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ မြို့ပေါ်ရှိဆီစက်ပိုင်ရှင် ဆီလုပ်ငန်းရှင်များ မြို့နယ်ဆီအသင်းဝင်များနှင့် ဆီစက်လုပ်ငန်းရှင်များ စုစုပေါင်း (၇၀)ဦးခန့်တက်ရောက်ခဲ့ပါသည်၊၊

     ဆီစက်လုပ်ငန်းရှင်များ ဖွံ့ဖြိုးရေးချေးငွေဆိုင်ရာကိစ္စရပ်များနှင့် ပတ်သက်၍ စက်မှုကြီးကြပ်ရေးနှင့်စစ်ဆေးရေးဦးစီးဌာန တိုင်းဦးစီးမှူးမှ ရှင်းလင်းဆွေးနွေးအဖွင့်မှာစကား ပြောကြားခဲ့ပြီး ချေးငွေကိစ္စနှင့်ပတ်သက်၍ ဘဏ်ချေးငွေအသုံးပြုမည့်အစီအစဉ် ပြန်လည် ပေးဆပ်မည့်ကိစ္စရပ်များ ဆီစက်ပိုင်ရှင်ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်း အထောက်အထားများ FDA လက်မှတ်ရရှိထားမှု၊ စက်မှုကြီးကြပ်ရေးနှင့်စစ်ဆေးရေးဦးစီးဌာနမှ ထုတ်ပေးထားသည့် SME Card ရရှိမှု ၊ ကုမ္ပဏီဖြစ်ပါက ကုမ္ပဏီအထောက်အထားများ ရှယ်ယာရှင်များစာရင်း၊ မြေစာရင်း ၁၀၅/၁၀၆ ပုံစံနှင့်လိုအပ်သည့်အချက်အလက်အထောက်အထားများကို သက်ဆိုင်ရာဌာနများမှလည်း ချေးငွေရယူမည့်လုပ်ငန်းရှင်နှင့် ပတ်သက်၍ တက်ရောက်လာသည့်လုပ်ငန်းရှင်များကို ရှင်းလင်း ဆွေးနွေးခဲ့ပါသည်၊၊

DOCA(ဧရာဝတီ)

 

ကျိုက်မရောမြို့၌​ ဒေသထွက်ကြက်မောက် သီးများလှိုင်လှိုင်သီး၍ စျေးကောင်းရရန် မျော်လင့်နေ

            မွန်ပြည်နယ်၊  ကျိုက်မရောမြို့နယ်ရှိ ဒေသထွက်ကြက်မောက်သီးများ ယခုနှစ်အထွက်စောကာ လှိုင်လှိုင်သီးနေပြီးဖြစ်၍ ကြက်မောက်ခြံပိုင်ရှင်များ စျေးကောင်းရရှိရန် မျှော်လင့်နေကြကြောင်း သိရှိရသည်။

          ကျိုက်မရောမြို့နယ်၊ နတ်စမ်းကျေးရွာရှိ ဒေသခံများသည် စိုက်ပျိုးရေးလုပ်ငန်းဖြင့် အသက်မွေးဝမ်းကျောင်းပြုလုပ်ကြပြီး အဓိကဒေသထွက်ကုန်ဖြစ်သည့် ဒူးရင်းခြံ၊ ကြက်မောက်ခြံ စသည့် ဝယ်လိုအားကောင်းပြီး ငွေများများရနိုင်သည့် အသီးပင်များကို စနစ်တကျ စီးပွားဖြစ် စိုက်ပျိုးကြပြီး ပေါ်ဦးပေါ်ဖျား စျေးကောင်းရချိန်တွင် ခူး၍ ရောင်းချ ကြကြောင်း ယခုနှစ်တွင်  ကြက်မောက်သီးခြံများ၌ အသီးများအထွက်စော၍  လှိုင်လှိုင်သီး နေပြီးဖြစ်ရာ သင်္ကြန်ခါတော်မီ စျေးကွက်အတွင်းစျေးကောင်းရရှိရန် မျှော်လင့်လျက် ရှိကြောင်း ယိုးဒယား ကြက်မောက်ခြံအများဆုံးပိုင်ဆိုင်သည့် ဒေါ်စမ်းမော်ထံမှသိရသည်။

          ယခင်နှစ်ကတော့ ယိုးဒယားကိုင်းဆက်သီးတွေ ယခုချိန်စပေါ်နေပြီး အလုံးတစ်ရာပါ အစီးတစ်စည်းကို  တစ်သောင်းခန့်အထိ စျေးရပြီး  ယခုနှစ်ကတော့ မိုးနည်းသဖြင့် သီးအားလည်းကောင်းပါသည်။ယိုးဒယားမျိုးတစ်ပင်ကို(၈၀၀၀)ကျပ်ဖြင့်ဇွန်လဆန်းပိုင်းတွင်စတင်စိုက်ပျိုးကြပြီး  ကြက်မောက်သီးပင်က နှစ်ရှည်ပင်လည်းဖြစ်၍ သက်တမ်း(၆) နှစ်ကြာထိစောင့်ရပြီး သီးပီးဆိုလျှင်လည်း စျေးကောင်းရ၍ ဝင်ငွေကောင်းသည့် သီးနှံ ဖြစ်ကြောင်း သိရသည်။ နတ်စမ်းဒေသထွက်ယိုးဒယား ကြက်မောက်သီးက အနီရောင်ဖြစ်ပြီး ဗမာသီးကတော့အဝါရောင် ဖြစ်ကာ ယိုးဒယားသီးလောက်အချိုမစူး၍ လူကြိုက် နည်းပါသည်။ ယိုးဒယားကိုင်းဆက် သီးဆိုလျင် တစ်လုံးကိုအနည်းဆုံး တစ်ရာကျပ်ရကာ အလုံးတစ်စီးကို တစ်သောင်းကျပ် ရကြောင်း   ကြက်မောက် သီးစီးပွားဖြစ် စိုက်ပျိူးသူ ဒေါ်စမ်းမော်ထံ မှသိရသည်။

 

DOCA(မွန်)

 

ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

      စားသုံးသူရေးရာဦးစီးဌာန၊ မိုးညှင်းခရိုင်ဦးစီးမှူးရုံးမှ  ဦးကျော်မိုးလွင်(ဌာနခွဲစာရေး)သည် ၁၁.၄.၂၀၂၄ ရက်နေ့တွင် မိုးညှင်းမြို့၊ အုတ်ကျင်းရပ်ကွက်ရှိ ဦးမျိုးမြင့်ထွေး (ကုန်စုံဆိုင်) သို့ ကုန်အညွှန်းအမှတ်အသား ဖော်ပြခြင်းနှင့် ပတ်သက်၍ စားသုံးသူကာကွယ်ရေးဥပဒေပါ ပြဌာန်းချက်များနှင့် ကိုက်ညီခြင်း ရှိ/မရှိ ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ပါသည်။

     ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ရာ Yez (ရက်စ် ကော်ဖီမစ်) အမှတ်တံဆိပ်ပါ အသင့်ဖျော်ကော်ဖီ ထုပ် အမျိုးမျိုးတို့တွင် ကုန်စည်အမျိုးအစားအလိုက် သတ်မှတ်ချက်များနှင့်အညီ မြန်မာဘာသာဖြင့် ပြည့်စုံစွာ ဖော်ပြရမည့် ကုန်စည်၏ အမျိုးအမည်၊ အရွယ်အစား၊ အရေအတွက် အသားတင်ပမာဏနှင့် သုံးစွဲပုံနည်းလမ်း တို့ကို ကုန်အညွှန်းအမှတ်အသား ဖော်ပြထားရှိခြင်း ရှိ/မရှိ ဈေးကွက်စောင့်ကြည့် စစ်ဆေးခဲ့ရာ ကုန်အညွှန်းအမှတ်အသား ပြည့်စုံစွာ ဖော်ပြထားရှိကြောင်း စစ်ဆေးတွေ့ရှိရပြီး ကုန်စုံဆိုင်ပိုင်ရှင်အား ကုန်အညွှန်းအမှတ်အသား ပြည့်စုံမှန်ကန်မှုမရှိသော ကုန်စည်များကို ရောင်းချခြင်းမပြုရန်နှင့် မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင်မှ ထုတ်ပြန်ထားသော စီးပွားရေးလုပ်ငန်းရှင်များ လိုက်နာ ဆောင်ရွက်ရမည့် ညွှန်ကြားချက်အမှတ် (၂/၂၀၁၉) အား အသိပညာပေး ဆွေးနွေးခဲ့ပြီး ကုန်အညွှန်း အမှတ်အသား ဖော်ပြခြင်းဆိုင်ရာ လက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့ပါသည်။

DOCA(ကချင်)

စီးပွားရေးလုပ်ငန်းရှင်နှင့်တွေ့ဆုံဆွေးနွေး

    ကချင်ပြည်နယ်၊ စားသုံးသူရေးရာဦးစီးဌာန၊ ဗန်းမော်ခရိုင်ဦးစီးမှူးရုံးမှ ခရိုင်ဦးစီးမှူး ဦးအောင်‌ကျော်ဦးသည် ၁၁.၄.၂၀၂၄ ရက်နေ့တွင် ဗန်းမော်မြို့ရှိ အုတ်ထုတ် လုပ်သည့် စီးပွားရေးလုပ်ငန်းရှင်(၂)ဦးနှင့် တွေ့ဆုံဆွေးနွေးခဲ့ပါသည်။

   ထိုသို့ ဆွေးနွေးရာတွင် ခရိုင်ဦးစီးမှူး ဦးအောင်ကျော်ဦးက ၂၀၁၉ စားသုံးသူကာကွယ်ရေး ဥပဒေပါ စီးပွားရေးလုပ်ငန်းရှင်၊ ကုန်စည်၊ ဝန်ဆောင်မှု၏ အဓိပ္ပာယ် ဖွင့်ဆိုချက် စီးပွားရေးလုပ်ငန်းရှင် ၏ တာဝန်များ၊ ကုန်စည် သို့မဟုတ် ဝန်ဆောင်မှု၏ အာမခံချက်၊ သတ်မှတ်ချက်များနှင့် စပ်လျဉ်း၍ ရိုးရှင်းမှန်ကန်သော သတင်းအချက်အလက်များပေးခြင်း၊ စားသုံးသူကို ခွဲခြားမှုမရှိဘဲ ဖြောင့်မတ် မှန်ကန်စွာ ဆက်ဆံခြင်း၊ စီးပွားရေးလုပ်ငန်းလုပ်ကိုင်ရာတွင် စီးပွားရေးကျင့်ဝတ်၊ စည်းကမ်းနှင့်အညီ ဖြောင့်မတ်မှန်ကန်စွာဆောင်ရွက်ခြင်း၊ စားသုံးသူနစ်နာဆုံးရှုံးမှု ဖြစ်ပွားစေမည့် ကုန်စည် သို့မဟုတ် ဝန်ဆောင်မှုကို တိုက်ရိုက်ရောင်းချခြင်း သို့မဟုတ် သွယ်ဝိုက်ရောင်းချခြင်းကို ရှောင်ကြဉ်ခြင်း၊ ကုန် စည်သို့မဟုတ် ဝန်ဆောင်မှုနှင့် စပ်လျဉ်း၍ ကတိပြုထားသော အာမခံချက်နှင့် ကိုက်ညီမှု မရှိပါက ကတိပြုထားသည့်အတိုင်း တာဝန်ယူဆောင်ရွက်ပေးခြင်း၊ တားမြစ်ချက်များ ပြစ်မှုပြစ်ဒဏ်များအကြောင်းတို့ကို ရှင်းလင်းဆွေးနွေးပြောကြားခဲ့ပြီး၊ အုတ်ထုတ်လုပ်ရာတွင် ကုန်ကြမ်းရရှိမှု အခြေအနေ၊ တစ်နေ့ထုတ်လုပ်နိုင်မှု အခြေအနေ ဈေးကွက်ဖြန့်ဖြူးရောင်းချမှုအခြေအနေ၊ အလုပ်သမားဦးရေနှင့် လုပ်အားခ နှုန်းထား၊ အလုပ်အကိုင်အခွင့်အလမ်း ဖန်တီးမှုအခြေအနေတို့ကိုပါ မေးမြန်းဆွေးနွေးခဲ့ပါသည်။

DOCA(ကချင်)

ထားဝယ်အထူးစီးပွားရေးဇုန်စီမံခန့်ခွဲမှုကော်မတီ ကုမ္ပဏီလီမိတက်၏ ၁/ ၂၀၂၄-၂၀၂၅ (BOD) အစည်းအဝေးကျင်းပ

     ထားဝယ်အထူးစီးပွားရေးဇုန်စီမံခန့်ခွဲမှုကော်မတီ ကုမ္ပဏီလီမိတက်၏ ၁/ ၂၀၂၄-၂၀၂၅ (BOD)   အစည်းအဝေးကို ရန်ကုန်မြို့ ထားဝယ်အထူးစီးပွားရေးဇုန် စီမံခန့်ခွဲမှုကော်မတီရုံးတွင် ၁၁.၄.၂၀၂၄ရက် ‌နေ့၊ နံနက် (၁၀း၃၀) အချိန်တွင် Online Video  စနစ်ဖြင့်  ကျင်းပခဲ့ရာ (ဥက္ကဌ) အုပ်ချုပ်မှုဒါရိုက်တာ  ၊  ဒါရိုက်တာအဖွဲ့ဝင်များ တက်ရောက်ခဲ့ပါသည်။

     အစည်းအဝေးတွင် (ဥက္ကဌ) အုပ်ချုပ်မှုဒါရိုက်တာမှ အဖွင့်အမှာစကား ပြောကြားခဲ့ပြီး   ဘတ်ဂျက်ကိစ္စ၊ တရားရုံးကိစ္စ၊  အသုံးစရိတ်များကိစ္စ၊  ဒါရိုက်တာအဖွဲ့ဝင်များ  ပြင်ဆင်ဖွဲ့စည်းခြင်းကိစ္စ၊  ဝန်ထမ်းများရာထူးတိုးမြှင့်ရေးကိစ္စနှင့် စီမံအုပ်ချုပ်မှုကိစ္စများ ပြောကြားခဲ့ပြီး  အစည်းအဝေးအား နေ့လယ် (၁၂း၀၀) နာရီတွင် ပြီးမြောက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(တနင်္သာရီ)

 

ကော့သောင်းမြို့ပေါ်ရှိ ဆေးနှင့် ဆေးပစ္စည်းများအား စျေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

    စားသုံးသူရေးရာဦးစီးဌာန၊ ကော့သောင်းခရိုင်ဦးစီးမှူးရုံးအနေဖြင့် ပြည်သူများ ဆေးနှင့်ဆေးပစ္စည်း များကို သက်သာချောင်ချိမှုရှိစွာ ဝယ်ယူရရှိနိုင်စေရန်ရည်ရွယ်၍ တိုင်းဒေသကြီးဦးစီးမှူးရုံး၊ ခရိုင်စီမံအုပ် ချူပ်ရေးအဖွဲ့၏လမ်းညွှန်ချက်အရ ဆေးနှင့် ဆေးပစ္စည်းများကို ဒေသတွင်း ဖြစ်သင့်ဖြစ်ထိုက်သည့် စျေးနှုန်းများဖြင့် ရောင်းဝယ်ဖောက်ကားမှုရှိစေရေးအတွက် ဆေးနှင့် ဆေးပစ္စည်း အရောင်းဆိုင်များအား  စျေးကွက် စောင့်ကြည့်စစ်ဆေးခြင်းများဆောင်ရွက်လျက်ရှိရာ အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာန၊ မြို့နယ်အထွေထွေအုပ်ချူပ်ရေးဦးစီးဌာန၊ ခရိုင်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ ခရိုင်စားသုံးသူရေးရာဦးစီးဌာန ပါဝင်သော မိတ်ဖက်ဌာနများနှင့်ပူးပေါင်း၍ (၁၀.၄.၂၀၂၄)ရက်နေ့၊ နေ့လယ်(၁၅:၀၀) အချိန်တွင် ကော့သောင်းမြို့ပေါ်ရှိ ဆေးနှင့်ဆေးပစ္စည်း လက်ကားအရောင်းဆိုင်များသို့သွားရောက်ကာ စျေးကွက်စောင့်ကြည့်စစ်ဆေးခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ပါသည်။

    ယင်းသို့ ကွင်းဆင်းစစ်ဆေးခြင်းဆောင်ရွက်ရာတွင်  ကော့သောင်းမြို့ပေါ်ရှိဆေးဆိုင်များတွင် ရောင်းချလျက်ရှိသော ဆေးနှင့်ဆေးပစ္စည်းစျေးနှုန်းများအနေဖြင့် ဒေသတွင်းသင့်တင့်မျှတမှုရှိသော စျေးနှုန်းများဖြင့်သာ ရောင်းချလျက်ရှိကြောင်း သိရှိရပါသည်။

DOCA(တနင်္သာရီ)

Pages

Subscribe to RSS - သတင်းနှင့် လှုပ်ရှားမှုများ